မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကဆုန်လပြည့် ဗုဒ္ဓနေ့ သတင်းစကား
၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဓာတ်ပုံ - © UN/Pengfei Mi
ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းတို့ကို အလေးအမြတ်ပြု ကုသိုလ်ကောင်းမှုပြုကြပါသည်။
ယခုနှစ် မြတ်ဗုဒ္ဓနေ့သည် လူသားမျိုးနွယ်စုတစ်ခုလုံး ပထဝီနိုင်ငံရေး တင်းမာမှုများ၊ သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကြားတွင် ရောက်ရှိနေသည့် အခိုက်အတန့်တွင် ကျရောက်နေပါသည်။
၂၀၂၃ ခုနှစ်က ကျွန်ုပ်သည် မြတ်စွာဘုရား ဖွားမြင်တော်မူခဲ့သည့် နီပေါနိုင်ငံ၊ လုမ္ဗိနီသို့ သွားရောက်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ယူမိပါသည်။ ထိုခရီးစဉ်သည် ကြုံတွေ့နေရသော မငြိမ်မသက်မှုများအတွက် ဖြေဆေးကို အကြမ်းမဖက်ခြင်း၊ ကရုဏာတရားထားခြင်းနှင့် အများကောင်းကျိုးဆောင်ရွက်ပေးခြင်း စသည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများတွင် ရှာဖွေတွေ့ရှိနိုင်သည်ဟူသော ကျွန်ုပ်၏ယုံကြည်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။
ဗုဒ္ဓမြတ်စွာ၏ အဆုံးအမများကို လိုက်နာလျက်၊ ကျွန်ုပ်တို့၏ တူညီသော လူသားချင်း စာနာစိတ်တို့ နိုးကြားစေလျက် လူသားအားလုံး လိုအပ်ပြီး ရသင့်သော ပိုမိုငြိမ်းချမ်း၍ ရေရှည်တည်တံ့သော ကမ္ဘာကြီးကို တည်ဆောက်ကြရအောင်ပါ။
မင်္ဂလာရှိသော မြတ်ဗုဒ္ဓနေ့ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ