နောက်ဆုံးပေါ်
ဗွီဒီယို
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗွီဒီယို သတင်းစကား
ပိုမိုလေ့လာရန်
မိန့်ခွန်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သတင်းစကား
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံအတွင်း စူပါတိုင်ဖွန်း ရာဂီ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရေဘေးတုံ့ပြန်မှုအကူအညီများ WFP စတင်ပေးအပ်မည်
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
ဗွီဒီယို
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဗွီဒီယို သတင်းစကား
(အလွတ်သဘော ဘာသာပြန်ဆိုချက်)မြင်မြင်သမျှ နေရာတိုင်းမှာ ငြိမ်းချမ်းရေးဟာ တိုက်ခိုက်ခံနေရပါတယ်။ဂါဇာမှသည် ဆူဒန်နဲ့ ယူကရိန်းနိုင်ငံတွေသာမက တခြားဒေသတွေမှာပါ အဲဒီလို ကြုံတွေ့နေရတာပါ။ပစ်ခတ်တိုက်ခိုက်မှုတွေကြား ကြားညှပ်နေရတဲ့ အရပ်သားပြည်သူတွေ၊တစ်စစီဖြစ်သွားတဲ့ နေအိမ်တွေ၊ရုပ်ဝတ္ထုပစ္စည်းတွေသာမက တခါတရံ လူအသက် အားလုံးပါ ဆုံးရှုံးခဲ့ရလို့ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ဒဏ်ရရခဲ့ကြတဲ့ ပြည်သူလူထုတွေ ဖြစ်ပါတယ်။ အဲဒီ လူတွေရဲ့ ဆင်းရဲဒုက္ခ တသီတတန်းကြီးကို ရပ်တန့်ပစ်ရပါမယ်။ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက ငြိမ်းချမ်းရေး လိုအပ်နေပါတယ်။ ငြိမ်းချမ်းရေးဟာ လူသားအားလုံးအတွက် အကောင်းဆုံးဆုလာဘ် ဖြစ်ပါတယ်။နောက်ပြီး ဖြေရှင်းနည်းတွေက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိတယ်ဆိုတာကို ဒီအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ငြိမ်းချမ်းရေးရဲ့ တန်ဖိုး၊ အယူအဆနဲ့ နည်းလမ်းတွေ (culture of peace) ကို ပြုစုပျိုးထောင်တာက မတူကွဲပြားမှု၊ အခွင့်အာဏာမဲ့မှုနဲ့ စိတ်ပျက်အားငယ်မှုတွေကို တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးအတွက် မျှော်လင့်ချက်တွေနဲ့ အစားထိုးတာကို ဆိုလိုပါတယ်။ဆိုလိုတာက ပဋိပက္ခတားဆီးရေးကို အလေးထားတာ၊ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်တွေဆီရောက်ရှိအောင် တိုးမြှင့်ဆောင်ရွက်တာ၊ လူ့အခွင့်အရေးတွေကို မြှင့်တင်တာတွေ ဖြစ်ပါတယ်။နောက်ပြီး ခွဲခြားဆက်ဆံမှုနဲ့ အမုန်းတရား ပုံစံအားလုံးကို ကိုင်တွယ်ဖြေရှင်းတာ ဖြစ်ပါတယ်။ဒီလမှာ ကျင်းပတဲ့ အနာဂတ် ညီလာခံဟာ အဲဒီ ရည်မှန်းချက်တွေကို တွန်းအားပေးနိုင်တဲ့ အရေးပါတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်။အဲဒီအခွင့်အလမ်းကို အသုံးချကြရအောင်ပါ။ငြိမ်းချမ်းရေးအတွက် အတူတကွ အုတ်မြစ်ချကြရအောင်ပါ။နောက်ပြီး တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုတို့ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ပြုစုပျိုးထောင်ကြရအောင်ပါ။ကျေးဇူးတင်ပါတယ်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။
မြန်မာနိုင်ငံအတွင်း စူပါတိုင်ဖွန်း ရာဂီ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရေဘေးတုံ့ပြန်မှုအကူအညီများ WFP စတင်ပေးအပ်မည်
ရန်ကုန်- လွန်ခဲ့သည့်ရက်ပိုင်းအတွင်း စူပါတိုင်ဖွန်း ရာဂီ ဖြတ်သန်းပြီးနောက် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံလျက်ရှိသည့် ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ရန် ရေဘေးတုံ့ပြန်မှုလုပ်ငန်းတစ်ရပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယခုသီတင်းပတ်တွင် စတင်သွားမည်ဖြစ်ပါသည်။ WFP သည် ဇူလိုင်လမှစတင်၍ ရေဘေးတုံ့ပြန်ရေးအကူအညီများ ပေးအပ်လျက်ရှိရာ ယခုအခါ လုပ်ငန်းပမာဏ သိသိသာသာ တိုးချဲ့ကာ အကူအညီများ ပေးအပ်သွားမည်ဖြစ်ပါသည်။စက်တင်ဘာ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးကြီးမှုများ၊ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရသည်။ ရေလွှမ်းမိုးမှုများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကြရပြီး နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး လူပေါင်း ၆၃၁,၀၀၀ ခန့် ဘေးသင့်ခဲ့ကြရသည်။“စူပါတိုင်ဖွန်း ရာဂီကြောင့်ဖြစ်ခဲ့တဲ့ ဒီရေဘေးဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးရေဘေးပါပဲ။ နိုင်ငံရဲ့ နေရာအတော်များများမှာ ရေလွှမ်းမိုးခံနေရပြီး တချို့နေရာတွေမှာဆိုရင် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ရေလွှမ်းမိုးတာကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။ “ဒီရေဘေးရဲ့ စားနပ်ရိက္ခာဖူလုံမှုအပေါ် သက်ရောက်မှုက အင်မတန် ပြင်းထန်ဆိုးရွားလှပါတယ်။ ရေကြီးမှုတွေ မဖြစ်ပွားခင် သြဂုတ်လမှာကတည်းက မြန်မာနိုင်ငံမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာ မလုံလောက်မှုကို ကြုံတွေ့နေရတာပါ။ အခုလို တိုးပွားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်မတို့ဝန်ထမ်းအဖွဲ့တွေဟာ အချိန်နဲ့တပြေးညီ လုပ်ဆောင်နေကြပါတယ်။” ဟု ၎င်းက ပြောသည်။WFP သည် အရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ရေဘေးသင့်ပြည်သူ ၅ သိန်းခန့်အထိအတွက် ဆန်၊ အားဖြည့်ဘီစကစ်များနှင့် အာဟာရ အထောက်အပံ့များ ပါဝင်သည့် တစ်လစာ စားနပ်ရိက္ခာများကို တိုက်ရိုက် ဖြန့်ဝေ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် WFP ဝန်ထမ်းအဖွဲ့များသည် သီးနှံစိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလက်လှမ်းမီရရှိရေးတို့အပေါ် ရေဘေး၏ အကျိုးသက်ရောက်မှုအခြေအနေများကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အကဲဖြတ်လေ့လာလျက်ရှိပါသည်။တိုင်ဖွန်း ရာဂီ မတိုင်မီက WFP သည် ဇူလိုင်နှင့် သြဂုတ်လအတွင်း လယ်ဧက သောင်းနှင့်ချီ ရေလွှမ်းမိုးခံခဲ့ရသော ရေဘေးအတွင်း အရေးပေါ်အကူအညီအနေဖြင့် ရေဘေးသင့်ပြည်သူ ၁၈၅,၀၀၀ ခန့်အား စားနပ်ရိက္ခာအထောက်အပံ့များ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ဓာတ်ပုံများကို ဤ link တွင် ရယူနိုင်ပါသည်။
5 ၏ 1
မိန့်ခွန်း
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ၏ ထုတ်ပြန်ချက်
လေးစားအပ်ပါသော
နာယကကြီး
အဖွဲ့ဝင်များ နှင့် ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်များ ခင်ဗျာ၊
ကျွန်တော်တို့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရေးရာကိစ္စကို ထပ်မံ စည်းဝေးဆွေးနွေးနေချိန်မှာတော့ တရားမ၀င် စစ်အာဏာရှင် (အစိုးရ)တရပ်ကြောင့် မွန်းကြပ်နေရတဲ့ တိုင်းပြည်တခုကို မျက်ဝါးထင်ထင်တွေ့ မြင် သက်သေခံနေကြပါတယ်။မြန်မာနိုင်ငံဟာ ဝေဒနာဒုက္ခပြင်းထန်စွာ ခံစားနေရပါတယ်။လူ့အခွင့်အရေးတွေ အရှိန်အဟုန်ပြင်းစွာ ဆက်လက် ယိုယွင်းပြိုပျက်လျှက်ရှိပါတယ်။ဤသည်မှာ ဆယ်စုနှစ်များစွာကြာ စစ်တပ်လွှမ်းမိုးချုပ်ကိုင်မှု၊ အတိုက်အခံ သဘောထားကွဲလွဲမှုများအပေါ် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ သွေးကွဲ ခွဲခြားများရဲ့ ဆိုးမွေ ပြယုဂ် အကျပ်အတည်းကပ်ဆိုးတရပ်ပါ။ယခုဆိုလျှင် အဆိုပါ လားရာ ပုံစံတူတွေဟာ ရိုဟင်ဂျာနှင့် ရခိုင် လူမှုအသိုက်အဝန်းများအပေါ် ထိတ်လန့်စရာကောင်းစွာ ဖြစ်တည်လျှက်ရှိပါတယ်။ခေါင်းဖြတ်ခြင်း၊
ညသန်းခေါင် ဒရုန်းတိုက်ခိုက်မှု၊
လူများ အိပ်ပျော်နေချိန် နေအိမ်များ မီးရှို့ခြင်း၊
လူတွေ အသက်လုပြီး ထွက်ပြေးနေစဉ် သေနတ်နဲ့ ပစ်သတ်ခံရခြင်း ကဲ့သို့သော ကြောက်မက်ဖွယ်စစ်နည်းဗျူဟာများအကြောင်း ကျွန်ုပ်တို့/ကျွန်တော်တို့ ကြားသိနေရပါတယ်။စစ်တပ်ဟာ နယ်မြေအများအပြား ထိန်းချုပ်မှု ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် ပြင်းထန်တဲ့ အဆုံးစွန် အစီအမံတွေကို တိုးမြှင့်ချမှတ်ကျင့်သုံးနေပါတယ်။
အဓမ္မ စစ်မှုထမ်းခြင်း၊ မြို့ရွာများကို ခွဲခြားသတ်မှတ်မှုကင်းစွာ ဗုံးကြဲခြင်း၊ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများ ကျူးလွန်ခြင်း။နာယကကြီး ခင်ဗျား
အရှေ့တောင်အာရှ ခရီးစဉ်ကနေ ကျွန်တော် မကြာသေးခင်က ပြန်ရောက်ခဲ့ပါတယ်။
အကျပ်အတည်းရဲ့ ပြင်းထန်တဲ့ ဒေသဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့ ဒီအနိဋာရုံကပ်ဆိုးကြီးကိုရပ်တန့်ဖို့ ခေါင်းဆောင်မှုနဲ့ သြဇာလွှမ်းမိုးမှု အရေးတကြီး လိုအပ်မှုတွေနဲ့ပတ်သက်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေဆီက ကြားသိခွင့်ရခဲ့ပါတယ်။မြန်မာစစ်တပ်ဟာ ၎င်းရဲ့ အကြမ်းဖက် အကြောက်တရားလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန် လိုအပ်တဲ့ နိုင်ငံခြားငွေနဲ့ လက်နက်များ ဆက်လက်ရရှိနေပြီး တဖက်တွင်မူ မြန်မာနိုင်ငံပြည်သူများအတွက် နိုင်ငံတကာမှ ငွေကြေးပံ့ပိုးမှုမှာ မဖြစ်စလောက် အနည်းငယ်မျှသာ ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ နက်ရှိုင်းလေးနက်တဲ့ မျှော်လင့်ချက်ကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ ဒုက္ခသည် အသိုင်းအဝိုင်းတွေနဲ့ ဆွေးနွေးမှုတွေမှာ တိုင်းရင်းသား အသိုက်အဝန်းအားလုံးက မျိုးဆက်သစ်လူငယ်တွေဟာ မြန်မာနိုင်ငံအနာဂတ်အတွက် အားလုံးပါဝင်နိုင်တဲ့ မျှော်မှန်းချက်ကို ဖန်တီးဖို့ကြိုးပမ်းဆောင်ရွက်နေတာကို အထင်အရှား တွေ့မြင်ခဲ့ရပါတယ်။မလေးရှားမှာ တိုင်းရင်းသား အသိုက်အဝန်းအားလုံးနီးပါးက ကိုယ်စားလှယ်တွေနဲ့ အတူတကွ တွေ့ဆုံခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရိုဟင်ဂျာများနဲ့ အခြားတိုင်းရင်းသားအသိုင်းအဝန်းတွေ စားပွဲဝိုင်းတစ်ခုထဲမှာ တွေ့ဆုံဖို့ဆိုတာဟာ မတွေးဝံ့စရာ ကိစ္စပါ။ သူတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ မျှဝေထားတဲ့မျှော်လင့်ချက်တွေကြောင့် ကျွန်တော်ဝမ်းနည်းဝမ်းသာ စိတ်ထိခိုက်ရပါတယ်။ထိုင်းနိုင်ငံမှာ မတူညီတဲ့ လူမှုအသိုင်းအဝန်းနဲ့ နောက်ခံအမျိုးမျိုးက မြန်မာ အရပ်ဘက်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေ ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေဟာလည်း တူညီတဲ့ ဘုံရည်ရွယ်ချက်တခုနဲ့ စည်းလုံးညီညွတ်လျှက်ရှိပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင် ငြင်းဆန်ခြင်း၊ တာဝန်ယူ တာဝန်ခံမှုအပေါ် သူတို့ရဲ့တောင်းဆိုချက်၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် လိုလားတောင့်တချက် တွေပါ။ဒီလူငယ်တွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် ခိုင်မာတဲ့ မျှော်လင့်တောင်းတချက်တွေထားရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲဒုက္ခ အတိုင်းအတာကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ထိုက်တန်တဲ့အာရုံစိုက်မှု ရရှိဖို့ သူတို့ ကြိုးပမ်းအားထုတ်နေကြပါတယ်။ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ နိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုင်းအဝိုင်းတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ၊ ဝန်ဆောင်မှုများ တိုက်ရိုက်ပေးပို့ဖို့အတွက် မြေပြင်မှာ လုပ်ကိုင်ဆောင်ရွက်နေသူတွေဆီ ထောက်ပံ့ငွေတွေ ရရှိလာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြပါတယ်။သူတို့တွေဟာ လိုအပ်နေတဲ့ ရပ်ရွာလူမှုအသိုင်းအဝိုင်းတွေကို ကူညီဖို့ နဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို တွန်းလှန်ဖို့အတွက် သူတို့ရဲ့ အသက်တွေ ၊ ဘဝတွေကို စွန့်လွှတ်စတေးခဲ့ကြပါတယ်။သူတို့နှင့်ဆိုလျှင် အနာဂတ်ဆိုသည်မှာ ဖြစ်နိုင်ဖွယ် ကိစ္စပါ။နာယကကြီး ခင်ဗျား
ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ တော်လှန်မှုကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။စစ်တပ် ထိန်းချုပ်မှု ပြင်ပရှိ အချို့သော ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ တက်ကြွလှုပ်ရှားသူများရဲ့ ပံ့ပိုးထောက်ခံမှုဖြင့် ဒေသန္တရ အုပ်ချုပ်ရေး ပုံစံသစ်များ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီဒေသန္တရ အုပ်ချုပ်ရေးတွေဟာ လူသားချင်းစာနာထောက်ထားမှု မဖြစ်စလောက်အနည်းငယ်မျှ သို့မဟုတ် လုံးဝမရရှိကြတဲ့ ထောင်သောင်းများစွာအတွက် အစားအစာ၊ အမိုးအကာ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပံ့ပိုးပေးနေကြပါတယ်။ထို့အပြင် ပြည်သူ့ဝန်ဆောင်မှုစနစ်တစ်ခု လုံးလုံးလျားလျား ပျက်သုဉ်းပျောက်ကွယ်နေတဲ့ အခြေအနေအောက် အရေးတကြီးလိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှု(ဝန်ဆောင်မှု) တွေလည်း ဒေသန္တရ အုပ်ချုပ်ရေးတွေက ထမ်းဆောင်ပေးလျှက်ရှိပါတယ်။ဥပမာအားဖြင့် ကယားပြည်နယ်ရှိ ကရင်နီဒေသကြားကာလစီမံအုပ်ချုပ်ရေးကောင်စီသည် ရပ်ရွာလူမှု အသိုင်းအဝိုင်းရဲ့လိုအပ်ချက်တွေကို တုံ့ပြန်ဖြေရှင်းပေးဖို့ ပြည်သူများမှ ရွေးကောက်တင်မြှောက်ထားသော အဖွဲ့ဝင် ခုနစ်ဦးရှိသည့် ဒေသန္တရ အုပ်ချုပ်ရေးစနစ်ကို ဖန်တီးခဲ့ပါတယ်။အရပ်သားတွေ၊ ထွက်ပြေးလာသူတွေနဲ့ လက်နက်ချသူတွေကို အချိန်တိုင်း အကာအကွယ်ပေးဖို့ စစ်တပ်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အားလုံးကို ကျွန်တော် တောင်းဆိုပါတယ်။နာယကကြီး ခင်ဗျား
မြန်မာပြည်သူပြည်သားတွေဟာ ပို၍ စိတ်ပျက်အားငယ်၊ ပို၍ ဒုက္ဒဆင်းရဲ၊ ပို၍ ကြောက်ရွံ့ နေကြရမည် ဖြစ်ပါတယ်။လက်နက်ကိုင်ပဋိပက္ခတွေဟာ နိုင်ငံတစ်ဝှမ်းတွင် ရက်စက်ကြမ်းကြုတ်စွာ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပိုမိုဆိုးရွားစွာ ထိခိုက်သေကြေနေဆဲပါ။ မကြာသေးမီရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေကြောင်းတိုက်ခိုက်မှုများ၊ ရေတပ် အမြောက်များ၊ ပစ်ခတ်တိုက်ခိုက်မှုများတွင် အရပ်သားများအမြောက်အများ သေဆုံးခဲ့သည်ဟု ဆိုသည့် ဖြစ်စဉ်များစွာကိုလည်း ကျွန်တော် ရုံးမှ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။မောင်တောရဲ့ အခြေအနေကို ကျွန်တော် လွန်စွာစိုးရိမ်မိပါတယ်။ ယခုသီတင်းပတ်ကုန်မှာ ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာဦးရေ အများအပြားအပါအဝင် ကျန်နေထိုင်သူအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ဒါပေမယ့် ရိုဟင်ဂျာမှာ ရွေးချယ်ခွင့်မရှိပါဘူး။ ထွက်ပြေးစရာနေရာမရှိဘူး။ရိုဟင်ဂျာတွေ ထွက်ပြေးဖို့ အမိန့်ထုတ်ပြီး မြို့မီးလောင်ခဲ့တဲ့ ဘူးသီးတောင်ကဲ့သို့ အလားတူ ပုံစံအတိုင်း အိုးအိမ်မဲ့၊ ဖျက်ဆီးမှုတွေနဲ့ ချိုးဖောက်ကျူးလွန်ခံရမှုတွေ ကျွန်တော်တို့ တွေ့ကြုံလာရဦးမှာကို ကျွန်တော် စိုးရိမ်မိပါတယ်။မကြာသေးမီရက်ပိုင်းအတွင်းက အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့ စစ်တွေမြို့အနီးတစ်ဝိုက်ရှိ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို စစ်တပ်က ရွှေ့ပြောင်းခိုင်းခဲ့ကြောင်းလည်း ကြားသိရပါတယ်။အခြားဥပမာတစ်ခုအနေဖြင့် စစ်တပ်က ၎င်းတို့ရဲ့ လက်နက်ကိုင် ပြိုင်ဘက် ရက္ခိုင့်တပ်တော်အား ထောက်ခံအားပေးသည့် တိုက်ပွဲဝင်နိုင်သောအသက်အရွယ်ရှိတဲ့ အမျိုးသားများတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတဲ့အတွက် ဗျိုင်းဖြူကျေးရွာမှာ နေထိုင်သူ ရာနှင့်ချီပြီး ကင်းမဲ့နေကြောင်း သိရပါတယ်။အမျိုးသားများတွေကို အမျိုးသမီးများနှင့် ခွဲထုတ်ခြင်း၊ လူဒါဇင်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပစ်သတ်ခြင်းခံခဲ့ရတယ်ဟု ဆိုကြပါတယ်။ အခင်းဖြစ်နေရာမှာ အနည်းဆုံး အမျိုးသမီးငါးဦးကိုလည်း အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း အများအပြားက အစီရင်ခံ စွပ်စွဲထားပါတယ်။ သူတို့ရွာ မီးလောင်သွားတယ်။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရာနှင့်ချီသော အမျိုးသားတွေ ပျောက်ဆုံးနေကြပါတယ်။ယုတ်မာသော လုပ်ရပ်တစ်ခုမှာ စစ်တပ်က ရိုဟင်ဂျာ လူငယ်တွေကို စစ်တပ်ထဲ ဝင်ဘို့/ဖို့ ဖိအားပေး ခြိမ်းခြောက်ခဲ့ပါတယ်။ ရိုဟင်ဂျာလူငယ်ထောင်ပေါင်းများစွာသည် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ၎င်းတို့ရဲ့ လူမှုအသိုင်းအဝိုင်း ထောင်သောင်းများစွာကို အိုးမဲ့အိမ်မဲ့ ဖြစ်စေခဲ့တဲ့ အဆိုပါအလားတူတပ်ရင်းတပ်ဖွဲ့တွေမှာ စစ်မှုထမ်းစေခဲ့ရကြောင်း အချို့သော အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ရက္ခိုင့်တပ်တော်က ရိုဟင်ဂျာတွေကို စစ်တပ်နဲ့ တိုက်ဖို့ ဖိအားပေးတိုက်တွန်းခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်က ဒေသခံတွေကို အတင်းအကျပ် ရွှေ့ပြောင်းစေခြင်းဖြင့် ၎င်းတို့၏ ရပ်ရွာလူမှု အသိုင်းအဝိုင်းတွေကို ပစ်မှတ်ထားခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်က ၎င်းတို့အား လက်နက်ဆန့်ကျင်တယ်လို့ သံသယရှိတဲ့ စစ်တိုက်နိုင်တဲ့ အသက်အရွယ်ရှိ အမျိုးသားများကို ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ထိုနည်းပရိယာယ်တွေဟာ စနစ်တကျ အကြမ်းဖက်ခြင်း၊ နှိပ်စက် ဖိနှိပ်ခြင်းနှင့် လူများကို အတင်းအကျပ် ရွှေ့ပြောင်းစေခြင်းများရဲ့ ၂၀၁၇ခုနှစ်မှ ထိတ်လန့်ဖွယ်ပုံရိပ်တွေနဲ့ အမှတ်တရများကို ပြန်လည်ပုံပေါ် စေခဲ့ပါတယ်။ ယနေ့ဆိုလျှင် မောင်တောနှင့် ဘူးသီးတောင် အပိုင်းများ အလှည့်ကျ မီးရှို့ခံခဲ့ရပါတယ်။ရခိုင်တိုင်းရင်းသားတွေရဲ့ နေအိမ်များနှင့် ရပ်ကွက်များ မီးတင်ရှို့ခံခဲ့ရပြီး ရက်အနည်းငယ်အကြာ ရိုဟင်ဂျာရွာများကိုမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ထို့အပြင် အဆိုပါရပ်ရွာလူမှုအသိုင်းအဝိုင်းတွေက ထောင်သောင်းချီတဲ့ အရပ်သားတွေဟာ အတင်းအကျပ်ထွက်ပြေးခဲ့ရပြီး သူတို့ထဲက ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်း အလုံးစုံဟာ လုံခြုံဘေးကင်းရာသို့ရှာဖွေဖို့ အာမခံချက်မရှိကြပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ဟာ ရေရှည်အဖြေ အလားအလာကင်းမဲ့စွာ ဆိုးရွားသောအခြေအနေတွင် နိမ့်ပါးစွာ နေထိုင်နေရဆဲဖြစ်ပါတယ်။အဆိုပါ အဖြစ်အပျက်တွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးလုပ်ရပ်လို့ ဂမ်ဘီယာနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေက စွပ်စွဲတဲ့အမှုကို စစ်ဆေးနေချိန် နိုင်ငံတကာတရားရုံးက စည်းနှောင်မှုရှိတဲ့ အရေးပေါ်ယာယီအစီအမံချမှတ်ထားတာတွေနဲ့ ရင်ဆိုင်နေရတဲ့ အနေအထားမှာ ဖြစ်ပွားနေတာပါ။အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးရှေ့မှောက် ဆိုင်းငံ့ထားသည့် တရားစွဲဆိုမှုများအပါအဝင် တာဝန်ယူ တာဝန်ခံမှုမှာ လုံးဝအရေးပါသည့်ကိစ္စ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အတိတ်အသွင်ကူးပြောင်းမှုမှာ တာဝန်ယူတာဝန်ခံမှု အာမခံစေရန် ပျက်ကွက်မှုများသည် ယခုအခါ သမိုင်းတပတ် ပြန်လည်လာပြီး၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကို ခြောက်လှန့်လျှက်ရှိပါတယ်။နာယကကြီး ခင်ဗျား
ရခိုင်ပြည်နယ်ရဲ့ ဝမ်းနည်းစရာကောင်းသည့် အခြေအနေမှာ သုံးနှစ်ကြာ ပဋိပက္ခဖြစ်ပွားစေခဲ့သော ဤအာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းလုံး နာကျင်ခံစား ဒုက္ခဝေဒနာများ၏ ဥပမာတစ်ခုမျှသာဖြစ်ပါတယ်။စစ်တပ်သည် ခွဲခြားသတ်မှတ်ခြင်းကင်းမဲ့စွာ တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့၊ လုပ်နေဆဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး စစ်တပ်လက်ချက်ကြောင့် အနည်းဆုံးအမျိုးသမီး ၁,၀၂၂ ဦးနှင့် ကလေး ၆၆၇ ဦး အပါအဝင် အရပ်သား ၅,၂၈၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။ အနည်းဆုံး လူ ၂၆,၈၆၅ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀,၅၉၂ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ယခုပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ သုံးသန်းကျော်ရှိပြီး အများစုမှာ သင့်လျော်သော အမိုးအကာမရှိကြသေးပါ။ အစားအစာ သို့မဟုတ် ရေ လက်လှမ်းမီရရှိခြင်း မရှိကြပါ။ မရှိမဖြစ်လိုအပ်သောဆေးဝါးများနှင့်ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝင်ရောက်ခွင့်ကို စစ်တပ်က ဆက်လက်ငြင်းဆိုခြင်း၏ မမြင်နိုင်သည့်၊ အစီရင်ခံတင်ပြမှု နည်းပါးသည့် ရက်စက်ကြမ်းကြုတ်သော အခြား အကျိုးဆက်များစွာ တည်ရှိနေဆဲပါ။နာယကကြီး ခင်ဗျား
အကြမ်းဖက်မှုတွေ အဆုံးသတ်ရပါမယ်။ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ အဆုံးသတ်ရပါမယ်။ အတင်းအဓမ္မ စစ်မှုထမ်းခြင်း အဆုံးသတ်ရပါမယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ငြင်းပယ်ခြင်း အဆုံးသတ်ရပါမယ်။၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ နောက်ထပ်တဖန် မဖြစ်ပွားအောင် တားဆီးကြဖို့ အားလုံးကို ကျွန်တော် တိုက်တွန်းလိုပါတယ်။အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုများမှ ထွက်ပြေးလာသူတွေကို နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု အာမခံပေးရေး၊ လုံလောက်သော အမိုးအကာ၊ ပံ့ပိုးမှုနှင့် မရှိမဖြစ် ဝန်ဆောင်မှုတွေ ရေရှည် ရရှိစေရေးအတွက် ဒေသတွင်းရှိ နိုင်ငံများအားလည်း ကျွန်တော် တောင်းဆိုပါရစေ။ အထူးသဖြင့် နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှု နဲ့ အတင်းအကျပ် ပြန်ပို့ခံရခြင်းများ မကြာခဏ ကြုံရလေ့ရှိတဲ့ လူ့အခွင့်အရေး ကာကွယ်သူများအတွက် အထူးပြဋ္ဌာန်းချက် ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ယခုအချိန်မှာ မြန်မာနိုင်ငံသို့ မည်သူတဦးတယောက်ကိုမှ အတင်းအကျပ် ပြန်မပို့သင့်တော့ပါ။လျော့ပါးမသွားတဲ့ လက်ရှိအကျပ်အတည်းကို စုပေါင်းတုံ့ပြန်နိုင်မဲ့နည်းလမ်းကို ကျွန်တော်တို့ ပြန်လည်စဉ်းစားဖို့ အရေးတကြီး လိုအပ်ပါတယ်။လက်ရှိနဲ့ အနာဂတ် အာဆီယံဥက္ကဋ္ဌများဖြစ်တဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ မလေးရှားနိုင်ငံ၊ နီးစပ်တဲ့ အိမ်နီးချင်းတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့လည်း ကျွန်တော် ဆွေးနွေးခွင့်ရခဲ့ပါတယ်။အကြမ်းဖက်မှုတွေကို တားဆီးရန် သို့မဟုတ် ဒီမိုကရေစီ ပြန်လည်ထူထောင်ရန် ပျက်ကွက်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်မူဘောင်ကနေ ကျော်လွန်ဖို့ အချိန်တန်ပါပြီ။အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ၎င်း၏ပြည်သူများထံ ပြန်လည်ပေးအပ်စေနိုင်မဲ့ လမ်းပြမြေပုံသစ် ဖော်ဆောင်ဖို့အတွက် သြဇာကြီးမားသောနိုင်ငံများရဲ့ ပေါင်းစုအားတရပ်ကို ကျောထောက်နောက်ခံပြုပြီး အားသစ်လောင်းရမှာပါ။ ဒီအချက်ကို ဒီမိုကရေစီအနာဂတ်ဆီသို့ အောက်ခြေမှနေ၍ အခြေခံအုတ်မြစ်တွေချပေးတဲ့ လက်တွေ့မြေပြင်မှာ ပေါ်ထွက်နေသော ဒေသန္တရအုပ်ချုပ်ရေး သရုပ်မှန် ပကတိတရားသစ်များမှာ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။မြန်မာပြည်သူတွေ စားပွဲဝိုင်းမှာ နေရာရှိရပါမယ်။ ဆိုလိုတာက ဒီမိုကရေစီလှုပ်ရှားမှုများ နဲ့ လူငယ်များဆီ အရောက်လှမ်းဖို့၊ ယခုအကျပ်အတည်းကို ဖြေရှင်းရာမှာ သူတို့တွေ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ပတ်သက်ကြဖို့ပါ။မြန်မာနိုင်ငံရှိ မျိုးဆက်သစ်များ အထူးသဖြင့် ပေါ်ထွန်းလာသော အမျိုးသမီးများရဲ့ ခေါင်းဆောင်မှုတွေကို တိုင်းပြည်အနာဂတ် “မျှော်မှန်းချက်” ဖော်ဆောင်တဲ့လုပ်ငန်းစဉ်မှာ ပံ့ပိုးပေးသင့်ပါတယ်။ပိုမိုအာရုံစိုက်မှု၊ ပိုမိုရင်းနှီးမြုပ်နှံမှု၊ ပိုမို ထက်သန်တဲ့နိုင်ငံရေးစိတ်ဆန္ဒ၊ ပိုမိုလုပ်ဆောင်မှုများ ပေါင်းစပ်မှုနှင့်အတူ မြန်မာနိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ မနက်ဖြန်အတွက် ယခုလက်ရှိ အခြေအနေမှသည် ပြောင်းလဲမှုဆောင်ကျဉ်း နိုင်ပါကြောင်း။ကျေးဇူးတင်ရှိပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ သတင်းစကား
ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ စိတ်ဒဏ်ရာရစေတဲ့ တိုက်ခိုက်မှုနဲ့ ဖိနှိပ်ချုပ်ချယ်မှုဖြစ်ပြီး၊ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ မျိုးပွားမှုဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ် ရေရှည် အန္တရာယ်ဖြစ်စေတဲ့ သက်ရောက်မှုတွေရှိတဲ့အပြင် ရပ်ရွာလူထုရဲ့ လူမှုဆက်ဆံရေးတွေကိုပါ ပျက်စီးစေပါတယ်။အသိပညာပေးမှုနဲ့ ပြစ်တင်ရှုတ်ချမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပေမဲ့လည်း အဲဒီ ဆိုးရွားတဲ့ ပြစ်မှုဟာ ကမ္ဘာတစ်ဝန်းမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဆူဒန်ကနေ ဟေတီနဲ့ အစ္စရေးထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ သတင်းတွေကို တွေ့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေဟာ ပြန်လည်နလန်ထူနိုင်ဖို့ သူတို့ ဘဝတလျှောက်လုံး ကုစားနေကြရပေမယ့် ပြစ်မှုကျူးလွန်သူတွေကတော့ အပြစ်ပေးအရေးယူမခံရဘဲ မကြာခဏဆိုသလို လွတ်မြောက်နေပါတယ်။ ဒီနှစ် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ဟာ ကျန်းမာရေးစောင့်ရှောက်မှုကို အဓိကထားပါတယ်။ ဒါကြောင့် ဆေးရုံတွေနဲ့ တခြား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီး ရှင်သန်လွတ်မြောက်လာသူတွေအပါအဝင် ပဋိပက္ခကာလအတွင်း ထိခိုက်ခံစားရသူတွေအတွက် ဘေးကင်းလုံခြုံမှုနဲ့ ကုသမှုပေးတဲ့ နေရာတွေ ဖြစ်သင့်ပါတယ်။ ဒါတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေရဲ့ အခြေခံ သဘောတရားတွေလည်း ဖြစ်ပါတယ်။ဒါပေမဲ့ ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်တာတွေနဲ့၊ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် ရှင်သန်လွတ်မြောက်လာသူတွေအတွက် ဆေးကုသမှုနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေမှာ ကြီးမားတဲ့ အဟန့်အတားတွေ ဖြစ်စေပါတယ်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အဓမ္မပြုကျင့်မှုကြောင့် ကိုယ်ဝန်ရလာကြပြီး၊ လိင်ပိုင်းဆိုင်ရာနဲ့ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်း လိုအပ်ပါတယ်။ သင့်တော်တဲ့ စောင့်ရှောက်မှုတွေကို သူတို့ မရရှိနိုင်ဘူးဆိုရင် အမျိုးသားတွေနဲ့ ယောက်ျားလေးတွေ သီးသန့်နေထိုင်ရမှု တိုးမြင့်လာနိုင်ခြေရှိပါတယ်။ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာ ဒီအန္တရာယ်ကို အဆုံးသတ်ဖို့၊ ရှင်သန်လွတ်မြောက်လာသူတွေနဲ့အတူ တစုတစည်းတည်းရပ်တည်ဖို့ ကတိပြုကြရအောင်ပါ။ ပဋိပက္ခကာလအတွင်း ဆေးရုံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဆောက်အအုံတွေကို အကာအကွယ်ပေးကြဖို့ ကတိကဝတ်ကိုလည်း ထပ်မံအတည်ပြုကြရအောင်ပါ။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်။
လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်နေသည့်ကြားမှ ကလေးသူငယ်များအား ကလေးလုပ်သားဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် အရေးပေါ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
ရန်ကုန်၊ မြန်မာ (အိုင်အယ်လ်အိုသတင်း) — ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့တွင် မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ သက်ဆိုင်သူအားလုံးကို ၎င်းတို့၏ ကတိကဝတ်များ ဖြည့်ဆည်းရန်နှင့် ကလေးအလုပ်သမား အဆုံးသတ်ရေးအား ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ပါရန် တိုက်တွန်းအပ်ပါသည်။အဆိုးဝါးဆုံးပုံစံများဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်၊ ၁၉၉၉ (အမှတ် ၁၈၂) ကို လက်ခံကျင့်သုံးခြင်းသည် ကလေးအလုပ်သမား တိုက်ဖျက်ရေးအတွက် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်သည်။ ယခု ၂၅ နှစ်ကြာသောအခါတွင် ၂၀၁၃ ခုနှစ်က ပြဌာန်းချက် (အမှတ် ၁၈၂)ကို သဘောတူအတည်ပြုခဲ့ခြင်းသည် ဂုဏ်ပြုထိုက်သော အောင်မြင်မှုတစ်ခုဖြစ်သည်။ သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်တိုက်ဖျက်ရေးသည် ပြီးဆုံးရန် အလှမ်းဝေးကွာနေသေးသည်။ ကမ္ဘာတစ်ဝှမ်းရှိ ခန့်မှန်းခြေ ကလေး (သန်း ၁၆၀) သည် ကလေးအလုပ်သမား များအဖြစ် ပါဝင်နေဆဲဖြစ်ပြီး (၇၉ သန်း)မှာ အဆိုးဝါးဆုံးပုံစံများဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းထဲမှာမှ တစ်ခုဖြစ်သည့် ဘေးအန္တရာယ်ရှိသော အလုပ်များတွင် ပါဝင်လုပ်ကိုင်နေကြရပါသည်။ ကုလသမဂ္ဂ၏ အစီရင်ခံစာများအရ မြန်မာနိုင်ငံတွင် လုံခြုံရေး အခြေအနေ ဆိုးရွားလာသည်နှင့်အမျှ နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်၌ နေထိုင်ကြပြီး ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ သုံးသန်းကျော်ထဲမှ သုံးပုံတစ်ပုံမှာ ကလေးသူငယ်များဖြစ်သည်။ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေအား ယခုနှစ်အစောပိုင်းတွင် ပြဌာန်းလိုက်ခြင်းကြောင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး စစ်မှုထမ်းဉပဒေကြောင့် ထွက်ပြေးသူများ ပိုမိုတိုးပွားလာစေပါသည်။ မြန်မာနိုင်ငံရှိ ရွေးချယ်ထားသော ပြည်နယ်များတွင် ပြုလုပ်ခဲ့သည့် ကလေးအလုပ်သမား ဖြစ်ရပ်များဆိုင်ရာ ILO လေ့လာမှုမှ တွေ့ရှိချက်များအရ ထိုပြည်နယ်များတွင် ကလေးအလုပ်သမားများသည် အကြောင်းအရာ များစွာကြောင့် တိုးပွားလာနေပြီး ထိုအချက်များစွာထဲမှ စစ်မှုထမ်းခြင်းကို ရှောင်ကြဉ်သည့် နည်းလမ်းအဖြစ် မိဘများက ၎င်းတို့၏ ကလေးများကို အလုပ်လုပ်ကိုင်ရန် လိုလားခြင်းကြောင့် ကလေးအလုပ်သမားများ များပြားလာကြောင်းလည်းဖော်ပြထားသည်။ ၎င်းတွေ့ရှိချက်သည် ပဋိပက္ခဒဏ်ခံရသောနိုင်ငံများတွင် ကလေးအလုပ်သမားနှုန်းက ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထားများထက် ၇၇ ရာခိုင်နှုန်း မြင့်မားနေကြောင်း မီးမောင်းထိုးပြထားသည့် ILO အစီရင်ခံစာ (၂၀၂၂ ခုနှစ်) နှင့် ကိုက်ညီပါသည်။“မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာသော အခြေအနေတွေနဲ့ ပဋိပက္ခတွေ တိုးလာနေတာကြောင့် ကျွန်တော်တို့ လေးနက်စွာ စိုးရိမ်မိပါတယ်” ဟု ILO မြန်မာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ/ကိုယ်စားလှယ် Yutong Liu က ပြောသည်။ “ကလေးငယ်များ ပိုမိုဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပြီး သွားလာလှုပ်ရှားမှု ကန့်သတ်ချက်များ သို့မဟုတ် နေရာရွှေ့ပြောင်းမှုများနှင့် ရင်ဆိုင်နေရပြီး ကလေးလုပ်သားများအား ထိခိုက်မှု တိုးပွားလာစေသည်။ ကလေးများသည် မည်သည့်ပုံစံဖြင့် ပဋိပက္ခများ၏ သားကောင်မဖြစ်သင့်ပါ။ ယင်းအစား ၎င်းတို့ကို ကာကွယ်ပြီး တိုင်းပြည်၏ အနာဂတ်အတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်အဖြစ် ဆက်လက်ထားရှိခွင့်ကိုရရှိနေရမည်ဖြစ်သည်။ ဤကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ တွင် ပြဌာန်းချက် (အမှတ် ၁၈၂)တွင် ပါဝင်သော ကတိကဝတ်များကို လေးစားလိုက်နာရန်နှင့် ကလေးအလုပ်သမားတိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် သက်ဆိုင်သူအားလုံးအတွက် အရေးကြီးပါသည်” ဟု Mr Liu က ပြောကြားခဲ့သည်။ILO သည် မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များ၏ အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရပ်ရွာလူထုအခြေပြု ကလေးလုပ်သားစောင့်ကြည့်ရေး၊ အသိပညာပေးရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ကလေးလုပ်သားများအား ကိုင်တွယ်ဖြေရှင်းရာတွင် မိတ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးကူညီလျက်ရှိသည်။မြန်မာနိုင်ငံတွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ လှုပ်ရှားမှုများ
ဤကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အတွက် ILO မြန်မာသည် မြန်မာနိုင်ငံတစ်ဝှမ်းနှင့် လူမှုမီဒီယာပလက်ဖောင်းများတွင် လူမှုမိတ်ဖက်အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သောမိတ်ဖက်များ ပူးပေါင်းပါဝင်မည့် လှုပ်ရှားမှုများကို ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ စတင်၍ သုံးလကြာ လှုပ်ရှားမှုကို စတင်ဆောင်ရွက်နေပါသည်။

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။
မိဘများအတွက် ရေကြီးရေလျှံမှုများဖြစ်ပွားသည့်အခါ ဘေးကင်းစွာနေထိုင်နိုင်ရေး သိကောင်းစရာအချက်များ
ရေကြီးရေလျှံမှု ကြုံတွေ့ရခြင်းက လူတိုင်းအတွက် ခက်ခဲပြီး ပျက်စီးမှုများ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေအတွက် ပိုပြီးခက်ခဲပါတယ်။ အကယ်၍ မိမိက ရေကြီးရေလျှံမှုအန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်ပါက မိမိနဲ့မိမိရဲ့မိသားစု ဘေးကင်းလုံခြုံစေဖို့အတွက် ကျွမ်းကျင်သူတွေရဲ့အကြံပြုချက်တွေကို လိုက်နာပါ။ရေကြီးရေလျှံမှုအကြောင်း အချက်အလက်များရေကြီးတယ်ဆိုတာ ဘာလဲရေကြီးတယ်ဆိုတာ အများအားဖြင့် ခြောက်သွေ့နေတတ်တဲ့ မြေပေါ်ကို ရေတွေလျှံကျစီးဆင်းလာတာ ဖြစ်ပါတယ်။ နာရီပိုင်း၊ ရက်ပိုင်းအတွင်း တဖြည်းဖြည်းနဲ့ ရေလွှမ်းမိုးပြီး ရေကြီးတာမျိုးရှိသလို ရုတ်တရက် သတိမပေးဘဲ ချက်ချင်း ရေကြီးလာတာမျိုးလည်း ရှိပါတယ်။ မြစ်ရေလျှံမှုဆိုတာက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်ဖြစ်ဖြစ်၊ နှင်းခဲတွေအရည်ပျော်လာတာကြောင့်ဖြစ်ဖြစ် ဖြစ်ပွားတတ်ပါတယ်။ ကမ်းရိုးတန်း ရေလွှမ်းမိုးမှုတွေကတော့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ဆူနာမီတွေနဲ့ ဆက်စပ်နေတဲ့ မုန်တိုင်းတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပွားပြီး ပိုမိုပြင်းထန်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ဘာတွေက ရေကြီးရေလျှံမှုကို ဖြစ်စေတာလဲမိုးရွာသွန်းမှု များပြားလွန်းတဲ့အခါနဲ့ ဆည်တမံတွေ ကျိုးတဲ့အခါ ရေကြီးမှု ဖြစ်နိုင်ပါတယ်။ရေကြီးရေလျှံမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း ရေကြီးတာနဲ့ပတ်သက်ပြီး မိသားစုနဲ့ စကားပြောပါရေကြီးတဲ့အကြောင်းနဲ့ ရေကြီးရတဲ့အကြောင်းရင်းတွေကို မိသားစုနဲ့ ဆွေးနွေးပါ။မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးအစီအစဉ်ကို လေ့ကျင့်ပါရေကြီးတဲ့အခါ ဘေးကင်းလုံခြုံတဲ့ နေရာကို ရွှေ့ပြောင်းဖို့ စိတ်ချရတဲ့လမ်းကြောင်းကို မိသားစုနဲ့အတူ တိုင်ပင်ပြီး ရှာဖွေထားပါ။ လူကွဲသွားခဲ့တဲ့အခါ ဆုံရမယ့်နေရာတစ်ခုကို ကြိုပြီး သတ်မှတ်ထားပါ။ ကိုယ့်နေရာကနေ ရွှေ့ပြောင်းဖို့လိုလာတဲ့အခါပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေ ပြတ်တောက်ပြီး မရရှိတော့တဲ့အခါပဲဖြစ်ဖြစ် ရက်အတန်ကြာ လိုလိုမယ်မယ် အသုံးပြုနိုင်အောင် ကြာရှည်ခံတဲ့အစားအစာ၊ ဆေးဝါး၊ ရှေးဦးသူနာပြုပစ္စည်း၊ ဓာတ်မီး၊ ဓာတ်ခဲနဲ့ ရေအပါအဝင် အရေးပေါ်ပစ္စည်းအိတ်တစ်ခု ပြင်ထားပါ။ ရေကြီးတဲ့အခါ သင့်ကလေးကျောင်းကို စုံစမ်းပြီး ကျောင်းက ဘယ်လိုစီစဉ်ထားလဲ သိအောင်လေ့လာပါ။ မိမိအန္တရာယ်ကို သိထားပါကိုယ့်ဒေသမှာ ဖြစ်ပေါ်နိုင်တဲ့ ရေကြီးမှုအမျိုးအစားအကြောင်း လေ့လာပြီး ရေကြီးမှုဖြစ်လာတဲ့အခါ အကူအညီရယူနိုင်ဖို့ မိမိရဲ့ ဒေသခံ အရေးပေါ် အဆက်အသွယ်တွေကို သိအောင်လုပ်ထားပါ။ ရေကြီးရေလျှံမှုဖြစ်နိုင်ခြေရှိကြောင်း ကြိုတင်ခန့်မှန်းချက်တွေကို အမြဲစောင့်ကြည့်ပါ။ ဒေသခံ သတိပေးစနစ်တွေနဲ့ပတ်သက်ပြီး ဘယ်သူတွေက သတိပေးတယ်၊ ဘယ်လိုထုတ်လွှင့်အသိပေးတယ်၊ အချိန်ဘယ်လောက်ကြိုတင်ပြီး သတိပေးတယ်ဆိုတာတွေကို သေချာလေ့လာပြီး သိအောင်လုပ်ထားပါ။ ကိုယ့်အိမ်ရဲ့ အန္တရာယ်ရှိနိုင်တဲ့အနေအထားကို သိထားဖို့လည်း အရေးကြီးပါတယ်။ကလေးတွေကို ရေကူးတတ်အောင်သင်ပေးပါရေကြီးရေလျှံမှုတွေအတွင်း သေဆုံးမှု အများစုဟာ ရေနစ်သေဆုံးမှုကြောင့် ဖြစ်ပါတယ်။ ကလေးတွေကို ရေကူးတတ်အောင် သင်ကြားပေးခြင်းက အရေးပေါ်အခြေအနေတွေမှာ သူတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ စာရွက်စာတမ်းတွေကိုလုံခြုံအောင်ထားပါအပျက်အစီးအနည်းဆုံးဖြစ်အောင် မှတ်ပုံတင်ကတ်လို အရေးကြီး စာရွက်စာတမ်းတွေကို အမြင့်နေရာမှာ သိမ်းပါ ဒါမှမဟုတ် ရေမစိုနိုင်တဲ့နေရာတစ်ခုခု (ဥပမာ အလုံပိတ်ပလစ်စတစ်အိတ်) ထဲ ထည့်သိမ်းထားပါ။ရေကြီးနေချိန်အတွင်း ဘာလုပ်ရမလဲ ဒေသဆိုင်ရာအာဏာပိုင်တွေ ပြောတာကိုနားထောင်ပါနောက်ဆုံးရ မိုးလေဝသသတင်းတွေနဲ့ တရားဝင်အကြံပြုချက်တွေကို ဒေသခံ သတင်းတွေ၊ ရေဒီယိုတွေကနေ အမြဲနားထောင်ပါ။ မိမိကို ထွက်ခွာဖို့ပြောတဲ့အခါ အရေးပေါ်ပစ္စည်းအိတ်နဲ့ မှတ်ပုံတင် စာရွက်စာတမ်းတွေကို ယူပြီး ချက်ချင်းထွက်ခွာပါ။ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက အတားအဆီးတွေ ချထားတဲ့အခါ ဖြတ်ဖို့မကြိုးစားပါနဲ့ ။ ဒီအတားအဆီးတွေက လူတွေကို အန္တရာယ်ရှိတဲ့နေရာတွေအနီးမှာ ဘေးအန္တရာယ်ကင်းကင်းသွားနိုင်ဖို့ ချထားတာဖြစ်ပါတယ်။ သင့်အိမ်ကိုလုံခြုံအောင်လုပ်ပါအသုံးအဆောင်ပစ္စည်းတွေကို ပလပ်ဖြုတ်ထားပါ၊ လျှပ်စစ်မီး၊ ဂက်စ်မီးဖိုတွေနဲ့ ထိန်းသိမ်းဖို့လိုတဲ့ အရေးကြီးပစ္စည်းတွေကို ပိတ်ထားပါ။မြေမြင့်ရာနေရာကို သွားပါတန့်နေတဲ့၊ စီးနေတဲ့ ဒါမှမဟုတ် မြင့်တက်လာတဲ့ရေကို ရှောင်ဖို့ ပိုမြင့်တဲ့နေရာကို သွားပါ။ အမြန်နှုန်းနဲ့တက်လာတဲ့ရေထဲ လမ်းမလျှောက်ပါနဲ့၊ ရေမကူးပါနဲ့၊ ကားဖြတ်မမောင်းပါနဲ့။ ရေစီးမြန်နေတဲ့အချိန်မှာ ရေတိမ်ပိုင်း၊ ရေပိုလွှဲပေါက်၊ တံတား၊ မြေအောက်ပိုက်လိုင်း ဒါမှမဟုတ် လမ်းမကြီးတွေကို ဖြတ်ကူးဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ ရေကြီးနေတဲ့ နေရာမှာ ပြောင်းရွှေ့ရမယ်ဆိုရင် အသက်ကယ်အင်္ကျီ ဒါမှမဟုတ် တခြား ရေပေါ်မှာ ပေါလောပေါ်နေတဲ့ အရာဝတ္ထုတွေကို အသုံးပြုရပါမယ်။ ကားထဲမှာ ရေတွေပြည့်လာရင် အမိုးပေါ်ကိုတက်ပါ။ အဆောက်အအုံထဲမှာ ပိတ်မိနေရင် အမြင့်ဆုံးအဆင့်ကို တက်ပြီး လိုအပ်မှသာ အိမ်ခေါင်မိုးပေါ်ကို တက်ပါ။ တက်လာတဲ့ရေတွေကြောင့် ပိတ်မိနိုင်တဲ့အတွက် သင့်အိမ်ရဲ့ အမြင့်ဆုံးမှာရှိတဲ့ အပိတ်နေရာတစ်ခု ဥပမာ အပေါ်ထပ်ထပ်ခိုးလိုနေရာမျိုးမှာ မနေပါနဲ့။ ကလေးတွေကို တက်လာနေတဲ့ ဒါမှမဟုတ် ငြိမ်နေတဲ့ ရေထဲသွားခွင့်မပြုပါနဲ့ရေကြီးတဲ့အခါ တက်လာတဲ့ရေတွေက ထင်ရတာထက် ပိုနက်ပြီး ရေစီးပိုမြန်တဲ့အတွက် မတော်တဆဖြစ်ဖို့ လွယ်ကူတာကြောင့် ကလေးတွေကို ရေလွှမ်းမိုးနေတဲ့နေရာတွေ ဒါမှမဟုတ် ရေစီးဆင်းနေတဲ့နေရာတွေကို ဖြတ်ပြီး ကစားတာ၊ ရေကူးတာမျိုး မလုပ်ဖို့ အနီးကပ် စောင့်ကြည့်ပြီး သတိပေးပါ။ ချစ်ရသူတွေကို အသိပေးပါသင် ဘေးကင်းပြီး ဆက်သွယ်နိုင်တဲ့နေရာတစ်ခုခုကို ရောက်တာနဲ့ ကိုယ့်ရဲ့တခြားမိသားစုဝင်တွေ၊ ကိုယ်နဲ့ရင်းနှီးသူတွေကို အသိပေးပါ။ရေကြီးပြီးနောက်ပိုင်း ဘာလုပ်ရမလဲ နောက်ဆုံးရသတင်းတွေကို နားထောင်ပါဒေသဆိုင်ရာအာဏာပိုင်တွေဆီက နောက်ဆုံးရသတင်းတွေကို စောင့်ကြည့်ပြီး ဘေးကင်းကြောင်း ကြေညာပြီးမှသာ မိမိတို့အိမ်ကိုပြန်ပါ။မိသားစုရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါရေလွှမ်းမိုးခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းတဲ့ရေတွေဟာ မိမိနဲ့မိသားစုတွေကို ကာလဝမ်းရောဂါနဲ့ အူရောင်ငန်းဖျားရောဂါလို ရေကြောင့်ဖြစ်တဲ့ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်ပါတယ်။ ရေတွေက ညစ်ညမ်းပြီး ရောဂါပိုးမွှားတွေ ပါနိုင်တဲ့အတွက် ကလေးတွေကို တတ်နိုင်သမျှ ရေနဲ့ဝေးရာမှာ ထားပါ။ ကလေးက ရေကြီးနေတဲ့ရေတွေနဲ့ ထိတွေ့မိခဲ့ရင် တတ်နိုင်သမျှ အမြန်ဆုံးရေချိုးပေးပြီး လက်တွေကို မကြာခဏဆေးခိုင်းပါ။ မိမိနဲ့ မိမိရဲ့ မိသားစုဝင်တစ်ဦးဦး နေမကောင်းဖြစ်ပါက အဆင်ပြေတာနဲ့အမြန်ဆုံး ဆရာဝန်နဲ့ပြပါ။ အစားအစာနှင့်ရေကို လုံခြုံအောင်ထားပါအစားအစာနဲ့ ရေညစ်ညမ်းမှုမဖြစ်အောင် ဖုံးအုပ်ထားပြီး သန့်စင်ထားခြင်းမရှိတဲ့ ရေထွက်ပင်ရင်းက ခပ်ထားတဲ့ ရေကို အသုံးမပြုခင် အနည်းဆုံး သုံးမိနစ်ခန့် ကြိုချက်ပါ။ အစားအစာတွေကို ချက်ပြုတ်ဖို့နဲ့ အိုးခွက် ပန်းကန်တွေနဲ့ အစာစားရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆေးကြောဖို့ ကျိုချက်ထားတဲ့ရေကို အသုံးပြုပါ။ ညစ်ညမ်းတဲ့ရေကို မသောက်ပါနဲ့၊ ရေစိုနေတဲ့ အစားအစာတွေကို ဘယ်တော့မှ မစားပါနဲ့။ ဘေးကင်းလုံခြုံစွာ သန့်ရှင်းရေးလုပ်ပါသန့်ရှင်းရေးလုပ်တဲ့အချိန်မှာ ရာဘာလက်အိတ်နဲ့ ဘွတ်ဖိနပ်အပါအဝင် အကာအကွယ်ပေးတဲ့ ပစ္စည်းတွေကို အသုံးပြုပါ။ အိမ်ထဲကနေ ရေစုပ်ထုတ်မယ်ဆိုရင် သတိထားပါ။ ဖြည်းဖြည်းချင်းစုပ်ထုတ်ပြီး အပျက်အစီးအစအနတွေနဲ့ လျှပ်စစ်ဝါယာကြိုးလို အန္တရာယ်ရှိတာတွေကို သတိထားကြည့်ပါ။ ဖြစ်နိုင်ရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ခြောက်နိုင်သလောက် မြန်မြန်ခြောက်အောင်လုပ်ပါ။ စိုစွတ်တဲ့နေရာတွေကို လေဝင်လေထွက်ကောင်းအောင်ထားပါ။ ခြောက်အောင်လုပ်လို့မရနိုင်တော့တဲ့၊ ပြင်လို့မရနိုင်တော့တဲ့ ပစ္စည်းတွေကို စွန့်ပစ်ပါ။ သန့်ရှင်းရေးလုပ်တဲ့အခါ တတ်နိုင်သမျှ ကလေးတွေကို မပါခိုင်းပါနဲ့။ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေ ပြန်မလာခင်မှာ ကစားစရာတွေ၊ အဝတ်အစားတွေနဲ့ နေထိုင်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ထားသင့်ပါတယ်။ ရေကြောင့် ဆိုးဆိုးရွားရွား ညစ်ညမ်းပျက်စီးသွားတဲ့ ပစ္စည်းတွေကို စွန့်ပစ်သင့်ပါတယ်။ ရေကြီးပြီးနောက် ကလေးတွေကို အားပေးနှစ်သိမ့်ပါ ပွင့်ပွင့်လင်းလင်း စကားစပြောပါကလေးတွေကို ရေကြီးမှုကြောင့် သူတို့ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောပြဖို့ အခွင့်အရေးပေးပါ၊ သူတို့မှာ စိတ်ပူပင်မှုတွေ၊ ထိတ်လန့်မှုတွေရှိနေရင်လည်း မျှဝေပြောပြဖို့ အားပေးပါ။သူတို့ပြောပြတာကို သေချာနားထောင်ပေးပြီး သူတို့ခံစားချက်ကို အလေးအနက် ဂရုစိုက်တဲ့အကြောင်း ပြသပါ။စိတ်အေးအောင်အားပေးပါရေကြီးတာနဲ့ နောက်ဆက်တွဲပြဿနာတွေက အမြဲတမ်းဖြစ်နေမှာ မဟုတ်တဲ့အကြောင်း သိအောင်ပြောပြပါ။ ရေကြီးတယ်ဆိုတာ သဘာဝဖြစ်ရပ်တစ်ခုပဲဖြစ်ပြီး ဘယ်သူ့အပြစ်မှ မဟုတ်ဘူးဆိုတာ ရှင်းပြပါ။ကလေးတွေကို အချိန်ပေးပြီး ကြင်နာဖေးမပါ။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလက္ခဏာတွေကို စောင့်ကြည့်ပါကလေးအတော်များများက ကပ်ဘေးတစ်ခုဖြစ်ပြီးနောက်ဖြစ်စေ၊ တစ်လလောက်အကြာမှာဖြစ်စေ ဘာမှမဖြစ်ဘူးထင်ရပေမယ့် မတုန်မလှုပ်ခံစားချက်က တဖြည်းဖြည်းပျောက်သွားပြီး စိတ်ဒဏ်ရာ လက္ခဏာတွေ စပြီး ပြသလာတတ်ပါတယ်။ စိုးရိမ်မှုတချို့ ဆက်ဖြစ်နိုင်နေသေးပေမယ့် လပိုင်းလောက်အကြာအထိ ပျောက်မသွားခဲ့ရင်ဖြစ်ဖြစ်၊ ကလေးက ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်တဲ့ အကြောက်လွန်ပြီး တိုက်ခိုက်တာ၊ သူတို့ကိုယ်ကိုနဲ့ တခြားသူကို ထိခိုက်အောင် လုပ်တာလို လက္ခဏာတွေ ခံစားလာရရင် မိသားစုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။စိတ်တည်ငြိမ်စေမယ့် လေ့ကျင့်ခန်းတွေကို အတူတူလေ့ကျင့်ပါဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူခြင်းက သိပ်ကိုအထောက်အကူပြုပါတယ်၊ ကိုယ့်ရဲ့ နည်းနည်းကြီးတဲ့ ကလေးငယ်တွေနဲ့အတူတူ လေ့ကျင့်ကြည့်ပါ။ အကယ်၍ ပိုငယ်တဲ့ကလေးငယ်တွေရှိရင် ကစားနည်းတစ်ခုအဖြစ်နဲ့ လုပ်ကြည့်လို့ရပါတယ် - နာရီတိုင်းရဲ့အစမှာ အသက်ရှူနှုန်းကို တဖြည်းဖြည်းချင်း လျှော့ရင်းနဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို ဘယ်လောက် တည်ငြိမ်အောင် လုပ်နိုင်တယ်ဆိုတာကို ကြည့်ပါ။လုပ်ရိုးလုပ်စဉ်တစ်ခုထားရှိဖို့ကြိုးစားကြည့်ပါတော်တော်လေး ခက်ခဲနိုင်ပေမယ့် အချိန်မှန် အိပ်ရာဝင်တာ၊ အချိန်မှန်ထမင်းစားတာက ကလေးတွေကို ရေဘေးမတိုင်ခင်က သူတို့ဘဝနဲ့ နည်းနည်းပိုပြီး ဆက်စပ်မိတယ်လို့ ခံစားမိစေနိုင်ပါတယ်။*ဤဆောင်းပါးကို UNICEF Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၇ ရက်။
ဘိန်းစိုက်ခင်းတွေမှသည် ကော်ဖီစိုက်ခင်းများဆီသို့ - ရှမ်းပြည်နယ်က တောင်သူတစ်ယောက်ရဲ့ ပြောင်းလဲမှု ခရီးလမ်း
“အရင်တုန်းက တခြား သီးနှံတွေက စျေးကွက် မရှိတဲ့အပြင် စျေးကောင်းမရလို့ ကျွန်မအနေနဲ့ ဘိန်းစိုက်ပျိုးဖို့ကိုပဲ ရွေးချယ်ခဲ့ရတယ်” ဟု သာယာလှပတဲ့ ရှမ်းပြည်နယ်ရှိ ကျေးရွာလေး တစ်ရွာမှာ နေထိုင်နေတဲ့ ကလေး သုံးယောက်ရဲ့ မိခင်လည်းဖြစ် မုဆိုးမတစ်ဦးလည်းဖြစ်သည့် မနန်းထွေးက ပြောပါတယ်။ ဘိန်းစိုက်ပျိုးမှုကနေ ကော်ဖီပြောင်းလဲစိုက်ပျိုးတဲ့ အခွင့်အရေးကို လက်ခံယုံကြည်ပြီးတဲ့နောက် မနန်းထွေးဟာ သူ့မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ရှာဖွေနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ မနန်းထွေးအတွက် ကော်ဖီစိုက်ပျိုးတာဟာ ငွေရေးကြေရေး ချောင်လည်လာရုံမက ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အပြင် ပိုကောင်းတဲ့ အနာဂတ်တစ်ခု ဖန်တီးဖို့ မျှော်လင့်ချက် ရောင်ခြည်လည်း သန်းလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆို မနန်းထွေးဟာ တောင်သူတစ်ဦးအနေနဲ့ ရွေးချယ်စရာ များများစားစား မရှိခဲ့ဘူးလို့ ခံစားခဲ့ရပါတယ်။ ဘိန်းစိုက်ပျိုးခြင်းသာလျှင် စျေးကောင်းရပြီး ခိုင်မာတဲ့ စျေးကွက်ရှိလို့ အလားအလာရှိတဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ လုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ရွာရဲ့ သာယာဝပြောမှုတို့အပေါ် ဘိန်းစိုက်ပျိုးမှုကနေ ရလာတဲ့ ထိခိုက်နစ်နာမှုတွေကြောင့် အပြစ်ရှိသလို သူမ ခံစားလာခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) မှ မိတ်ဆက်ပေးခဲ့တဲ့ အစားထိုး သီးနှံစိုက်ပျိုးရေး စီမံချက်ကြောင့် မနန်းထွေးတစ်ယောက် မျော်လင့်ချက်လေး ရှိလာခဲ့ပါတယ်။ ကော်ဖီဟာ တရား၀င်သီးနှံ ဖြစ်သလို နှစ်ရှည်ပင် ဖြစ်တဲ့အတွက် ဘိန်းစိုက်ပျိုးတဲ့ လောက ကနေ ထွက်ခွာဖို့ မနန်းထွေးတစ်ယောက် ခိုင်မာတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူမနဲ့ သူ့မကလေးတွေအတွက် ပိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို မှန်းမျှော်ရင်း ၂.၅ ဟတ်တာလောက်နီးပါးကျယ်တဲ့ မြေမှာ ကော်ဖီတွေ စတင် စိုက်ပျိုးခဲ့ပါတယ်။ ကော်ဖီကနေ ခိုင်မာတဲ့ ဝင်ငွေ ရရှိခဲ့သလို နောက်နှစ်တွေအထိ သူ့ရဲ့ မိသားစုကို အထောက်အပံ့ပြုနိုင်တဲ့ နှစ်ရှည် သီးပင်တစ်ခု ဖြစ်တယ်ဆိုတာကိုလည်း သက်သေပြခဲ့ပါတယ်။ မနန်းထွေးရဲ့ ကြိုးစားအားထုတ်မှု့ အသီးအပွင့် အနေဖြင့် ၂၀၂၂ ခုနှစ်တွင် သူမရဲ့ ကော်ဖီစိုက်ခင်းကနေ တင်ပို့ရောင်းချနိုင်မှုနဲ့ ဪဂဲနစ် အသီးအနှံဖြစ်ကြောင်း ထောက်ခံချက် စံနှုန်းတွေကို မှီတဲ့ ကော်ဖီအသီးပေါင်း ၄၈၀၀ ကီလိုဂရမ် ထွက်ရှိခဲ့ပါတယ်။ အံ့အားသင့်ဖွယ် ဒီအောင်မြင်မှုကြောင့် ဘဏ္ဍာရေးပိုင်း ပြေလည်လာရုံသာမက သူမမိသားစုရဲ့ အဓိကဝင်ငွေ ဖြစ်လာခဲ့ပါတယ်။ ကော်ဖီကရတဲ့ ၀င်ငွေက ဂျုံ၊ ပြောင်း တို့လို တခြား သီးနှံတွေထက် ပိုမို သာလွန်နေလို့ ကော်ဖီစိုက်ပျိုးတာကိုပဲ တစိုက်မတ်မတ် စိုက်ပျိုးဖို့ စိတ်ကူးထားတဲ့ မနန်းထွေးရဲ့ ဆုံးဖြတ်ချက်တွေကို ပိုမို ခိုင်မာစေခဲ့ပါတယ်။“ကော်ဖီမစိုက်ခင်က ငွေရေးကြေးရေး အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒုက္ခရောက်ချိန်တွေမှာ မိသားစုကို ထောက်ပံ့ဖို့နဲ့ ငွေရှာဖို့ ထိုင်းနိုင်ငံကို သွားခဲ့ရတယ်။ ဒါပေမဲ့ ကော်ဖီစိုက်ပျိုးတာကြောင့် ငွေကြေး ချောင်လည်လာသလို ရွာမှာပဲ အလုပ်လုပ်ပြီး မိသားစုနဲ့လည်း အတူတူ အိုးမကွာ အိမ်မကွာ အတူတူ ရှိနေနိုင်လို့ မိသားစုကိုလည်း လုံခြုံစိတ်ချစွာ ထောက်ပံ့နိုင်တယ်။ ဂရုစိုက်ပေးနိုင်ပါတယ်။ ဒါတွေဟာ ကော်ဖီစိုက်ပျိုးမှုတွေကနေ ရရှိလာတဲ့ သိသာထင်ရှားတဲ့ အကျိုးရလဒ်တွေပဲ” လို့ မနန်းထွေးက ပြောပါတယ်။ UNODC ရဲ့ ကနဦး စီမံကိန်းဟာ မနန်းထွေးတို့လို လယ်သမားတွေနဲ့တင် ရပ်တန့်မသွားပဲ ခိုင်မာတဲ့ ဝင်ငွေ ရရှိဖို့နဲ့ နိုင်ငံတကာစျေးကွက်တွေထိ လက်လှမ်းမီးနိုင်အောင် ကော်ဖီစိုက်ပျိုးတောင်သူတွေကို ထောက်ပံ့ဖို့အတွက် တောင်သူတွေကိုယ်တိုင်ပါ၀င်တဲ့ အသင်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ မနန်းထွေးကိုယ်တိုင်ကလည်း သူမရဲ့ ရွာက တခြား ကော်ဖီစိုက် တောင်သူတွေနဲ့အတူ အသင်းဝင်ခဲ့ပြီး ဂုဏ်ယူရတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူတို့တွေရဲ့ စုပေါင်း အားထုတ်မှုကြောင့် ပြင်သစ်နိုင်ငံ အခြေစိုက် ကော်ဖီ ကုမ္ပဏီတစ်ခုနဲ့ ၅ နှစ် သဘောတူ စာချုပ်အထိ ရရှိခဲ့လို့ ကမ္ဘာတစ်ဝန်းက အခွင့်အရေးတွေကို လမ်းဖွင့်ပေးတဲ့ တံခါးပေါက်တွေ ဖြစ်လာခဲ့ပါတယ်။ ကော်ဖီစိုက်တောင်သူတစ်ယောက်အဖြစ် မနန်းထွေးရဲ့ ခရီးလမ်းဟာ ဘဏ္ဍာရေး အောင်မြင်မှု တစ်ခုတင် မကပါဘူး။ ကျေးရွာအဆင့် ကော်ဖီကြိတ်ခွဲရေး လုပ်ငန်းရပ်တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ပန်လင်းကျေးရွာမှာ ရှိတဲ့ ကော်ဖီကြိတ်ခွဲရေးအဖွဲ့ရဲ့ စုပေါင်းအားထုတ်မှုတွေကြောင့် ကျေးရွာပေါင်း ၄၈ ရွာမှာ သူမတို့ရွာဟာ ကော်ဖီအကောင်းဆုံး ထုတ်လုပ်နိုင်တဲ့ ကျေးရွာအဖြစ် ပထမဆုကို ရရှိခဲ့ပါတယ်။ အံ့မခန်း ဒီအောင်မြင်မှုကြောင့် မနန်းထွေးတစ်ယောက် အင်မတန် ဂုဏ်ယူရသလို ကျေးဇူးလည်း တင်ရပါတယ်။ မနန်းထွေး စိုက်တဲ့ ကော်ဖီရဲ့ အရည်အသွေးကောင်းမွန်မှုနဲ့ သူမရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ ရလဒ်တစ်ခုအနေနဲ့ ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကော်ဖီပြပွဲတစ်ခုကို တက်ရောက်ဖို့ မနန်းထွေး ရွေးချယ်ခံခဲ့ရပါတယ်။ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ တောင်သူတစ်ယောက်အဖြစ်ကနေ နိုင်ငံတကာစင်မြင့်ထက်မှာ ကျေးရွာကိုယ်စားပြု တောင်သူတစ်ယောက် ဖြစ်လာတဲ့ မနန်းထွေးရဲ့ ခရီးလမ်းဟာ ကော်ဖီစိုက်ခင်းကနေ သူမကို ပေးအပ်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့ ဂုဏ်သိက္ခာရှိမှုတို့ရဲ့ ပြယှဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကော်ဖီစိုက် တောင်သူ မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ UNODC အဖွဲ့ရဲ့ အစားထိုးသီးနှံ ဖွံ့ဖြိုးရေးစီမံချက်ကြောင့် အပြောင်းအလဲကို ထင်ဟပ်စေတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။ ကော်ဖီ စိုက်ပျိုးတာကနေ ငွေကြေးခိုင်မာတောင့်တင်းလာရုံသာမက ဂုဏ်သိက္ခာ၊ ရည်မှန်းချက်နဲ့ စွမ်းဆောင်ရည်တို့ အသစ်တဖန် ပြန်လည်မွေးဖွားလာတာကို မနန်းထွေး တစ်ယောက် သိရှိခဲ့ပါတယ်။ မနန်းထွေးရဲ့ ဖြစ်ရပ်ဟာ လူတိုင်းမှာ ကိန်းအောင်းနေတဲ့ မဖော်ထုတ်ရသေးတဲ့ စွမ်းဆောင်ရည်ကို ဖော်ထုတ်ပြသနေတာ ဖြစ်လို့ တခြားတောင်သူတွေကိုလည်း ခွန်အားဖြစ်စေပါတယ်။ UNODC အနေနဲ့ လူမှုအသိုင်းအဝန်းတွေကို ဆက်လက် အားပေးကူညီထောက်ပံ့နေလို့ မနန်းထွေးရဲ့ အဖြစ်အပျက်လိုမျိုး ဖြစ်စဥ်တွေဟာ ကော်ဖီစိုက်တောင်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဆက်လက်ပေါ်ထွန်းနေမှာ ဖြစ်ပါတယ်။ *ဤဆောင်းပါးကို UNODC ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၀၅ ရက်။
မျှော်လင့်ခြင်းအတွက်မိုးရေစက် - Tametotto မိုးရေသိုလှောင်မှုစနစ်ပံ့ပိုးပေးခြင်းကြောင့် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် နေထိုင်သော ရပ်ရွာလူထု၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ပြောင်းလဲမှုများ။
လူစည်ကားသော ရန်ကုန်မြို့တွင် ပဋိပက္ခဒဏ်ခံရသော ဒေသများမှ ပြည်သူများ ခိုလှုံလာမှုကြောင့် ရေရှားပါးမှုနှင့် ရေညစ်ညမ်းမှု ပိုမိုဆိုးရွားလာသည်။ အိမ်ထောင်စုများ၏ ၆ ရာခိုင်နှုန်းသာ ရေသွယ်ပိုက်မှ ရေကို သုံးစွဲခွင့်ရရှိသော ဤရန်ကုန်မြို့၏ အလွတ်သဘောအခြေချနေထိုင်မှုများတွင် နေထိုင်ကြသော လူများသည် ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များ အတွက် ဘေးကင်းလုံခြုံစိတ်ချရမှု မရှိသော ရေအရင်းအမြစ်များမှ ရေကို အချိန်အတော်ကြာ မှီခိုအသုံးပြုခဲ့ကြသည်။ အဆိုပါ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မကြာခဏ ရေကြီးလေ့ရှိပြီး၊ စိန်ခေါ်မှု ပြဿနာများ ကို ရင်ဆိုင်ကြုံတွေ့နေရသည်။ ပြဿနာမှာ ရေရှားပါးရုံသာမက ဘေးကင်းသော သန့်ရှင်းသော သောက်သုံးရေ မရနိုင်ခြင်း ဖြစ်ပါသည်။ လူအများစုသည် အများပြည်သူပိုင် သို့မဟုတ် ရပ်ရွာအခြေပြု ပံ့ပိုးပေးသူများမှပေးဝေသောစျေးနှုန်းထက် ပိုမိုကောက်ခံသော ပုဂ္ဂလိက စျေးသည်များအပေါ်တွင် မှီခိုနေရသည်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် လုပ်ခများ မတိုးမြင့်လာခြင်းတို့ကြောင့် အဆိုပါကုန်ကျစရိတ်များကို ပေးဆောင်ရန် ပိုမိုရုန်းကန်လာကြရသည့် အတွက် အိမ်ထောင်စုများသည် ကျန်းမာရေးအတွက်ဘေးကင်းလုံခြုံမှုမရှိသော (သို့မဟုတ်) ယုံကြည်စိတ်ချရမှုမရှိသော ရေအရင်းအမြစ်များကို မဖြစ်မနေ သုံးစွဲနေကြရသည်။ဤအရေးပေါ်လိုအပ်ချက်ကိုဖြေရှင်းရန်အတွက် UN-Habitat သည် Tametotto မိုးရေသိုလှောင်စနစ်ကို ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ "မြို့ပြ အလွတ်သဘောအခြေချနေထိုင်မှုများတွင် အမှိုက်စီမံခန့်ခွဲမှု ပံ့ပိုးပေးခြင်းဖြင့် COVID-19 ကို ခံနိုင်ရည်ရှိအောင် တည်ဆောက်ခြင်း" စီမံကိန်းသည် UN-Habitat နှင့် ဂျပန်ကုမ္ပဏီ Daiken တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Tametotto မိုးရေသိုလှောင်စနစ်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် မိတ်ဆက်အကောင်အထည်ဖော်ခဲ့သည်။ ရေတန်ချိန် ၁၅၀ ကျော် ဆံ့သည့် ဤမိုးရေသိုလှောင်ကန်သည် ခြောက်သွေ့လများအပါအဝင် တစ်နှစ်ပတ်လုံး ဘေးကင်းလုံခြုံသောရေကို ထောက်ပံ့ပေးသည်။ ဤသဘာဝအခြေခံစနစ်သည် စုဆောင်းရရှိထားသော မိုးရေများကို စိတ်ချစွာ သောက်သုံးနိုင်ပြီး စျေးကြီးသော ရေသန့်ဗူးများ သို့မဟုတ် ရေရှည်မတည်တံ့နိုင်သော မြေအောက်ရေထုတ်ယူမှုအပေါ် မှီခိုအားထားရမှုကို လျှော့ချပေးပါသည်။ ရပ်ရွာမိုးရေသိုလှောင်ကန်သည် အထူးသဖြင့် အကျိုးရှိသော သက်ရောက်မှုများ ရှိခဲ့သည်။ အဆိုပါ မိုးရေကန် တည်ဆောက် တပ်ဆင်ခြင်းသည် စီမံကိန်းဒေသများရှိ စာသင်ကျောင်းများတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါကျောင်းများအနက်မှ အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်သူ မသီတာက “အရင်ကဆို ရေက သောက်ဖို့ ဘေးကင်းလုံခြုံမှုမရှိတဲ့အတွက် အိမ်ကနေ ရေယူလာရတယ်။ အခုတော့ ကန်ထဲကရေကို သောက်နိုင်ပါပြီ။ နေမကောင်းဖြစ်မှာကိုလည်း စိုးရိမ်စရာ မလိုပါဘူး။" ဟု ဆိုသည်။ရပ်ရွာလူထုကိုလည်း မိုးရေသိုလှောင်ကန်စနစ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းများ ပို့ချပေးခဲ့ပါသည်။ စီမံကိန်းတွင် ပါ၀င်သည့် ရပ်ရွာစည်းရုံးရေးမှူး ဦးဆန်းဝင်းက “မိုးရေသိုလှောင်ကန်စနစ်သည် အလွန်ထိရောက်ပြီး ပြုပြင်ထိန်းသိမ်းရ လွယ်ကူသည်။ ကျွန်ုပ်တို့သည် ရပ်ရွာလူထုနှင့် ကျောင်းဆရာ၊ ဆရာမ များကို မိုးရေသိုလှောင်ကန်စနစ် စီမံခန့်ခွဲခြင်းနှင့် ပြုပြင်ထိန်းသိမ်းသည့် နည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ပြီး၊ သူတို့ကလည်း ထူးချွန်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဤရိုးရှင်းသောဖြေရှင်းနည်းက ကြီးမားသော အပြောင်းအလဲ ဖြစ်စေခဲ့သည်ကို မြင်ရတာ ဝမ်းမြောက်စရာပါ" ဟု ပြောသည်။ မိုးရေသိုလှောင်ကန်များကို နေရာလွတ်သက်သာစေရန် ဒီဇိုင်းထုတ်ထားပြီး ၎င်းတို့အပေါ်ရှိ ဧရိယာအား ကစားကွင်းများ သို့မဟုတ် ကားရပ်နားရန်နေရာများအဖြစ် အသုံးပြုနိုင်ခြင်းက ဤလူနေထူထပ်သောမြို့ပြဒေသများတွင် မရှိမဖြစ်အင်္ဂါရပ်တစ်ခုဖြစ်သည်။ ဤစီမံကိန်းသည် UN-Habitat ၏ ပိုမိုကျယ်ပြန့်သော လုပ်ပိုင်ခွင့်—ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်—လူနေမှုဘဝကို တိုက်ရိုက်တိုးတက်စေနိုင်ပုံ၏ သာဓက တစ်ခုဖြစ်သည်။ ရေ ဘေးကင်းလုံခြုံမှုကို ဖြေရှင်းခြင်းအားဖြင့် စီမံကိန်းသည် ချက်ချင်းလိုအပ်ချက်ကို ဖြည့်ဆည်းရုံသာမက လူထုများ၏ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် အခက်အခဲများကို ရင်ဆိုင်နိုင်ရန် ရေရှည်ခံနိုင်ရည်အားကိုလည်း မြှင့်တင်ပေးပါသည်။ ဤနည်းပညာကို အောင်မြင်စွာ အကောင်အထည်ဖော်ခြင်းသည် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၏ ထိရောက်မှုကို ပြသပြီး မြို့ပြပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ဆန်းသစ်သော ဖြေရှင်းနည်းများအတွက် အလားအလာကို မီးမောင်းထိုးပြပါသည်။ဤစီမံကိန်းသည် မြန်မာနိုင်ငံအနှံ့ အဆင့်မြင့်နည်းပညာမလိုအပ်သော၊ ကုန်ကျစရိတ်သက်သာသော မိုးရေသိုလှောင်စနစ်ကို ကျယ်ပြန့်စွာ တိုးချဲ့လျက်ရှိရာ အလွတ်သဘောအခြေချနေထိုင်မှုများတွင် ဘေးကင်းလုံခြုံမှုမရှိသောသောက်သုံးရေပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် စံနမူနာ တစ်ခုဖြစ်သည်။ UN-Habitat သည် ဤအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရန်ကုန်မြို့၏ အလွတ်သဘော အခြေချနေထိုင်မှုများတွင် မိုးရေသိုလှောင်ရေကန်စနစ် ၁၀ လုံးကို တည်ဆောက် တပ်ဆင်ခဲ့သည်။ ဤကြိုးပမ်းအားထုတ်မှုသည် မှန်ကန်သောပံ့ပိုးကူညီမှုနှင့် နည်းပညာဖြင့်၊ ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုပင်လျှင် ပိုမိုကျန်းမာပြီး ပိုမိုရေရှည်တည်တံ့သောအနာဂတ်ကို ရရှိနိုင်ကြောင်း သက်သေပြနေပါသည်။ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ ၂၀၂၄ တွင် "လူသားချင်းစာနာမှုအတွက်လုပ်ဆောင်ပါ" ဟူသော ဆောင်ပုဒ်ကို ပြန်လည်သုံးသပ်ခြင်းဖြင့်၊ ဤစီမံကိန်းသည် လိုအပ်နေသူများအတွက် ဆန်းသစ်တီထွင်သော လူသားချင်းစာနာမှုထောက်ထားမှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မီးမောင်းထိုးပြထားသည်။ ဤလုပ်ဆောင်မှုမှ ရရှိသော ရေတစ်စက်စီသည် ရန်ကုန်မြို့၏ ထိခိုက်လွယ်ဆုံးသော ရပ်ရွာလူထုအတွက် ပိုမိုတောက်ပပြီး၊ ကျန်းမာသော အနာဂတ်ဆီသို့ ခြေလှမ်းတစ်လှမ်းကို ကိုယ်စားပြုနေသည်။“ဆန်းသစ်တီထွင်သောဖြေရှင်းနည်းများသည် ထိခိုက်လွယ်ဆုံးသောရပ်ရွာလူထုအတွက် ကွဲပြားသောကမ္ဘာတစ်ခုကို ဖန်တီးပေးနိုင်သည်။ UN-Habitat သည် #actforhumanity ကို ကတိကဝတ်ပြုပြီး ရပ်ရွာလူထု၏ ကြံ့ကြံ့ခံနိုင်ရည်အား မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။ ဒီ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့ မှာ မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နေကြသောကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ဆောင်မှုပေးနေသော ဒေသခံလူထုများ၏ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်” ဟု Country Programme Manager a.i, UN-Habitat, Myanmar မှ Ms. Catarina Camarinhas က ပြောကြားခဲ့သည်။ ဤဆောင်းပါးကို UN-Habitat Myanmar ဝက်ဘ်ဆိုက်ဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်။
ဖယ်ကြဉ်ခံထားရသူအဖြစ်မှ စွမ်းဆောင်ရည်ပြည့်ဝသူအဖြစ်သို့ - လေးစားရသည့် ရပ်ရွာလူထုခေါင်းဆောင်တစ်ဦးဖြစ်လာသူ နန်း၏ တိုးတက်မှုဖြစ်စဉ်
နန်းသည် မြန်မာနိုင်ငံမှ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ရပ်ရွာလူထုကောင်းကျိုးအတွက် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ်ဆောင်ရွက်ရန် အမြဲ စိတ်အားထက်သန်ခဲ့သူဖြစ်ကာ သူမ၏ ကျေးရွာရှိ ကလေးများကို ဒေသခံဘာသာစကားများ သင်ကြားပေးခြင်းဖြင့် သူမ၏ နွေရာသီအားလပ်ချိန်များကို ကုန်ဆုံးစေ ခဲ့သည်။ သူမသည် ထိုအလုပ်ကို ချစ်မြတ်နိုးသလို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများအတွင်း ထဲထဲဝင်ဝင် ပို၍ ပါဝင်ဆောင်ရွက်လိုခဲ့သည်။ သို့သော် ဂျဲန်ဒါအစွဲထားသော ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များနှင့် မိမိကိုယ်မိမိ ယုံကြည်မှုမရှိခြင်းက သူမကို နောက်ပြန်ဆွဲ ထားသလို ဖြစ်စေခဲ့သည်။ “အရင်က ကျွန်မမှာ အသိပညာ ဗဟုသုတ သိပ်မရှိတာကြောင့် ကျေးရွာလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ သိသာ ထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးခေါင်းဆောင်တွေအပေါ် ယုံကြည်မှု ကင်းမဲ့လေ့ရှိတာကြောင့် ကျွန်မရဲ့ အကြံပြုချက်တွေကို လူတွေက လက်မခံခဲ့ကြပါဘူး” ဟု နန်းက ပြောသည်။ ရပ်ရွာလူထုအဆင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတွင် သူမ ဆွေးနွေးပါ၀င်နိုင်ရန် နေရာမရှိသလို နန်း ခံစားခဲ့ရသည်။ ထို့အပြင် သူမသည် အလယ်တန်း ကျောင်းပညာရေးသာ တက်ရောက်ခဲ့ရခြင်းကြောင့် မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းကာ၊ အမျိုးသမီးဖြစ်နေခြင်းကြောင့်လည်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များတွင် ပါဝင်ခြင်းမှ ဖယ်ကြဉ်ခံ ခဲ့ရသည်။ သို့သော် UN Women ၏ ပံ့ပိုးကူညီမှုဖြင့် အလုပ်လုပ်သည့် ဒေသန္တရအဖွဲ့အစည်းတစ်ခုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဦးဆောင်လုပ်ကိုင်နိုင်ရန် ကျေးရွာတွင်း အမျိုးသမီးများ၏ စွမ်းဆောင်ရည်တည်ဆောက်ခြင်းကို စတင်ဆောင်ရွက်သည့်အခါ နန်းသည် စိတ်အားထက်သန်စွာဖြင့် ပါဝင်သူတစ်ဦး ဖြစ်ခဲ့သည်။ များမကြာမီတွင် သူမသည် အမှန်တကယ် စွမ်းဆောင်ရည်ရှိကြောင်းကို နန်းကိုယ်တိုင်ရော ရပ်ရွာလူထုကပါ ယုံကြည်လာခဲ့သည်။ ကမ္ဘာအနှံ့ ဘေးဒုက္ခအကျပ်အတည်းဒဏ် ခံနေရသည့် နိုင်ငံများအတွင်း မြန်မာနိုင်ငံသည်လည်း ပါဝင်သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များ၌ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ခေါင်းဆောင်မှုသည် အလွန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များတွင် အမျိုးသမီးနှင့် အမျိုးသမီးအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်သည့်အခါ တုံ့ပြန်ဆောင်ရွက်ချက်များသည် ရပ်ရွာပြည်သူလူထုအားလုံး၏ လိုအပ်ချက်အသီးသီးကို ပို၍ ဖြေရှင်းနိုင်စွမ်းရှိပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု ရလဒ်များဆီသို့ ဦးတည်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် ဆိုးရွားလာသော အကျပ်အတည်းကာလအတွင်း UN Women သည် ဒေသန္တရ အမျိုးသမီးအခွင့်အရေး လုပ်ဆောင်သော အဖွဲ့အစည်းများ၊ အမျိုးသမီးဦးဆောင်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤအဖွဲ့အစည်းများသည် ဝေးလံခေါင်ဖျားသည့်အရပ်တွင် နေထိုင်သော ထိခိုက်လွယ်ပြီး ဖယ်ကြဉ်ခံထားရသူများအတွက် အသက်ကယ်ဆယ်ရေး ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ၎င်းတို့၏ အသိပညာဗဟုသုတနှင့် ကွန်ရက်ချိတ်ဆက်မှုများကို အသုံးပြု ဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။ နန်း၏ ကျေးရွာတွင် UN Women ၏ ဒေသန္တရ မိတ်ဖက်အဖွဲ့အစည်းတစ်ခုသည် ကျေးရွာလူမှုအသိုက်အဝန်းအတွင်း ရာသီဥတုဘေးအန္တရာယ်နှင့် လူကြောင့်ဖြစ်သည့် ဘေးအန္တရာယ်များအပေါ် ကြံကြံခံနိုင်စွမ်း မြင့်မားအောင် မြှင့်တင်ဆောင်ရွက်ပေးရာတွင် ကူညီပေးလျက်ရှိပါသည်။ အစပထမတွင် နန်းသည် အစည်းအဝေးများနှင့် သင်တန်းများကို စီစဉ်ပေးရာတွင် ကူညီခဲ့သည်။ နောက်ပိုင်းတွင် သူမအနေဖြင့် တဖြည်းဖြည်း မိမိကိုယ်ကို ယုံကြည်မှု ပိုရှိလာကာ ခေါင်းဆောင်မှုစွမ်းရည်များလည်း တိုးတက်လာသောကြောင့် အလှူရှင်များနှင့် ကျေးရွာလူမှုအဖွဲ့အစည်းများအကြား ဆက်ဆံရေးတည်ဆောက်ရာတွင် ဦးဆောင်သူအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး သူမကိုယ်တိုင် စီစဉ်ဦးဆောင်သည့် ကြံကြံခံနိုင်စွမ်း မြှင့်တင်ရေးစီမံကိန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ နန်းအတွက် အဓိက အလှည့်အပြောင်းတစ်ခုမှာ ‘ထိခိုက်လွယ်မှုနှင့် စွမ်းဆောင်ရည်ရှိမှုကို အားလုံးပါဝင် ဆန်းစစ်လေ့လာနည်း (Participatory Vulnerability and Capacity Analysis [PVCA])’ သင်တန်းတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ ဤသင်တန်းသည် ဖြစ်နိုင်ခြေအန္တရာယ် ဆန်းစစ်လေ့လာမှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး ကျေးရွာလူထုကို ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ၎င်းတို့၏ ထိခိုက်လွယ်မှုများနှင့် စွမ်းဆောင်ရည်များအား နားလည်သိမြင်လာစေရန်နှင့် ခွဲခြမ်းစိတ်ဖြာလေ့လာတတ်စေရန် အထောက်အကူပြုသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထို့အပြင် ကျေးရွာလူထု ရင်ဆိုင်ရသည့် ဖြစ်နိုင်ခြေအန္တရာယ်အမျိုးမျိုးအကြား ဆက်နွယ်ချိတ်ဆက်မှုများနှင့် ကျေးရွာလူမှုအသိုက်အဝန်းအတွင်း နေထိုင်သူများအကြား အပြန်အလှန်ဆက်ဆံပုံ နည်းလမ်းများကို ဖော်ထုတ်သိမြင်နိုင်ရန်လည်း အထောက်အကူပြုသည်။ PVCA လုပ်ငန်းစဉ်မှတစ်ဆင့် သူမ ရရှိခဲ့သည့် အသိပညာနှင့် ကျွမ်းကျင်မှုများဖြင့် စွမ်းဆောင်ရည်မြင့်မားလာသည်ဟု ခံစားရပြီး၊ သူမ၏ ကျေးရွာတွင် အရေးကြီးသည့် စီမံကိန်းအမျိုးမျိုးကို စတင်ဆောင်ရွက်ရန် အလှူရှင်များနှင့် ကုလသမဂ္ဂအေဂျင်စီအဖွဲ့အစည်းများထံမှ ပံ့ပိုးကူညီမှုနှင့် ရန်ပုံငွေများရရန်အတွက် အောင်မြင်စွာ စည်းရုံးလှုံ့ဆော် ပြောဆိုနိုင်ခဲ့သည်။ ဤစီမံကိန်းများတွင် စိုက်ပျိုးရေးသုံး ကိရိယာများနှင့် မျိုးစေ့များ လက်ခံရယူခြင်း၊ လုပ်အားအတွက် ပံ့ပိုးငွေရရှိခြင်း (cash for work) အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်ခြင်း၊ မိုးရာသီအတွက် ကြိုတင်ပြင်ဆင်ရန် ကျေးရွာတွင် အလွန် လိုအပ်နေသော ရေနုတ်မြောင်းတည်ဆောက်ခြင်း၊ မိုးရာသီကာလအတွင်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် လမ်းသစ်ဖောက်လုပ်ရန် ထောက်ပံ့ကြေး ရယူခြင်းတို့ ပါဝင်သည်။“အခုတော့ နန်းက ကျေးရွာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ လုပ်ကိုင်ဆောင်ရွက်နေပါပြီ။ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကော်မတီက နန်းကို အဖွဲ့ဝင်တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပြီးတော့ သူ့ရဲ့ အကြံပြုချက်တွေကို တန်ဖိုးလည်းထားသလို စဉ်းစားသုံးသပ်တာတွေလည်း ရှိလာပါတယ်။ ဒါက ကျေးရွာအတွင်း ကျွန်မတို့ အကောင် အထည်ဖော်ခဲ့တဲ့ သင်တန်းနဲ့ တခြား စီမံကိန်းလုပ်ငန်းတွေကနေတစ်ဆင့် ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေ ကို လက်တွေ့ပြနေတာပဲ ဖြစ်ပါတယ်” ဟု UN Women ၏ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ဤအဖွဲ့အစည်းသည် PVCA သင်တန်းနှင့် အခြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ နန်းသည် သူမကျေးရွာတွင် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ၏ အဓိက ညှိနှိုင်းဆောင်ရွက်သူတစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးပြောဆိုမှုများတွင် ဦးဆောင်ခြင်းနှင့် စုံလင်ကွဲပြားသော အမျိုးသမီးအဖွဲ့များအကြား တိုင်းရင်းသားလူမျိုးစုအချင်းချင်း အပြန်အလှန် ဆွေးနွေးပြောဆိုမှုများ အဆင်ပြေချောမွေ့အောင် ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ “သင်တန်းပြီးသွားတဲ့အခါ ကျွန်မ ကျေးရွာမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဖို့ ယုံကြည်မှုတွေ ပိုရှိလာတဲ့ အပြင် ကျွန်မရဲ့ ထင်မြင်ချက်တွေကို ရဲရဲဝံ့ဝံ့ ပြောနိုင်လာပါပြီ” ဟု သူမက ဆိုသည်။ “ကျွန်မ ရလာတဲ့ စွမ်းဆောင်ရည်က ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို တိုးတက်စေရုံသာမကဘဲ အတားအဆီးတွေ ကိုလည်း ဖယ်ရှားပေးနိုင်လို့၊ ကျွန်မရဲ့ ရပ်ရွာလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိပ္ပါယ်ရှိရှိ ပါဝင်ဆောင်ရွက်နိုင် တာပဲ ဖြစ်ပါတယ်။” * ဘေးကင်းလုံခြုံရေးအတွက် အမည်ကို ပြောင်းလဲ ဖော်ပြထားသည်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်။
နည်းလမ်းတစ်ခုတည်းဖြင့် အခြေအနေအရပ်ရပ်ကို မဖြေရှင်းနိုင် - လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွင် ဂျဲန်ဒါ (ကျား၊မ ရေးရာ)သည် အဘယ်ကြောင့် အရေးပါသနည်း။
မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ယခင်ထက်ပို၍ တိုက်ပွဲများဖြစ်ပွားလာမှုနှင့်အတူ ၂၀၂၄ ခုနှစ်၊ မေလအရောက်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ[1]အရပ်သားဦးရေသည် ၃ သန်းကျော်သွားပြီး ဆိုးရွားသည့် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်စေသည်။ ခန့်မှန်းခြေအားဖြင့် လူဦးရေ၏ သုံးပုံတစ်ပုံခန့်ဖြစ်သော ၁၈.၆ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ ရှိနေပြီး၊ ထို့အနက်မှ လူဦးရေ ၉.၇ သန်းသည် အမျိုးသမီးနှင့် မိန်းကလေးငယ်များ ဖြစ်ကြသည်။[2] ယခုအခါတွင် လူဦးရေ၏ ၇၅ ရာခိုင်နှုန်းသည် ဆင်းရဲမွဲတေမှုမျဉ်းအောက် (သို့မဟုတ်) ဆင်းရဲမွဲတေမှုမျဉ်းအောက် ရောက်လုနီး အခြေအနေများတွင် နေရကြောင်းကို တွေ့ရသည်။ [3]ဆက်သွယ်သွားလာရေးတွင် အလွန်တင်းကျပ်သည့် ကန့်သတ်ချက်များ၊ လျော့ပါးလာသည့် ရန်ပုံငွေများနှင့်အတူ အန္တရာယ်ရှိသော လုပ်ငန်းဝန်းကျင်အခြေအနေများ ရှိသော်လည်း ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေများအတွင်း မြန်မာအမျိုးသမီးခေါင်းဆောင်သော အဖွဲ့အစည်းများနှင့် အမျိုးသမီးများအခွင့်အရေးဆိုင်ရာ အဖွဲ့ အစည်းများသည် ဝေးလံခေါင်းပါးသည့်ဒေသများတွင် နေထိုင်သော အားနည်းထိခိုက်လွယ်သည့် ဖယ်ကြဉ်ခံထားရသူများထံသို့ အသက်ကယ်ဆယ်ရေး ကူညီပံ့ပိုးမှုများပေးနိုင်ရန် ၎င်းတို့၏ ထူးခြားကောင်းမွန်သည့် အသိပညာ ဗဟုသုတနှင့် ကွန်ရက်ချိတ်ဆက်မှုများကို ဆက်လက် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာအနှံ့ ဘေးဒုက္ခအကျပ်အတည်းဒဏ်ခံနေရသည့် နိုင်ငံများအတွင် မြန်မာနိုင်ငံသည် တစ်ခုအပါအဝင် ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက်များတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ခေါင်းဆောင်မှုသည် မရှိမဖြစ် အရေးပါသည်။ ဤနေရာတွင် မြန်မာနိုင်ငံမှ ဥပမာများကို အသုံးပြု၍ အကျပ်အတည်းကာလအတွင်းနှင့် နောက်ပိုင်းကာလများတွင် ဂျဲန်ဒါအလိုက် သီးခြားလိုအပ်ချက်များနှင့်အညီ တုန့်ပြန်ဆောင်ရွက်ရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်များတွင် ခေါင်းဆောင်နိုင်ရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသမီးများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် အဘယ်ကြောင့် အရေးကြီးကြောင်းကို ကျွန်ုပ်တို့ ရှင်းပြထားပါသည်။ ပထမဦးစွာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက် ဆိုသည်မှာအဘယ်နည်း။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်ဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ် သို့မဟုတ် အခြားအကျပ်အတည်းများကြောင့် လိုအပ်ချက်များရှိနေသည့် ရပ်ရွာလူမှုအသိုက်အဝန်းများကို ကူညီရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ချက်များဖြစ်သည်။ ရည်ရွယ်ချက်အနေဖြင့် အဆိုပါ အကျပ်အတည်းကာလများအတွင်းနှင့် နောက်ပိုင်းကာလများတွင် လူ့အသက်များကို ကယ်တင်ရန်၊ ဆင်းရဲဒုက္ခများ ပပျောက်စေရန်နှင့် လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်သည်။ ရေခံမြေခံအခြေအနေနှင့် ထိခိုက်ခံစားရသူများ၏ လိုအပ်ချက်များအပေါ်မူတည်၍၊ တုံ့ပြန်ဆောင်ရွက်မှုအတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်ရွာလူထုအခြေပြုအဖွဲ့အစည်းများ၊ ဂျဲန်ဒါရေးရာ ကျွမ်းကျင်ပညာရှင်များ၊ အကျပ်အတည်းဒဏ်ခံရသည့် ရပ်ရွာလူမှုအသိုက်အဝန်းများ၊ နိုင်ငံအဆင့်နှင့် ဒေသန္တရအဆင့် အာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် နိုင်ငံတော်အဆင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ(NGOs)၊ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းနှင့် အလှူရှင်များစသည်ဖြင့် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သည့် အဖွဲ့အစည်း အမျိုးမျိုး ပါဝင်ဆောင်ရွက်နိုင်ပြီး အဖွဲ့အစည်းတစ်ခုချင်းစီတွင် မတူညီသည့် အခန်းကဏ္ဍနှင့် ဦးစားပေးလုပ်ငန်းကိုယ်စီ ရှိကြပါသည်။ အကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းဆောင်ရွက်သည့်အခါ ကျွန်ုပ်တို့အနေဖြင့် ဂျဲန်ဒါနှင့်ပတ်သက်၍ အဘယ်ကြောင့် စဉ်းစားသုံးသပ်ရန် လိုအပ်သနည်း။ အကျပ်အတည်းနှင့် ဘေးအန္တရာယ်များသည် အမျိုးသမီး၊ မိန်းကလေး၊ အမျိုးသားနှင့် ယောကျ်ားလေးများအပေါ် မတူကွဲပြားစွာ သက်ရောက်မှုရှိသည်။ ထို့အပြင် အခြားသောအကြောင်းအရာများဖြစ်သည့် အသက်အရွယ်၊ မသန်စွမ်းမှု၊ လိင်စိတ်တိမ်းညွတ်မှု၊ တိုင်းရင်းသားလူမျိုးစု၊ သို့မဟုတ် ကိုးကွယ်ယုံကြည်မှုများကြောင့်လည်း ရှိနှင့်ပြီးသော ထိခိုက်လွယ်မှုများသည် ပို၍ ဆိုးရွားသွားလေ့ရှိသည်။ ဥပမာအားဖြင့် -အမျိုးသမီးများအနေဖြင့် ဘေးအန္တရာယ်ကျရောက်သည့်ကာလအတွင်း ဘေးကင်းလုံခြုံရာနေရာကို ရှာဖွေရာတွင် လူမှုစံနှုန်းသတ်မှတ်ချက်များက ၎င်းတို့အတွက် အခက်အခဲဖြစ်လာစေသည်။ ဥပမာ - ၎င်းတို့ကို တစ်ဦးတည်း ခရီးသွားလာခွင့် သို့မဟုတ် ယာယီအဆောက်အအုံများတွင် ခိုလုံနေထိုင်စဉ်အတွင်း သူစိမ်း အမျိုးသားများနှင့် အတူတကွနေထိုင်ရန် ကန့်သတ်တားမြစ်ခြင်း။စစ်တပ် သို့မဟုတ် လက်နက်ကိုင်အဖွဲ့များအတွင်းသို့ အဓမ္မ စစ်သားစုဆောင်းခံရသူများတွင် ငယ်ရွယ်သူ အမျိုးသားများသည် အများဆုံး ပါဝင်နိုင်ခြေရှိသူများဖြစ်ခြင်း။အိမ်အသုံးစရိတ်လျှော့ချရန်နှင့် ပြုစုစောင့်ရှောက်ရေးအတွက် လက်တိုလက်တောင်း ကူညီပေးနိုင်ရန် မိန်းကလေးငယ်များအနေဖြင့်လည်း ကျောင်းထုတ်ခံရနိုင်သလို၊ ထောက်ပံ့မှုရယူလိုသည့် မျှော်လင့်ချက်ဖြင့် အရွယ်မတိုင်မီ စောစီးစွာ အဓမ္မလက်ထပ်စေခိုင်းခံရနိုင်ခြင်း။ ဂျဲန်ဒါအလိုက် သီးခြားလိုအပ်ချက်များ၊ စွမ်းဆောင်ရည်များနှင့် ဘေးအန္တရာယ် သို့မဟုတ် အကျပ်အတည်းဒဏ်ခံရသူအားလုံး၏ ဦးစားပေးရမည့်အရာများကို နားလည်ခြင်းသည် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သူများအတွက် သင့်လျော်ထိရောက်သော တုံ့ပြန်ဆောင်ရွက်မှုများကို အစီအစဉ်ရေးဆွဲရာတွင်လည်းကောင်း၊ လိုအပ်ချက်အများဆုံးဖြစ်သောသူများကို ဦးတည်ဆောင်ရွက်ရာတွင်လည်းကောင်း၊ တန်းတူညီမျှမှု မရှိခြင်းကို မရည်ရွယ်ဘဲ အားပေးခြင်း၊ သက်ဆိုးရှည်စေခြင်း၊ သို့မဟုတ် တိုးပွားစေခြင်းကို ရှောင်လွဲရာတွင်လည်းကောင်း အထောက်အကူဖြစ်စေပါသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက ရခိုင်ပြည်နယ်တွင်းဖြစ်ပွားသော တိုက်ပွဲများသည် ပို၍ ပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဂျဲန်ဒါကွဲပြားမှုအလိုက် လိုအပ်ချက်များ ကောက်ယူအကဲဖြတ်သုံးသပ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် မြန်မာအမျိုးသမီးအဖွဲ့အစည်းများသည် အောက်ပါအချက်တို့ပါ၀င်သည့် ဂျဲန်ဒါအလိုက် သီးခြားသက်ရောက်မှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ နေရပ်စွန့်ခွာရခြင်း၊ လုံခြုံရေးအန္တရာယ်ရှိခြင်း၊ အခြေခံအဆောက်အဦးများ ပျက်စီးထိခိုက်မှုရှိခြင်းတို့ကြောင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများအား တုံ့ပြန်ဖြေရှင်းခြင်း၊ ကာကွယ်တားဆီးခြင်း၊ မှတ်တမ်းတင်ခြင်းများအတွက် လိုအပ်သည့် ဝန်ဆောင်မှုများကို လက်လှမ်းမီ ရယူနိုင်မှု မရှိခြင်း။ အကျပ်အတည်းကာလအတွင်း အမျိုးသမီးနှင့် မိန်းကလေးများသည် အနုတ်လက္ခဏာဆောင်သည့် ရင်ဆိုင်ဖြေရှင်းနည်းများ၏ဒဏ်ကို ခံရသည့်အတွက် လူကုန်ကူးမှု၊ အရွယ်မတိုင်မီနှင့် အဓမ္မ လက်ထပ်စေခိုင်းမှု၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနှင့် အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှုနှင့် အဓမ္မပြည့်တန်ဆာပြုမှုများအပါအဝင် ဂျဲန်ဒါအခြေပြု ရာဇဝတ်မှုများ တိုးပွားလာခဲ့သည်။ အကျပ်အတည်းများနှင့် ဘေးအန္တရာယ်များက အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မည်သို့ သက်ရောက်မှု ရှိနေသနည်း။ အကျပ်အတည်းမဖြစ်ပေါ်မီကပင် ဂျဲန်ဒါမညီမျှမှုများ ရှိနှင့်နေပြီးဖြစ်သည်။ ထို့ကြောင့် ဘေးအန္တရာယ်ကျရောက်သည့်အခါ အဆိုပါမညီမျှမှုများ၏ သက်ရောက်မှုသည် ပို၍ဆိုးရွားလာပြီး အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အချိုးအစား မမျှတစွာ ထိခိုက်သက်ရောက်စေတော့သည်။ အမျိုးသမီးများသည် တိုးပွားလာသည့် အန္တရာယ်များဖြစ်သည့် ကျား၊မအခြေပြု အကြမ်းဖက်မှုနှင့် ဘေးကင်းလုံခြုံမှုမရှိခြင်းတို့ကို ရင်ဆိုင်လာရသည့်အပြင်၊ အသွားအလာနှင့် ဆက်သွယ်ပြောဆိုမှုများတွင် တားဆီးကန့်သတ်ခံရခြင်း၊ ထပ်တိုးလာသည့် ပြုစုစောင့်ရှောက်ရေးတာဝန်၊ အိမ်တွင်းအလုပ်နှင့် အသက်မွေးဝမ်းကျောင်း အလုပ်တာဝန်များ ပိုများလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများရယူရာ တွင် အတားအဆီးများကို ရင်ဆိုင်နေရပါသည်။ မြန်မာနိုင်ငံတွင် “စစ်ဘေးရှောင်စခန်းတွေမှာ နေရတဲ့ အမျိုးသမီးတော်တော်များများက မိသားစုတစ်စုလုံးရဲ့ စား၀တ်နေရေး ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားကြရသည့်အပြင်၊ တန်ဖိုးထားမခံရသည့် အခကြေးငွေလည်းမရသော ပြုစုစောင့်ရှောက်ရေးအလုပ်တွေကို မနိုင်မနင်း ပိုလုပ်လာရတယ်။ အမျိုးသားတွေကျတော့ စခန်းကော်မတီအဖွဲ့မှာ စီမံအုပ်ချုပ်ရေးနေရာတွေယူပြီးတော့ တုံ့ပြန်ဖြေရှင်းရေး မဟာဗျူဟာတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလေ့ရှိကြတယ်။ ဆိုတော့ အမျိုးသမီးတွေရဲ့ လက်တွေ့ လတ်တလောလိုအပ်ချက်တွေက တုံ့ပြန်ဖြေရှင်းရေး လုပ်ဆောင်ချက်တွေမှာ မပါသလို ဦးစားပေးခံရမှုလည်း မရှိပါဘူး။”
– မြန်မာနိုင်ငံတွင် အကျပ်အတည်းဒုက္ခကြောင့် အမျိုးသမီးများ အချိုးအစားမမျှတစွာ ထိခိုက်သက်ရောက်နေပုံ အချို့ကို ဒေသခံ အမျိုးသမီး အဖွဲ့တစ်ဖွဲ့၏ အမျိုးသမီးဝန်ထမ်းတစ်ဦးက ရှင်းပြပြောဆိုခြင်း။ အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်တွင် ဦးဆောင်ရန်နှင့် ပါဝင်ဆောင်ရွက်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ အမျိုးသမီးများနှင့် ၎င်းတို့၏ကလေးသူငယ်များအပေါ် အကျပ်အတည်းဒဏ်များ အချိုးအစားမမျှတစွာ ထိခိုက်သက်ရောက်နေသော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး ကြိုးပမ်းအားထုတ်မှုများတွင် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းလုပ်ငန်းစဉ်များမှ ဖယ်ကြဉ်ခံထားရလေ့ရှိသည်။ သို့သော် ဤလုပ်ငန်းစဉ်များအတွင်း အမျိုးသမီးများနှင့် အမျိုးသမီးအဖွဲ့အစည်းများကို ထည့်သွင်းဆောင်ရွက်စေသည့်အခါတွင် တုံ့ပြန်ဖြေရှင်းမှုများသည် ရပ်ရွာလူထုအားလုံး၏ လိုအပ်ချက်များကို ပို၍ ဖြေရှင်းပေးနိုင်သည်။ ထို့အပြင် အောက်ပါအချက်များကြောင့် အားလုံးအကျုံးဝင်ပါဝင်မှုကို သေချာစေပြီး၊ ပို၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းအားထုတ်မှုများဆီသို့ ဦးတည်ဖြစ်ပေါ်လာသည်။ ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ သီးခြား လိုအပ်ချက်များနှင့် ဦးစားပေးမှုများကို နားလည်သိမြင်ခြင်းနှင့် ဖြေရှင်းနိုင်ခြင်းအား ပို၍သေချာစေသည်။ အမျိုးသမီးများသည် အိမ်ထောင်စု၊ ရပ်ရွာလူမှုအသိုက်အဝန်း ပြန်လည်တည်ဆောက်မှု၊ မိသားစုဘ၀ သာယာပျော်ရွှင်ရေးအတွက် ဆောင်ရွက်မှုများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြသည်။ ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုသည် ဂျဲန်ဒါရေးရာ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို မြှင့်တင်ရာရောက်ပြီး ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို သက်ဆိုးရှည်စေသည့် အန္တရာယ်ရှိသော စံသတ်မှတ်ချက်များနှင့် အလေ့အထများကို စိန်ခေါ်ဖြေရှင်းနိုင်စွမ်းရှိသည်။ မြန်မာနိုင်ငံတွင် “ဆိုင်ကလုန်း မိုခါပြီးတော့ ပြန်လည်ထူထောင်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေမှာ ကျေးရွာထဲက အမျိုးသမီးတွေ ခေါင်းဆောင်ပြီး ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့်၊ စီမံခန့်ခွဲရေး ကျွမ်းကျင်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့အတွက် ကျွန်မတို့ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ သူတို့ရဲ့ ခေါင်းဆောင်မှုကြောင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေက ပိုပြီး အကျိုးရှိထိရောက်ခဲ့သလို ကျေးရွာထဲမှာရှိတဲ့ အမျိုးသမီးနှင့် မိန်းကလေးငယ်တွေအတွက် ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ဖော်ထုတ်ခဲ့ပြီး တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါတယ်။”
– မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့အစည်းတစ်ဖွဲ့၏ အမျိုးသမီးဝန်ထမ်းတစ်ဦး။ ဂျဲန်ဒါလိုအပ်ချက်အလိုက် ဖြည့်ဆည်းဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်ဖြစ်ပေါ်ရေးအတွက် မည်သည့် မူဝါဒများ သို့မဟုတ် နိုင်ငံတကာ မူဘောင်များက လမ်းညွှန်ထားသနည်း။ ဌာနချင်းပေါင်းစပ်ညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Inter Agency Standing Committee)သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ညှိနှိုင်းဆောင်ရွက်ရေးအတွက် ကာလအရှည်ကြာဆုံး တည်ရှိခဲ့သော အဆင့်မြင့်ဆုံး ဖိုရမ်တစ်ခုဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်ချက်တွင် ဂျဲန်ဒါ တန်းတူညီမျှရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ IASC မူဝါဒ (IASC Policy on Gender Equality and the Empowerment of Women and Girls in Humanitarian Action) ကို ၂၀၂၄ ခုနှစ်တွင် UN Women က မွမ်းမံဖြည့်စွက်ခဲ့သည်။ ၎င်းတွင် ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်များအားလုံးတွင် ဂျဲန်ဒါတန်းတူညီမျှရေး၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို ထည့်သွင်းဆောင်ရွက်နိုင်ရန် လူသားချင်းစာနာထောက်ထားရေး ကူညီဆောင်ရွက်သူများ လိုက်နာသင့်သည့် မူဘောင်တစ်ရပ်ကို ပြဋ္ဌာန်းဖော်ပြထားသည်။ အခြားသက်ဆိုင်ရာ မူဝါဒများနှင့် နိုင်ငံတကာမူဘောင်များအနေဖြင့် အောက်ပါတို့ ပါဝင်သည်။ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) က အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အချိုးအစားမမျှတစွာဖြင့် ပဋိပက္ခသက်ရောက်မှုများ ရှိသည်ကို အသိအမှတ်ပြုပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ၎င်းတို့ ပါဝင်ဆောင်ရွက်ရန်၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား-မ အခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်ရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအားလုံးတွင် ကျား-မ ရေးရာ ရှုထောင့်အမြင်များ ပေါင်းစပ်ထည့်သွင်းရန်အတွက် တိုက်တွန်းနှိုးဆော်ထားသည်။ ဆုံးဖြတ်ချက်အမှတ် (၁၃၂၅) နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ မြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်းသည့် ရှင်းလင်းဖော်ပြမှုတွင် ပို၍လေ့လာဖတ်ရှုနိုင်ပါသည်။အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် (CEDAW) တွင် ကျား-မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအခွင့်အရေးနှင့်ပတ်သက်၍ ကျယ်ပြန့်သည့် နိုင်ငံတကာ စံချိန်စံညွှန်းများကို သတ်မှတ်ပြဋ္ဌာန်းထားပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပါအဝင် ကဏ္ဍအားလုံးတွင် ဂျဲန်ဒါလိုအပ်ချက်အလိုက် ဖြည့်ဆည်းဆောင်ရွက်သော မူဝါဒများကို ရှင်းလင်းဖော်ပြထားသည်။ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် ရည်မှန်းချက် ၅ (ကျား၊မတန်းတူညီမျှရေး) နှင့် ၁၀ (မညီမျှမှုများလျှော့ချရေး) တွင် ဂျဲန်ဒါကွာဟချက်များကို ဖြေရှင်းရန်နှင့် အကျပ်အတည်းကာလများအပါအဝင် ကဏ္ဍအားလုံးတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို လမ်းညွှန်ဖော်ပြထားသည်။ ဂျဲန်ဒါလိုအပ်ချက်အလိုက် ဖြည့်ဆည်းဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပိုမိုလေ့လာလိုပါက - UN Women ၏ အခမဲ့ဖြစ်သောVirtual Gender in Humanitarian Action training course သင်တန်းတွင် စာရင်းသွင်း တက်ရောက်ပါ။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ် စက်ဝန်းတစ်လျှောက် ကဏ္ဍအားလုံးတွင် ဂျဲန်ဒါ တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး ထည့်သွင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ လက်တွေ့လမ်းညွှန်ချက်အတွက် IASC Gender Handbook for Humanitarian Action ကို ဖတ်ရှုပါ။ ထို့အပြင် ၎င်းတို့၏ IASC ဝက်ဘ်ဆိုက်ဖြစ်သော Gender in Humanitarian Action Reference Group website တွင် နောက်ဆက်တွဲ အထောက်အကူပြု ရင်းမြစ်များကိုလည်း သင့်အနေဖြင့် ရှာဖွေလေ့လာနိုင်ပါသည်။
[1] မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းမျာ းဌာနေညှိနှိုင်းရေးမှူး (ယာယီ) ၏ ထုတ်ပြန်ကြေညာချက်၊ ၂၀၂၄ ခုနှစ် မေလ ၃ ရက်။ မြန်မာနိုင်ငံတွင် လူပေါင်း ၃ သန်းကျော်သည် ၎င်းတို့ နေရပ်မှ မဖြစ်မနေ စွန့်ခွာထွက်ပြေးရခြင်း။ အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။[2] လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် (Myanmar Humanitarian Needs and Response Plan)၊ 2024, UN OCHA, December 2023. အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။[3] မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုနှင့် အိမ်ထောင်စုများ စီးပွားရေးအခြေအနေ - ပျောက်ကွယ်လာသော လူလတ်တန်းစားတစ်ရပ် (Poverty and the Household Economy of Myanmar: A Disappearing Middle Class) ၊ UNDP, April 2024. အွန်လိုင်းတွင်လည်း ရယူဖတ်ရှုနိုင်သည်။ *ဤဆောင်းပါးကို UN Women Asia Pacific ဝက်ဘ်ဆိုဒ် တွင် မူရင်းရေးသားထုတ်ဝေထားပါသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၆ ရက်။
ကိုးနှစ်ကြာပြီးနောက် မြစ်ဝကျွန်းပေါ်ဒေသ ဧရာဝတီတွင် ရေဘေးအကူအညီများ WFP ပြန်လည်စတင်ပေးအပ်သွားမည်
ဧရာဝတီတိုင်းဒေသကြီးရှိ ရေလွှမ်းမိုးခြင်းခံရသည့်နေရာများတွင် ခန့်မှန်းလူဦးရေ ၅၀၀,၀၀၀ ခန့် နေထိုင်လျက်ရှိသည်။[1] လာမည့်နေ့များတွင် WFP အနေဖြင့် ရေဘေးရှောင်စခန်းများတွင် ခိုလှုံနေကြသော ရေဘေးသင့်သူ လူဦးရေ ၃၅,၀၀၀ ခန့်အား ဆန်နှင့် အားဖြည့်ဘီစကစ်များ ထောက်ပံ့သွားရန် စီစဥ်ထားသည်။ ဤအထောက်အပံ့နှင့်အတူ လတ်တလောအာဟာရချို့တဲ့မှုကို ကာကွယ်တားဆီးနိုင်ရန်အလို့ငှာ မိခင်နှင့် ကလေးများအတွက် အာဟာရအထောက်အပံ့များကိုပါ တွဲဖက်ပေးအပ်သွားမည် ဖြစ်ပါသည်။ “မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ တင်စားကြတဲ့ ဧရာဝတီတိုင်းဒေသကြီးဟာ ရေကြီးမှုလို ရာသီဥတုဖြစ်စဥ်တွေကြောင့် အလွန်ထိခိုက်လွယ်တဲ့ ဒေသတစ်ခုပါ။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေလွှမ်းမိုးမှုတွေကြောင့် မိုးစပါးအထွက်နှုန်း သိသိသာသာလျော့ကျသွားစေနိုင်တဲ့ အန္တရာယ်ရှိနိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ ထိခိုက်လွယ်သူတွေ၊ အထူးသဖြင့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီအကျိုးသက်ရောက်မှုဟာ ဧရာဝတီတိုင်းဒေသကြီး တစ်ခုတည်းမှာမဟုတ်ပဲ မြန်မာနိုင်ငံတစ်ဝန်းမှာပါ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင်ခြေရှိပါတယ်။ ဒီလိုအခြေအနေတွေကနေ စားနပ်ရိက္ခာပြတ်လပ်မှုတွေဖြစ်မလာစေဖို့ WFP အနေနဲ့ မြန်မြန်ထက်ထက် တုံ့ပြန်လုပ်ဆောင်နေတာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Sheela Matthew က ပြောသည်။ အဆိုပါရေကြီးရေလျှံမှု မတိုင်ခင်ကပင် ဧရာဝတီတိုင်းတွင် လူဦးရေ ၁.၅ သန်း (စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံခန့်) သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက် ၂၀၂၄ ခန့်မှန်းချက် အရ သိရှိရသည်။ WFP ၏ ရေဘေးတုံ့ပြန်မှု လက်ရှိအခြေအနေWFP ၏ မိတ်ဖက်အဖွဲ့အစည်းများထံမှ ကနဦးအစီရင်ခံစာများအရ ဧရာဝတီတိုင်းဒေသကြီးရှိ လယ်မြေဧက သိန်းနှင့်ချီ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။ အပြင်းထန်ဆုံးထိခိုက်ခဲ့ရသော နေရာများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။ ရေလွှမ်းမိုးမှုဒဏ်မှ ပြန်လည်ရုန်းထနိုင်အောင် ကြိုးစားလျက်ရှိကြသည့် တစ်နိုင်တစ်ပိုင်လယ်ယာလုပ်ကိုင်သူများကို ကူညီထောက်ပံ့ပေးနိုင်ရန်လည်း အလွန်အရေးပါသည်။ ယခုစတင်ပေးအပ်လျက်ရှိသည် အထောက်အပံ့သည် WFP အနေဖြင့် ၉ နှစ်အကြာမှ ဧရာဝတီတိုင်းဒေသကြီးတွင် ပြန်လည်ကာ ပေးအပ်သည့် အကူအညီများ ဖြစ်ပါသည်။ WFP သည် ယခင်က နောက်ဆုံးအကြိမ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီးတွင်း နေရာအနှံ့ ရေလွှမ်းမိုးခဲ့စဥ်က အကူအညီများပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ လက်ရှိတွင် WFP သည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ရေဘေးသင့် လူဦးရေ ၁၃၀,၀၀၀ ခန့်ထံ အသက်ကယ်ဆယ်ရေးရိက္ခာအကူအညီများကို ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင်လည်း WFP အနေဖြင့် လိုအပ်ချက်များကိုလည်း လေ့လာဆန်းစစ်လျက်ရှိပြီး အကူအညီပေးရန် အသင့်ပြင်ဆင်ထားလျက်ရှိပါသည်။ဓါတ်ပုံများကို အောက်ပါ link တွင် ရယူနိုင်ပါသည်။ https://wfp.sharepoint.com/:f:/s/WFPMM35/EvSRXq-YZoZPmHLTIv0UZkIBg89dlTVD0mmWEYD0f9LrTA?e=ZDCjd0
[1] Myanmar Information Management Unit
[1] Myanmar Information Management Unit
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဩဂုတ်လ ၀၇ ရက်။
ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာအကူအညီ WFP စတင် ပေးဝေ
ဇွန်လနှောင်းပိုင်းမှစတင်ခဲ့သည့် မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံတွင် လူဦးရေပေါင်း ၂၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြရပြီး အများအပြားမှာ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရသည်။ WFP ၏ Advanced Disaster Analysis & Mapping ဂြိုလ်တုပုံရိပ်၏ သြဂုတ်လ ၆ ရက်နေ့ ခန့်မှန်းချက်အရ ရေကြီးရေလျှံမှု ကြုံတွေ့နေရသောဒေသများ၌ လူဦးရေပေါင်း ၈၅၅,၀၀၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။“မြန်မာနိုင်ငံမှာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေရောက်နေတဲ့အချိန်မှာမှ ရေဘေးကဖြစ်လာရပြန်ပါတယ်၊” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောသည်။ "နိုင်ငံတစ်ဝန်းမှာ လူဦးရေပေါင်း ၁၃ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ရုန်းကန်နေရတဲ့အချိန်မှာ အခုလို ရေဘေးဖြစ်တာကြောင့် သူတို့အနေနဲ့ ပိုပြီး ထိခိုက်လွယ်တဲ့အခြေအနေကို ရောက်ကြရတယ်။" ဟု Mr. Paolo Mattei က ပြောသည်။လက်ရှိတွင် WFP ဝန်ထမ်းအဖွဲ့များသည် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေဘေးသင့်ပြည်သူ အနည်းဆုံး ၁၂၀,၀၀၀ အတွက် အသက်ကယ်ဆယ်ရေးအထောက်အပံ့များ ပေးလျက်ရှိပါသည်။ WFP ၏ အထောက်အပံ့တွင် ငွေသား၊ ဆန်၊ အာဟာရမှုန့်များနှင့် အာဟာရဖြည့်ဘီစကွတ်များ ပါဝင်သည်။WFP ၏ ရေဘေးကူညီမှုများသည် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးသည့် ဒေသခံပရဟိတအဖွဲ့အစည်းများ၏ ကနဦးပံ့ပိုးကူညီမှုကို အားဖြည့်ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ လက်ရှိ နိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိရာ WFP အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး လိုအပ်ပါက ရေဘေးတုံ့ပြန်မှုလုပ်ငန်းကို ထပ်မံတိုးချဲ့ ဆောင်ရွက်သွားရန် အဆင်သင့်ပြင်လျက်ရှိပါသည်။ဓါတ်ပုံများကို အောက်ပါ link တွင် ရယူနိုင်ပါသည်။https://wfp.sharepoint.com/:f:/s/WFPMM35/EqDYGaTNTaBLjVvwq_U_gIEBuGi5dXXGs19Q7pjGT4Mmfg?e=FSwxTS
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်။
မြန်မာနိုင်ငံရှိ WFP ၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းအပေါ် ရှုတ်ချခြင်း
WFP သည် မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့်အား ကူညီထောက်ပံ့ခဲ့ပြီးဖြစ်ပါသည်။ မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်။ ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်သည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က တောင်းဆိုလိုက်သည်။ ၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကာ၊ အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်။ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိပါ။ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့သည်။ အဆိုပါအဖြစ်အပျက်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို WFP က ဆက်လက်စုဆောင်းလျက်ရှိပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် ဇွန်လ ၀၇ ရက်။
မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်၏ ထုတ်ပြန်ချက်
မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ တိုးမြင့်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ ပြည်သူများအပါအဝင် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ခဲ့သည်ဟု ဆိုသည့် မြန်မာစစ်တပ်၏ မကြာသေးမီက တိုက်ခိုက်မှုများကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများကို ပစ်မှတ်ထားသည့် နောက်ဆုံး ဖြစ်ရပ်နှင့် ရိုဟင်ဂျာများအပေါ် ဆက်လက် ဖိနှိပ်မှုများသည် လူမှုအသိုက်အဝန်း အားလုံးအပေါ် အကာအကွယ်ပေးရန် လိုအပ်နေသည်ကို မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတွင်း နေရာ အများအပြားတွင်လည်း မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ ဤလုပ်ရပ်များအတွက် တာဝန်ရှိသူများ တာဝန်ခံမှု ရှိစေရပါမည်။ ပဋိပက္ခတွင် ပါဝင်ပတ်သက်ကြသော အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားသည့် ဥပဒေနှင့်အညီ အရပ်သားများကို အကာအကွယ်ပေးရေး ဦးစားပေးဆောင်ရွက်ရန်၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အကြမ်းဖက်မှုနှင့် လူမှုအသိုင်းအဝိုင်းကြား တင်းမာမှု ဖြစ်ပေါ်ရန် ထပ်မံလှုံ့ဆော်မှုများကို တားဆီးရန်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုပါသည်။ မြန်မာနိုင်ငံတွင်း ပိုမိုဆိုးဝါးလာနေသည့် အခြေအနေကြောင့် ဒေသတွင်းမှာ နောက်ဆက်တွဲ အကျိုးဆက်များ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် အထူးစိုးရိမ်မကင်း ဖြစ်မိပါသည်။ ပေါင်းစည်းညီညွတ်သည့် ကိုင်တွယ်ဖြေရှင်းနည်းတစ်ခု လုပ်ဆောင်ရန်အတွက်လည်း ထပ်မံတောင်းဆိုပါသည်။ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် သူ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) နှင့် ထိတွေ့ဆက်ဆံရန် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများနှင့် ပါဝင်ပတ်သက်သူများ အားလုံးကို တိုက်တွန်းပါသည်။ ထို့ပြင် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ အိမ်နီးချင်း နိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံမှ ဦးဆောင်ပြီး သက်ဆိုင်သူ အားလုံးပါဝင်သည့် လုပ်ငန်းစဥ်တရပ်ကို တည်ဆောက်ရာမှာ ကူညီဆောင်ရွက်ကြရန်နှင့် ဆင်းရဲဒုက္ခများ လျော့နည်းပျောက်ကွယ်သွားရန် အထူးကိုယ်စားလှယ်၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံဖို့ အားလုံးကို တိုက်တွန်းလိုက်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၄ ခုနှစ် မေလ ၀၂ ရက်။
ရခိုင်ပြည်နယ်အခြေအနေဆိုင်ရာ ထုတ်ပြန်ချက်
**မြန်မာမြန်မာနိုင်ငံ၏နောက်ဆုံးရသတင်းအရ၊ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းနှင့်ပတ်သက်၍ မြေပြင်ရှိ ကျွန်တော်တို့ ကုလသမဂ္ဂအဖွဲ့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်။ လက်ရှိ လွန်စွာ မတည်မငြိမ် ဖြစ်နေသည့် အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion) ကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းနေကြပြီး၊ အတူတကွ လက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို ကျွန်တော်တို့အနေဖြင့် အပြည့်အဝ ထောက်ခံအားပေးပါသည်။ ရခိုင်ပြည်နယ်အတွင်းတွင် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါ ပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာ လည်ပတ်နေမှုကို ပိုမို ဆိုးဝါးလာစေလိမ့်မည်ဟု ကုလသမဂ္ဂ မြေပြင်အဖွဲ့က ထောက်ပြပါသည်။မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို ကျွန်တော်တို့ စဥ်ဆက်မပြတ် ရှုတ်ချပါသည်။ စစ်မက်ပြုခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးရန် ကျွန်တော်တို့ ထပ်မံတောင်းဆိုပါသည်။ နယူးယောက်၊ ၂၀၂၄ ခုနှစ် မေလ ၁ ရက် / ရန်ကုန်၊ ၂၀၂၄ ခုနှစ် မေလ ၂ ရက်###သတင်းစာရှင်းလင်းပွဲအပြည့်အစုံ ဖတ်ရှုရန် - https://press.un.org/en/2024/db240501.doc.htm
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 11
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၇ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၀၁ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်။
1 / 11