မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ နိုင်ငံတကာ ပညာရေးနေ့ အထိမ်းအမှတ် သတင်းစကား
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ပညာရေးဟာ လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ ပိုမိုကြီးမားတဲ့ အခွင့်အလမ်း၊ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးတို့ဆီ တက်လှမ်းစေနိုင်ပါတယ်။
ဒါပေမဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်နဲ့ လူငယ်ပေါင်း ၂၇၂ သန်းဟာ ဆင်းရဲနွမ်းပါးမှု၊ ခွဲခြားဆက်ဆံမှု၊ ပဋိပက္ခ၊ ရွှေ့ပြောင်းနေထိုင်နေရမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေပါတယ်။
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ ပညာရေးနေ့မှာ အစိုးရများ၊ မိတ်ဖက်အဖွဲ့အစည်းများနဲ့ အလှူရှင်နိုင်ငံများအနေနဲ့ မိမိတို့ရဲ့ မူဝါဒတွေ၊ ဘတ်ဂျက်တွေနဲ့ ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှု စတဲ့လုပ်ငန်းစဥ်တွေမှာ ပညာရေး ကဏ္ဍကို ဦးစားပေး ဆောင်ရွက်ရန် တိုက်တွန်းပါတယ်။ လူငယ်တွေ သူတို့ ရှာဖွေနေတဲ့ ရယူပိုင်ဆိုင်ထိုက်တဲ့ အနာဂတ်တွေကနေ ဝေးကွာစေတဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ ပညာသင်ကြားခွင့်ဆိုင်ရာနဲ့ အရည်အသွေးဆိုင်ရာ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ကွာဟချက်တွေ မရှိအောင် လုပ်ဆောင်ကြရပါမယ်။
ယခုနှစ်ရဲ့ ဆောင်ပုဒ်က သတိပေးထားတဲ့အတိုင်း လူငယ်တွေရဲ့ အသံတွေကို အထူးတလည် နားဆင်ဖို့ လိုပါတယ်။ နောက်ပြီး အရည်အချင်းပြည့်မီတဲ့ ဆရာ/ဆရာမတွေရရှိရေး၊ ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ စွမ်းဆောင်ရည် သင်တန်းတွေ ရရှိရေးနဲ့ နည်းပညာကို တန်းတူညီမျှ လက်လှမ်းမီနိုင်ရေးတို့အတွက် သူတို့ရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ လိုပါတယ်။
လူသားအားလုံးအတွက် အားလုံးပါဝင်ကာ ကြံ့ကြံ့ခိုင်နိုင်ပြီး ဆန်းသစ်တဲ့ ပညာရေးစနစ်တွေကို အတူ လက်တွဲ တည်ဆောက်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ