ဆယ်စုနှစ်သုံးခုတိုင်အောင် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် နိုင်ငံတကာအသိုင်းအဝိုင်းသည် သတင်းထောက်များနှင့် မီဒီယာသမားများ၏ အလုပ်ကို ဂုဏ်ပြုကြပါသည်။
ယနေ့သည် ကျွန်တော်တို့အားလုံး၏လွတ်လပ်မှုက စာနယ်ဇင်းလွတ်လပ်ခွင့်ပေါ်တွင် မူတည်လျှက်ရှိ သည်ဆိုသော အခြေခံအမှန်တရားတစ်ခုကို မီးမောင်းထိုးလျှက်ရှိပါသည်။
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီနှင့်တရားမျှတမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ ၄င်းသည် ထင်မြင်ယူဆချက်များကို ပုံဖော်ရန်နှင့် အမှန်တရားကို သက်ဆိုင်သူများထံ ပြောဆိုရန် လိုအပ်သည့် အချက်အလက်များကို ကျွန်တော်တို့ အားပေးပါသည်။ ထို့အပြင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် လူအခွင့်အရေး၏ အရေးပါသောအသက်သွေးကို ကိုယ်စားပြုသည်ကို ယခုနှစ် အကြောင်းအရာ က ကျွန်တော်တို့ကို သတိပေးလျှက်ရှိပါသည်။
သို့သော်လည်း ကမ္ဘာအရပ်ရပ်ရှိ နေရာတိုင်းတွင် စာနယ်ဇင်းလွတ်လပ်ခွင့်သည် တိုက်ခိုက်ခံနေရပါသည်။
အမှန်တရားသည် အချက်အလက်နှင့် စိတ်ကူးယဉ်မှုအကြား၊ သိပ္ပံပညာနှင့် ပူးပေါင်းကြံစည်မှုအကြားရှိ မျဉ်းကြောင်းများကို ဝေဝါးစေသည့် လုပ်ကြံသတင်းများနှင့် အမုန်းစကားတို့ဖြင့် ခြိမ်းခြောက်ခံထားရသည်။ လူနည်းစု၏ မီဒီယာလုပ်ငန်းအပေါ် တိုးတက်လာသော အာရုံစိုက်မှုများ၊ လွတ်လပ်သော သတင်းမီဒီယာများ၏ ဘဏ္ဍာရေးကျဆင်းမှုနှင့် သတင်းမီဒီယာသမားများကို ထိန်းချုပ်သည့် နိုင်ငံတော်ဥပဒေများနှင့် စည်းမျဉ်းများ တိုးမြှင့်ခြင်းတို့သည် ဆင်ဆာတည်းဖြတ်မှုကို ထပ်မံချဲ့ထွင်နေခြင်းဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်နေခြင်းဖြစ်သည်။
ဤအချိန်အတောအတွင်း သတင်းထောက်များနှင့် မီဒီယာသမားများသည် သူတို့၏အရေးကြီးသော အလုပ်များကို လုပ်ဆောင်နေသဖြင့် အွန်လိုင်းပေါ်နှင့် အွန်လိုင်းပြင်ပတို့တွင် တိုက်ရိုက်ပစ်မှတ် ထားခံရသည်။ သူတို့သည် နေ့စဉ် အနှောင့်ယှက်ပေးခြင်း၊ ထိတ်လန့်ခြင်း၊ ချုပ်နှောင်ခံရပြီး အကျဉ်းချခံရခြင်းတို့ ကြုံတွေ့နေရပါသည်။
၂၀၂၂ခုနှစ်တွင် အနည်းဆုံးမီဒီယာသမား ၆၇ဦး လုပ်ကြံသတ်ဖြတ်ခံရသည်။ ယခင်နှစ်ထက် မယုံနိုင်ဖွယ် ၅၀ရာခိုင်နှုန်း တိုးမြှင့်လာခြင်းဖြစ်ပါသည်။ အမျိုးသမီးသတင်းထောက်များ လေးပုံသုံးပုံနီးပါးသည် အွန်လိုင်း အကြမ်းဖက်မှုကိုကြုံတွေ့လျှက်ရှိပြီး လေးပုံတစ်ပုံမှာ ကိုယ်ထိလက်ရောက် ခြိမ်းခြောက်ခံနေရပါသည်။
လွန်ခဲ့သောဆယ်နှစ်ခန့်က ကုလသမဂ္ဂသည် သတင်းထောက်များ ဘေးကင်းလုံခြုံမှုဆိုင်ရာ လုပ်ငန်းအစီအစဉ် တစ်ရပ်ကို သတင်းမီဒီယာသမားများအား ကာကွယ်ပေးရန်နှင့် ၎င်းတို့အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်မှု ချုပ်ငြိမ်းရေးကို အဆုံးသတ်ရန် ချမှတ်ခဲ့ပါသည်။
ယခုနှစ် နှင့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တိုင်းတွင် ကမ္ဘာကြီးသည် အသံတစ်သံတည်း ပြောဆိုရမည်။
ခြိမ်းခြောက်မှုနှင့်တိုက်ခိုက်မှုကို ရပ်တန့်ရမည်။
သူတို့၏အလုပ်တာဝန်များကို လုပ်ဆောင်နေမှုအတွက် သတင်းထောက်များကို ချုပ်နှောင်ပြီး အကျဉ်းချခြင်းကို ရပ်တန့်ရမည်။
အလိမ်အညာနှင့် လုပ်ကြံသတင်းများကို ရပ်တန့်ရမည်။
အမှန်တရားနှင့် အမှန်တရားအတွက် တိုက်ပွဲဝင်သူများအား ပစ်မှတ်ထားခြင်းကို ရပ်တန့်ရမည်။
သတင်းထောက်များသည် အမှန်တရားအတွက် ရပ်တည်နေသည်နှင့်အမျှ ကမ္ဘာကြီးသည် သူတို့နှင့်အတူ ရပ်တည်ရမည်။