သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့အစည်းများ ကိုဗစ်-၁၉ ဆိုင်ရာတုန့်ပြန်ဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၉ ရက်။

ရန်ကုန်။     ။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုထုတ်ပြန်ချက်များအရ  နိုင်ငံအတွင်း ကူးစက်မှုအရေးအတွက်များစိုးရိမ်ဖွယ်မြင့်တက်နေသည့်အပေါ် တုန့်ပြန်ဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပါသည်။

စမ်းသပ်စစ်ဆေးနိုင်မှုမှာလွန်စွာအကန့်အသတ်ရှိနေပြီး စမ်းသပ်စစ်ဆေးမှုပြုရန် ပြည်သူများအခက်အခဲများ ကြုံတွေ့နေရသည့်ကြားမှပင် ဇူလိုင်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ လူနာသစ် ၅၄၉၇ ဦးတွေ့ရှိခဲ့ရာ ပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ လွန်ခဲ့သည့်နှစ်ပတ်နှင့်နှိုင်းယှဥ်ပါက ၂၂.၃၄ ရာခိုင်နှုန်းမှ ၃၉.၁၂ ရာခိုင်နှုန်းသို့ မြင့်တက်သွားခဲ့ပါသည်။ ထို့အပြင် ကူးစက်မြန်သော Delta မျိုးကွဲအပါအဝင် အခြားသော မျိုးကွဲများကိုလည်း စမ်းသပ်တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံတစ်၀ှမ်း မြို့နယ်ပေါင်း ၇၀ ကျော်တွင် နေအိမ်တွင်သာနေထိုင်ခြင်းအမိန့်ကို ထုတ်ပြန်ထားပြီး နိုင်ငံတစ်ဝှမ်းတွင် ဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူရုံးပိတ်ရက်ကို ဇူလိုင်လ ၁၇ ရက်မှ ၂၅ ရက်နေ့အထိ ကြေငြာထားသည်။ ဆေးရုံတွင် ဆေးကုသမှုခံယူရရှိနိုင်မှုနှင့် အောက်ဆီဂျင်ရရှိနိုင်မှုတို့တွင် ပစ္စည်းအထောက်အပံ့နှင့်လူအင်အား မလုံလောက်မှုကြောင့် အကန့်အသတ်ရှိနေပါသည်။

မြန်မာနိုင်ငံရှိကုလသမဂ္ဂအဖွဲ့အစည်းများသည် အောက်ဆီဂျင်လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် အောက်ဆီဂျင်စက်များနှင့် အခြားလိုအပ်သော ကိရိယာများကို နည်းလမ်းမျိုးစုံဖြင့်ဝယ်ယူရန် လုပ်ဆောင်လျက် ရှိပါသည်။

အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများသည် အဆောတလျင်အရှိန်မြှင့်လျက် ဦးစားပေးလုပ်ဆောင်ရမည့် အရေးကြီးကိစ္စရပ် တစ်ခု အဖြစ်ရှိနေဆဲဖြစ်သည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ နှင့် မိတ်ဖက်အဖွဲ့များက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရန် COVAX အစီအစဥ်အပါအဝင် နည်းလမ်းမျိုးစုံမှတစ်ဆင့် ဆထက်ထမ်းပိုးလုပ်ဆောင်လျက်ရှိပါသည်။ COVAX အစီအစဥ်အရ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိုင်သော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများရရှိရန် မျှော်မှန်းထားပြီး အဆိုပါကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးမှုနှင့်ဆိုင်ရာလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးကိုဖြန့်ဝေသွားမည်ဖြစ်သည်။ ယခုအသုတ် ဖြန့်ဝေမှုတွင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ်ရရှိနိုင်မည်ဟု မျှော်မှန်းသည်။

ကိုဗစ်-၁၉ ရောဂါစမ်းသပ်မှုများနှင့်ကုသရေးစင်တာများ လုပ်ငန်းပြန်လည် လည်ပတ်နိုင်ရေးအတွက် ရရှိနိုင်သော အရင်းအမြစ်များ၊ စွမ်းဆောင်ရည်များနှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ စမ်းသပ်မှုများကို ပြည်နယ်နှင့်တိုင်းများတွင် တစ်ရက်လျှင် ၁၂,၀၀၀ မှ ၁၅,၀၀၀ နှုန်း စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။ စမ်းသပ်စစ်ဆေးမှုတွင် အကန့်အသတ်များရှိနေရာ ကူးစက်မှု အရေအတွက် အမြောက်အများမှာ သတင်းမပို့နိုင်မှု ရှိနိုင်သည်။

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပြည်သူများ၏ ကျန်းမာရေးနှင့် စီးပွားရေးတွင် အကြီးအကျယ်ဆိုးရွားသော သက်ရောက်မှုများရှိနိုင်ပါသည်။ ကျန်းမာရေးဆိုင်ရာကာကွယ်ကုသသူများအားလုံး ဘေးကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့်နှင့် ကိုဗစ်ရောဂါတုန့်ပြန်ရေးတွင် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု ပေးလျက်ရှိသော အများပြည်သူပိုင်နှင့် ပုဂ္ဂလိကကတို့မှ ပံ့ပိုးပါဝင်နိုင်စေရန် လူမှုအသိုက်အဝန်းအားလုံး ပါဝင်သည့် ချည်းကပ်ဖြေရှင်းနည်း ‘Whole of society’ ဖြင့် ဖြေရှင်းရန်မှာ ယခုအခါ များစွာလိုအပ်လျက်ရှိသည်။

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ
UNICEF
ယူနီဆက်
WHO
ကမ္ဘာ့ကျန်းမာရေးအဖွဲ့

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ