သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံမှအရပ်ဘက်လူမှုအဖွဲ့အစည်းသည် အာရှဒေသဆိုင်ရာနန်ဆန်ဆုကို ရရှိခဲ့ခြင်း

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၀၄ ရက်။

Naw Bway Khu
ခေါင်းစဉ်-Meikswe Myanmar founder Naw Bway Khu with children at the Metta May May centre in Lashio Township, Shan State, Myanmar. The centre provides support to people who are living with HIV/AIDS.
ဓာတ်ပုံ - © UNHCR/Hkun Ring

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)အနေဖြင့် သီးခြားလွတ်လပ်သည့်ရွေးချယ်ရေးကော်မတီမှ နှစ်စဥ်ရွေးချယ်သည့် Nansen Refugee Award ၏ ယခုနှစ် အာရှဒေသဆိုင်ရာဆုရှင်အဖြစ် မိတ်ဆွေမြန်မာ အဖွဲ့အစည်းအား ရွေးချယ်ခံရကြောင်း ဝမ်းမြောက်စွာအသိပေးအပ်ပါသည်။

မိတ်ဆွေမြန်မာသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများစွာတွင် လုပ်ငန်းများလုပ်ဆောင်နေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းအဖွဲ့သည် ခုခံအားကျဆင်းမှုရောဂါကူးစက်ခံထားရသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရသူများသာမကယင်းတို့အားလက်ခံကူညီပေးသည့်ဒေသခံလူမှုအသိုင်းအ၀ိုင်းများအစရှိသည့်အမျိုးမျိုးသောထိခိုက်လွယ်သည့်အုပ်စုများအားပံ့ပိုးကူညီပေးနေသည့်အဖွဲ့အစည်းဖြစ်သည်။

ပဋိပက္ခကြောင့်အကူအညီလိုအပ်နေသည့်လူမှုအသိုက်အ၀န်းများအား ကူညီပံ့ပိုးပေးရေးနှင့်စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ရေးတို့အတွက်ကာလရှည်ကြာစိတ်ရောကိုယ်ပါနှစ်မြှုပ်လုပ်ကိုင်ဆောင်ရွက်ခဲ့မှုကိုအသိအမှတ်ပြုသည့်အနေဖြင့် Nansen Refugee Award ၏ ဒေသဆိုင်ရာဆုရှင်အဖြစ် မိတ်ဆွေမြန်မာအားချီးမြှင့်ခြင်းခံရ ပါသည်။ အလားတူ နေရပ်စွန့်ခွာနေထိုင်ရသူများနှင့်ဒေသခံရပ်ရွာလူထုများ၏လိုအပ်ချက်များကို ထိထိ ရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ဒေသခံလူမှုအဖွဲ့အစည်းများ၏စွမ်းဆောင်ရည်တည်ဆောက် ပေးခြင်းနှင့်ပံ့ပိုးမြှင့်တင်ပေးခြင်းတို့အတွက်လုပ်ဆောင်ပေးသည့် ၎င်းတို့၏ပံ့ပိုးကူညီမှုများကိုလည်း အသိအမှတ် ပြုပါသည်။

၂၀၀၄ ခုနှစ်တွင်တည်ထောင်ခဲ့သည့် လူသားတိုင်းအတွက်မိတ်ဆွေဟူသည့် အဓိပ္ပာယ်ကိုဖော်ဆောင်သည့် မိတ်ဆွေမြန်မာသည် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်နှင့် မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းအစရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးခြောက်ခုရှိ နေရာပေါင်း၃၀၀နီးပါးတွင် ပြည်တွင်းနေရပ်စွန့်ခွာ နေထိုင်ရသူများ၊ ၎င်းတို့အားလက်ခံကူညီပေးသည့် လူမှုအသိုက်အ၀န်းများနှင့်အခြားသော ထိခိုက်လွယ်သည့် အုပ်စုများအား ပံ့ပိုးကူညီရန်အတွက် လုပ်ငန်းပေါင်းများစွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

“ကျွန်မတို့ရဲ့အခြေခံစံနှုန်းက ‌‌‌‌ဝေးလံခေါင်ဖျားဒေသတွေကထိခိုက်ခံစားလွယ်ပြီးမေ့လျော့ခံနေရတဲ့ လူမှုအသိုက် အ၀န်းတွေနဲ့ လူနည်းစုတွေအတွက်အလေးထားလုပ်ဆောင်ပေးခြင်းပါ”ဟု မိတ်ဆွေမြန်မာ၏တည်ထောင်သူ နော်ဘွေခူကဆိုသည်။

အဆိုပါဆုသည်မြန်မာနိုင်ငံတွင်းကြီးထွားလာနေသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကို တုံ့ပြန်ကူညီဆောင်ရွက်ရာတွင် ပြည်တွင်းအဖွဲ့အစည်းများ၏အရေးပါသောအခန်းကဏ္ဍကို မီးမောင်းထိုးပြ ပါသည်။

“ကနဦးတုံ့ပြန်ကူညီဆောင်ရွက်ပေးသူတွေဟာများသောအားဖြင့်ဒေသခံလူထုနဲ့အောက်ခြေအဖွဲ့အစည်းများသာ ဖြစ်ပါတယ်။ သူတို့တွေရဲ့လုပ်ဆောင်မှုတွေမပါ၀င်ဘဲနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို လျင်လျင်မြန်မြန်နဲ့တုံ့ပြန်ဆောင်ရွက်ပေးဖို့မဖြစ်နိုင်ပါ”ဟု UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Hai Kyung Jun က ပြောသည်။ “UNHCR ကဲ့သို့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီများမှ ဆောင်ရွက်သော လူသားချင်းစာနာမှုဆိုင်ရာအကူအညီများသည် မိတ်ဆွေမြန်မာကဲ့သို့အရင်းအမြစ်ပြည့်ဝသော ပြည်တွင်း အဖွဲ့အစည်းများက အကူအညီလိုအပ်နေသူများကိုပံ့ပိုးကူညီပေးရန် မြေပြင်အခြေအနေတွင်လုပ်ဆောင်နေကြ သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပါသည်။”

မိတ်ဆွေမြန်မာ၏လုပ်ငန်းများသည် ရပ်ရွာလိုအပ်ချက်များတွင်အခြေခံ၍ စွမ်းဆောင်နိုင်မှု နှင့် ကြံ့ကြံ့ခံနိုင်စွမ်း ရှိရေးအတွက် အောက်ခြေမှအထက်သို့သွားသည့်အတွေးအခေါ်များအပေါ် ဗဟိုပြုပြီး ရေရှည်လုပ်ဆောင်နိုင်စွမ်း ရှိစေရေးအတွက်ရည်ရွယ်ပါသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ပံ့ပိုးကူညီရန် အလေးထားဆောင်ရွက်ပါသည်။

“လူမှုအသိုက်အဝန်းဆိုတာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ပါပဲ။ သူတို့မှာတိုးတက်အောင် စွမ်းဆောင်နိုင်တဲ့ ခွန်အား၊ ဗဟုသုတနဲ့ စနစ်တွေရှိရင် ကျွန်မတို့နိုင်ငံလည်း ဖွံ့ဖြိုးလာနိုင်မှာပါ”ဟု နော်ဘွေခူက ပြောသည်။

အခြေခံလူထုစိတ်ဓာတ်ကိုဆက်လက်ထိန်းသိမ်းထားရင်း မိတ်ဆွေမြန်မာသည်မြန်မာနိုင်ငံတစ်၀ှမ်းရှိ ဒေသခံ အဖွဲ့အစည်းပေါင်း၈၀ကျော်နှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး၊ အရင်းအမြစ်များကိုပံ့ပိုးကူညီပေးနိုင်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်တကွအလှုရှင်များနှင့် ဒေသခံ အဖွဲ့အစည်းများအကြား ပေါင်းကူးတံတားအနေဖြင့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့အပြင် ပဋိပက္ခ အခြေအနေများတွင် ထိရောက်သောအရေးပေါ်တုံ့ပြန်မှုများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန်အတွက် ဒေသခံ အဖွဲ့အစည်းများ၏စွမ်းရည်မြှင့်တင်ရေးကိုရည်ရွယ်၍ မိတ်ဆွေမြန်မာမှ သင်တန်းများ ပို့ချပေးပါသည်။

၁၉၅၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ နော်ဝေသံတမန်၊ သိပ္ပံပညာရှင်၊ ဝင်ရိုးစွန်းရှာဖွေသူနှင့် နိုင်ငံပေါင်းချုပ်အဖွဲ့ကြီးအတွက် ပထမဆုံးသော ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးအဖြစ်ဆောင်ရွက်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်သူတစ်ဦးဖြစ်သည့်အပြင် ၁၉၂၂ခုနှစ်တွင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကိုရရှိခဲ့သူဖြစ်သည့် ကွယ်လွန်သူ Fridtjof Nansen အားရည်စူး၍ ဤဆုအား Nansenဆုအဖြစ် အမည်ပေးခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ ယခု ၂၀၂၂နှစ်သည် ယင်းဆုချီးမြှင့်ခဲ့သည့်နှစ်၁၀၀ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။

Nansen Refugee Award သည် နေရပ်စွန့်ခွာနေထိုင်ရသူများနှင့်နိုင်ငံမဲ့နေသူများကို ကူညီပံ့ပိုးရန်နှင့် ကာကွယ် စောင့်ရှောက်ရန် စွမ်းစွမ်းတမံဆောင်ရွက်ပေးနေသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်ပေးအပ်သည့်ဆုဖြစ်သည်။ ၎င်းကို နော်ဝေးနှင့် ဆွစ်ဇာလန်အစိုးရများက ကမကထပြုသည်။

ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာဆုရှင်မှာ Angela Merkel ဖြစ်သည်။ အာရှတိုက်မှ မိတ်ဆွေမြန်မာအပါအဝင် ဒေသတွင်းဆုရှင်လေးဦးရှိပြီး အာဖရိက၊ အမေရိကနှင့် အရှေ့အလယ်ပိုင်းတို့တွင် ဆုရရှိသူများလည်းရှိသည်။

generic profile

Babar Baloch

UNHCR
Bangkok
Reuben Lim

Reuben Lim Wende

UNHCR
Public Information Officer

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNHCR
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ