မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း စည်းလုံးညီညွတ်စွာ ရပ်တည်ကာ ကျား-မအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆-ရက်တာ လှုပ်ရှားမှုကို ကျင်းပပါတယ်။
ကျား-မအခြေပြု အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေကြောင့် အကြမ်းဖက်မှုက ပိုမို ဆိုးရွားနေပါတယ်။
အမျိုးသမီးတွေကို အရှက်ရစေပါတယ်၊ ခြိမ်းခြောက်တာအပြင် နှုတ်ပိတ်နေစေပါတယ်။
ဒီနှစ်မှာတော့ ကြီးထွားလာနေတဲ့ ခြိမ်းခြောက်မှုတစ်ခုဖြစ်တဲ့ “ဖိနှိပ်ချုပ်ချယ်ရေး ကိရိယာတွေအဖြစ် အသုံးပြုနေတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေ” ကို အလေးပေးထားပါတယ်။
ဒစ်ဂျစ်တယ်အကြမ်းဖက်မှုဟာ အမှန်တကယ် အကြမ်းဖက်မှုဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာ အင်တာနက် အသုံးပြုနိုင်မှုက မတူညီပါဘူး။
နောက်ပြီး အွန်လိုင်းအသုံးပြုသူတွေအတွက်ကလည်း ဘေးကင်းလုံခြုံမှုအတွက် အာမခံချက် မရှိပါဘူး။
နည်းပညာဟာ စွမ်းအားမြင့်တင်ဖို့အတွက်သာ ဖြစ်သင့်ဖြစ်ပြီး ဘေးအန္တရာယ် မဖြစ်စေသင့်ပါ။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေမှာ အရှက်ရတာ၊ ခြိမ်းခြောက်ခံရတာနဲ့ ပုဂ္ဂိုလ်ရေး (ကိုယ်ရေးကိုယ်တာ)သတင်းအချက်အလက်တွေ အလိုမတူဘဲ အများသိစေဖို့ ဖော်ထုတ်ခံနေရတာ စတာတွေ ကြုံတွေ့နေပါတယ်။
သူတို့တွေဟာ ဖွင့်ဟပြောဆိုမှုတွေကြောင့် ပစ်မှတ်ထားခံနေရပါတယ်။
ဒစ်ဂျစ်တယ် နယ်ပယ်တွေ ပိုပြီး အန္တရာယ်များလာတာနဲ့အမျှ ရှင်သန်ကျန်ရစ်သူတွေကို ပံ့ပိုးမှုပေးဖို့နဲ့ ပူးပေါင်းပါဝင်မှုကို အကာအကွယ်ပေးဖို့ အရေးကြီးပါတယ်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအနေနဲ့ ဒစ်ဂျစ်တယ် ဘေးကင်းရေးကို မြှင့်တင်ဖို့၊ အမျိုးသမီး ခေါင်းဆောင်တွေကို ပံ့ပိုးပေးဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိတဲ့ တိုင်ကြားရေးစနစ် တိုးချဲ့ဖို့တို့အတွက် အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့တွေ၊ လူငယ်ကွန်ယက်တွေနဲ့ ဒေသခံ ပံ့ပိုးသူတွေနဲ့ အတူလက်တွဲ လုပ်ဆောင်နေပါတယ်။
ဒါပေမဲ့ ပိုမို ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။
ဒစ်ဂျစ်တယ်အကြမ်းဖက်မှုဟာ အကာအကွယ်ပေးရေး စနစ်တွေထက် ပိုမို လျင်မြန်စွာ တိုးပွားနေပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအားလုံးအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုနဲ့ ဘေးကင်းလုံခြုံရေး စတဲ့ ဒစ်ဂျစ်တယ် အခွင့်အရေးတွေအတွက် တွန်းအားပေးရပါမယ်။
ဘယ်သူတစ်ဦးတစ်ယောက်မှ နှုတ်ဆိတ်နေဖို့နဲ့ မလုံခြုံမှုတို့အကြား ရွေးချယ်နေစရာ မလိုသင့်ပါဘူး။
အမျိုးသားတွေနဲ့ ယောက်ျားလေးတွေဟာ မရှိမဖြစ်လိုအပ်တဲ့ မဟာမိတ်တွေ ဖြစ်ပါတယ်။
အွန်လိုင်းပေါ်မှာသာမက အော့ဖ်လိုင်းမှာပါ လေးစားမှုနဲ့ တာဝန်ယူမှုတို့ကို စံနမူနာပြပေးပါ။
အားလုံး အတူအကွ စည်းလုံးညီညွတ်ကြရင် မြန်မာနိုင်ငံမှာ ကျား-မအခြေပြု အကြမ်းဖက်မှုက ကင်းဝေးအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။