ကျွန်ုပ်တို့ကမ္ဘာကြီးသည်လမ်းခွဆုံရောက်နေပြီ။
COVID-19 ကပ်ရောဂါကြီး၊ ဥတုရာသီအကြပ်အတည်းကါလနှင့် ကျွန်ုပ်တို့ဘဝထဲ ဒစ်ဂျစ်တယ်နည်းပညာတိုးဝင်လာမှုတို့သည် လူ့အခွင့်အရေးကို ခြိမ်းခြောက်လာသည်။
ဖယ်ရှားမှုပြုခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ပျံ့နှံ့နေသည်။
အများပြည်သူလှုပ်ရှားနိုင်သည့်နေရာကျဉ်းမြောင်းလာပြီ။
ဆယ်စုနှစ်အမြောက်အများအတွင်း ဆင်းရဲမွဲတေမှုနှင့်ငတ်မွတ်ခေါင်းပါးမှုစတင်တိုးမြင့်လာပါပြီ။
ကလေးငယ်သန်းပေါင်းများစွာတို့က၎င်းတို့၏ပညာသင်ကြားပိုင်ခွင့်ဆုံးရှုံးနေသည်။
မညီမျှခြင်းသည်ပိုမိုနက်ရှိုင်းလာသည်။
ဒါပေမဲ့ကျွန်ုပ်တို့အခြားလမ်းရွေးချယ်နိုင်သည်။
လွန်ခဲ့သည့် ခုနစ်ဆယ့်သုံးနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံက လူ့အခွင့်အရေးကြေညာစာတမ်းကိုလက်ခံကျင့်သုံးခဲ့သည်။
ဤရိုးရှင်းသောကြေညာစာတမ်းတွင်ပါရှိသော မူဘောင်များသည် နေရာတိုင်းမှာလူတိုင်းအတွက်အရပ်ဘက်၊စီးပွားရေး၊ယဉ်ကျေးမှု၊လူမှုရေးနှင့်နိုင်ငံရေးဆိုင်ရာ လူသားရပိုင်ခွင့်အားလုံးဖေါ်ဆောင်နိုင်ရန် သော့ချက်ဖြစ်ပါသည်။
ရောဂါကပ်ဘေးမှနာလန်ထူခြင်းသည် လူသားရပိုင်ခွင့်များနှင့်လွတ်လပ်မှုများ ကျယ်ပြန့်လာစေပြီး ယုံကြည်မှုပြန်လည်တည်ဆောက်စေသည့်အခွင့်အလန်းဖြစ်ရမည်။
တရားမျှတမှု၊ တရားဥပဒေနှင့် ဥပဒေအဆောက်အဦးများအပေါ်ယုံကြည်မှုရှိခြင်း၊
ဂုဏ်သိက္ခာရှိသောဘဝသည်လက်တကမ်းတွင်ရှိကြောင်းယုံကြည်လာခြင်း။
လူတိုင်းမျှတသောကြားနာမှုရနိုင်ပြီး မိမိတို့၏နာကြည်းချက်များကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်မည်ဟုယုံကြည်ခြင်း။
ကုလသမဂ္ဂသည် လူသားမိသားစုဝင်တိုင်း၏ရပိုင်ခွင့်အတွက်ရပ်တည်ပေးသည်။
တရားမျှတမှု၊ ညီမျှမှု၊ ဂုဏ်သိက္ခာရှိမှုနှင့်လူတိုင်း လူသားရပိုင်ခွင့်ရရှိခံစားနိုင်ရေးအတွက်ယနေ့မှတိုင် နေ့စဉ်ဆက်လက်ကြိုးပမ်းသွားကြမည်။
လူ့အခွင့်အရေးနေ့မှာရွှင်လန်းချမ်းမြေ့ကြပါစေ။