သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ ထုတ်ပြန်သော မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံတွင်း စစ်တပ်၏ ရက်စက်စွာ အကြမ်းဖက်မှုများ ဆက်လက်ပြုလုပ်နေမှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။  

ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်းနှင့် သတင်းစာဆရာများအပါအဝင် လူများကို တရားလက်လွတ်ဖမ်းဆီးခြင်းတို့သည် လုံးဝလက်သင့်ခံနိုင်ဖွယ်မရှိပါ။  

အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်နေခြင်းကို အဆုံးသတ်ရန်နှင့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်သွားရန် လုံခြုံရေးကောင်စီမှအပါအဝင် တိုက်တွန်းပြောဆိုနေမှုများကို စစ်တပ်မှ ဆက်လက်ဆန့်ကျင်အာခံနေဆဲဖြစ်သည်။ နိုင်ငံတကာမှ စုစည်းခိုင်မာပြတ်သားစွာ တုံ့ပြန်ဆောင်ရွက်မှုအား အရေးတကြီး လိုအပ်လာပြီဖြစ်သည်။  

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်လျက် ၎င်းတို့၏ တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော မြန်မာနိုင်ငံကြီး ပေါ်ထွန်းလာရေး ပြင်းပြစွာ လိုလားတောင့်တမှုများကို ဆက်လက်အားပေးထောက်ခံ သွားမည်ဖြစ်ပါသည်။     

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ