သတင်းထုတ်ပြန်ချက်

ပဋိပက္ခကာလအတွင်း မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်ပေးရေးအတွက် အထူးဂရုပြုကြပါရန် ယူနီဆက်မှ မေတ္တာရပ်ခံ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၀၉ ရက်။

ရန်ကုန်မြို့၊ – ယူနီဆက်အနေဖြင့်  မြန်မာနိုင်ငံတွင် ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခအခြေအနေများကြောင့် ကလေးသူငယ်များ၏ ကောင်းကျိုးချမ်းသာအပေါ် ထိခိုက်လာမည်ကို လွန်စွာစိုးရိမ်ပူပန်လျှက်ရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဖွဲ့အစည်းများအနေဖြင့်  မြန်မာနိုင်ငံမှ ပါဝင်သဘောတူလက်မှတ်ရေးထိုးထားသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် (CRC) ပြဌါန်းချက်များ နှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ တွင်ပြဌါန်းခဲ့သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပြဌါန်းချက်များနှင့်အညီ ကလေးသူငယ်များ၏ အခွင့်အရေးများအားလုံးကို လေးစားလိုက်နာကြပါရန် သတိပေးလိုပါသည်။

ဤအခွင့်အရေးများတွင် ကလေးသူငယ်များအနေဖြင့် ကာကွယ်စောင့်ရှောက်မှုခံယူပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာထုတ်ဖော်ပြသပိုင်ခွင့်တို့ ပါဝင်ပါသည်။ တရားဥပဒေနှင့်မညီသော သို့မဟုတ် မတရား ဖမ်းဆီး ထိန်းသိမ်းခံရမှုများ  သို့မဟုတ် မိဘများနှင့် ဝေးကွာစေခြင်းများကို မပြုလုပ်ရန်လည်း ပါဝင်ပါသည်။ ပဋိပက္ခကာလများအတွင်းတွင် ကလေးသူငယ်များမှာ မကြာခဏအားဖြင့်  အထိခိုက်ခံရဆုံးသူများဖြစ်ကြပြီး သက်ဆိုင်သူများအားလုံးအနေဖြင့်  CRC ၏ အဓိကကျသော အခြေခံမူများမှတစ်ခုဖြစ်သည့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို အဓိကဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပြီး ထိန်းသိမ်းစောင့်ရှောက်ကြရန် အထူးပင် အရေးကြီးလှပါသည်။

လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများတွင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်နေပြီး အလွန်ပြင်းထန်ကြောင်းလည်းသိရသည့်အတွက် သက်ဆိုင်သူများအားလုံးသည် ကွဲလွဲမှုများကို အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းကြပါရန်နှင့် ကလေးသူငယ်များနှင့် လူငယ်များက ၎င်းတို့၏ သဘောထားများကို ထုတ်ဖော်ပြသသည့်အခါ ၎င်းတို့ကို ကာကွယ်ပေးရေးနှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးရန်အတွက် အထူးထိန်းသိမ်းဆောင်ရွက်ကြပါရန် တောင်းဆိုလိုပါသည်။ အဓိကတာဝန်ရှိသည့် မိဘများနှင့် စောင့်ရှောက်သူများအနေဖြင့်လည်း ကလေးများ၏ ဘေးကင်းလုံခြုံရေးကို အမြဲထည့်သွင်းစဉ်းစားပြီး ကလေးများ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် သင့်လျော်သောလုပ်ဆောင်မှုများကို လုပ်ဆောင်ထားကြရန် လိုအပ်ပါသည်။

အောက်ဖေါ်ပြပါ ဆက်သွယ်ရန်ဖုန်းနံပါတ်များနှင့် သတင်းရင်းမြစ်များ သည် ကလေးသူငယ်များ၊ မိဘများနှင့် အုပ်ထိန်းသူများအတွက် ကလေးသူငယ်များအားကာကွယ်ပေးရေး နှင့် ကူညီနိုင်ရေးတို့အတွက် အသုံးဝင်နိုင်ပါသည် -

  • အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများမှ ဆောင်ရွက်ပေးလျှက်ရှိသည့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် လူမှုရေးအထောက်အပံ့များ အတွက် ဆက်သွယ်ရန်: 

On MPT network, call 08008009933

On OOREDOO network, call 9933

  • ကလေးသူငယ်များအား မတရားဖမ်းဆီးထိန်းသိမ်း သည့် ဖြစ်ရပ်များအတွက် သတင်းအချက်ရယူနိုင်ရန်အတွက် Justice Tip Sheet 
  • မိဘအုပ်ထိန်းသူများအတွက် သတင်းအချက်အလက်များ ကြည့်ရှုရန်
Guy Taylor

Guy Taylor

UNICEF
Chief, Advocacy, Partnerships and Communication

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNICEF
ယူနီဆက်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ