ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ပြောကြားရာတွင် “မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးအကျဥ်းချထားသူတွေကို ချက်ချင်းလွှတ်ပေးဖို့ လိုအပ်တယ် လို့ပြောချင်ပါတယ်။ ရွေးကောက်ပွဲရလာဒ်တွေကို ချက်ချင်း အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ အခြေခံဥပဒေနဲ့အညီ စနစ်တကျ အုပ်ချုပ်ခဲ့တဲ့ပုံစံ (constitutional order) ကို ချက်ချင်း ပြန်လည် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။