အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ကမ္ဘာ့တစ်ဝှမ်းလုံးရှိအလွှာပေါင်းစုံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အောင်မြင်မှုများကို ကျွန်ုပ်တို့ ဂုဏ်ပြုပါသည်။
သို့သော် ကျွန်ုပ်တို့သည် ၄င်းတို့ အကြီးအကျယ်ရင်ဆိုင်ကြုံတွေ့နေရသော အတားအဆီးများ ဖြစ်ကြ သည့် - ဖွဲ့စည်းပုံဆိုင်ရာ မတရားမှုများ၊ ဖယ်ကြဥ်ခံရခြင်း၊ အကြမ်းဖက်မှုများ၊ ၄င်းတို့အား ဦးဆုံးနှင့် အဆိုးဆုံး ထိခိုက်စေသည့် ပြင်းထန်သောအကြပ်အတည်းများ၊ ၄င်းတို့၏ ခန္ဓာကိုယ်နှင့် အသက် ရှင်သန်ရာဘဝများအတွက် ငြင်းပယ်ခံနေရသော ၄င်းတို့၏ အခွင့်အရေးများနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် များကိုလည်း ကျွန်ုပ်တို့ အသိအမှတ်ပြုပါသည်။
ကျားမအခြေပြု ခွဲခြားဆက်ဆံခြင်းသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ အမျိုးသားများနှင့် ယောက်ျားလေးများ အားလုံးကို ထိခိုက်စေပါသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် လုပ်ဆောင်ချက်များကို အရေးတယူ ဆောင်ရွက်ရန် အားလုံးကို တောင်းဆိုသောနေ့ဖြစ်ပါသည်။
အဖိုးအခကြီးမားသော အမျိုးသမီးများ၏ အခြေခံလူ့အခွင့်အရေးများကို လှုပ်ရှားတောင်းဆိုနေသော အမျိုးသမီးထုများနှင့်အတူ ရပ်တည်သည့် လုပ်ဆောင်ချက် ၊
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် အလွဲသုံးစားမှုများအပေါ် ကာကွယ်စောင့်ရှောက်မှုများကို အားဖြည့်ဆောင်ရွက်မည့် လုပ်ဆောင်ချက် ၊
အမျိုးသမီးများ၏ ခေါင်းဆောင်မှုနှင့် အပြည့်အဝ ပါဝင်ဆောင်ရွက်မှုများကို အရှိန်ဟုန်မြှင့်တင်မည့် လုပ်ဆောင်ချက်၊
ယခုနှစ်ဆောင်ပုဒ်သည် ကျားမရေးရာတန်းတူညီမျှမှု တိုးမြှင့်လာစေရန် နည်းပညာနှင့် ဆန်းသစ် တီထွင်မှုများ အတွက် လိုအပ်ချက်များအား အလေးပေးဖော်ပြထားပါသည်။
နည်းပညာသည် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် ပညာရေးနှင့်အခွင့်အလမ်းများ ချဲ့ထွင်ပေးသည့် လမ်းကြောင်းများဖြစ်သည်။
သို့သော် နည်းပညာသည် မုန်းတီးမှုနှင့် အလွဲသုံးစားပြုမှုကိုလည်း ချဲ့ထွင်စေနိုင်ပါသည်။
ယနေ့ခေတ်တွင် အမျိုးသမီးများသည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာဆိုင်ရာ နယ်ပယ်များရှိ လုပ်သားအင်အားထု၏ သုံးပုံတစ်ပုံအောက်ခန့် လုပ်ကိုင်နေကြသည်။
နည်းပညာအသစ်အဆန်းများဖော်ဆောင်ရာတွင် အမျိုးသမီး ကိုယ်စားပြုမှုနည်းသောအခါ အစကနဦးကတည်းက ခွဲခြားဆက်ဆံခံရမှုများဖြစ်ပေါ်လာနိုင်သည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဒစ်ဂျစ်တယ်ခွဲခြားမှုကို ပိတ်သိမ်းပြီး သိပ္ပံနှင့် နည်းပညာတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ကိုယ်စားပြုမှုကို တိုးမြှင့်ရမည်။
အမျိုးသမီးများကို ဒစ်ဂျစ်တယ်ကမ္ဘာမှ ဖယ်ထုတ်ထားခြင်းကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းသောနိုင်ငံများ၏ ဂျီဒီပီ မှ ခန့်မှန်းခြေ ဒေါ်လာ တစ် ထရီလီယံ ဆုံးရှုံးခဲ့ပြီး အရေးယူဆောင်ရွက်ခြင်းမရှိပါက လာမည့် ၂၀၂၅ ခုနှစ်တွင် ဆုံးရှုံးမှု ဒေါ်လာ ၁.၅ ထရီလီယံ အထိ တိုး လာနိုင်သည်။
အမျိုးသမီးများအတွက် ရင်းနှီးမြုပ်နှံခြင်းသည် နိုင်ငံအားလုံး၊ လူမှုအသိုက်အဝန်းနှင့်၊ လူသားအားလုံး ကို မြှင့်တင်ပေးခြင်းဖြစ်ပါသည်။
နေရာတိုင်းတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ အမျိုးသားများနှင့် ယောက်ျားလေးများ အတွက် ပိုမိုပါ၀င်သော၊ တရားမျှတသော၊ သာယာဝပြောသောကမ္ဘာဖြစ်ရန် အရပ်ဖက် လူမှု အဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံအစိုးရအားလုံး - ကျွန်ုပ်တို့အားလုံး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြပါစို့။