သတင်းထုတ်ပြန်ချက်

ကမ္ဘာ့ကျန်းမာရေးနေ့ - ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်

၂၀၂၀ ခုနှစ် ဧပြီလ ၀၇ ရက်။

  • ယနေ့ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂသည် သားဖွားဆရာမများ၊ ဆရာဝန်များ၊ သူနာပြုနှင့် အားလုံး‌သော မြန်မာနိုင်ငံအတွင်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများ၏ လူသားအားလုံးကျန်းမာ‌စေရန် ဆောင်ရွက်ချက်များအတွက် ကျေးဇူးတင်ရှိပါသည်။ ထိုသူအားလုံး၏ အင်အားရှိသော ကြိုးစားအားထုတ်မှုများသည် မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုအား ရင်ဆိုင်ရာတွင် အလွန်အရေးပါပါသည်။

“ဒီနှစ်အတွက် ဒီရက်ကို ခက်ခဲတဲ့အချိန်မှာ အသိအမှတ်ပြု ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ၏ ဌာနေကိုယ်စားလှယ်/လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးတာဝန်ခံ Mr. Ola Almgren မှ ပြောကြားပါသည်။ “လူသားမျိုးနွယ် တစ်စုလုံး အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တစ်ခုနှင့် ရင်ဆိုင်ရချိန်မှာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာအရပ်ရပ်မှာ ရှေ့တန်းကနေ ရင်ဆိုင်ပေးနေတာက သူနာပြုများ၊ သားဖွားဆရာမများ၊ ဆရာဝန်များနှင့် အားလုံး‌သော ကျန်းမာ‌ရေးဝန်ထမ်းများ ဖြစ်ကြပါတယ်” ဟု Mr. Almgren မှ ဆက်လက်၍ ပြောကြားပါသည်။ ကုလသမဂ္ဂ အနေဖြင့်လည်း သူတို့၏ သတ္တိနှင့် လုပ်ငန်းဆိုင်ရာ အရည်အသွေးပြည့်ဝမှုတို့ အပေါ် နက်နက်နဲနဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြသွားပါသည်။ သူတို့အားလုံး၏ လုပ်ဆောင်ချက် အရပ်ရပ်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားသွားပါသည်။

အားလုံးအတူတကွ ညီညွှတ်စွာဖြင့် ရှေ့တန်းကနေ ရင်ဆိုင်ပေးနေသည့် သူနာပြုများ၊ သားဖွားဆရာမများအပါအဝင် အားလုံး‌သော ကျန်းမာ‌ရေးဝန်ထမ်းများအား ဝိုင်းဝန်းကူညီရန် ကမ္ဘာ့ကျန်းမာရေးနေ့ထက် ပို၍ကောင်းမွန်သောအချိန် မရှိကြောင်း၊ ဒီနေ့ဟာ Florence Nightingale အနှစ် ၂၀၀ ပြည့် အထိမ်းအမှတ်လည်းဖြစ်တဲ့အပြင် နိုင်ငံတကာ သူနာပြုများနှင့် သားဖွားဆရာမများ နှစ်တွင်ကျရောက်သော ကမ္ဘာ့ ကျန်းမာရေးနေ့ ဖြစ်ပါသည်” ဟု World Health Organization မှ ကိုယ်စားလှယ် Dr. Stephan Paul Jost မှပြောကြားပါသည်။ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတိုင်းတွင် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများပေးရာတွင် သူနာပြုများနှင့် သားဖွားဆရာမများသည် အချက်အချာကျသော ကဏ္ဍတွင်ရှိပါသည်။

စိန်ခေါ်မှုများရှိသော်လည်း သူနာပြုများနှင့် သားဖွားဆရာမများ အပါအဝင် ကဏ္ဍပေါင်းစုံမှ အားလုံး‌သော ကျန်းမာ‌ရေးဝန်ထမ်းများသည် COVID-19 ရောဂါအား ကာကွယ်ရန်နှင့် တုန့်ပြန်နိုင်ရန်အတွက် အချိန်ပြည့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြပါသည်။ “ကျွန်ုပ်တို့အားလုံးသည် သူတို့အား ကျေးဇူးအများကြီးတင်သင့်ကြောင်း၊ သူတို့မရှိပါက မည်သည့် တုန့်ပြန်ဆောင်ရွက်မှုမျိုးမှ ရှိမှာမဟုတ်ကြောင်း၊ အခုလို ယခင်ဖြစ်နှင့်ပြီးသား မရှိသော စိန်ခေါ်မှုမျိုးနှင့် ရင်ဆိုင်ရချိန်တွင် အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ကျန်းမာ‌ရေးဝန်ထမ်းများအား ဝိုင်းဝန်းကူညီရန်နှင့် အကာအကွယ်ပေးရန် အထူးလိုအပ်ကြောင်း ပြောကြားရင်း မြန်မာနိုင်ငံ၏ ပြီးပြည့်စုံသော ကာကွယ်စောင့်ရှောက်မှုနှင့် တုန့်ပြန်နိုင်မှု အင်အားများအတွက် ယခုထက်ပင် ပိုမို၍အားကောင်းသော စုစည်းညီညွတ်မှုနှင့် ဝိုင်းဝန်းကူညီမှုတို့အား လိုအပ်ကြောင်း ဖြည့်စွက်၍ ပြောကြားသွားပါသည်။

ကုလသမဂ္ဂ၏ စုစည်းညီညွတ်မှုနှင့် အထောက်အပံ့များပေးရန် ကတိကဝတ်မှာ ခိုင်ခိုင်မာမာတည်ရှိလျက်ရှိပါသည်။ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်အတွင်းတွင်လည်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ရန်ပုံငွေများ၊ အစီအစဥ်များသည် ရောဂါစမ်းသပ်စစ်ဆေးရေး၊ ရောဂါတားဆီးရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရေး ကြိုးစားအားထုတ်မှုများအား တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ထပ်လောင်းထောက်ပံ့မှုများ အလျင်မြန်ဆုံး ရရှိအောင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျန်းမာရေး အရာရှိများ၊ လူအစုအဖွဲ့များနှင့် ရောဂါကူးစက်ပျံ့နှံ့နိုင်သည့် အန္တရာယ်များ၊ ကောင်းမွန်သော တကိုယ်ရေသန့်ရှင်းမှု၊ လူခြားနေခြင်းနှင့် ရှေ့တန်းမှ ကျန်းမာ‌ရေးဝန်ထမ်းများအား ဝိုင်းဝန်းကူညီခြင်း စသည့် အကြောင်းအရာများကို လူအများ သိရှိနားလည်လာအောင် အသိပညာမြှင့်တင်မှုများ နေ့စဥ် လုပ်ဆောင်လျက်ရှိပါသည်။

Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ