ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းဟာ သမိုင်းတလျောက်မှာ အကျယ်ပြန့်ဆုံး ရေးထိုးခဲ့တဲ့ သဘောတူစာချုပ် ဖြစ်ပါတယ်။
ဒီနေ့လို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆ နှစ် က ရေးထိုးခဲ့တဲ့ အဲဒီစာချုပ်က ရိုးရှင်းတဲ့ အမှန်တရားတစ်ခုကို အတည်ပြုပါတယ်။
လူသားမိသားစုရဲ့ အသက်အငယ်ဆုံး မိသားစုဝင်တွေကို အကာအကွယ်ပေးတဲ့အခါ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကို တည်ဆောက်တာဖြစ်ပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ ကလေးငယ်တွေရဲ့ အခွင့်အရေးတွေ တိုက်ခိုက်ခံနေရပါတယ်။
ဆင်းရဲနွမ်းပါးမှုနဲ့ အရေးပေါ်အခြေအနေတွေက ပညာသင်ကြားရေးကို ပျောက်ဆုံးစေပါတယ်။
ရာသီဥတုဖောက်ပြန်မှုတွေက အနာဂတ်တွေကို ခြိမ်းခြောက်နေပါတယ်။
နောက်ပြီး အန္တရာယ်အသစ်တွေကလည်း အွန်လိုင်းကမ္ဘာထဲမှာ ပုန်းအောင်းနေပါတယ်။
ကလေးငယ် အများအပြားမှာ သူတို့အရွယ်နဲ့မလိုက်အောင် ဝင်ငွေ ရှာနေရတာ ဒါမှမဟုတ် မွေးချင်းတွေကို ပြုစုစောင့်ရှောက်နေရတာ စတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားကြရပါတယ်။
နောက်ပြီး ငတ်မွတ်ခေါင်းပါးမှုဘေးဒဏ်နဲ့ စစ်ပွဲတွေက ကလေးငယ်ထောင်ပေါင်းများစွာထံက အခြေခံအကျဆုံးအခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်ခွင့်ကိုပင် လုယူသွားခဲ့ပါတယ်။
ကလေးတိုင်းရဲ့ အခြေအနေတွေက တမူထူးခြားပါတယ်။
ဒါပေမဲ့ ကလေးတိုင်းကတော့ ဘယ်သူဖြစ်ဖြစ်၊ ဘယ်မှာနေနေ တူညီတဲ့ အခွင့်အရေး ရှိပါတယ်။
ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့ကလေးများနေ့မှာ ကလေးငယ်တွေရဲ့ စကားသံတွေကို နားထောင်ကြရအောင်ပါ။ နောက်ပြီး သူတို့ရဲ့အခွင့်အရေးတွေအတွက် ရပ်တည်တဲ့အခါ သူတို့ရဲ့ အသံတွေကို အားဖြည့်ပေးကြရအောင်ပါ။
နောက်မျိုးဆက်သစ်တွေကို ဘယ်လို စောင့်ရှောက်မယ်ဆိုတာနဲ့ အနာဂတ်ကို ပုံဖော်ရတာပါ။
ကလေးငယ်တိုင်းအတွက် ဘေးကင်းလုံခြုံပြီး သာတူညီမျှမှုရှိတဲ့ ကမ္ဘာတစ်ခုကို တည်ဆောက်ဖို့ စည်းလုံးညီညွတ်ကြရပါမယ်။