သတင်းထုတ်ပြန်ချက်

အာရှနှင့်ပစိဖိတ်ဒေသ အိပ်ချ်အိုင်ဗွီကာကွယ်တားဆီးရေးအတွက် UNAIDS Goodwill သံအမတ်ဖြစ်သူ Her Royal Highness Princess Soamsawali Krom Muen Suddhanarinatha မြန်မာနိုင်ငံသို့လာရောက်ခြင်း

၂၀၂၀ ခုနှစ် မတ်လ ၀၉ ရက်။

  • မည်သူ                 Her Royal Highness Princess Soamsawali Krom Muen Suddhanarinatha and Her Royal Highness Princess Bajrakitiyabha Narendira Debyavati
  • အကြောင်းအရာ    အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးအစီအစဥ်နှင့် ဒေသအတွင်း အိပ်ချ်အိုင်ဗွီ တုံ့ပြန်ရေးလုပ်ငန်းများနှင့် စပ်လျဉ်းသောခေါင်းဆောင်မှုများကိုမြှင့်တင်သွားရန် အာရှနှင့်ပစိဖိတ်ဒေသ အိပ်ချ်အိုင်ဗွီကာကွယ်တားဆီးရေးအတွက် UNAIDS Goodwill သံအမတ်ဖြစ်သူမှ မြန်မာနိုင်ငံသို့လာရောက်ခြင်း
  • အချိန်                   ၂၀၂၀ ခုနှစ်၊ မတ်လ (၁၃) ရက်၊ ၁၅း၅၅-၁၆း၅၅
  • နေရာ                   Hilton ဟိုတယ်၊ နေပြည်တော်၊ မြန်မာ။

အာရှနှင့်ပစိဖိတ်ဒေသ အိပ်ချ်အိုင်ဗွီကာကွယ်တားဆီးရေးအတွက် UNAIDS Goodwill သံအမတ်အဖြစ်တာဝန်ယူထားရသော HRH Princess Soamsawali သည် ဒေသတွင်းအိပ်ချ်အိုင်ဗွီကာကွယ်တားဆီးရေးအစီအစဉ်များကိုမြှင့်တင်ရန်နှင့် အိပ်ချ်အိုင်ဗွီတုံ့ပြန်ရေးလုပ်ငန်းများထိရောက်လျင်မြန်စေရန်အတွက်ခေါင်းဆောင်မှုပိုင်းကိုပံ့ပိုးပေးနိုင်ရန် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပါသည်။ HRH Princess Soamsawali နှင့်အတူ HRH Princess Bajrakitiyabha Narendira Debyavati၊ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနတို့မှ အရာရှိပုဂ္ဂိုလ်ကြီးများ၊ ထိုင်းနိုင်ငံကြက်ခြေနီအဖွဲ့မှ ကိုယ်စားလှယ်များ၊ အာရှနှင့်ပစိဖိတ်ဒေသအတွက် UNAIDS ဒေသဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ Eamonn Murphy တို့ပါလိုက်ပါလာကြမည်ဖြစ်ပါသည်။

ဤလာရောက်လည်ပတ်ခြင်းသည် ၃၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲအစည်းအဝေးအဖြစ် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးနှင့် ပတ်သက်သော အတွေ့အကြုံများနှင့်သင်ခန်းစာများကို နှစ်နိုင်ငံဖလှယ်ရန်နှင့် လူထုဦးဆောင်သော ဝန်ဆောင်မှုပေးအပ်ရေးနှင့် အိပ်ချ်အိုင်ဗွီ ကာကွယ်တားဆီးရေးကဏ္ဍများအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးတိုင်ပင်ရန် HRH Princess Soamsawali၊ HRH Princess Bajrakitiyabha နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံဆွေးနွေးပွဲ၏ နောက်ဆက်တွဲအနေဖြင့် တွေဆုံဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပါသည်။

HRH Princess Soamsawali သည် ထိုင်းနိုင်ငံတွင် မိခင်မှသန္ဓေသား/ကလေးသို့ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခြင်းကို ကာကွယ်တားဆီးရေး၊ အိပ်ချ်အိုင်ဗွီပိုးစစ်ဆေးနိုင်သော နည်းလမ်းအသစ်များကို အားပေးမြှင့်တင်ရေး၊ အိပ်ချ်အိုင်ဗွီပိုးနှင့် မထိတွေ့မီ ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်ကုသခြင်း (PrEP) စတင်မိတ်ဆက်ခြင်းကို  ပံ့ပိုးကူညီသွားရေး စသည်တို့နှင့်စပ်လျဥ်းသော ကြိုးပမ်းအားထုတ်မှုများတွင် ထဲထဲဝင်ဝင် ပါဝင်လာခဲ့သည်မှာ ဆယ်စုနှစ်သုံးစုနီးပါး ရှိလာခဲ့ပြီဖြစ်ပါသည်။ သူမသည် စီမံကိန်းလုပ်ငန်းများအနက်  Princess PrEP အစီအစဉ် - နိုင်ငံတော်အဆင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွင်း PrEP ဝန်ဆောင်မှုများကိုမြှင့်တင်ဆောင်ရွက်နိုင်မည့် စံပုံစံတစ်ခုအဖြစ်အသုံးပြုနိုင်သော ပထမဦးဆုံး လူထုအခြေပြု PrEP ဖြန့်ဖြူးသည့်စံပုံစံ ကို အားပေးပံ့ပိုးခဲ့ပါသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့
UN Women
ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့
UNAIDS
HIV/AIDS ဆိုင်ရာ ကုလသမဂ္ဂ ပူးပေါင်းအစီအစဉ်
UNDP
ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်
UNESCO
ယူနက်စကို
UNFPA
လိင်မှုနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်း
UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ
UNICEF
ယူနီဆက်
UNODC
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး
WFP
ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ဤလုပ်ငန်းတွင်ပါဝင်သောအခြားအဖွဲ့အစည်းများ

World Bank
ကမ္ဘာ့ဘဏ်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ