သတင်းထုတ်ပြန်ချက်

စိန် ခေါ် မှု များ အောက် မခိုင် မခံ့ ရှိနေဆဲ မြန်မာ့ လုပ်သားဈေးကွက်

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်။

အမျိုးသမီးအလုပ်သမားများ အပြင်းထန်ဆုံးထိုးနှက်ခံရခြင်းနှင့်အတူ အလုပ်သမားအရေအတွက် နှင့် အလုပ် အကိုင်အရည်အသွေးများ ဆက်လက်ကျဆင်းနေသည်။

ခေါင်းစဉ်-ရန်ကုန် သစ်သီးဈေးမှ အလုပ်သမားတစ်ဦး။
ဓာတ်ပုံ - © Shutterstock

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို)က နောက်ဆုံးထုတ်ပြန်သည့် လုပ်သားဈေးကွက်အခြေအနေအရ၊ မြန်မာ့လုပ်သားဈေးကွက်သည် ကိုဗစ် - ၁၉ ကပ်ဘေး၊ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာလွှဲပြောင်းယူမှုတို့နှင့်၊ ယင်းတို့၏ နောက်ဆက်တွဲ လူမှုစီးပွားဖရိုဖရဲ ဖြစ်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆက်၍ခံစားနေရသည်။

တိုင်းတာချက်များအားလုံးက တိုင်းပြည်အတွင်းရှိ စိန်ခေါ်နေသော လုပ်သားဈေးကွက်အခြေအနေ များကို ညွှန်ပြလျက်ရှိသည်။

အချို့ကဏ္ဍများအတွင်း လတ်တလောပြန်လည်ကောင်းမွန်လာသည့် အလုပ်အကိုင်အရည်အတွက် သည် လူဦးရေကြီးထွားလာမှုကို အမီမလိုက်နိုင်ခဲ့ပေ။ ယင်း၏အကျိုးဆက်အဖြစ်၊ ၂၀၂၂ခုနှစ်၌ ရှိသည့် အလုပ်အကိုင်နှင့်လူဦးရေ၏ အချိုးအစား ၅၄.၅ ရာနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ရှိခဲ့သည့် အဆင့်အောက် ၈.၂ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားကြောင်း မြင်တွေ့ရသည်။

အစိုးရ၏ စည်းကြပ်မှုအောက်တွင်မရှိသော လုပ်ငန်းကဏ္ဍအတွင်းသို့ အလုပ်သမားများ ပို၍တွန်းပို့ ခံရခြင်းနှင့်အတူ အလုပ်အကိုင်အရည်အသွေး ကျဆင်းလာခဲ့သည်။ ခန့်မှန်းချက်များအရ၊ လုပ်အား ဖြစ်ထွန်းမှုသည် ၂၀၂၁ ခုနှစ်တွင် ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ပြသလျက်ရှိပြီး၊ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ဆုံးရှုံးမှုရှိသည်။

မြန်မာနိုင်ငံတွင်၊ အမျိုးသမီးများ၏ အလုပ်အကိုင်နှင့် လူဦးရေအချိုးအစားသည် အမျိုးသားများ၏ နှစ်ဆကျဆင်းလျက်ရှိခြင်းနှင့်အတူ၊ သာမန်ထက်ပိုကြီးသော အကျိုးသက်ရောက်မှုသည် အမျိုး သမီးများအပေါ် ကျရောက်နေကြောင်းဖော်ပြနေသည်။

ILO ( မြန်မာ ) ၏ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Donglin LI က “အလုပ်သမားအများအပြားက မရေရာတဲ့အနာဂတ်ကို ရင်ဆိုင်နေရတာနဲ့အတူ၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခြေအနေတွေ မခိုင် မခံ့မှုနဲ့စိန်ခေါ်မှုအောက်တွေမှာ ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီစနစ်ပြန်လည်ထွန်းကားရေးဟာ မြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေရဲ့ အနာဂတ်အလားအလာအတွက် အလွန်အရေးပါတဲ့ အခြေအနေ မှာဆက်ရှိနေပြီး၊ ဒီမိုက ရေစီစနစ်ကို ပြန်လည်ကျင့်သုံးရေးဟာ လူမှုရေးတရားမျှတမှုနှင့် သင့်လျော် ကောင်းမွန်သော အလုပ်အတွက်လိုအပ်တဲ့ ကြိုတင်သတ်မှတ်ရမယ့် အခြေအနေဖြစ်တယ်” ဟုဆိုသည်။

generic profile

စတိ(ဗ်) နီဒန်

ILO
အကြီးတန်း ဆက်သွယ်ရေးအရာရှိ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ အိုင်အယ်(လ်)အိုရုံး။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ