သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

မြန်မာနိုင်ငံ ကချင်ပြည်နယ်၌ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဗုံးကြဲတိုက်ခိုက်မှုတစ်ခုအတွင်း အမျိုးသမီးများနှင့် ကလေးငယ် အများအပြား၊  ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးသူများအပါအဝင် အရပ်သားများ ဒါဇင်နှင့်ချီ၍ အသတ်ခံရသည့်သတင်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ထိတ်လန့်တုန်လှုပ်မိပါသည်။ ထိုလုပ်ရပ်ကို ကျူးလွန်သူများအနေဖြင့် တာဝန်ခံရမည် ဖြစ်သည်။

အတွင်းရေးမှူးချုပ်အနေဖြင့် ဒေသတွင်း မတည်ငြိမ်မှုကို ဆက်လက်တိုးပွားစေသည့် နိုင်ငံတစ်ဝန်း စစ်တပ်၏ ပြင်းထန်သည့် တိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်အားလုံးကို ကန့်ကွက်ရှုတ်ချသည်။ အိမ်နီးချင်းနိုင်ငံများအနေဖြင့် အထူးသဖြင့် သူတို့၏ သြဇာလွှမ်းမိုးမှုကို အပြည့်အဝ အသုံးချကြရန်အတွက်လည်း အတွင်းရေးမှူးချုပ်မှ ဆက်လက် တိုက်တွန်းပါသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ အရပ်သားပြည်သူများကို အကာအကွယ်ပေးသင့်သည့်အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုသည်။

 

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ