သတင်းထုတ်ပြန်ချက်

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် မြန်မာနိုင်ငံရှိအလုပ်သမားအားလုံးအတွက် အခြေခံအခွင့်အရေးတစ်ရပ်ဖြစ်

၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်။

ကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ကို ကြိုဆိုသောအားဖြင့် လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာသော လုပ်ငန်းခွင်ရရှိရေးအတွက် လိုအပ်သည်များကို တိုးမြှင့်၊ အကောင် အထည်ဖော်သွားရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ က တိုက်တွန်းလိုက်သည်။

ရန်ကုန်၊ မြန်မာ  (ILO news) - ယခုနှစ် ကမ္ဘာ့လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင် ကြီးမားသော စိန်ခေါ်မှု အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိ သော်လည်း ကဏ္ဍအသီးသီးရှိ လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုများကို ပိုမိုအားထုတ် လုပ်ဆောင်သွားကြရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က တိုက်တွန်းလိုက်သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့၏ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများဆိုင်ရာ ကြေညာစာတမ်းတွင်  ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာသောလုပ်ငန်းခွင်ရရှိရေးကို အခြေခံအခွင့်အရေး အဖြစ်  ဇွန်လ ၂၀၂၂ ခုနှစ်တွင် ထည့်သွင်းနိုင်ခဲ့ပြီး သမိုင်းမှတ်တမ်းအဖြစ်တင်နိုင်ခဲ့ပါသည်။ ၎င်းဆုံးဖြတ်ချက် သည် အစိုးရအဖွဲ့အစည်းများ၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားအားလုံးအတွက် ဘေးအန္တရာယ်ကင်းရှင်း ပြီး ကျန်းမာသောလုပ်ငန်းခွင်ဖန်တီးပေးနိုင်ရန် တာဝန်ရှိကြောင်း မီးမောင်းထိုးပြခဲ့ကာ လုပ်ငန်းခွင် ဘေးအန္တရာယ် များကြောင့် ထိခိုက်ခြင်း၊ ဖျားနာခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းများမှ ကာကွယ်နိုင်ခွင့်သည် အလုပ်သမား များ၏ ရပိုင်ခွင့်ဖြစ်ကြောင်း အသိအမှတ်ပြုပေးခဲ့ သည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (မြန်မာ) ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr.Donglin Li က “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုတာ အလုပ်သမားတွေရဲ့ ကျန်းမာရေးအတွက်သာမက မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်ဖို့ အဓိကကျဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ မည်သည့်နောက်ခံသမိုင်းကြောင်းနဲ့ လုပ်ငန်းခွင်ကအလုပ်သမားမဆို သူရဲ့လုပ်ငန်းခွင်မှာ ကြုံတွေ့နိုင်တဲ့ ဘေးအန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ကအဓိကပါပဲ” ဟု  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အရေးပါပုံကို မှတ်ချက်ပြုခဲ့သည်။

လုပ်ငန်းခွင်နှင့်ဆက်စပ်သည့် မတော်တဆမှုများနှင့် ရောဂါဖြစ်ပွားမှုများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်လူဦး ရေ ၂.၉ သန်းခန့် အသက်ဆုံးရှုံးနေရပြီး နေ့စဉ်သေဆုံးသူ ဦးရေ ၈၀၀၀ ကျော်ရှိသည်။ အသက်ဆုံးရှုံးမှုနှုန်းသည် မြင့်မားလျက်ရှိပြီး ၎င်းသည် ပုဂ္ဂိုလ်ရေးရာ ထိခိုက်ကြေကွဲမှုသာမက စီးပွားရေးဆုံးရှုံးမှုကိုပါ များစွာသက်ရောက် လျက်ရှိသည်။ အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာ ခြင်းကို အကာအကွယ်ပေးခြင်းသည် လူမှုကျင့်ဝတ်ဆိုင်ရာ လိုအပ်ချက်တစ်ခုမျှသာမက စီးပွားရေးကောင်းမွန် ရန်အတွက်လည်း များစွာအထောက်အကူပြုကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက လတ်တတောပြုစုခဲ့သော ကုန်ကျစရိတ်အကျိုး ခံစားခွင့် ဆန်းစစ်ချက်တွင် တွေ့ရှိနိုင်ပါသည်။

“လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကာကွယ်မှုတွေဟာ အလုပ်သမားအားလုံးအတွက် နေ့စဉ် လက်တွေ့မှာ အကောင်အထည်ဖော်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါတွေကို တခြားသော ဆက်နွယ်နေတဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အခြေခံမူများနှင့် အခွင့်အရေးများဖြစ်တဲ့ အဓမ္မ သို့မဟုတ် အတင်းအကျပ် အလုပ်ခိုင်းစေမှုပပျောက်ရေး နဲ့ ကလေးအလုပ်သမား ခိုင်းစေမှုပပျောက်ရေး၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းရေး၊ စုပေါင်းညှိနှိုင်းဆွေးနွေးအရေးဆိုခွင်ရေး၊  အလုပ်တွင်ခွဲခြားဆက်ဆံခံရမှု အဆုံးသတ်ရေးတို့နဲ့ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်” ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (မြန်မာ) ၏ ဆက်သွယ်ညှိနှိုင်းရေး အရာရှိဖြစ်သူ Mr. Li က ထပ်လောင်းပြောကြားခဲ့ပါသည်။

အခြေခံအခွင့်အရေးဖြစ်သည့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို လုပ်ငန်းခွင်အသီးသီးရှိ အလုပ်သမားများတစ်ဦးမကျန် အားလုံးခံစားနိုင်ရန်အတွက် သက်ဆိုင်သူအားလုံးနှင့် လုပ်ငန်းခွင်များ အားလုံးပါဝင်လုပ်ဆောင်ရင်း ကတိကဝတ်ပြုကြရန် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ မှ တိုက်တွန်း လိုက်ပါသည်။

 

generic profile

အန်း ဘွိုင်း

ILO
အလုပ်သမား စံချိန်စံညွှန်းရေးရာ ကျွမ်းကျင်သူ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

ILO
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ