Breadcrumb ပင်မစာမျက်နှာ / မှီငြမ်းရန်အချက်အလက်များ / ဗွီဒီယိုများ / ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ - လူသားတွေကျန်းမာဖို့ ကျန်းမာတဲ့သစ်တောတွေထိန်းသိမ်းစို့။ ဗွီဒီယို ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ - လူသားတွေကျန်းမာဖို့ ကျန်းမာတဲ့သစ်တောတွေထိန်းသိမ်းစို့။ ၂၀၂၃ ခုနှစ် မတ်လ ၂၁ ရက်။ သစ်တောများကို ထိန်းသိမ်းပြီး ရေရှည်တည်တံ့စွာအသုံးပြုခြင်းသည် ကျွန်ုပ်တို့ကမ္ဘာမြေနှင့် ကျွန်ုပ်တို့ကိုကာကွယ်ရန် အကောင်းဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။ ကျန်းမာသောသစ်တောများသည် အသက်မွေးဝမ်းကျောင်းမှုနှင့် အာဟာရရှိမှုမှသည် ဇီဝမျိုးစုံမျိုးကွဲများ နှင့် သဘာဝပတ်ဝန်းကျင်တို့အထိ ကျန်းမာသောကမ္ဘာကြီး၏ ရှုထောင့်အားလုံး အတွက် မရှိမဖြစ် အရေးပါသော်လည်း ၎င်းတို့သည် ခြိမ်းခြောက် ခံနေရပါသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း သစ်တောပြုန်းတီးမှုကြောင့် နှစ်စဥ် သစ်တောဟက်တာ ၁၀ သန်း ဆုံးရှုံးခဲ့ရပါသည်။ ၂၀၁၅ ခုနှစ်တွင် အင်းဆက်ဖျက်ပိုးများကြောင့် တစ်နှစ်အတွင်း တစ်ကမ္ဘာလုံး သစ်တောဟက်တာ ၃၅ သန်းခန့် ပျက်စီးခဲ့ရပြီး၊ သစ်တောဟက်တာ ၉၈သန်းခန့် တောမီးဒဏ်ကို ခံခဲ့ရပါသည်။ ထိုကဲ့သို့ အဖိုးတန်လှသည့် သဘာဝအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန် ကျွန်ုပ်တို့မှာ တာဝန်ရှိပါသည်။