မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြတ်ဗုဒ္ဓနေ့ သတင်းစကား
၂၀၂၂ ခုနှစ် မေလ ၁၆ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
မြတ်ဗုဒ္ဓနေ့ကို ဂုဏ်ပြုဆင်နွှဲကြသူများအားလုံးကို အနွေးထွေးဆုံး ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်များအတွက် မေလ၏ လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဖွားမြင်ခြင်း၊ ဉာဏ်အလင်းရရှိခြင်းနှင့် ပရိနိဗ္ဗာန်စံခြင်း တို့ကို ဂုဏ်ပြုသော မြင့်မြတ်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ယခုနှစ်တွင် မြတ်ဗုဒ္ဓနေ့သည် မညီမျှသော COVID-19 ပြန်လည်ထူထောင်ခြင်းမှသည် ရာသီဥတု ဖောက်ပြန်ခြင်း၏ ဒဏ်ခတ်/အပြစ်ပေးသက်ရောက်မှုများ၊ ပဋိပက္ခများ၊ ကွဲပြားမှုများနှင့် အကြမ်းဖက်မှုများအထိ များပြားသော အကျပ်အတည်းများရှိသည့် အခိုက်အတန့်တွင် ကျရောက်နေပါသည်။
အကျပ်အတည်းတစ်ခုစီတိုင်းသည် မြတ်ဗုဒ္ဓ၏ ထာဝရ အဆုံးအမများနှင့် ကျွန်ုပ်တို့မည်မျှ ဝေးကွာသွားနေသည်ကို အမှတ်ရစေပါသည်။
ဤဝါဆိုလပြည့်နေ့တွင် ဝိညာဏပြန်လည်ဆန်းသစ်ခြင်းအခိုက်အတန့်ကို ဆုပ်ကိုင်၍ လူသားအားလုံးအတွက် ပိုမိုကောင်းမွန်ငြိမ်းချမ်းသောကမ္ဘာကို စည်းလုံးညီညွတ်စွာ ပုံဖော်ခြင်းဖြင့် ဗုဒ္ဓ၏ အသိဉာဏ်ပညာကို ဂုဏ်ပြုကြပါစို့။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ