သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ကျောင်းများတွင်တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်သည်

၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်။

ရန်ကုန် – မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးအဆောက်အအုံများတွင် လုံခြုံရေးတပ်ဖွဲ့များက တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်ပါသည်။ နဂိုကတည်းကပင် ကိုဗစ် - ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှုများကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမို ဆိုးရွားသွားစေမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှားပေးကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်။

မတ်လ ၁၉ ရက်အထိပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်တွင် တပ်စွဲထားကြောင်း သိရှိရသည်။

ဖြစ်ရပ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အအုံ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ဆရာမနှစ်ဦးအား ရိုက်နှက်ပြီး အခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု သိရှိရသည်။ ဆေးရုံများအပါအဝင် အခြားအများပြည်သူပိုင်အဆောက်အအုံများတွင်လည်း တပ်စွဲထားကြသည်။

ဤဖြစ်ရပ်များသည် လက်ရှိအကျပ်အတည်း ဆက်လက်အရှိန်မြင့်တက်လာ‌ခြင်းကိုပြပြီး ကလေးသူငယ် အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ပါသည်။ မည်သို့သော အခြေအနေမျိုးတွင်မှ ကျောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုရပါ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC)၊ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတို့တွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများအားလုံးကို စောင့်ထိန်းလိုက်နာရမည့် ၎င်းတို့၏ ဝတ္တရားများကို လုံခြုံရေးတပ်ဖွဲ့များအားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်ရပြီး အမြင့်ဆုံးကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် အခြားအများပြည်သူပိုင် အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ဝင်ရောက်နှောင့်ယှက်ခြင်းပုံစံမျိုးစုံကို အဆုံးသတ်ရန်  ကျွန်ုပ်တို့က တောင်းဆိုလိုက်သည်။

 

generic profile

Save the Children International

generic profile

ယူနက်စကို (မြန်မာ)

generic profile

UNICEF Myanmar

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNESCO
ယူနက်စကို
UNICEF
ယူနီဆက်

ဤလုပ်ငန်းတွင်ပါဝင်သောအခြားအဖွဲ့အစည်းများ

SCI
Save the Children

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ