Breadcrumb ပင်မစာမျက်နှာ / မှီငြမ်းရန်အချက်အလက်များ / ဗွီဒီယိုများ / ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗွီဒီယိုသတင်းစကား ဗွီဒီယို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗွီဒီယိုသတင်းစကား ၂၀၂၃ ခုနှစ် မေလ ၀၃ ရက်။ ဗုဒ္ဓဘုရား ဖွားမြင်ခြင်း၊ သဗ္ဗညုတဉာဏ်တော်ရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်းတို့ကို အကြောင်းပြု၍ ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော မြတ်ဗုဒ္ဓနေ့ ဆင်နွှဲကြသူများကို အနွေးထွေးဆုံး ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ဤနေ့ထူးနေ့မြတ်တွင် အောက်မေ့ဂုဏ်ပြုသည့် စံတန်ဖိုးများသည် ကျွန်ုပ်တို့ ကုလသမဂ္ဂ အဖွဲ့ကြီး၏ ပန်းတိုင်များဖြစ်သည့် လူအချင်းချင်း နားလည်မှု၊ သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းရေး မြှင့်တင်မှုတို့နှင့် နက်နဲစွာ ဆက်စပ်နေပါသည်။ ပဋိပက္ခများဖြစ်ပွားနေသည့် ယခုကာလတွင် ဗုဒ္ဓ၏ အဆုံးအမများဖြစ်သည့် သည်းခံခြင်း၊ ကရုဏာတရားထားခြင်းနှင့် လူသားတို့၏အကျိုးစီးပွားအတွက် ဆောင်ရွက်ပေးခြင်းတို့သည် ဖြေသိမ့်စရာနှင့် ခွန်အားဖြစ်စရာ အကြောင်းရင်းတစ်ခုပင်ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော အနာဂတ်လမ်းကို လျှောက်လှမ်းရာတွင် ဗုဒ္ဓနေ့၏ အနှစ်သာရကို မလွှတ်တမ်း အသုံးချကြပါစို့။ မတူညီမှုများကို ပေါင်းကူး၍ ကျဉ်းမြောင်းသော ကိုယ်ကျိုးစီးပွားမှ ကျော်လွှားကာ အားလုံးအတွက် ပိုမိုငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်စေဖို့ အတူတကွ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ကြပါစို့။