သတင်းထုတ်ပြန်ချက်

မီဒီယာကြေငြာချက် - ကလေးစစ်သားစုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို ရပ်တန့်တားဆီးရန် ကုလသမဂ္ဂ CTFMR နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (DKBA) တို့အကြားပူးတွဲလုပ်ဆောင်မှုအစီအစဉ်တစ်ခုကို ပထမဆုံးလက်မှတ်ရေးထိုးခြင်း။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်။

အကြောင်းအရာ - ကလေးစစ်သားများစုဆောင်းခြင်းနှင့်အသုံးပြုခြင်းကိုတားဆီးပါရန် မြန်မာနိုင်ငံရှိကလေးများကို ပြင်းထန်စွာချိုးဖောက်မှုများအပေါ် ကုလသမဂ္ဂ၏ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံရေးအင်အားစု(CTFMR)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (DKBA) ၏နှစ်ဦးနှစ်ဖက်ပူးတွဲလုပ်ဆောင်မှုအစီအစဉ် (JAP) ၏ အွန်လိုင်းလက်မှတ်ရေးထိုးခြင်းအခမ်းအနား

တက်ရောက်မည့်ပုဂ္ဂိုလ်များ - CTFMR ၏တွဲဖက်ဥက္ကဌများ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့်လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး Ola Almgren၊ ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် June Kunugi နှင့် DKBA မှ ဗိုလ်ချုပ်စောမူရှေး တို့သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးများနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Virginia Gambaမှ မျက်မြင်သက်သေအဖြစ်ဆောင်ရွက်မည့် ပူးတွဲလုပ်ဆောင်မှုအစီအစဉ်ကို လက်မှတ်ရေးထိုးကြမည်။ ဤအခမ်းအနားကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ၏ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌဒေါက်တာတင်မျိုးဝင်း၊ သံတမန်ရေးရာအဖွဲ့များနှင့် ကုလသမဂ္ဂအေဂျင်စီများလည်းတက်ရောက်မည်ဖြစ်သည်။

အချိန်- ၉နာရီ ၁၀နာရီ (GMT + 6:30) သောကြာနေ့ နိုဝင်ဘာ၂၀၊ ၂၀၂၀။

နေရာ- လက်မှတ်ရေးထိုးပွဲအခမ်းအနားကို အွန်လိုင်းမှ ကျင်းပပါလိမ့်မည်။ အခမ်းအနား၏ ဗွီဒီယိုမှတ်တမ်းတင်ခြင်းနှင့် သတင်းထုတ်ပြန်ချက်ကို အခမ်းအနားပြီးနောက်မီဒီယာနှင့်မျှဝေမည်။

အကြောင်းပြချက်- JAPသည် DKBA၂၀၁၃ ခုနှစ်ကတည်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကလေးများနှင့်လက်နက်ကိုင်ပဋိပက္ခ (AAC) ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာမှာစာရင်းဝင်ထားရသော အကြောင်းဖြစ်သည့် ကလေးစစ်သားစုဆောင်းခြင်းနှင့်အသုံးပြုခြင်းကို တားဆီးဖို့ရည်ရွယ်ပါသည်။ ထို့အပြင် JAP သည် ပြင်းထန်သောချိုးဖောက်မှုများအားလုံးကို ရေရှည်တည်တံ့၊ကျယ်ပြန့်စွာတားဆီးဖို့ ကြိုးပမ်းပါမည်။ ဤဆန်းသစ်သောအခမ်းအနားသည် အရေးကြီးသောထုံးတမ်းစဉ်လာတစ်ခုဖြစ်လိမ့်မည်ဖြစ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပိုမိုကျယ်ပြန့်သောထိတွေ့ဆက်ဆံဆွေးနွေးမှုတွေကို အားပေးခြင်းနှင့်အထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးများနှင့် လက်နက်ကိုင်ပဍိပက္ခဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ၏ နောက်တွဲများတွင်ဖော်ပြထားသည့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် JAP များကိုလက်မှတ်ရေးထိုးခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကိုပြုလုပ်လိမ့်မည်ဟုမျှော်လင့်ရသည်။

###

အယ်ဒီတာများသို့မှတ်ချက်

ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထွေအထွေကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ https://bit.ly/2UDB1FB

ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပွင့်လင်းမြင်သာသော ဆွေးနွေးငြင်းခုံမှု ဗီဒီယို (၂၀၂၀) https://bit.ly/3pBqXuS

generic profile

အေးဝင်း

UNIC
ပြန်ကြားရေးအရာရှိ
Aye Win is the National Information Officer at UN Information Centre Yangon and the RCO. He obtained a Masters degree in Linguistics and English as a Foreign Language from the Institute of Education in Yangon. He worked for three years at the Industrial Training Centre at Sinde, Myanmar and joined the German Embassy as a Public Information Assistant where he worked for ten years. He joined the UN Information Centre in 1995.
generic profile

Htet Htet Oo

UNICEF

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

RCO
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး
UNICEF
ယူနီဆက်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ