Breadcrumb ပင်မစာမျက်နှာ / မှီငြမ်းရန်အချက်အလက်များ / ဗွီဒီယိုများ / ၂၀၂၅ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့၊ သစ်တောနှင့်သစ်တောထွက်အစားအစာများ ဗွီဒီယို ၂၀၂၅ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့၊ သစ်တောနှင့်သစ်တောထွက်အစားအစာများ ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်။ အာဟာရ၊ စားနပ်ရိက္ခာဖူလုံရေး နှင့် အသက်မွေးဝမ်းကြောင်းလုံခြုမှုရှိရေးတို့ အတွက် သစ်တောတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဌမှာပါဝင်နေပါတယ်။ သစ်တောထွက်အစာတွေဟာ သန်းပေါင်းများစွာသောလူတွေ အသက်ဆက်နိုင်ဖို့ အရေးပါတဲ့ အာဟာရတန်ဖိုးတွေ ပေးနေပါတယ်၊ အထူးသဖြင့် သစ်တောဝန်းကျင်မှာ ကျင်လည်နေထိုင်ကြတဲ့ သက်ရှိတွေအတွက်ကိုပေ့ါ။ သစ်သီးသစ်ဖု၊အစေ့အဆန်နဲ့ ပျားရည်တွေကအစပြုပြီး အခြားစားလို့ရတဲ့ အင်းဆက်နဲ့ မှိုတွေရနေတာကြောင့် သစ်တောတွေဟာ သဘာဝကပေးတဲ့ အဆင့်မြင့်ကုန်တိုက်တွေပါ။ ဝတ်မှုန်ကူးတဲ့ပျား၊ပိတုန်းလုပ်သားတွေအတွက် ကျန်းမာသန်စွမ်းတဲ့ သစ်တောတွေက အိမ်တစ်လုံးဖြစ်နေတဲ့အပြင် ကောက်ပဲသီးနှံတွေ ရှင်သန်ကြီးထွားဖို့ကိုလည်း အထောက်အပံ့ဖြစ်ပါတယ်။ သစ်တောတွေဟာ မြေဆီလွှာရင်းမြစ်တွေ အားဖြည့်ရင်း သန့်ရှင်းတဲ့ရေနဲ့ မျှတတဲ့ ဥတုကိုပေးသလို ကျွန်ုပ်တို့စားပွဲပေါ်က အစားအစာတွေရဖို့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ရေရှည်တည်တံ့စေပါတယ်။ ဌာနေလူမျိုးစုတွေအပါအဝင် သစ်တောတွေကိုမှီခိုပြီးနေရတဲ့ဒေသခံတစ်ခုလုံး ရှင်သန်နိုင်ဖို့အတွက် သစ်တောတွေဟာ မရှိမဖြစ်အရေးပါသလို သစ်တောတွေကနေ ကာဗွန်ကို စုပ်ယူပေးနိုင်တာကြောင့်လည်း ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို လျော့ချဖို့အတွက်မှာပါ သက်ရောက်မှုရှိနေပါတယ်။ မတ်လ၊ ၂၁ရက်နေ့ မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ကို ပါဝင်ဆင်နွဲကြပါစို့။