Breadcrumb
/
သတင်းဌာန
/
/
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်းစကား
မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ သတင်းစကား
၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ကမ္ဘာလုံးဆိုင်ရာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုကြောင့် လူ့အသက်တွေ ဆုံးရှုံးတာ၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကို များစွာထိခိုက်တာအပြင် အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုခင်းတွေဖြစ်ပွားတာ စတဲ့ ကြီးမားဆိုးရွားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုက ပိုမိုအစွမ်းထက်၊ ပိုမိုအန္တရာယ်ရှိပြီး အရင်ကထက် ပိုမိုကြောက်စရာကောင်းတဲ့ ဆေးဝါးတွေနဲ့ လူမှုအသိုက်အဝန်းတွေကို ဖျက်ဆီးနေပါတယ်။ ရာဇဝတ်မှု ကွန်ရက်တွေက ထိခိုက်လွယ်ဆုံးသူတွေ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားနေပြီး မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုကနေ နှစ်စဥ် သန်းထောင်ပေါင်းများစွာ ငွေရှာနေကြပါတယ်။
ဒီနှစ်မှာ ကမ္ဘာအနှံ့ ရာဇဝတ်မှုခင်းတွေ ဖြစ်အောင် တွန်းအားပေးနေတဲ့ မူးယစ်ဆေးဝါး စီးဆင်းမှုကို ရပ်တန့်ရေးအတွက် အရေးအကြီးဆုံး နည်းဗျူဟာအဖြစ် ကြိုတင်ကာကွယ်တားဆီးရေးကို မီးမောင်းထိုးပြလိုပါတယ်။
ပညာရေး၊ ကုသရေး၊ ဘေးအန္တရာယ်လျှော့ချရေး နည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်ရေးတွေမှာ ရင်းနှီးမြှုပ်နှံမှုကတဆင့် ဆေးဝါးလိုအပ်ချက်တွေကို လျှော့ချရပါမယ်။ တရားမဝင်တဲ့ ဓာတ်ခွဲခန်းတွေကို ပိတ်သိမ်းစေတာနဲ့ တောင်သူတွေကို အလားအလာရှိတဲ့ အစားထိုးစိုက်ပျိုးမှုတွေ ကမ်းလှမ်းကာ ထုတ်လုပ်မှုယန္တရားကို ပစ်မှတ်ထားရပါမယ်။ နောက်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို တိုးချဲ့တာနဲ့ ရာဇဝတ်မှုကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုတွေကို တားဆီးပြီး တရားမဝင်ကူးသန်းရောင်းဝယ်မှု ကွန်ယက်တွေကို ဖြတ်တောက်ရပါမယ်။ တချိန်တည်းမှာဘဲ လူ့အခွင့်အရေးတွေကို အစဥ်အမြဲလေးစားလိုက်နာကာ လုပ်ဆောင်ရပါမယ်။
မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုကို အဆုံးသတ်ရေးအတွက်၊ ရာဇဝတ်မှုကွန်ယက်တွေကို ဖျက်သိမ်းရေးအတွက်နဲ့ ဒီဒုက္ခဆင်းရဲနဲ့ ဖျက်ဆီးမှုစက်ဝန်းကို ချိူးဖျက်ရေးတို့အတွက် အတူတိုက်ပွဲဝင်ကြရအောင်ပါ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ