မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ မြတ်ဗုဒ္ဓနေ့ သတင်းစကား
၂၀၂၄ ခုနှစ် မေလ ၂၂ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းနေ့ဖြစ်သည့် ယနေ့ ကျရောက်သည့် မြတ်ဗုဒ္ဓနေ့တွင် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြပါသည်။
မြတ်စွာဘုရား ဖွားမြင်တော်မူခဲ့သည့် နီပေါနိုင်ငံ၊ လုမ္ဗိနီသို့ ပြီးခဲ့သည့် အောက်တိုဘာလက ကျွန်ုပ် အထူးတလည် သွားရောက်ခွင့်ရခဲ့ပါသည်။ အလွန် စိတ်ကျေနပ် အားရဖွယ်ကောင်းသည့် ဤခရီးစဥ်ကြောင့် ငြိမ်းချမ်းခြင်း၊ ကရုဏာတရားထားခြင်းနှင့် အများကောင်းကျိုးဆောင်ရွက်ပေးခြင်း စသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများသည် ကျွန်ုပ်တို့အားလုံးအတွက် ပိုမိုကောင်းမွန် နားလည်မှုရှိပြီး သင့်မြတ်သည့် ကမ္ဘာကြီးဆီ သွားရာ လမ်းစဥ်ဖြစ်သည်ဟု ယုံကြည်ထားသည့် ကျွန်ုပ်၏ ခံယူချက်ကို ပိုမို ခိုင်မာစေခဲ့ပါသည်။
ယနေ့မှစပြီး နေ့စဥ်နေ့တိုင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လိုက်နာကြရအောင်ပါ။ ပေါင်းစည်းညီညွတ် လူသားဆန်သည့် မိသားစုတစ်ခုအဖြစ် တည်ဆောက်နိုင်သည့် ယုံကြည်မှုအသစ်၏ လမ်းညွှန်မှုကိုလည်း လိုက်နာကြရအောင်ပါ။
ပိုမိုငြိမ်းချမ်းပြီး ရေရှည်တည်တံ့သည့် အနာဂတ်တစ်ခု တည်ဆောက်ဖို့ တညီတညွတ်တည်း လက်တွဲလုပ်ဆောင်ကြရအောင်ပါ။
မင်္ဂလာရှိသည့် ဗုဒ္ဓနေ့ဖြစ်ပါစေ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ