သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်။

(အလွတ်သဘော ဘာသာပြန်ဆိုချက်)

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ယနေ့ မြန်မာ့လေတပ်မှ တိုက်ခိုက်ခဲ့မှုအပေါ် အထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ အဆိုပါတိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်သူများအား တာဝန်ခံမှုရှိစေရန် တောင်းဆိုပါသည်။

အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် ထိခိုက်သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရပါသည်။ ထိခိုက်ဒဏ်ရာရသူများ အရေးပေါ် ကုသမှုရရှိစေရေးနှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများရရှိစေရေးတို့အတွက် တောင်းဆိုပါသည်။

အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အလုံးစုံသော အကြမ်းဖက်မှုများကို ကန့်ကွက်ရှုတ်ချပြီး၊ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေအရ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှုပေးရေးသည် အဓိက အရေးပါကြောင်း ထပ်မံအတည်ပြုပါသည်။ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ နှင့်အညီ နိုင်ငံအဝှမ်းရှိ မြန်မာပြည်သူလူထုအပေါ် စစ်တပ်မှ အကြမ်းဖက်လှုပ်ရှားမှုများကို အဆုံးသတ်ရန် ထပ်လောင်းတောင်းဆိုပါသည်။

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ