ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူးအခါသမယပါ။
နဂါးနှစ်ကို ကြိုဆိုရင်း နွေးထွေးစွာ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
နဂါးဟာ စွမ်းအင်၊ ဉာဏ်ပညာ၊ ကာကွယ်မှုနဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်။
ယနေ့ခေတ်မှာ ဖြစ်ပွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေအကြား ရုန်းထရပ်တည်နေနိုင်ဖို့အတွက် အဲဒီ အရည်အသွေးတွေ လိုအပ်ပါတယ်။
ဒီနှစ်မှာတော့ တရုတ်နှစ်သစ်ကူးက ကုလသမဂ္ဂရဲ့ အားလပ်ရက် ပြက္ခဒိန်မှာ ပထမဆုံး ပါဝင်လာတာဖြစ်လို့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ ဒီနှစ် အခမ်းအနားက ထူးခြားလှပါတယ်။
ကုလသမဂ္ဂ၊ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးမူ (multilateralism)နဲ့ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုတွေအပေါ် မယိမ်းယိုင်တဲ့ ထောက်ပံ့ကူညီမှုတွေအတွက် တရုတ်နိုင်ငံနဲ့ တရုတ်နိုင်ငံသားတွေကို ကျေးဇူးတင်ရှိပါတယ်။
ရေရှည်တည်တံ့ကာ တရားမျှတပြီး ငြိမ်းချမ်းတဲ့ အနာဂတ်တစ်ခုကို ကျွန်တော်တို့ အတူဖန်တီးနိုင်ပါတယ်။
ဒီနှစ်သစ်မှာ အားလုံး ကျန်းမာ ပျော်ရွှင်ပြီး ပြည့်စုံကြွယ်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်။