သတင်းထုတ်ပြန်ချက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ Ramanathan Balakrishnan ၏ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဇွန်လ ၀၈ ရက်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ Ramanathan Balakrishnan ၏ ထုတ်ပြန်ချက်

(ရန်ကုန်) မွန်ပြည်နယ် မော်လမြိုင်၌ လုံခြုံရေး ဖြစ်ရပ်တစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းတဦးဖြစ်သူ ဦးမျိုးမင်းထွဋ် သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့အနေဖြင့် အထူး စိတ်မကောင်းဖြစ်ရပါသည်။ ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် ယာဉ်မောင်းအဖြစ် ၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂမှ ၎င်း၏ မိသားစုထံ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပါသည်။

ဦးမျိုးမင်းထွဋ်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သံလွင်ဥယျာဉ်လမ်း၌ ၎င်း၏ကိုယ်ပိုင် ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေကို အတိအကျမသိရှိရသေးပါ။

ကုလသမဂ္ဂဝန်ထမ်းများ အသတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး  (ယာယီ) မစ္စတာ Ramanathan Balakrishnan က “ကုလသမဂ္ဂ၏ ဘက်မလိုက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုတို့ကို လေးစားလိုက်နာရန် အုပ်စုများအားလုံးနဲ့ သက်ဆိုင်သူများကို ကုလသမဂ္ဂအနေဖြင့် ပန်ကြားပါတယ်။ အရပ်သားများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန် အုပ်စုများအားလုံးအား ထပ်လောင်းတောင်းဆိုပါတယ်။ အရပ်သားများအပေါ် အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများအား တာဝန်ခံရန် ကုလသမဂ္ဂက မျှော်လင့်ပါတယ်။” ဟု ပြောကြားပါသည်။

၎င်းက ဆက်လက်၍ “ဤခက်ခဲသောကာလများအတွင်း ကြီးမားသော အကျပ်အတည်းများ ရှိလင့်ကစား ကုလသမဂ္ဂသည် ဆက်လက်ရပ်တည်ကာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့များကို ဆက်လက်ပေးအပ်လျက် ရှိပါသည်။

 

Lesly Lotha

လက်စ်လီ လိုသာ

RCO
ဆက်သွယ်ဆက်ဆံရေး ကျွမ်းကျင်သူ

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ