သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်။

ရိုဟင်ဂျာများနှင့် အခြား လူမှုအသိုက်အဝန်းများကို မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ အစုလိုက် အပြုံလိုက် အတင်းအဓမ္မ နေရပ်စွန့်ခွာရွှေ့ပြောင်းစေခဲ့သည်မှာ ယနေ့တွင် ငါးနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ဒုက္ခသည် တစ်သန်းခန့်သည် လက်တလော နေရပ်ပြန်နိုင်ရန် အလားအလာ မရှိဘဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ခိုလှုံနေရဆဲဖြစ်ပြီး ရိုဟင်ဂျာ ၁၅၀,၀၀၀ ကျော်သည်လည်း ရခိုင်ပြည်နယ်ရှိ စခန်းများတွင် ကန့်သတ်နေထိုင်နေရဆဲ ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေးနှင့် လုံခြုံရေး အခြေအနေများသည် ယိုယွင်း ကျဆင်းလာခဲ့သည်။  နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ဤအကျပ်အတည်းကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ရေရှည်ခံပြီး အားလုံးပါဝင် ဖြေရှင်းနိုင်ရေး ဆက်လက် လုပ်ဆောင်ရန် အရေးကြီးပါသည်။

အတွင်းရေးမှူးချုပ်က နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဘာသာရေးအုပ်စုများအကြား ထားရှိသည့် အားလုံးပါဝင်သော အနာဂတ်အတွက် ခိုင်မာပြင်းပြသောဆန္ဒများကို အသိအမှတ်ပြုလျက်  ရိုဟင်ဂျာလူမျိုးများ၏ အပြည့်အဝ ထိရောက်သော ပူးပေါင်းပါဝင်မှုသည် ဤအကျပ်အတည်းကိုကျော်လွှားရန်  မြန်မာ့ဦးဆောင် ဖြေရှင်းချက်၏ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အလေးပေးဖော်ပြပါသည်။ ကုလသမဂ္ဂနှင့် ၎င်း၏ မိတ်ဖက်များ ထိခိုက်ခံရသည့်ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပိုမို လက်လှမ်းမီရောက်ရှိရေးသည် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ကျူးလွန်သော နိုင်ငံတကာ ရာဇ၀တ်မှု အားလုံးကို ကျူးလွန်သူများသည် အပြည့်အဝ တာဝန်ခံရမည်ဖြစ်သည်။ ပြစ်မှုကျူးလွန်ခံရသူများအတွက် တရားမျှတမှုသည် တိုင်းပြည်နှင့်လူမျိုးအတွက် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော နိုင်ငံရေးအနာဂတ်ကို အထောက်အကူပြုမည်ဖြစ်သည်။

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ