ဒီနေ့မှာ အကြမ်းဖက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ အကြမ်းဖက်ခံရမှုမှ ရှင်သန်လွတ်မြောက်လာသူတွေကို အောက်မေ့ဂုဏ်ပြုပါတယ်။
ကျွန်ုပ်တို့အနေနဲ့ သူတို့တွေရဲ့ သတ္တိကို လေးစားဂုဏ်ပြုပါတယ်။
သူတို့အသံတွေကို ဖြည့်ဆည်းဝန်းရံပေးရပါမယ်။
ပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို လေးစားကာကွယ်သွားမယ်လို့ ထပ်လောင်း ကတိပြုပါတယ်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "အမှတ်ရမှုနဲ့ ကုစားခြင်း" ဆိုတာ အတိတ်ကို အမှတ်ရခြင်းဟာ ပြန်လည်ကုစားဖို့နဲ့ ပြန်လည်စတင်ဖို့ လမ်းကြောင်းတစ်ခုဖြစ်တယ် ဆိုတာကို သတိချပ်စေပါတယ်။
ဒါပေမဲ့ ဘယ်လို အမှတ်ရမလဲ ဆိုတာကလည်း အရေးကြီးပါတယ်။
အကြမ်းဖက်ခံရသူတွေရဲ့ အကြောင်းကို ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ်မှာအပါအဝင် အမုန်းပွားအောင် နှိုးဆော်တာ၊ အမြတ်ထုတ် အသုံးချတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။
တာဝန်သိသိနဲ့ အမှတ်ရဂုဏ်ပြုတဲ့အခါ ခံစားခဲ့ရသူတွေကို ထပ်မံစိတ်ဒဏ်ရာ မရအောင် ကာကွယ်ပေးရမှာဖြစ်ပြီး အကြမ်းဖက်သမားတွေ ဖြန့်ဝေချင်တဲ့ အန္တရာယ်ရှိတဲ့ အယူအဆတွေကိုလည်း တားဆီးရမှာဖြစ်ပါတယ်။
အကြမ်းဖက်မှုကြောင့် အချင်းချင်း သွေးကွဲသွားမယ့်အစား ကျွန်ုပ်တို့ စည်းလုံးညီညွတ်စွာ ရပ်တည်နိုင်ကြရပါမယ်။ ရပ်တည်လည်း ရပ်တည်ရပါမယ်။
ဒီနေ့ရော၊ နေ့ရက်တိုင်းမှာပါ ခံစားခဲ့ရသူတွေ၊ လွတ်မြောက်လာသူတွေနဲ့အတူ တစုတစည်းထဲ လက်တွဲရပ်တည်ကြရအောင်ပါ။
နောက်ပြီး အကြမ်းဖက်မှုနဲ့ ကြောက်ရွံ့မှုတွေ မရှိတဲ့ အနာဂတ်တစ်ခုကိုလည်း အတူ တည်ဆောက်ကြရအောင်ပါ။
ကျေးဇူးတင်ပါတယ်။