အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ၂၀၂၂ နှစ်သစ်ကူးသဝဏ်လွှာ
အထွေထွေအတွင်းရေးမှူးချုပ်၏ နှစ်သစ်ကူးသဝဏ်လွှာ
အနာဂတ်အတွက်မျှော်လင့်ချက်များကို ဆန်းစစ်လျက် ကမ္ဘာကြီးက ၂၀၂၂ခုနှစ်ကိုကြိုဆိုနေပါသည်။
ဆင်းရဲမွဲတေမှုပိုမိုနက်ရှိုင်းပြီး မညီမျှမှုပိုမိုဆိုးရွားလာခြင်း၊ ကိုဗစ်ကာကွယ်ဆေး ဖြန့်ဝေခြင်း မမျှတမှု ရှိနေခြင်း၊ ဥတုရာသီထိန်းသိမ်းရန် ကတိကဝတ်များ မပြည့်မှီခြင်း၊ ပဋိပက္ခဆက်ဖြစ်နေပြီး၊ အကွဲအပြဲများနှင့် သတင်းမှားများရှိနေခြင်း တို့သည် မူဝါဒဆန်းစစ်မှုများမဟုတ်ပေ။ ၄င်းတို့မှာကိုယ်ကျင့်တရားနှင့် လက်တွေ့ကြုံရသော ဆန်းစစ်မှုများဖြစ်သည်။
၂၀၂၂ ကိုလူတိုင်း ပြန်လည်တည်ထောင်စေမည့်နှစ်ဖြစ်စေရန်သန္နိဌာန် ချမည်ဆိုပါက ထိုဆန်းစစ်မှုများကိုလူသားတိုင်းကျော်လွှားနိုင်မည်။ နေရာတိုင်းမှာ လူတိုင်းကာကွယ်ဆေးထိုးပေးခြင်းကိုရဲတင်းစွာအစီအစဉ်ချခြင်းဖြင့် ကပ်ရောဂါမှ ပြန်လည်ထူထောင်ရမည်။
ချမ်းသာသောနိုင်ငံများက ဖွံ့ဖြိုးဆဲကမ္ဘာကြီးကို ငွေကြေးဖြင့်၄င်း၊ ရင်းနှီးမြှုပ်နှံမှုဖြင့်၄င်း၊ ကြွေးမြီလျှော့ချရေးဖြင့်၄င်း ထောက်ပံ့ပေးခြင်းဖြင့် ကျွန်ုပ်တို့စီးပွားရေး ပြန်လည်ထူထောင်ရမည်။
သံသယရှိခြင်း၊ အကွဲအပြဲများရှိခြင်း တို့မှပြန်လည်ထူထောင်ပြီး သိပ္ပံပညာရပ်၊ အချက်အလက်များနှင့်ဆင်ခြင်တုံတရားအပေါ် အလေးထားမှုသစ်ဆန်းစေရမည်။
ဆွေးနွေးမှု၊ အပေးအယူဖြင့်ညှိနှိုင်းမှု၊ ပြန်လည်သင့်မြတ်မှုတို့ကိုစိတ်သစ်ကိုယ်သစ်ဖြင့် ပဋိပက္ခများမှ ပြန်လည်ထူထောင်လာရမည်။
ဥတုရာသီကိစ္စတွင်သေရေးရှင်ရေးဖြစ်နေသည့်အခြေအနေနှင့်လျော်ညီသည့် ကတိကဝတ်များပေးခြင်းဖြင့် ကျွန်ုပ်တို့ကမ္ဘာမြေကြီးကို ပြန်လည်ထူထောင်လာစေရမည်။
ကြီးမားသောအခက်အခဲကြုံလျှင် ကြီးမားသောအခွင့်အလမ်းများကြုံရတတ်သည်။
စည်းလုံးညီညွတ်ခြင်းဖြင့်၄င်း၊ လူတိုင်းအကျိုးရှိစေမည့် အဖြေများနောက်မှာရပ်တည်ပေးခြင်းဖြင့်၄င်း၊ လူ့မိသားစုက ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မှုများအပေါ်မျှော်လင့်ချက်ထားပြီး ရှေ့ဆက်သွားကြမည်။
ကျွန်ုပ်တို့ လူသားမိသားစုသည် လူသားများအတွက်၄င်း၊ ကမ္ဘာမြေအတွက်၄င်း ချမ်းသာကြွယ်ဝမှုအတွက်၄င်း၊ သက္ကရာဇ်၂၀၂၂ ကို ပြန်လည်ထူထောင်သောနှစ်ဖြစ်မြောက်စေရန် ကျွန်ုပ်တို့ သန္နိဌာန်ချကြပါစို့။
အားလုံး နှစ်သစ်မှာ ပျော်ရွှင်အေးချမ်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။