Draft transcript of the briefing by Andrew Kirkwood, United Nations Resident Coordinator a.i and Humanitarian Coordinator a.i, to the media
Draft transcript of the briefing by Andrew Kirkwood, United Nations Resident Coordinator a.i and Humanitarian Coordinator a.i, to the media on September 30.
The press briefing by Mr. Kirkwood can be viewed here.
အောက်တွင် မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။
Good evening to everybody from Yangon.
I’d like to start by saying that tomorrow will mark 8 months since the military seized control of the democratically elected government here. And, you know, we use the term crisis a lot in this world, but I really want to emphasise now, that the people of Myanmar are really living in a severe crisis at the moment, no matter how one defines that term.
Before the military takeover, the UN was supporting a million people affected by the conflict here inside the country. The number of people in need of humanitarian assistance now is 3 million. That’s a tripling over the last 8 months. In addition to that, there are now 20 million people living below the poverty line – nearly half the population. And that’s a rate of poverty that we haven’t seen in Myanmar for at least 20 years.
Now, most of these people are not – most of those people that I mention living below the poverty line – now part of our humanitarian caseload but they could become part of that, and we’re working hard to make sure that they don’t.
I guess let me just say that the crisis we’re seeing today is really the result of a compound effect of conflict which is increasing, COVID-19, especially the devasting third wave in the summer, and of course, the military takeover in February. So effectively, what we have here is a crisis on top of a crisis with yet another crisis on top of that.
The 3 million people that are now in need of humanitarian assistance are in many of the border areas of the country in Kayin, Kachin, Northern Shan, Kayah, but also in the urban and peri-urban parts of Yangon and Mandalay, in the centre of the country, which has essentially very rarely seen any conflict in the past.
Over 200,000 people have been newly displaced since the 1st of February due to the conflict between the Myanmar armed forces, many of the ethnic armed organizations, and these newly formed People’s Defence Forces. The situation, again to stress, is quite desperate. And here on the ground humanitarians are working around the clock to provide people with humanitarian assistance. And I think that’s the second point that I really want to emphasise here is that the UN and its humanitarian partners continue to stay and deliver for the people of Myanmar.
As we speak, well not quite as we speak, we’re in the middle of night time curfew period here, but I mean, our colleagues are on the ground, delivering food and cash assistance, they’re improving access to healthcare, water and sanitation and other basic services. Since February, our food and cash assistance has reached more than 1.4 million people in rural communities all around the country, as well as some urban and peri-urban centres in the country as well.
More than 660,000 people have received various protection related services including child protection, gender-based violence services and psycho-social support, all in conflict-affected areas. Around 260,000 people in conflict zones have received temporary shelter support and 330,000 people have benefited from improved access to water, sanitation and hygiene services.
I guess really what I’m really saying is that we are saving lives, we are making a difference in people’s well-being but we’re also quite frustrated that these numbers aren’t higher, and that we aren’t able to reach all of the 3 million people who we know need urgent need humanitarian assistance.
So, a few words on the reasons and I guess the challenges if you will.
First, there are really significant operational challenges; travel, COVID-19 restrictions, roadblocks, and overall insecurity are definitely the main reasons why we can’t reach everybody we want to and I think it’s really incumbent upon me to take this opportunity to call on all parties to use their influence to facilitate the safe and unhindered access to humanitarian workers and also our humanitarian supplies.
Second, we’re also not able to further scale up our response due to the limited funding. I mean, despite the multiple crises that I described, our response remains underfunded. We have requested a total of 385 million dollars to reach those 3 million people this year. Today, we have received about a third of that. And that means that we have a funding gap of roughly 250 million dollars just for this year. And that means in turn, we really wouldn’t be able to reach everybody who needs our assistance. So, again, I appeal to all partners to consider what support they can provide to help us continue to provide services through the end of the year.
The United Nations Emergency Relief Coordinator has confirmed a new SERF allocation of 10 million US Dollars for Myanmar, and of course, that will help, but much more is still needed to prevent suffering.
Thirdly, and I guess lastly, I think we really need the parties to the conflict here to depoliticise – if I can say it that way – our humanitarian and COVID-19 response efforts, which remain guided by the principles of humanity, impartiality, independence and neutrality.
Essentially, we need access which is safe and unimpeded so we can reach those 3 million people in need.
Thank you.
-
ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံး မင်္ဂလာညနေခင်းပါလို့ ရန်ကုန်ကနေ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော့်ကို တက်ရောက်ခွင့်ပေးတဲ့အတွက် ကျေးဇူးပါ။
ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းယူခဲ့တာ မနက်ဖြန်ဆိုရင် (၈) လ ပြည့်ပြီ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကျွန်တော်တို့တွေဟာ ‘အကျပ်အတည်း’ ဆိုတဲ့ စကားလုံးကို အများကြီး သုံးနှုန်းပြောဆိုကြ ပါတယ်။ ဒီနေရာမှာ ကျွန်တော် အလေးထားပြောကြားလိုတာကတော့ ‘အကျပ်အတည်း’ ဆိုတာကို ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့် သေချာတာကတော့ အခု မြန်မာပြည်သူ တွေဟာ တကယ်ကို ဆိုးရွားပြင်းထန်တဲ့ အကျပ်အတည်းကြီးကို ကြုံတွေ့ခံစားနေရတယ် ဆိုတာပါ။
စစ်တပ်က အာဏာလွှဲယူမှု မဖြစ်ခင်က ကုလသမဂ္ဂအဖွဲ့ဟာ နိုင်ငံတွင်းမှာ ရှိတဲ့ ပဋိပက္ခဒဏ်သင့် ပြည်သူပေါင်း တစ်သန်းလောက်ကို ကူညီပံ့ပိုးနေခဲ့တာဖြစ်ပါတယ်။
အခုအခါမှာတော့ လူသားချင်း စာနာထောက်ထားမှုအကူအညီ လိုအပ်နေသူ အရေအတွက်ဟာ သုံးသန်း ဖြစ်သွားပါပြီ။ လွန်ခဲ့တဲ့ (၈) လတာ ကာလအတွင်းမှာ သုံးဆ တိုးသွားတာ ဖြစ်ပါတယ်။
အဲဒီအပြင် အခုအခါမှာ လူပေါင်း သန်း (၂၀) ဟာ ဆိုရင် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကို ရောက်ရှိနေပါတယ်။ နိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး ဖြစ်ပါတယ်။
ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှ မမြင်တွေ့ခဲ့ဖူးတဲ့ ဆင်းရဲနွမ်းပါးမှုနှုန်း ဖြစ်ပါတယ်။ အနည်းဆုံးတော့ အနှစ် (၂၀) အတွင်းမှ ဒီလောက်မြင့်မားတဲ့ နှုန်းကို မတွေ့ခဲ့ဖူးပါဘူး။
ကျွန်တော် ပြောခဲ့တဲ့ ဆင်းရဲနွမ်းပါးမျဉ်းအောက် ရောက်နေတဲ့ လူပေါင်း သန်း (၂၀) ထဲက အများစုဟာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေသူတွေထဲမှာ မပါဝင်သေးပါဘူး။
ဒါပေမဲ့ သူတို့တွေလည်း ပါဝင်လာနိုင်ပါတယ်။ အဲဒီလို ဖြစ်မလာအောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။
ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီကနေ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ အကျပ်အတည်းကြီးဟာ တစ်ခု ထက်မကတဲ့ အကြောင်းတွေစုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။
ပြင်းထန်လာနေတဲ့ ပဋိပက္ခ၊ ကိုဗစ်-၁၉ ရောဂါ၊ အထူးသဖြင့် နွေရာသီတုန်းက ဖြစ်ခဲ့တဲ့ ဆိုးရွားပြင်းထန်တဲ့ တတိယလှိုင်း၊ ပြီတော့ ဖေဖေါ်ဝါရီလ စစ်တပ်က အာဏာလွှဲယူမှုတွေပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခု ဒီမှာ ကျွန်တော်တို့ မြင်တွေ့နေရတာက အကျပ်အတည်းတစ်ခု ဖြစ်နေချိန်မှာ နောက်အကျပ်အတည်းတစ်ခု ထပ်ဖြစ်လာတယ်၊ အဲဒါပြီးတော့ နောက်ထပ်အကျပ်အတည်းတစ်ခု ထပ်ဖြစ်လာတာပါ။
အခု လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေသူပေါင်း သုံးသန်းဟာဆိုရင် နိုင်ငံရဲ့ နယ်စပ်ဒေသအများအပြားမှာ ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။
ကရင်၊ ကချင်၊ ရှမ်းမြောက်ပိုင်း၊ ကယားအပြင် ပြည်မဒေသတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးရဲ့ မြို့ပြနဲ့ မြို့ပြအနီးဝန်းကျင်ဒေသတွေကလည်း ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် ဒီပြည်မဒေသတွေမှာ ပဋိပက္ခတွေကို အလွန်ပဲ တွေ့မြင်ရခဲပါ။
ဖေဖေါ်ဝါရီ (၁) ရက်နေ့ကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း (၂) သိန်းကျော် တိုးလာပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အသစ်ဖွဲ့စည်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားက ပဋိပက္ခတွေကြောင့် ဖြစ်ပါတယ်။
ဒီနေရာမှာ အလေးထားပြောချင်တာကတော့ အခြေအနေတွေက တော်တော်လေးကို စိုးရိမ်စရာ ကောင်းပါတယ်။
မြေပြင်မှာ လူသားချင်းစာနာ ထောက်ထားမှုလုပ်ဆောင်သူတွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူတွေကို ကူညီပေးဖို့ နေ့ရောညပါ အလုပ်လုပ်နေကြပါတယ်။
ဒုတိယအချက်အနေနဲ့ ကျွန်တော်အလေးအနက်ထား ပြောချင်တာက ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ လူသားချင်း စာနာထောက်ထားမှု လုပ်ဆောင်သူ မိတ်ဖက်တွေဟာ မြန်မာပြည်သူတွေနဲ့ အတူရှိနေပြီး ဆက်လက် ကူညီပေးနေကြတယ်ဆိုတာကိုပါ။
အခုကျွန်တော်တို့ စကားပြောနေတဲ့အချိန်မှာ … အခုစကားပြောနေတဲ့အချိန်က မြန်မာနိုင်ငံမှာတော့ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ ညသန်းခေါင်ယံအချိန်ဖြစ်နေတာပေါ့လေ။
ဒါပေမဲ့ ကျွန်တော်ပြောချင်တာက မြေပြင်မှာ ရှိနေတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာဆိုရင် စားနပ်ရိက္ခာတွေ၊ ငွေကြေးထောက်ပံ့မှုတွေ ဖြန့်ဝေပေးနေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လက်လှမ်းမီမှု တိုးတက်ရေး၊ နောက်ထပ်အခြေခံဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ ရေနဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုတွေ တိုးတက်ရရှိရေး လုပ်ဆောင်နေကြပါတယ်။
ဖေဖေါ်ဝါရီလကစပြီး ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံးက ကျေးလက်ဒေသ၊ မြို့ပြအချက်အချာဒေသနဲ့ မြို့ပြအနီးဝန်းကျင်တွေမှာ နေထိုင်သူပေါင်း (၁.၄) သန်းကို ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
လူပေါင်း ၆၆၀,၀၀၀ ကျော်ဟာဆိုရင်လည်း ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို ရရှိခဲ့ကြပါတယ်။
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း၊ ကျားမအခြေပြုအကြမ်းဖက်မှုဆိုင်ရာ ဝန်ဆောင်မှုများနဲ့ စိတ်လူမှုပိုင်းဆိုင်ရာ အထောက်အပံ့ပေးခြင်းတွေ အပါအဝင် ဖြစ်ပါတယ်။ ပဋိပက္ခဒဏ်သင့်တဲ့ နေရာဒေသတွေအားလုံးမှာ ပေးခဲ့တာပါ။
ပဋိပက္ခဒေသတွင်းက လူပေါင်း ၂၆၀,၀၀၀ ခန့်ဟာလည်း ယာယီနေစရာအမိုးအကာ ပံ့ပိုးမှုတွေကို ရရှိခဲ့ပါတယ်။
လူပေါင်း ၃၃၀,၀၀၀ ဟာဆိုရင်လည်း သန့်ရှင်းတဲ့ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး ဝန်ဆောင်မှုတွေကြောင့် အကျိုးခံစားခွင့် ရရှိခဲ့ပါတယ်။
ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်တို့ဟာ အသက်တွေကို ကယ်တင်နေပါတယ်။ လူတွေရဲ့ လူမှုဘဝ ဖူလုံရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေပါတယ်။
ဒါပေမဲ့ အကူအညီလိုအပ်တဲ့ လူတွေ အရေအတွက်ဟာ တိုးလာနေတဲ့အတွက် ကျွန်တော်တို့လည်း အတော်လေး အားမလိုအားမရ ဖြစ်ရပါတယ်။
လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို အရေးတကြီးလိုအပ်နေတဲ့ လူပေါင်း သုံးသန်းစလုံးဆီကို ကျွန်တော်တို့ ရောက်ရှိကူညီပေးနိုင်ခြင်း မရှိပါဘူး။
အဲဒီလို မကူညီနိုင်ရတဲ့ အကြောင်းရင်းအချို့ကို အနည်းငယ်တင်ပြလိုပါတယ်။ စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။
ပထမအကြောင်းရင်းကတော့ အင်မတန်ကြီးမားတဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုပိုင်းဆိုင်ရာ စိန်ခေါ်မှု ဖြစ်ပါတယ်။ ခရီးသွားလာမှု၊ ကိုဗစ်-၁၉ နဲ့ စပ်လျဉ်းတဲ့ ကန့်သတ်ချက်တွေ၊ လမ်းပိတ်မှုတွေ၊ ယေဘုယျအားဖြင့် လုံခြုံမှုမရှိတဲ့ အခြေအနေတွေကတော့ ကျွန်တော်တို့ ကူညီချင်တဲ့သူတိုင်းဆီကို မရောက်နိုင်ရခြင်းရဲ့ အဓိကအကြောင်းတစ်ခု ဖြစ်တယ်ဆိုတာကတော့ သေချာပါတယ်။
အခု ဒီသတင်းစာရှင်းလင်းပွဲမှာ အဖွဲ့တွေအားလုံးကို တိုက်တွန်းဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်ခံစားရ တာကတော့ ….
မိမိတို့ရဲ့ ဩဇာသက်ရောက်နိုင်မှုကို အသုံးချပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်း လုပ်ဆောင်နေသူတွေနဲ့ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဘေးကင်းလုံခြုံစွာနဲ့ အတားအဆီးမရှိ သွားရောက်ပေးအပ်နိုင်အောင် ကူညီပံ့ပိုးပေးဖို့ ဖြစ်ပါတယ်။
ဒုတိယအကြောင်းရင်းကတော့ ကျွန်တော်တို့အနေနဲ့ ရန်ပုံငွေရရှိမှု အကန့်အသတ်ရှိနေတာကြောင့် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုတွေကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါဘူး။
ကျွန်တော် ရှေ့မှာ တင်ပြခဲ့တဲ့ တစ်ခုထက်မကတဲ့ အကျပ်အတည်းတွေ ရှိနေပေမဲ့လည်း ကျွန်တော်တို့ရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေအတွက် ရန်ပုံငွေတွေ လုံလောက်စွာ မရရှိသေးပါဘူး။
အကူအညီလိုအပ်နေတဲ့ လူသုံးသန်းအတွက် ဒီနှစ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၈၅) သန်း ကျွန်တော်တို့ တောင်းခံထားပါတယ်။
ဒါပေမဲ့ ကနေ့အထိ အဲဒီပမာဏရဲ့ သုံးပုံတစ်ပုံကိုပဲ ကျွန်တော်တို့ လက်ခံရရှိပါသေးတယ်။
ဆိုလိုတာက ကျွန်တော်တို့မှာ ဒီနှစ်တစ်နှစ်တည်းအတွက်ကိုပဲ ရန်ပုံငွေကွာဟချက်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) ရှိနေပါတယ်။
အဲဒီအကြောင်းကြောင့်လည်း ကျွန်တော်တို့ရဲ့ UN စနစ်ကနေ ကူညီပေးရမယ့် လူတိုင်းဆီကို သွားရောက် ကူညီပေးနိုင်ခြင်း မရှိတာ ဖြစ်ပါတယ်။
အဲဒီအတွက်ကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေအားလုံးကို ပန်ကြားချင်တာကတော့ နှစ်ကုန်တဲ့အချိန် အထိ ကျွန်တော်တို့တွေအနေနဲ့ ဝန်ဆောင်မှုတွေကို ဆက်ပေးသွားနိုင်အောင် ကူညီပေးဖို့အတွက် ဘယ်လို ပံ့ပိုးပေးနိုင်မယ်ဆိုတာ စဉ်းစားပေးစေချင်ပါတယ်။
ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ပေါင်းစပ်ညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအတွက် CERF ရန်ပုံငွေ ဒေါ်လာ (၁၀) သန်းကို အသစ်ခွဲဝေချထားပေးပြီးဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
ဒါက တကယ်ကို အထောက်အကူဖြစ်မှာပါ။ ဒါပေမဲ့ လူတွေရဲ့ ဒုက္ခတွေကို တားဆီးပေးဖို့အတွက် ဒိထက်အများကြီး ပိုပြီး လိုအပ်နေပါသေးတယ်။
တတိယနဲ့ နောက်ဆုံး အကြောင်းရင်းကတော့ ဒီမှာ ရှိနေတဲ့ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ အားလုံးအနေနဲ့ ကျွန်တော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေနဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေး ကြိုးပမ်းဆောင်ရွက်ချက်တွေကို နိုင်ငံရေးနဲ့ ရောနှောခြင်း မရှိဘဲ သီးခြားစဉ်းစားပေးဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေဟာ လူသားချင်းစာနာမှု၊ ဘက်လိုက်ခြင်းကင်းမှု၊ သီးခြားရပ်တည်မှုနဲ့ ကြားနေမှုဆိုတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့အညီ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။
အရေးကြီးတာက ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံပြီး အတားအဆီးမရှိဘဲ အကူအညီလိုအပ်နေတဲ့ လူသုံးသန်းဆီကို အကူအညီတွေ သွားရောက်ပေးအပ်ခွင့်ရဖို့ လိုအပ်နေပါတယ်။ ကျေးဇူးတင်ပါတယ်။