AI နည်းပညာသုံး ကျူးလွန်သည့် ရာဇဝတ်မှုများ တိုးမြင့်လာခြင်း - အရှေ့တောင်အာရှ၏ ကြီးထွားလာနေသည့် ခြိမ်းခြောက်မှု
ရာဇ၀တ်ကောင်များသည် နိုင်ငံဖြတ်ကျော်မှုခင်းများကို ပိုမိုအလိုအလျောက်ဖြစ်စေရန်နှင့် မှုခင်းများကို ချဲ့ထွင်ရန်အတွက် AI နည်းပညာကို အလွဲသုံးစားလုပ်လျှက်ရှိနေသည်။
ရန်ကုန် (မြန်မာ)– ကျွန်ုပ်တို့သည် နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့ (TOC) အထိမ်းအမှတ်အားကျင်းပနေစဥ်တစ်ပြိုင်နက်တည်းတွင် လျင်မြန်စွာ ပြောင်းလဲနေသော ခြိမ်းခြောက်မှုများနှင့် ရာဇဝတ်မှုများမှာ အရှေ့တောင်အာရှတွင် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကို စိန်ခေါ်လျက်ရှိနေသည်။ ခေတ်မီနည်းပညာများကို အသုံးချ၍ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုကွန်ရက်များ ထွန်းကားလာခြင်းနှင့်အတူ ရာဇ၀တ်မှုများသည် ပိုမိုအန္တရာယ်များသော အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ရာဇ၀တ်ဂိုဏ်းများသည် သမရိုးကျနည်းလမ်းများအပြင် ယခင်က မထင်မှတ်ထားနိုင်သော နည်းလမ်းများဖြင့် ၎င်းတို့၏ လက်လှမ်းမီမှုနှင့် ခေတ်မီဆန်းသစ်မှုတို့ကို ချဲ့ထွင်ကာ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုဖြင့် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများကို စွမ်းဆောင်လာကြသည်။
စိုးရိမ်ဖွယ်ရာအခြေအနေများထဲမှတစ်ခုမှာ generative artificial intelligence (AI) နှင့် deepfake နည်းပညာများအား တရားမ၀င် ကာစီနိုလောင်းကစားရုံများ၊ ဆိုက်ဘာလိမ်လည်မှုနှင့် လူကုန်ကူးခြင်း အပါအဝင် အတင်းအကျပ် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားလုပ်ခြင်း ဖြစ်သည်။ AI ကို အလွဲသုံးစားလုပ်ခြင်းဖြင့် ရာဇ၀တ်ကောင်များသည် အထောက်အထားအတုများ၊ စာရွက်စာတမ်းများနှင့် လိမ်လည်မှုများကောင်းမွန်စွာပြုလုပ်နိုင်ပြီး သားကောင်များကို လှည့်ဖြားလေ့ရှိပါသည်။ ထိုသို့သောလုပ်ဆောင်မှုများကြောင့် ရာဇ၀တ်မှုကြူးလွန်သူများသည် ၎င်းတ်ု့၏ ရာဇ၀တ်မှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ထိထိရောက်ရောက်နှင့် တွင်တွင်ကြယ်ကြယ် လုပ်ဆောင်လာနိုင်ကြသည်။
ဤရာဇ၀တ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ၏ သက်ရောက်မှုသည် တုန်လှုပ်ချောက်ချားဖွယ်ဖြစ်သည်။ UNODC ၏ မကြာသေးမီက အစီရင်ခံစာအရ 2023 ခုနှစ်တွင် အရှေ့နှင့် အရှေ့တောင်အာရှတွင် သားကောင်များကို ပစ်မှတ်ထားသည့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများသည် ဒေါ်လာ 18 ဘီလီယံနှင့် ဒေါ်လာ ၃၇ ဘီလီယံကြား ငွေကြေးဆုံးရှုံးမှုအတွက် တာဝန်ရှိခဲ့သည်ဟု သိရသည်။
ရာဇ၀တ်မှုကျူးလွန်သူများသည် ငွေကြေးခဝါချမှုနှင့် မြေအောက်ဘဏ်လုပ်ငန်းမှတစ်ဆင့် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုများမှ ရရှိလာသော တရားမဝင်ငွေကြေးများမှ ဒေါ်လာဘီလီယံပေါင်းများစွာကို ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးစနစ်သို့ ချောမွေ့စွာ ပေါင်းစပ်လာနိုင်ကြသည်ကိုတွေ့ရှိရမည်ဖြစ်သည်။ ဤကဲ့သို့သောပြဿနာမှာ လူမှုအသိုင်းအဝိုင်းအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးမျှသာမဟုတ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းဆောင်ရွက်မှုလိုအပ်လျှက်ရှိနေသော ဒေသတွင်း လုံခြုံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာအတွက် တိုက်ရိုက်စိန်ခေါ်မှု ဖြစ်နေပါသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံနှင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများသည် မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းအတွက် ဗဟိုချက်ဖြစ်လာခဲ့သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှုများကို စီရင်ရန်အတွက် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားသို့ လူပေါင်း နှစ်သိန်းကျော် လူကုန်ကူးခံရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ခန့်မှန်းထားသည်။
ဤကဲ့သို့သော AI အား နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများဆောင်ရွက်ရန်အတွက် အလွဲသုံးစားမှုများ ဖြစ်ပေါ်လာခြင်းများသည် ကမ္ဘာလုံးဆိုင်ရာအရေးတကြီး တုံ့ပြန်မှု လိုအပ်သည့် အခြေအနေအပြောင်းအရွှေ့တစ်ရပ်ကို ကိုယ်စားပြုနေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးတကြီး ပြန်လည်သုံးသပ်ခြင်းတွင် UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly က ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်များအတွက် တောင်းဆိုသည့် အပြည်ပြည်ဆိုင်ရာနေ့အထိမ်းအမှတ် TOC တွင် သူမ၏သဝဏ်လွှာတွင် ပြောကြားခဲ့သည်။
အဆိုပါကိစ္စများအားတုံ့ပြန်သည့်အနေဖြင့် UNODC ၏ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုမျိုးစုံကို တားဆီးနှိမ်နင်းရေးအတွက် ပထမဆုံး အပြည်ပြည်ဆိုင်ရာနေ့တွင် (TOC) UNODC အမှုဆောင်ဒါရိုက်တာ မစ္စ Ghada Waly ကဤသို့ ပြောကြားခဲ့သည်။
“ရာဇ၀တ်မှုဆိုင်ရာ စိန်ခေါ်မှုတွေက ကြီးထွားလာပေမယ့် ဒီခြိမ်းခြောက်မှုတွေကို့တုံ့ပြန်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေလည်း ပိုမိုရှင်သန်လာနေတာကို တွေ့မြင်ကြရမှာပါ။ ကမ္ဘာလုံးဆိုင်ရာ မြောက်ပိုင်းနှင့် တောင်ဘက်ရှိ အစိုးရများ၊ ဘဏ်များနှင့် စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လူ့အဖွဲ့အစည်းများ၊ လူငယ်လူရွယ်များဟာ အတူတကွလက်တွဲပြီးတော့ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်မတို့ဟာ ဒီရာဇ၀တ်မှုတွေကိုတွန်းလှန်နိုင်မှာဖြစ်ပြီးတော့၊ ဘေးကင်းရေးနှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့အခွင့်အရေးသာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးအတွက် ကျွန်ုပ်တို့ဟာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”
ယခုနှစ် အပြည်ပြည်ဆိုင်ရာ TOC နေ့သည် ရာဇ၀တ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများအကြောင်း အသိပညာပေးခြင်း၊ အစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် တောင်းဆိုနေပါသည်။
AIနည်းပညာ ဆက်လက်တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ရာဇ၀တ်မှု၏ မူလဇစ်မြစ်ကိုကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားသော တုံ့ပြန်မှုများအားကောင်းလာစေရန်၊ မူဝါဒများနှင့်၊ အသိပညာမျှဝေခြင်း၊ စွမ်းရည်မြှင့်တင်ခြင်းတို့ကို အလေးပေးဆောင်ရွက်ရန် ယခုအခါ အလွန်အရေးကြီးပါသည်။ တစ်ချိန်တည်းမှာပင်၊ နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားသော ရာဇ၀တ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင်၊ ဆန်းသစ်သောဖြေရှင်းနည်းများအနေနှင့်သော်၎င်း၊ စိန်ခေါ်မှုတစ်ခုအဖြစ်သော်၎င်း၊ နည်းပညာ၏ ဤအခန်းကဏ္ဍနှစ်ခုကို အသိအမှတ်ပြုရန် အရေးကြီးပါသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရှေ့သို့တွေးခေါ်နည်းဗျူဟာများနှင့် စည်းလုံးညီညွတ်သောချဉ်းကပ်မှုဖြင့်သာ ကျွန်ုပ်တို့သည် ပိုမိုဘေးကင်းပြီး ပိုမိုခံနိုင်ရည်ရှိသောကမ္ဘာကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ပိုမိုသိရှိလိုပါက unodc-myanmarfieldoffice@un.org သို့ ဆက်သွယ်ပါ။
အရှေ့တောင်အာရှတွင်းဖြစ်ပွားသည့် ရာဇဝတ်မှုများအပေါ် သက်ရောက်မှုကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။
UNODC ၏ ဆောင်ရွက်မှုများကို ပိုမိုသိရှိလိုပါက ဤနေရာကို here နှိပ်ပါ။