Speech by the UN Resident Coordinator, Mr. Ola Almgren (scroll down for Myanmar version)

High Level Government Event- International Day for the Elimination of Violence against Women and Girls and its 16 Days of Activism

H.E Dr Win Myat Aye, Union Minister, Ministry of Social Welfare, Relief and Resettlement;

Members of the Myanmar National Committee on Women;

Representatives from the line ministries and civil society organizations;

International development partners, UN Colleagues and media;

Ladies and gentlemen;

On behalf of the United Nations Country Team in Myanmar, I am delighted to join you for this important event on the occasion of the International Day for the Elimination of Violence against Women and Girls.

Today also marks the first day of the 16 Days of Activism against Gender-Based Violence, an international campaign that takes place each year from 25 November, the International Day for the Elimination of Violence against Women, to 10 December, Human Rights Day, in order to flash a spotlight on the scourge of violence against women and to generate action to eliminate it. The reason we mark the 16 Days of Activism, year after year, is because violence against women remains one of the most pervasive violations of human rights worldwide.

It is estimated that globally, one in every three women will be subjected to violence by a man or several men, during her lifetime. This violence can be physical, emotional, economic or sexual and often takes places at the hands of someone close to the victim, in the family or workspace. With the rapid spread of social media, violence against women and girls has taken new forms, such as bullying (including by women and girls), internet-based grooming aimed at sexual abuse, sexting or uploading of intimate pictures by ex-partners.

As in any other country, violence against women remains an important challenge also in Myanmar. Even before the COVID-19 pandemic, Myanmar Demographic and Health Survey data showed that 21 per cent of ever-married women between 15-49 have experienced some form of intimate partner violence in their lifetime. However, only a fraction had sought help[1]. Women and girls from ethnic and religious minorities, those who live in areas of conflict, those who are the furthest behind, remain especially vulnerable as they often suffer multiple forms of gender-based violence and the vast majority of cases go unreported and unacknowledged.

Distinguished guests, The COVID-19 pandemic started as a health emergency, but it affects us in many more ways across all aspects of society and economic activity. It poses a direct risk of reversing important progress in the fight against poverty and exacerbating already high levels of inequality. As a result, disadvantaged and marginalized women such as migrant women, IDPs, homeless, sex workers, women living with HIV or disabilities become even more vulnerable to exploitation and abuse.

There are worrying signs that cases of intimate partner violence have increased especially during times when stay-at-home orders are in place. Lockdown restrictions and working from home arrangements are intended to protect us from the pandemic, but they have unfortunately left many survivors trapped behind closed doors with their abusers.

The survivors of gender-based violence also find it more difficult to access police-, justice-, health care- and social protection services in a timely manner because of the lockdown measures. They are often cut off from support systems they used to have, such as families and friends.

Ladies and gentlemen,

The COVID-19 pandemic has again highlighted the importance of having accessible support services and comprehensive legislation in place to effectively address gender-based violence. The adoption of the Protection and Prevention of Violence against Women law and other genderresponsive legislation would be an important step, as they not only help to protect women and girls from abuse, but also to hold perpetrators of violence accountable. Such legislation must be in compliance with the Convention on the Elimination of All Forms of Discrimination Against Women, ratified by Myanmar already in 1997.

Myanmar now has a historic opportunity to adopt the Protection and Prevention of Violence against Women law. I am confident that the elected Members of Parliament recognise the significance of this law and will take decisive action towards its timely adoption.

Distinguished guests,

On April 6th 2020, the UN Secretary-General urged all governments to make the prevention and redress of violence against women and girls a key part of their national response to COVID-19. 146 Member States and Observers responded by expressing their strong support to his appeal. In Myanmar, important progress has been made by the Ministry of Social Welfare, Relief and Resettlement, and the Ministry of Health and Sports, to develop case management standard operating procedures and clinical guidelines for a better response to gender-based violence.

While these developments are promising, we must continue working together to remove remaining barriers survivors face when trying to access essential services. There is a need to continue existing health care-, justice-, policing- and social services for survivors, while increasing their accessibility in the context of the COVID-19 pandemic. At the same time, we also have to scale up gender-based violence prevention and response services, such as hotlines, safe houses, government subsidies, awareness-raising through radio, television and social media.

I encourage government agencies and related organizations working on social protection to prioritize resources to respond to incidents of gender-based violence and to develop specific plans on how to respond to such incidents during and after the emergency.

To monitor our progress, there is a need to collect data to get a better understanding of the availability and accessibility of gender-based violence services during the COVID-19 pandemic. This will help us to make evidence-based decisions on how to improve our services and programmes. However, we need to ensure ethical and safety standards can be met when collecting the data.

Excellencies, Ladies and Gentlemen,

One of the most difficult challenges to ending violence against women and girls is addressing cultural norms that maintain gender stereotypes. Too often gender-based violence is seen as ‘just a women’s issue’. We need to convey the message to the public that violence against women and girls is first and foremost a “men’s issue”.

As a man privileged to be speaking on this special occasion, I call on all men to be role models at home and at work. You have a critical role to play! We need men to raise their voice side by side with women on gender equality and gender-based violence. Ending violence against women and girls cannot succeed without your help and contribution!

Distinguished guests,

As we kick off the 16 Days of Activism today, we open the door to new opportunities for stronger cooperation in addressing violence against women and girls.

We are here today to show our commitment to end violence against women and girls and to be advocates for their rights. We must do so because stopping gender-based violence is not just beneficial for women and girls, but it helps the entire family and community and contributes to a more peaceful and inclusive society, which is a necessary foundation for a prosperous country and sustainable development. The promise of the Sustainable Development Goals—to leave no one behind—cannot be fulfilled without ending violence against women and girls.

Excellency, Let me finish by thanking the Ministry of Social Welfare, Relief and Resettlement for organizing this virtual event today and by acknowledging the important contribution of all development partners, embassies, UN Agencies, and media who are supporting the 16 Days of Activism campaign in Myanmar. Thank you very much for this opportunity and for your attention.

[1] Myanmar’s Demographic and Health Survey (DHS) 2015-2016.

UN ဌာနေညှိနှိုင်းရေးမှူး Mr. Ola Almgren ၏ မိန့်ခွန်း

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ နှင့် ၁၆ ရက်တာ လှုပ်ရှားမှု အဆင့်မြင့်အစိုးရအခမ်းအနား 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Dr ဝင်းမြတ်အေး၊

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊

အစိုးရဝန်ကြီးဌာနများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊

နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်များ၊ UN လုပ်ဖော်ကိုင်ဖက်များနှင့် မီဒီယာများ၊   

ဧည့်သည်တော်ကြီးများခင်ဗျာ -

မြန်မာနိုင်ငံ ကုလသမဂ္ဂဌာနေအဖွဲ့ (United Nations Country Team) ရဲ့ ကိုယ်စား အရေးကြီးလှတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ဒီအခမ်းအနားကြီးကို တက်ရောက်ခွင့်ရတဲ့အတွက် အထူးပင် ဝမ်းမြောက်မိ ပါတယ်။

ယနေ့ဟာဆိုရင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားဆောင် ရွက်မှုရဲ့ ပထမဆုံးနေ့လည်း ဖြစ်ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားဆောင်ရွက်မှုဟာ နှစ်စဉ် နိုဝင်ဘာ လ ၂၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကစပြီး ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ လူ့အခွင့်အရေး နေ့အထိ ကျင်းပပြုလုပ်တဲ့  နိုင်ငံတကာလှုပ်ရှားမှုတစ်ခုဖြစ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက် မှုရဲ့ အန္တရာယ်ကို မီးမောင်းထိုးပြဖို့နဲ့ ဒီလိုအကြမ်းဖက်မှုတွေ ပပျောက်ရေး ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

(၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုကို တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက်လုပ်ဆောင်နေရခြင်း ရဲ့ အကြောင်းရင်းကတော့ ကမ္ဘာနဲ့အဝှမ်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေဟာ အကျယ် ပြန့်ဆုံး ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေသေးတာကြောင့် ဖြစ်ပါတယ်။  

တစ်ကမ္ဘာလုံးမှာ အမျိုးသမီးသုံးဦးထဲက တစ်ဦးဟာ သူမရဲ့ ဘဝတစ်သက်တာမှာ အမျိုးသား တစ်ဦး ဒါမှမဟုတ် အမျိုးသားအချို့ရဲ့ အကြမ်းဖက်ခြင်းကို ခံရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အကြမ်းဖက်မှုဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ပုံစံအမျိုးမျိုး ရှိနိုင်ပြီး မကြာခဏဆိုသလို မိသားစုတွင်း ဒါမှမဟုတ် လုပ်ငန်းခွင်အတွင်း အကြမ်း ဖက်ခံရသူနဲ့ ရင်းနှီးသူ တစ်စုံတစ်ဦးက ကျူးလွန်လေ့ရှိကြပါတယ်။  

လူမှုမီဒီယာသုံးစွဲမှုတွေ လျှင်မြန်စွာ ပျံ့နှံ့လာမှုနဲ့အတူ အမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပုံစံအသစ်တွေလည်း ပေါ်ပေါက်လာပါတယ်။ ဥပမာ အနိုင်ကျင့်ခြင်း (အမျိုးသမီးနဲ့ မိန်းကလေးတွေက အနိုင်ကျင့်ခြင်းအပါအဝင်)၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက်မှ ချဉ်းကပ်ပြီး ရင်းနှီးမှုရယူခြင်း၊ sexting လို့ ခေါ်တဲ့ မဖွယ်မရာ ပုံများ၊ စာများ ပေးပို့ ခြင်း ဒါမှမဟုတ် ရည်စားဟောင်း/အဖော်ဟောင်းမှ မဖွယ်မရာပုံများ တင်ခြင်းတို့ ဖြစ်ပါတယ်။

အခြားနိုင်ငံတွေမှာလိုပဲ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ စိန်ခေါ်မှု တစ်ခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး မဖြစ်ပွားမီကတောင်မှ မြန်မာ နိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းမှာ အသက် ၁၅ နှစ်နဲ့ ၄၉ နှစ်ကြား အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေရဲ့ ၂၁ ရာခိုင်နှုန်းဟာ ၎င်းတို့ရဲ့ ဘဝတစ်သက်တာ မှာ အရင်းနှီးဆုံးအဖော်ဖြစ်သူရဲ့ အကြမ်းဖက်မှုပုံစံတစ်ခုခုကို တွေ့ကြုံခံစားဖူးကြောင်း တွေ့ရှိရပါ တယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးတွေထဲက အနည်းငယ်မျှကသာ အကူအညီ ရယူခဲ့ကြတာ ဖြစ်ပါ တယ်။ [1] တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာရေးလူနည်းစုတွေက အမျိုးသမီးနဲ့ မိန်းကလေးတွေ၊ ပဋိပက္ခဒေသတွေမှာ နေထိုင်တဲ့၊ နောက်ဆုံးမှာ ကျန်ရစ်တဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ မကြာခဏဆိုသလို ကျားမအခြေပြုအကြမ်းဖက်မှု ပုံစံတစ်မျိုးထက်မကကို ခံစားကြရပြီး အများစု က သတင်းပို့တိုင်ကြားတာတွေ၊ အသိအမှတ်ပြုခံရတာတွေ မရှိတဲ့အတွက် အဲဒီအမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အထူးထိခိုက်လွယ်နေဆဲ ဖြစ်ပါတယ်။

တက်ရောက်လာကြသော ဧည့်သည်တော်ကြီးများခင်ဗျာ  

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုအနေနဲ့ စတင်ခဲ့ပေမဲ့ လူမှုအဖွဲ့အစည်းရဲ့ အပိုင်းကဏ္ဍတွေအားလုံး၊ စီးပွားရေးလုပ်ဆောင်မှုတွေအားလုံးမှာ နည်းလမ်းပေါင်းများစွာနဲ့ ထိခိုက်စေလျက် ရှိပါတယ်။ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးမှာ ရရှထား တဲ့ တိုးတက်အောင်မြင်မှုတွေကို ပြောင်းပြန်လှန်ပစ်နိုင်တဲ့ အန္တရာယ် ရှိပြီး တန်းတူညီမျှ မရှိမှု အဆင့် မြင့်မားနေတာတွေကိုလည်း ပိုပြီး ဆိုးရွားစေပါတယ်။ ရလဒ်အနေနဲ့ နေရပ်စွန့်ခွာသူ အမျိုး သမီးတွေ၊ IDP အမျိုးသမီးတွေ၊ အိမ်ရာမဲ့အမျိုးသမီးတွေ၊ လိင်လုပ်သားတွေ၊  HIV ကူးစက်ခံထားရ တဲ့ ဒါမှမဟုတ် မသန်စွမ်းတဲ့ အမျိုးသမီးတွေလို အားနည်းချို့တဲ့ပြီး ပစ်ပယ်ခံထားရတဲ့ အမျိုး သမီးတွေဟာ ခေါင်းပုံဖြတ်ခြင်းနဲ့ မဖွယ်မရာပြုခြင်းတွေကို ပိုပြီတောင် ထိခိုက်လွယ်လာကြ ပါတယ်။

နေအိမ်မှာသာနေထိုင်ကြဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားတဲ့ အချိန်ကာလအတွင်းမှာ အရင်းနှီး ဆုံးအဖော်ရဲ့ အကြမ်းဖက်မှုတွေ တိုးပွားလာတာကို ပြသသည့် လက္ခဏာတွေဟာ စိုးရိမ်ပူပန်စရာ ကောင်းလှပါတယ်။ လော့ဒေါင်းကန့်သတ်ချက်တွေနဲ့ နေအိမ်မှ အလုပ်လုပ်ကြဖို့ အစီအမံတွေဟာ ကျွန်တော်တို့ကို ကမ္ဘာ့ကပ်ရောဂါကြီးကနေ ကာကွယ်စောင့်ရှောက်ပေးဖို့ ရည်ရွယ်တာဖြစ်ပေမဲ့ လည်း ကံဆိုးတာက ဒီကန့်သတ်ချက်တွေနဲ့ အစီအမံတွေဟာ အကြမ်းဖက်မှုမှ ဆက်လက်ရှင်သန် သူအများအပြားကို သူတို့အပေါ် အကြမ်းဖက်သူတွေနဲ့အတူ ပိတ်ထားတဲ့ တံခါးတွေရဲ့ နောက်ကွယ် မှာ ရုန်းထွက်မရတဲ့ အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။

လော့ဒေါင်းချထားမှုတွေကြောင့် ကျားမအခြေပြုအကြမ်းဖက်မှုက ဆက်လက်ရှင်သန်သူတွေဟာ လည်း ရဲ၊ တရားမျှတမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး ဝန်ဆောင်မှု တွေကို အချိန်မီ ရယူနိုင်ဖို့ ပိုပြီးခက်ခဲတာကို တွေ့ရပါတယ်။ သူတို့တွေဟာ မိသားစုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေလို အရင်က သူတို့တွေမှာ ရှိခဲ့တဲ့ အထောက်အကူပြုစနစ်တွေနဲ့လည်း အဆက် အသွယ် ပြတ်တောက်နေကြတာပါတယ်။

ဧည့်သည်တော်ကြီးများခင်ဗျာ

ကျားမအခြေပြုအကြမ်းဖက်မှုကို ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် အထောက် အကူပြုဝန်ဆောင်မှုတွေကို လက်လှမ်းမီမှုနဲ့ ပြည့်စုံလုံလောက်တဲ့ ဥပဒေတွေရှိဖို့ အရေးကြီးတယ် ဆိုတာကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးက ထပ်မံပြီး မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရးဆိုင်ရာဥပဒေနဲ့ အခြားသော ကျားမ တန်းတူညီမျှရေး အလေးထားတဲ့ ဥပဒေတွေဟာ အမျိုးသမီးများနဲ့ မိန်းကလေးများအပေါ် မဖွယ် မရာပြုမှုတွေကို တားဆီးကာကွယ်ရာမှာ အထောက်အကူပြုရုံသာမက အကြမ်းဖက်မှု ကျူးလွန်သူ များကို တာဝန်ခံမှုရှိအောင် ဆောင်ရွက်ရာမှာလည်း ကူညီပေးနိုင်တဲ့အတွက် ဒီဥပဒေတွေကို အတည်ပြုပြဋ္ဌာန်းခြင်းဟာ အရေးကြီး‌တဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အဲဒီဥပဒေတွေဟာ ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံက လက်မှတ်ရေးထားတဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနဲ့အညီ ဖြစ်ဖို့လည်း လိုပါတယ်။

မြန်မာနိုင်ငံဟာ အခုအခါမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဆိုင်ရာ ဥပဒေကို အတည်ပြုပြဋ္ဌာန်းပေးဖို့ သမိုင်းဝင်အခွင့်အလမ်းတစ်ခုကို ရရှိနေပါတယ်။ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီဥပဒေရဲ့ အရေးပါမှုကို လက်ခံအသိ အမှတ်ပြုပြီး အချိန်မီအတည်ပြုပြဋ္ဌာန်းနိုင်အောင် တိကျပြတ်သားစွာ အရေးယူဆောင်ရွက်ကြလိမ့် မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။  

ဧည့်သည်တော်ကြီးများခင်ဗျာ

၂၀၂၀ ခုနှစ် ဧပြီလ ၆ ရက်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က အစိုရတွေ အားလုံးကို သူတို့ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်း ဖက်မှု တားဆီးကာကွယ်ရေးနဲ့ တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်ပေးရေးတို့ကို အဓိကအစိတ် အပိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပြီးဖြစ်ပါတယ်။ လေ့လာသူတွေနဲ့ အဖွဲ့ဝင်နိုင်ငံ ပေါင်း ၁၄၆ နိုင်ငံက အတွင်းရေးမှူးချုပ်ရဲ့ တိုက်တွန်းမှုကို အခိုင်အမာ ထောက်ခံကြောင်း ထုတ် ဖော်ပြောကြားပြီး တုံ့ပြန်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ကျားမအခြေပြုအကြမ်းဖက်မှုများကို ပိုမို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နိုင်ဖို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့ဟာ ဖြစ်ရပ်စီမံခန့်ခွဲမှု စံလုပ်ငန်းလမ်းညွှန်နဲ့ ဆေး ကုသမှုဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြုစုခဲ့ကြပြီး အရေးကြီးတဲ့ တိုးတက်အောင်မြင်မှုတွေ ရရှိ ထားပြီးဖြစ်ပါတယ်။  

အဲဒီတိုးတက်အောင်မြင်မှုတွေဟာ အလွန်အလားအလာကောင်းပြီး ကျွန်တော်တို့အနေနဲ့ ဆက်လက်ရှင်သန်သူတွေ မရှိမဖြစ်လိုအပ်တဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိအောင် ကြိုးပမ်းရာမှာ ရင်ဆိုင်နေရဆဲဖြစ်သည့် အတားအဆီးများကို ဖယ်ရှားပေးနိုင်အောင် ဆက်လက်ပူးပေါင်းဆောင် ရွက်ကြရမှာ ဖြစ်ပါတယ်။ ဆက်လက်ရှင်သန်သူတွေအတွက် လက်ရှိ ဆောင်ရွက်ပေးလျက် ရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ တရားမျှတမှု၊ ရဲလုပ်ငန်းဝန်ဆောင်မှုနှင့် လူမှုရေးဝန်ဆောင်မှုတွေကို ဆက်လက်ဆောင်ရွက်ပေးသွားရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြီး ဖြစ်ပွားနေတဲ့ အခြေ အနေမှာလည်း ဒီဝန်ဆောင်မှုတွေကို လက်လှမ်းမီရရှိမှု တိုးတက်လာအောင် ဆောင်ရွက်ပေးကြရ မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ hotline တွေ၊ လုံခြုံစိတ်ချရသော ခိုနားရာနေရာတွေ၊ အစိုးရ ထောက်ပံ့ကြေး၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် လူမှုမီဒီယာတွေကတစ်ဆင့် အသိပညာပေးတာတွေ၊ စတဲ့ ကျားမအခြေပြုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေး ဝန်ဆောင်မှု တွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။

လူမှုရေးကာကွယ်စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးနေကြတဲ့ အစိုးရဌာနတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတာက ကျားမအခြေပြုအကြမ်းဖက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ပေးရေးနဲ့ အရေးပေါ်အခြေအနေများအတွင်းနဲ့ နောက်ပိုင်းမှာ အဲဒီလို အကြမ်း ဖက်မှုတွေကို ဘယ်လိုတုံ့ပြန်ဆောင်ရွက်မယ်ဆိုတဲ့ သီးခြားအစီအစဉ်တွေ ရေးဆွဲနိုင်ရေးအတွက် အရင်းအမြစ်တွေကို ဦးစားပေးသုံးစွဲကြဖို့ ဖြစ်ပါတယ်။  

ကျွန်တော်တို့ရဲ့ လုပ်ငန်းတိုးတက်မှုအခြေအနေတွေကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးဖို့အတွက် အချက်အလက်တွေကို စုဆောင်းဖို့ လိုပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ ကျားမ အခြေပြုအကြမ်းဖက်မှုဆိုင်ရာ ဝန်ဆောင်မှုတွေကို ရရှိနိုင်မှုနဲ့ လက်လှမ်းမီမှုအခြေအနေတွေကို နားလည်သိရှိနိုင်ဖို့ အတွက် အချက်အလက်တွေ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို စုဆောင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေ၊ အစီအစဉ်တွေကို ဘယ်လိုတိုးတက်ကောင်း မွန်အောင် လုပ်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို သက်သေအထောက်အထားတွေပေါ်မှာ အခြေခံပြီး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အချက်အလက်တွေ စုဆောင်းတဲ့အခါမှာလည်း ကျင့်ဝတ်နဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းတွေကိုလည်း စောင့်ထိန်းလိုက်နာကြရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီးနဲ့တကွ ဧည့်သည်တော်ကြီးများခင်ဗျာ  

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ဆောင်ရွက်ရာမှာ အခက် ခဲဆုံး စိန်ခေါ်မှုတစ်ခုက ကျား-မ ပုံသေကားကျ ယူဆချက်တွေကို ဖြစ်ပေါ်စေတဲ့ ယဉ်ကျေးမှုစံ တွေကို ကိုင်တွယ်ဖြေရှင်းရတာပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကျားမအခြေပြု အကြမ်းဖက်မှု ကို ‘အမျိုးသမီးတွေရဲ့ အရေးကိစ္စ’ တစ်ခုလို့ပဲ ထင်မြင်ယူဆလေ့ရှိကြပါတယ်။ တကယ်တော့ အမျိုး သမီးတွေနဲ့ မိန်းကလေးတွေကို အကြမ်းဖက်မှုဟာ ‘အမျိုးသားတွေရဲ့ အရေးကိစ္စ’ ပါဆိုတာကို ပြည်သူတွေ သိအောင် ကျွန်တော်တို့ ပြောပြရမှာ ဖြစ်ပါတယ်။  

အရေးကြီးလှတဲ့ ဒီအခမ်းအနားကြီးမှာ စကားပြောခွင့်ရတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ အမျိုး သားတွေအားလုံးကို အိမ်မှာ၊ လုပ်ငန်းခွင်မှာ စံနမူနာပြပုဂ္ဂိုလ်တွေအဖြစ် နေထိုင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ အမျိုးသားတွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။ အမျိုး သားတွေဟာ အမျိုးသမီးတွေနဲ့ လက်တွဲပြီး ကျားမတန်းတူညီမျှရေးနဲ့ ကျားမအခြေပြု အကြမ်း ဖက်မှုကိစ္စတွေအတွက် အရေးဆိုကြဖို့ လိုအပ်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ သင်တို့ရဲ့ အကူအညီမပါဘဲ မအောင်မြင်နိုင်ပါဘူး။

ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများခင်ဗျာ

ကျွန်တော်တို့ဟာ (၁၆) ရက်တာ လှုပ်ရှားဆောင်ရွက်မှုကြီးကို ကနေ့ စတင်ဖွင့်လှစ်ရင်း အမျိုး သမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုမိုအားကောင်း ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့အတွက် အခွင့်အလမ်းသစ်တွေကိုလည်း ကမ်းလင့် ကြိုဆိုလိုက်တာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေအတွက် အကြံပြုတိုက်တွန်းဆွေးနွေးရေး နှစ်မြှုပ်ဆောင်ရွက်ကြဖို့ ဒီကနေ့ ဒီနေရာမှာ ကျွန်တော်တို့တွေ ကတိကဝတ်ပြုကြတာပဲ ဖြစ်ပါတယ်။ ကျားမအခြေပြုအကြမ်းဖက်မှု အဆုံးသတ်ရေးဟာ အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက်သာ အကျိုးရှိမှာမဟုတ်ဘဲ တစ်မိသားစု လုံး၊ ရပ်ရွာတစ်ခုလုံးအတွက် အကျိုးရှိမှာဖြစ်တဲ့အပြင် သာယာဝပြောတဲ့ နိုင်ငံတစ်နိုင်ငံနဲ့ ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ငြိမ်းချမ်းသာယာပြီး အားလုံး ပါဝင်တဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးမှာလည်း အထောက်အကူဖြစ်တာမို့ ကျွန်တော်တို့ ဒါကို မဖြစ်မနေ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုတွေ အဆုံးမသတ်သေးသ၍ မည်သူ့ကိုမျှ ချန်လှပ်မထားရေး ဆိုတဲ့ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ရဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။    

လေးစားအပ်ပါသော ပြည်ထောင်စုဝန်ကြီးခင်ဗျာ

နိဂုံးချုပ်အနေနဲ့ ကနေ့ ဒီအွန်လိုင်းအခမ်းအနားကို စီစဉ်ကျင်းပပေးတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်း၊ မြန်မာနိုင်ငံရဲ့ (၁၆) ရက် တာ လှုပ်ရှားဆောင်ရွက်မှုကို ဝိုင်းဝန်းကူညီပံ့ပိုးကြတဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၊ သံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ မီဒီယာများရဲ့ ပါဝင်ကူညီမှုတွေကိုလည်း အသိအမှတ်ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒီလိုစကားပြောခွင့်ရတဲ့အတွက်၊ အာရုံစိုက်ပြီး နားထောင်ပေးကြတဲ့အတွက် များစွာ ကျေးဇူးတင် ရှိပါတယ်။

[1] မြန်မာနိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (DHS)၊ ၂၀၁၅-၂၀၁၆

 

Speech by
Author
Ola Almgren
UN Resident and Humanitarian Coordinator
RCO
UN Resident and Humanitarian Coordinator, Myanmar
UN entities involved in this initiative
UN Women
United Nations Entity for Gender Equality and the Empowerment of Women
UNFPA
United Nations Population Fund