ထုတ်ဝေမှု
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုတို့၏ လူ့အခွင့်အရေး အခြေအနေ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၏ အစီရင်ခံစာ
အနှစ်ချုပ်ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၅၀/၃ အရ ပြင်ဆင်ရေးသားသော ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး OHCHR ၏ စောင့်ကြည့်လေ့လာမှုနှင့် ဆန်းစစ် အတည်ပြုချက် အပေါ် အခြေခံသည့် တွေ့ရှိချက်များအား ဖော်ပြထားပြီး လူ့အခွင့်အရေး ချိုးဖောက်သူများအပေါ် တာဝန်ခံမှုရှိစေရေး ကိစ္စရပ် အပါအဝင် လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အကြံပြုချက်များအား အကောင်အထည်ဖော်မှုနှင့် ရိုဟင်ဂျာ မွတ်စလင်များနှင့် အခြားလူနည်းစုတို့၏ အခြေအနေအား စဉ်ဆက်မပြတ် လေ့လာမှုများကို ထည့်သွင်းဖော်ပြထားပါသည်။