Press Release

Rising food and fuel prices a looming threat to the poorest and most vulnerable in Myanmar, warns WFP

16 March 2021

  • English and Myanmar version in PDF attached
  • အောက်တွင်မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါသည်။

NAYPYITAW, MYANMAR – The United Nations World Food Programme (WFP) today warned of rising food and fuel prices as the current political unrest starts to impact supply chains and markets.

WFP’s food price monitoring shows that food prices are trending upwards in some urban areas with the retail price of palm oil up 20 percent since the start of February in the peri-urban areas of the main city Yangon, and rice prices in the peri-urban areas of Yangon and Mandalay also up 4 percent since the last week of February.

Across the country, the cost of rice showed an average increase of 3 percent on monitored markets from mid-January to mid-February. However, in a few townships in Kachin state, such as Bhamo and Putao, the increases are 20-35 percent.

“These initial signs are troubling, especially for the most vulnerable people who were already living meal-to-meal,” said WFP Myanmar Country Director Stephen Anderson. “Coming on top of the COVID-19 pandemic, if these price trends continue they will severely undermine the ability of the poorest and most vulnerable to put enough food on the family table.”

Steep spikes in oil prices have been observed in northern Rakhine where the average retail price of cooking oil increased by 27 percent from January to February, and in Maungdaw township the price of pulses jumped 15 percent. Increases in the price of cooking oil have also been observed in central Rakhine State (11 percent) and in Tanintharyi Region (14 percent).

WFP has also noted an increase of 15 percent in the cost of fuel countrywide since 1 February, raising concerns about further food price hikes. In northern Rakhine, the price of petrol has increased by 33 percent and diesel by 29 percent.

These rising food and fuel prices are compounded by the near paralysis of the banking sector, slowdowns in remittances, and widespread limits on cash availability.

In order to ensure life-saving monthly cash and food distributions continue to over 360,000 people – mainly internally displaced and living in camps – WFP is building a contingency food stock, which would allow a switch from cash to in-kind food assistance in case cash availability continues to be limited, or market supply is constrained.

“WFP reiterates the call of the United Nations Secretary-General for the will of the Myanmar people expressed in recent elections to be respected,” said Anderson. “At WFP we know all too well how hunger can quickly follow when peace and dialogue are sidelined.”

WFP’s food price data were collected from more than 70 townships, across 100 markets and 250 plus separate traders and shops. While monitoring the new trends closely, WFP’s first priority is to ensure its monthly life-saving food assistance continues to reach those in need. For details on price changes, please visit WFP’s Market Monitoring Dashboard.

# # #

The United Nations World Food Programme is the 2020 Nobel Peace Prize Laureate. We are the world’s largest humanitarian organization, saving lives in emergencies and using food assistance to build a pathway to peace, stability and prosperity for people recovering from conflict, disasters and the impact of climate change.

Follow us on Twitter @WFP_Media and @WFPAsiaPacific

သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်

စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများမြင့်တက်လာမှု မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးနှင့် အထိခိုက်လွယ်ဆုံးလူထုများကို အန္တရာယ်ပြုစေနိုင်ကြောင်း WFP သတိပေး

နေပြည်တော်၊ မြန်မာ - လက်ရှိနိုင်ငံရေးမငြိမ်သက်မှုအခြေအနေသည် ကုန်စည်စီးဆင်းမှုကွင်းဆက်များ (Supply Chains) နှင့် စျေးကွက်များ‌အပေါ်သို့ အကျိုးသက်ရောက်လာသည်နှင့်အမျှ စားနပ်ရိက္ခာနှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာလျက်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးသည်။

WFP ၏ စားနပ်ရိက္ခာဈေးနှုန်း စောင့်ကြည့်လေ့လာချက်များအရ အချို့သော မြို့ပြဒေသများတွင် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်နေလျက်ရှိကြောင်း တွေ့ရှိရသည်။ ရန်ကုန်မြို့၏ မြို့ပြဆင်ခြေဖုံးဒေသများတွင် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ စားအုန်းဆီ လက်လီစျေးနှုန်းသည် (၂၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ရန်ကုန်နှင့် မန္တလေး မြို့ပြဆင်ခြေဖုံးဒေသများရှိ ဆန်ဈေးနှုန်းများသည် ဖေဖော်ဝါရီလနောက်ဆုံးအပတ်မှစတင်ကာ (၄) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

နိုင်ငံ့အဝှမ်း လေ့လာလျက်ရှိသည့် စျေးကွက်များ၌ ဆန်စျေးနှုန်းများသည် ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလလယ် အတွင်း ပျမ်းမျှ (၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ၊ ဗန်းမော်နှင့် ပူတာအိုအပါအဝင် ကချင်ပြည်နယ်၏ မြို့နယ်အချို့တွင် ဆန်စျေးနှုန်းမြင့်တက်မှုမှာ (၂၀) ရာခိုင်နှုန်း မှ (၃၅) ရာခိုင်နှုန်းအထိပင်ရှိကြောင်း တွေ့ရှိရသည်။

“ဒီ ရှေ့ပြေးလက္ခဏာတွေဟာ အထူးသဖြင့် တစ်နေ့စာတစ်နေ့ ရှာဖွေစားသောက်နေကြရတဲ့ အထိခိုက်လွယ်ဆုံးသူတွေအတွက် တကယ့်ကို စိတ်ပူစရာဖြစ်ပါတယ်။ ရှိနေပြီးသား COVID-19 ရဲ့ ရိုက်ခတ်မှုတွေပေါ်မှာမှ  အခုလို ကုန်စျေးနှုန်းတွေ ဆက်ပြီးမြင့်တက်နေဦးမယ်ဆိုရင် အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံးရပ်ရွာလူထုတွေအနေနဲ့ မိသားစုထမင်းဝိုင်းမှာ ဝဝလင်လင် စားသောက်နိုင်ဖို့ အတော့်ကိုရုန်းကန်ကြရမယ့်အခြေအနေပါ။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr Stephen Anderson က ပြောသည်။

စားသုံးဆီ‌စျေးနှုန်း သိသိသာသာမြင့်တက်လာမှုကို  ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တွေ့ရှိခဲ့ရာ  ဇန်နဝါရီမှ ဖေဖော်ဝါရီလအတွင်း ပျမ်းမျှ စားသုံးဆီဈေးနှုန်းသည် (၂၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ထို့အတူ မောင်တောမြို့နယ်တွင် ပဲမျိုးစုံဈေးနှုန်းသည်လည်း (၁၅) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ စားသုံးဆီဈေးနှုန်း မြင့်တက်မှုများကို ရခိုင်ပြည်နယ်အလယ်ပိုင်းတွင် (၁၁) ရာခိုင်နှုန်း နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် (၁၄) ရာခိုင်နှုန်းအထိ တွေ့ရှိရသည်။

လောင်စာဆီစျေးနှုန်းများတွင် နိုင်ငံ့အဝှမ်း ဖေဖော်ဝါရီ (၁) ရက်မှစ၍ (၁၅) ရာခိုင်နှုန်းမြင့်တက်လာကြောင်း WFP က တွေ့ရှိခဲ့သည်။ လောင်စာဆီစျေးနှုန်းများမြင့်တက်မှုသည် စားနပ်ရိက္ခာစျေးနှုန်းများ ထပ်မံမြင့်တက်လာအောင် တွန်းပို့နိုင်မည့်အခြေအနေရှိပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဓာတ်ဆီစျေး (၃၃) ရာခိုင်နှုန်းနှင့် ဒီဇယ်စျေး (၂၉) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ဖော်ပြပါကဲ့သို့ စားသောက်ကုန်နှင့်လောင်စာဆီစျေးနှုန်းများမြင့်တက်လာခိုက်တွင် ဘဏ်လုပ်ငန်းကဏ္ဍလည်ပတ်မှု ဆိုင်းငံ့သွားခြင်း၊ ငွေလွှဲပေးပို့မှုများ နည်းပါးသွားခြင်းနှင့် ငွေသားလက်ဝယ် ရရှိနိုင်မှု အကန့်အသတ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာခြင်းစသည်တို့က အခြေအနေအရပ်ရပ်ကို ပိုမိုခက်ခဲသွားစေပါသည်။

WFP အနေဖြင့် လက်ရှိတွင် တိုက်ပွဲရှောင်စခန်းများတွင်နေထိုင်နေကြသော နေရပ်စွန့်ခွာရသူများ လူဦးရေ ၃၆၀,၀၀၀ ကျော်အတွက် လစဥ်ထောက်ပံ့ပေးလျက်ရှိသော ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များ ရပ်တံ့သွားခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် အရေး‌ပေါ်အရံစားနပ်ရိက္ခာများကို ဝယ်ယူစုဆောင်းလျက်ရှိပါသည်။ အကယ်၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးသွားပါက သို့မဟုတ် ငွေသားရရှိနိုင်မှုအခက်အခဲများ ဆက်လက်ဖြစ်ပေါ်နေပါက အဆိုပါအရေးပေါ်အရံစားနပ်ရိက္ခာများကို အသုံးပြုကာ WFP အနေဖြင့် လစဥ်ပေးအပ်လျက်ရှိသော ငွေသားအထောက်အပံ့များအစား အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့အဖြစ် ပြောင်းလဲပေးအပ်နိုင်မည်ဖြစ်ပါသည်။

“မကြာသေးမီကကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ထင်ဟပ်ခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ဆန္ဒသဘောထားကို လေးစားလက်ခံလိုက်နာကြဖို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တိုက်တွန်းခဲ့တဲ့အတိုင်း WFP အနေနဲ့ ထပ်လောင်းတိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဘေးဖယ်ထားလိုက်တဲ့အခါမျိုးမှာ ငတ်မွတ်ခေါင်းပါးမှုအခြေအနေတွေ ဘယ်လိုမြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာနိုင်သလဲဆိုတာ  နိုင်ငံတကာ အတွေ့အကြုံတွေ့အရ ကျွန်တော်တို့ WFP က ကောင်းကောင်းသိရှိနားလည်ထားပါတယ်။” ဟု Mr Stephen Anderson က ပြောသည်။

WFP ၏ ကုန်စျေးနှုန်း အချက်အလက်များကို မြို့နယ်ပေါင်း (၇၀) ကျော်ရှိ စျေးပေါင်း (၁၀၀) ကျော် နှင့် မတူညီသော ကုန်သည်များနှင့် စျေးဆိုင်‌ပေါင်း (၂၅၀) မှ ကောက်ယူရရှိခဲ့ခြင်းဖြစ်ပါသည်။ WFP ၏ ပထမ ဦးစားပေးသည် အကူအညီလိုအပ်နေသူများထံ ၎င်း၏ ကယ်ဆယ်ရေး လစဥ် စားနပ်ရိက္ခာအထောက်အပံ့များအား ရပ်တံ့ခြင်းမရှိ ဆက်လက်ပေးအပ်သွားရန်ဖြစ်ပြီး၊ တစ်ချိန်တည်းတွင် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်ကို အနီးကပ်စောင့်ကြည့်ရန်ဖြစ်ပါသည်။

ကုန်စျေးနှုန်းအပြောင်းအလဲများကို အသေးစိတ်သိရှိလိုပါက WFP ၏ စျေးကွက်လေ့လာချက် ဒက်ရှ်ဘုတ်တွင် ကြည့်ရှုနိုင်ပါသည်။

#                            #                            #

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ၂၀၂၀ ခုနှစ်  ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

WFP ကို တွစ်တာတွင် @WFP_Media နှင့် @WFPAsiaPacific တို့မှတစ်ဆင့် ချိတ်ဆက်နိုင်ပါသည်။

Rising food and fuel prices a looming threat to the poorest and most vulnerable in Myanmar, warns WFP

Kun Li

WFP
Regional Bureau for Asia and the Pacific, Bangkok, Thailand

UN entities involved in this initiative

WFP
World Food Programme

Goals we are supporting through this initiative