သတင်းထုတ်ပြန်ချက်

စစ်တမ်းတစ်ရပ်က မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရပ်စဲမှု အဆင့်များနှင့် ဝင်ငွေဖူလုံရေး စိန်ခေါ်မှုများကို မီးမောင်းထိုးပြခြင်း

၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၁ ရက်။

မရှိသလောက်နည်းပါးသော အလုပ်သမားများကသာ ဥပဒေအရ ပြဌာန်းထားသော အလုပ်ထုတ်နစ် နာကြေးကို ရရှိကြခြင်းနှင့်အတူ၊ ဆန္ဒအရဖြစ်စေ၊ ဆန္ဒမပါဘဲနှင့်ဖြစ်စေ အလုပ်အကိုင် ရပ်စဲမှုများ သည် ၂၀၂၀ခုနှစ် မတ်လ ကတည်းက တိုးပွားလာကြောင်းမြင်ရသည်။

ရန်ကုန်၊ မြန်မာ။        ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြုလုပ်သည့် စစ်တမ်း အသစ်တစ်ခုက မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရပ်စဲမှုနှင့်၊ လုံခြုံ စိတ်ချရသော ဝင်ငွေ အကြောင်းတို့ကို လျော်ကန်နက်နဲစွာ နားလည် သိမြင်စေပါသည်။ 



ဤစစ်တမ်းသည် အလုပ်အကိုင် ရပ်စဲခံရသည့် ယခင် လခစား အလုပ်သမားများကို ချိန်ရွယ် ကောက်ယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အချိန်ကာလအားဖြင့်  ၂၀၂၀ ခုနှစ် မတ်လ (၁) ရက် နှင့်  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက် အကြား၊ ဆန္ဒအရဖြစ်စေ၊ ဆန္ဒမပါပဲနှင့်ဖြစ်စေ အလုပ်မှ ယာယီ ရပ်စဲခံရသူများ ဖြစ်ကြသည်။



တွေ့ရှိချက်များက၊ ထိုကာလအတွင်း အလုပ်အကိုင် ရပ်စဲမှုပေါင်း၏ ၇၀ ရာခိုင်နှုန်းသည် ဆန္ဒအလျောက် အလုပ်မှ နှုတ်ထွက်ခြင်း ဖြစ်ပြီး၊ ၂၈ ရာခိုင်နှုန်းသည် အလုပ်ထုတ်ခံရမှုများ ဖြစ်ကြောင်း ဖော်ပြသည်။



၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာလွှဲပြောင်း ရယူပြီးနောက်ပိုင်း၊ အလုပ်အကိုင်ရပ်စဲမှုသည် ၂၃.၅ ရာခိုင်နှုန်းတိုးခဲ့ပြီး၊ အလုပ်ထုတ်ပယ်မှုများ ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ထိုစဉ်၌ အလုပ်မှ နှုတ်ထွက်မှုမှာ ၂၂ ရာခိုင်နှုန်းအထိရှိခဲ့သည်။ အထူးသဖြင့် စစ်တပ် အာဏာလွှဲပြောင်း ရယူပြီးနောက်ပိုင်း၊ ပြည်သူ့ကဏ္ဍ၌ အလုပ်အကိုင်ရပ်စဲမှု ၃၉၂ ရာခိုင်နှုန်း တိုးလာပြီး၊ ပညာရေးကဏ္ဍ၌ ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။



အလုပ်အကိုင် ရပ်စဲခံရသည့်အခါ၊ အလုပ်ထုတ်ခံရသည့် အလုပ်သမား၏ ၂၉.၅ ရာခိုင်နှုန်းကသာ ဥပဒေအရ ပြဌာန်းထားသော အလုပ်ထုတ် နစ်နာကြေးကို ရရှိကြပြီး၊  အခြေခံ အလုပ်အကိုင် အခွင့်အရေးများကို မကြာခဏ မည်သို့မည်ပုံ မပေးကြောင်း စစ်တမ်းက မီးမောင်းထိုးပြသေးသည်။ အမျိုးသမီးများနှင့် လူငယ်များ (အသက် ၁၅ -၂၄) သည် အမျိုးသားများနှင့် ဝါရင့် အလုပ်သမားများထက် ပို၍နည်းပါးသော အလုပ်ထုတ် နစ်နာကြေးကို ရရှိကြဟန် ပို၍တူကြောင်း တွေ့ရှိရသည်။



အလုပ်ပြန်လည်လုပ်ကိုင်သူထဲမှ ၇၀ ရာခိုင်နှုန်းသည် လခစား အလုပ်ကို ရှာတွေ့ကြပြီး၊ ၃၀ ရာခိုင်နှုန်းသည် မိမိ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်သူများ ဖြစ်လာကြသည်။ ပျမ်းမျှအားဖြင့် ဖော်ပြရသော်၊ အလုပ်သမားများသည် လခစား အလုပ်ကို ပြန်လုပ်နိုင်ဖို့ အချိန်ကာလအားဖြင့် ငါးလတာ ကြာမြင့်ကြသည်။ အလုပ်ပြန်၍ လုပ်ကြသည့် ယခင်က အစိုးရအလုပ်သမားများသည် ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်သူများဖြစ်လာကြသည်။



ILO မြန်မာ၏ ဆက်သွယ်ညှိနှိုင်းရေးမှူးဖြစ်သူ Donglin Li က ”မြန်မာနိုင်ငံက အလုပ်သမားတွေဟာ တစ်မူထူးခြားစွာ ခက်ခဲတဲ့ အခြေအနေတွေကို အစုံလိုက် ရင်ဆိုင်နေကြရတယ်။ ဒီစစ်တမ်းက အလုပ်သမား အခွင့်အရေးတွေကို လေးစားဖို့၊ ပေးနေတဲ့ လူမှုကာကွယ် စောင့်ရှောက်ရေးက တိုးတက်ကောင်းမွန်ဖို့ အပူတပြင်း လိုအပ်နေပြီဆိုတာကို ဖော်ပြနေတယ်” ဟုဆိုသည်။

generic profile

စတိ(ဗ်) နီဒန်

ILO
အကြီးတန်း ဆက်သွယ်ရေးအရာရှိ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ