သတင်းထုတ်ပြန်ချက်

Note to Correspondents: First Official Visit of the United Nations Special Envoy of the Secretary-General on Myanmar

၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်။

  • United Nations Special Envoy of the Secretary-General on Myanmar Christine Schraner Burgener conducted her first official visit to Myanmar from 12 to 21 June.

United Nations Special Envoy of the Secretary-General on Myanmar Christine Schraner Burgener conducted her first official visit to Myanmar from 12 to 21 June.  In Nay Pyi Taw, Yangon and Rakhine state, she met among others with State Counsellor Daw Aung San Suu Kyi, Commander-in-Chief Senior General Min Aung Hlaing, Speaker of Pyithu Hluttaw U T Khun Myat, Speaker of Amyotha Hluttaw U Mahn Win Khine Than, Minister in the State Counsellor’s Office U Kyaw Tint Swe, Chair of Pyidaungsu Hluttaw's Legal Affairs and Special Cases Assessment Commission  Thura Shwe Mann, Chairman of the Election Commission U Hla Thein, the Rakhine State Government including Chief Minister U Nyi Pu, conflict-affected communities and families in Rakhine state, the Internally Displaced Persons (IDPs), people currently displaced along the international border between Myanmar and Bangladesh, representatives of Myanmar’s civil society, members of women associations, as well as with the United Nations country team, the diplomatic community and international NGOs. In all meetings, she stressed the need for inclusive solutions that integrated the views and important voices of women. The Special Envoy expresses her sincere appreciation to the Government of Myanmar and other interlocutors for their warm welcome and excellent organization of her visit. She also thanks the United Nations Resident and Humanitarian Coordinator and the United Nations country team for their support.

In this first visit, the Special Envoy focused on listening to all sides to better understand their diverse perspectives with a view to building trust and confidence among various stakeholders, and establishing positive relations while promoting the key principles of the United Nations. She stressed the importance of taking stock of the recent positive steps taken by the Government of Myanmar, and held constructive discussions with all interlocutors, focusing on the situation in Rakhine state, the need for credible fact-finding, democratization and elections, and the peace process, including the implementation of the Nationwide Ceasefire Accord. She underlined the readiness of the United Nations to strengthen its support to Myanmar in line with the values of the Organisation, including promotion and protection of human rights. All interlocutors expressed their wish for peace and development in Myanmar, and shared their frank assessment of the challenges that they were facing. They conveyed their willingness to work closely with the Special Envoy and the United Nations. The Special Envoy emphasized that she would aim to serve as a bridge between the United Nations and Myanmar, as well as between the different stakeholders, and help formulate solutions that could draw on the comparative experiences and expertise of the Organisation.

In all discussions, the Special Envoy underlined the importance of accountability, which she highlighted was essential for genuine reconciliation. She urged for credible fact-finding measures, and highlighted the readiness on the part of the United Nations and the international community to cooperate in this regard.

The Special Envoy recognized recent positive steps on Rakhine state, in particular the signing on 6 June 2018 of the Memorandum of Understanding between the Government of Myanmar, UNDP and UNHCR. While noting the complexities of the situation on the ground, she expressed the hope that current efforts aimed at addressing the root causes, including through the implementation of the recommendations of the Advisory Commission on Rakhine State - in particular ending restrictions on freedom of movement and granting citizenship to those eligible - would soon lead to an environment that would be conducive to the voluntary, safe, dignified and sustainable return of the IDPs and refugees to their place of origin or choice.  She also expressed her support to the implementation of the 23 November 2017 MoU between Bangladesh and Myanmar. The Special Envoy plans to travel soon to Bangladesh, where she intends to visit the refugee camps.

The Special Envoy visited IDP camps outside Sittwe and Maungdaw, as well as those currently displaced along the international border area between Myanmar and Bangladesh. These field visits underlined the urgent need for freedom of movement, socio-economic development, non-discriminatory rule of law and public safety not least in terms of addressing the fears and distrust among the communities in Rakhine State. In all places, she spoke to conflict-affected communities and victims, and was deeply touched by their personal stories, which underlined that the vicious cycle of violence needed to end. Towards this end, the Special Envoy reiterates the importance of condemning incitement to racial hatred and violence, and to take all measures to defuse tensions between the communities. Reiterating the Secretary-General’s previous call, she suggested that in addition to the ongoing efforts to rebuild the destroyed infrastructure and to prepare suitable conditions for the return of the displaced, public meetings between the affected communities and the authorities would go a long way to encourage reconciliation and healing.

The Special Envoy engaged in substantive discussions on the peace process and highlighted her readiness to help build confidence and trust among the stakeholders. She added that the United Nations could help build positive momentum in terms of promoting an inclusive approach. Expressing concern about the intensifying violence in Kachin and Shan states as well as its impact on civilians, she looks forward to visiting these areas on a next visit. She responded positively to the willingness of the Government of Myanmar to include her in future peace talks. 

The Special Envoy expresses her appreciation for the agreement of the Government of Myanmar to establishing her main supporting office in Nay Pyi Taw. Her travel plans include visits to Thailand, China and Bangladesh before her next consultations at the United Nations Headquarters in New York.  She looks forward to continuing these discussions with the Government of Myanmar and other stakeholders.

--------------------

သတင်းပြန်ကြားချက်


ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မြန်မာနိုင်ငံသို့ ပထမအကြိမ် တရားဝင်ခရီးစဉ် လာရောက်ခြင်း။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener သည် မြန်မာနိုင်ငံသို့ ပထမအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ဇွန်လ ၁၂ ရက်နေ့မှ ၂၁ ရက်နေ့ အထိ လာရောက်ခဲ့ပါသည်။ နေပြည်တော်၊ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တို့တွင် သူမသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း၊ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင် ပြည်နယ်ရှိ ပဋိပက္ခဒဏ် ခံရသော လူမှုအသိုင်းအဝိုင်းများနှင့် မိသားစုများ၊ နေရပ်စွန့်ခွာ တိမ်းရှောင် နေသူများ (IDPs)၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နိုင်ငံတကာ နယ်ခြားမျဉ်းတစ်လျှောက်တွင် လတ်တလောနေထိုင်နေသူများ၊ မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့အစည်းဝင်များကို တွေ့ဆုံခဲ့သလို ကုလသမဂ္ဂဌာနေအဖွဲ့၊ သံတမန် အသိုက်အဝန်း၊ နိုင်ငံတကာ NGO များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံမှုများအားလုံးတွင် သူမ အလေးပေး ပြောကြားခဲ့သည့်အချက်မှာ အားလုံးပါဝင်နိုင်သောဖြေရှင်းရန်နည်းလမ်းများကို အမျိုးသမီးများ၏ အမြင်များနှင့် အရေးကြီးသောတင်ပြချက်များကို ပေါင်းစပ်ထည့်သွင်းကာ ရှာဖွေသွားရန် လိုအပ်သည် ဟူသော အချက်ဖြစ်ပါသည်။ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအစိုးရနှင့် အခြားသော တွေ့ဆုံဆွေးနွေး ပေးခဲ့ကြသူများကို ၎င်းတို့၏ နွေးထွေးစွာကြိုဆိုမှုနှင့် သူမ၏ခရီးစဉ်အတွက် အကောင်းဆုံး စီစဉ်ပေးခဲ့မှုများ အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ထို့ပြင် သူမသည် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးနှင့်ကုလသမဂ္ဂဌာနေအဖွဲ့တို့ကိုလည်း ၎င်းတို့၏ပံ့ပိုးကူညီမှုများအတွက်ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။  

ဤပထမအကြိမ်ခရီးစဉ်တွင် အထူးကိုယ်စားလှယ်သည် အဓိကအားဖြင့် အကျိုးသက်ဆိုင်သူအမျိုးမျိုးကြား ယုံကြည်မှုတည်ဆောက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၎င်းတို့၏ မတူကွဲပြားသည့် အမြင်များကို ပိုမို သိရှိ နားလည်လာရန် ဘက်ပေါင်းစုံမှ လူများအားလုံး၏ ပြောစကားများကို နားထောင်ခဲ့ပါသည်။ ထို့ပြင် အပြုသဘောဆောင်သော ဆက်ဆံရေးများကို တည်ဆောက်ရင်း ကုလသမဂ္ဂအဖွဲ့ကြီး၏ အခြေခံမူများကို အားပေးမြှင့်တင်နိုင်ရန်လည်း ရည်ရွယ်ပါသည်။ သူမက ရှေ့ဆက်လုပ်ဆောင်ရမည့် အရာများအတွက် မြန်မာနိုင်ငံအစိုးရ၏ မကြာသေးမီက ဆောင်ရွက်ခဲ့သော အပြုသဘောဆောင်သည့် ကြိုးပမ်းအားထုတ် များကို ပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ရန် အရေးကြီးကြောင်းကိုလည်း အလေးထား ပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးသူများအားလုံးနှင့် ရခိုင်ပြည်နယ်အခြေအနေများကို အဓိကထားကာ အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ယုံကြည်စိတ်ချရသော အချက်အလက်ရှာဖွေမှုများ ဆောင်ရွက် ရန် လိုအပ်ပုံ၊ ဒီမိုကရေစီဖော်ဆောင်မှုနှင့် ရွေးကောက်ပွဲများ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးဖြစ်ခဲ့ပါသည်။ ကုလသမဂ္ဂအဖွဲ့ ကြီးအနေဖြင့်လည်း လူအခွင့်အရေးကို မြှင့်တင်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့အပါအင် မိမိတို့အဖွဲ့ အစည်း၏ တန်ဖိုးများနှင့်အညီ မြန်မာနိုင်ငံအား ကူညီပံ့ပိုးနေမှုများကို တိုးမြှင့်လုပ်ဆောင်ပေးသွားရန် အသင့်ရှိနေကြောင်း သူမက ပြောကြားခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးခဲ့သူများအားလုံးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန် လိုလားကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး ၎င်းတို့ ရင်ဆိုင် ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ဆန်းစစ်တင်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်တကွ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် အနီးကပ်လက်တွဲဆောင်ရွက်သွားရန် လိုလား ကြောင်းကိုလည်း ထုတ်ဖော်ပြောခဲ့ကြပါသည်။ အထူးကိုယ်စားလှယ်က သူမသည် ကုလသမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံကြား၊ အကျိုးသက်ဆိုင်သူအမျိုးမျိုးကြား ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ကုလသမဂ္ဂအဖွဲ့ကြီး၏ နိုင်ငံတကာမှ အလားတူအတွေ့အကြုံများ၊ ကျွမ်းကျင်မှုများကို အသုံးပြုကာ ကြုံတွေ့နေရသော ပြဿနာ များအတွက် ဖြေရှင်းရန်နည်းလမ်းများ ရှာဖွေနိုင်အောင် ကူညီပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း အလေးအနက် အသိပေးပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးမှုများအားလုံးတွင် အထူးကိုယ်စားလှယ်သည် စစ်မှန်သော ပြန်လည်သင့်မြတ်ရေး အတွက် မရှိမဖြစ်လိုအပ်သည်ဟု သူမထောက်ပြခဲ့သော တာဝန်ခံမှု၏ အရေးပါပုံကိုလည်း အလေးထား ဆွေးနွေးသွားပါသည်။ သူမက ယုံကြည်စိတ်ချရသော အချက်အလက်ရှာဖွေရေး လုပ်ငန်းများကို ဆောင် ရွက်ရန် တိုက်တွန်းခဲ့ပြီး ယင်းလုပ်ငန်းများအတွက် ကုလသမဂ္ဂအဖွဲ့နှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်တွင် မကြာသေးမီက လုပ်ဆောင်နိုင်ခဲ့သည့် အပြုသဘောဆောင်သော လုပ်ဆောင်ချက် များ၊ အထူးသဖြင့် ၂၀၁၈ခုနှစ် ဇွန်လ ၆ ရက်က မြန်မာနိုင်ငံအစိုးရနှင့် UNDP၊ UNHCR တို့ကြား နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့မှုကို သူမက အသိအမှတ်ပြုကြိုဆိုခဲ့ပါသည်။ မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေ အနေများ၏ ရှုပ်ထွေးနက်နဲမှုများကို သိရှိသတိပြုမိသည့် တစ်ချိန်တည်းတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်၏ အကြံပြုချက်များ အထူးသဖြင့် လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ချက်များ ရုပ်သိမ်း ခြင်းနှင့် နိုင်ငံသားဖြစ်ခွင့်ရှိသူများအား နိုင်ငံသားဖြစ်ခွင့်ပေးခြင်းတို့ကို အကောင်အထည်ဖော်နေခြင်း အပါအဝင် ပြဿနာများ၏ အကြောင်းရင်းခံများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် လက်ရှိ ကြိုးပမ်းအားထုတ်နေမှုများကြောင့် များမကြာမီကာလတွင် IDP များ နှင့် ဒုက္ခသည်များသည် မူရင်းနေရပ်များ သို့မဟုတ် ၎င်းတို့ ရွေးချယ်သည့် နေရာများသို့ မိမိသဘောဆန္ဒအလျောက်၊ ဘေးကင်း၍ ဂုဏ်သိက္ခာရှိစွာ အစဉ်အမြဲ ပြန်လာနိုင်မည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် သူမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့သော MoU အကောင်အထည် ဖော်မှုကို အားပေးထောက်ခံကြောင်းလည်း ပြောကြားခဲ့ပါသည်။ အထူးကိုယ်စားလှယ်သည် ဒုက္ခသည်စခန်းများသို့ သွားရောက်ရန်အတွက် မကြာမီ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ရန်လည်း စီစဉ်ထားပါသည်။ 

အထူးကိုယ်စားလှယ်သည် စစ်တွေနှင့် မောင်တော ပြင်ပရှိ IDP စခန်းများ၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား နိုင်ငံတကာနယ်စပ်ဒေသတွင် လတ်တလောနေထိုင်လျက်ရှိသူများထံသို့လည်း သွားရောက်ခဲ့ ပါသည်။ ထိုသို့ ကွင်းဆင်းသွားရောက်လေ့လာမှုများအရ လွတ်လပ်စွာ သွားလာခွင့်၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ ခွဲခြားဆက်ဆံခြင်းကင်းသည့် တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူဘေးကင်းလုံခြုံရေး၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများကြား ကြောက်ရွှံ့မှုများနှင့် အယုံအကြည်ကင်းမဲ့မှုများ ကို ကိုင်တွယ်ဖြေရှင်းရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်းကို တွေ့ရှိခဲ့ရပါသည်။ နေရာတိုင်းတွင် သူမ သည် ပဋိပက္ခဒဏ် ခံခဲ့ရသော လူမှုအသိုင်းအဝိုင်းများနှင့် လူပုဂ္ဂိုလ်များကို တွေ့ဆုံစကားပြောခဲ့ပြီး ၎င်းတို့ တွေ့ကြုံခဲ့ရသည့် အလွန်စိတ်ထိခိုက်ဖွယ် အဖြစ်အပျက်များကို ပြောပြကြရာ အကြမ်းဖက်မှုသံသရာကို အဆုံးသတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ပြသနေပါသည်။ ထိုသို့အဆုံးသတ်နိုင်ရန်အတွက် လူမျိုးရေး အမုန်းတရားနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်နေမှုများအား ရှုတ်ချရန် အရေးကြီးပုံနှင့် လူမှုအသိုင်း အဝိုင်းများကြား တင်းမာမှုများ လျော့သွားစေရေး ဆောင်ရွက်နိုင်သည်များအားလုံးကို ဆောင်ရွက်ရန်လို အပ်ကြောင်း အထူးကိုယ်စားလှယ်က ထပ်လောင်းပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ယခင်က တိုက်တွန်းချက်ကို ထပ်လောင်းပြောကြားရင်း အထူးကိုယ်စားလှယ်က လက်ရှိဆောင်ရွက်လျက် ရှိသည့် ပျက်စီးနေသော အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရန်အတွက် သင့်တော်သည့် အခြေအနေများ ရှိအောင် ပြင်ဆင်ဆောင်ရွက်နေမှုများအပြင်    ပြန်လည်သင့်မြတ်ရေးနှင့် ပြန်လည်ကုစားမှုများကို ပိုမိုအားပေးနိုင်ရန်အတွက် ထိခိုက်ခံစားခဲ့ရသော လူမှု အသိုင်းအဝိုင်းများနှင့် အာဏာပိုင်များကြား လူထုဆွေးနွေးပွဲများကို အချိန်ယူကာ လုံလောက်သော အတိုင်းအတာအထိ ကျင်းပပြုလုပ်သွားရန် အကြံပြုခဲ့ပါသည်။

အထူးကိုယ်စားလှယ်သည် အရေးကြီးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲများတွင်လည်း ပါဝင်ဆွေးနွေးခဲ့ပြီး အကျိုးသက်ဆိုင်သူများကြား ယုံကြည်မှုတည်ဆောက်နိုင်အောင် ကူညီရန် သူမ အသင့် ရှိနေကြောင်း အလေးအနက် ပြောကြားပါသည်။ သူမက ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့်လည်း အားလုံး ပါဝင်နိုင်သော နည်းလမ်းတစ်ခုဖြင့် ချဉ်းကပ်ဆောင်ရွက်ရာတွင် အရှိန်ရလာအောင် ကူညီပံ့ပိုးပေးနိုင် ကြောင်းကိုလည်း ဖြည့်စွက်ပြောကြားသွားခဲ့ပါသည်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များရှိ အကြမ်းဖက်မှု များ ပြင်းထန်နေမှုနှင့် အရပ်သားများအပေါ် သက်ရောက်မှုများနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပြီး နောက်တစ်ကြိမ် မြန်မာနိုင်ငံသို့ လာရောက်သောအခါ ထိုဒေသများသို့ သွား ရောက်နိုင်ရန် သူမ မျှော်လင့်ပါသည်။ မြန်မာနိုင်ငံအစိုးရက သူမအား အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ပါဝင်ခွင့်ပေးရန် လိုလိုလားလားရှိမှုအတွက်လည်း သူမက ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။ 

မြန်မာနိုင်ငံအစိုးရက အထူးကိုယ်စားလှယ်၏ အထောက်အကူပြုရုံးကို နေပြည်တော်တွင် ဖွင့်လှစ်ခွင့်ပေး ရန်သဘောတူညီသည့်အတွက်လည်း သူမက ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ နယူးယောက်မြို့ ရှိ ကုလသမဂ္ဂဌာနချုပ်တွင် နောက်တစ်ကြိမ် ဆွေးနွေးတိုင်ပင်မှုများ မပြုလုပ်မီ သူမသည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ သွားရောက်ရန် စီစဉ်ထားပါသည်။ သူမသည် မြန်မာနိုင်ငံ အစိုးရ နှင့်၊ အခြားသော အကျိုးသက်ဆိုင်သူများနှင့် ယခုခရီးစဉ်တွင် ဆွေးနွေးခဲ့သည်များကို ဆက်လက်ဆွေးနွေး သွားနိုင်ရန် မျှော်လင့်နေမည် ဖြစ်ပါသည်။

 

Download PDF versions: ENG & MYA

Generic Profile

Stanislav Saling

Spokesperson, Office of the UN Resident and Humanitarian Coordinator

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNDPPA
United Nations Department of Political and Peacebuilding Affairs

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ