သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိကုလသမဂ္ဂ၏ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်။

ယနေ့တွင် နိုင်ငံအနှံ့အပြား၌ စစ်တပ်က လူပေါင်းဒါဇင်နှင့်ချီကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အတွက် အကြောင်းမဲ့ အသက်သေဆုံးမှုများဖြစ်ခဲ့ပြီး အာဏာသိမ်းစဥ်အတွင်း သွေးထွက်သံယိုမှုအများဆုံးနေ့တစ်ရက် ဖြစ်ခဲ့သည်ကို ကြားသိရသည့်အတွက် လွန်စွာ အံ့အားသင့်တုန်လှုပ်မိပါသည်။

အကြမ်းဖက်မှုများသည် လုံးဝလက်ခံနိုင်စရာမရှိပါ။ ၄င်းတို့ကို ချက်ချင်းရပ်တန့်ရမည်။ တာဝန်ရှိသူများကို တာဝန်ခံစေရမည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ပြောကြားခဲ့သကဲ့သို့ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြည်သူများအား ကာကွယ် စောင့်ရှောက်ရေးသည် မည်သည့်စစ်တပ်မဆို ထမ်းဆောင်ရမည့် တာဝန်ဖြစ်သော်လည်း တပ်မတော်သည် ပြည်သူများကို မိမိကိုယ်တိုင် ပြန်လည်ရန်ပြု တိုက်ခိုက်နေပါသည်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေအဖွဲ့တွင် FAO, ILO, IOM, ITC, OCHA, UNAIDS, UNCDF, UNDP, UNEP, UNESCO, UNFPA, UN HABITAT, UNHCR, UNICEF, UNIDO, UNODC, UNOPS, UNV, UN WOMEN, WFP, WHO တို့ပါဝင်သည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ