သတင်းထုတ်ပြန်ချက်

COVID-19 ထိန်းချုပ်ရေးအတွက် ရန်ကုန်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကုလသမဂ္ဂမှ အကူအညီပေးအပ်

၂၀၂၀ ခုနှစ် ဧပြီလ ၀၂ ရက်။

  • COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသည့်အချိန်တွင် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဦးစီးဌာနများသို့ ကုလသမဂ္ဂအနေဖြင့် ဆထက်ထမ်းပိုးတိုးကာ အကူအညီများဆက်လက် ပေးလျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ရွှေ့ပြောင်းနေထိုင်မှုအတွက်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (IOM)၊ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) တို့နှင့်အတူ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)တို့က စုပေါင်းကူညီခဲ့ပါသည်။

အသွားအလာကန့်သတ်ခြင်းပြုလုပ်သည့်နေရာများတွင် အရေးတကြီးလိုအပ်သော တကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ၊ အိပ်ယာခင်း၊ မွေ့ရာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ခြင်ထောင်များ အစရှိသည့် အခြေခံအသုံးအဆောင် ၅,၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ပံ့ပိုးပေးမည်ဖြစ်ပါသည်။ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသွားအလာကန့်သတ်ခြင်းပြုလုပ်သည့် နေရာများတွင် ခေတ္တနေထိုင်နေသူများကို ထပ်မံပံ့ပိုးပေး သွားမည်ဖြစ်ပါသည်။

အဆိုပါ COVID-19 ကပ်ရောဂါကို တားဆီးကာကွယ်တုန့်ပြန်နေသည့် မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ကုလသမဂ္ဂအနေဖြင့် အင်တိုက်အားတိုက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ကုလသမဂ္ဂအေဂျင်စီ ၅ ခု၊ ရံပုံငွေနှင့် အစီအစဉ်များ အားလုံး တစ်စုတစ်စည်းတည်းဖြင့် ကူညီပေးမှုမှာ COVID-19 တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရလက်အောက်ရှိ အဆင့်ပေါင်းစုံနှင့်အတူ ပူးပေါင်းလုပ်ကိုင်ရန် ကုလသမဂ္ဂ၏ အဆင်သင့်ရှိမှုကိုပြသခြင်းလည်းဖြစ်ကြောင်း

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ဌာနေကိုယ်စားလှယ်/လူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေးတာဝန်ခံ Ola Almgren မှ ပြောကြားခဲ့ပါသည်။

အထက်ဖော်ပြပါအကူအညီမှာ အစောပိုင်းက ကြေညာခဲ့သော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ test kits အခု ၅၀,၀၀၀ ပေးပို့မည့် ကုလသမဂ္ဂအစီအစဉ်၏ ထပ်ဆောင်းပံ့ပိုးပေးမှုလည်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ရောဂါပြန့်ပွားမှုကို တားဆီးတုန့်ပြန်ရန် ကုလသမဂ္ဂအထူးအေဂျင်စီများ၊ ရံပုံငွေနှင့် အကူအညီပေးရေးအစီအစဉ်များမှာ နေ့စဉ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအချိန်မှာ မြန်မာပြည်သူပြည်သားများအတွက်သာမက ကမ္ဘာ့အနှံ့ကလူသန်းထောင်ပေါင်းများစွာအတွက် အခက်အခဲဆုံးအချိန်ဖြစ်ကြောင်း Mr. Almgren မှ ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ပိုးမှာ နိုင်ငံပေါင်း ၁၇၀ ကျော်သို့ အလျင်အမြန်ကူးစက်နေသည်ကို မှတ်ချက်ပြုကာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ စကားဖြစ်သော အဆိုပါခက်ခဲသောအခိုက်အတန့်ကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ကို Mr. Almgren မှ ထပ်လောင်း ပြောကြားခဲ့သည်။

 

generic profile

အေးဝင်း

UNIC
ပြန်ကြားရေးအရာရှိ
Aye Win is the National Information Officer at UN Information Centre Yangon and the RCO. He obtained a Masters degree in Linguistics and English as a Foreign Language from the Institute of Education in Yangon. He worked for three years at the Industrial Training Centre at Sinde, Myanmar and joined the German Embassy as a Public Information Assistant where he worked for ten years. He joined the UN Information Centre in 1995.
Public Information and Advocacy Officer

Valijon Ranoev

OCHA
Public Information and Advocacy Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ