Breadcrumb
/
သတင်းဌာန
/
/
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြတ်ဗုဒ္ဓနေ့ သတင်းစကား
မိန့်ခွန်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြတ်ဗုဒ္ဓနေ့ သတင်းစကား
၂၀၂၅ ခုနှစ် မေလ ၁၁ ရက်။
(အလွတ်သဘော ဘာသာပြန်ဆိုချက်)
ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတ ဥာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းကို အလေးအမြတ်ပြု ကောင်းမှုပြုကြသည့် ယနေ့ ကျရောက်သည့် မြတ်ဗုဒ္ဓနေ့တွင် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များအား နွေးထွေးစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဗုဒ္ဓဘုရားရှင်၏ အဆုံးအမများ ဖြစ်ကြသည့် ကရုဏာ၊ ခန္ဓီပါရမီရှိခြင်းနှင့် ကိုယ်ကျိုးမပါသည့် လုပ်ဆောင်မှုများသည် ကုလသမဂ္ဂ၏ တန်ဖိုးများနှင့် လွန်စွာ ကိုက်ညီမှု ရှိပါသည်။
ကမ္ဘာတစ်ဝန်း ကြီးမားသည့် စိန်ခေါ်မှုများစွာ ရှိနေသော ဤခေတ်အခါ၌ ကျွန်ုပ်တို့ အတူတကွ သွားကြရမည့် ရှေ့ခရီးလမ်းတွင် ဤထာဝရအဆုံးအမများ၏ လမ်းညွှန်မှု ယူကြရပါမည်။
ဤမြင့်မြတ်သော နေ့ထူးနေ့မြတ်တွင် မတူကွဲပြားမှုများကို ပေါင်းကူးပေးခြင်း၊ ပိုမိုစည်းလုံးညီညွတ်မှု ရှိခြင်းနှင့် ငြိမ်းချမ်းသာယာပြီး ရေရှည်တည့်တံ့ကာ လိုက်လျောညီထွေမှုရှိသော ကမ္ဘာတစ်ခုအတွက် အတူတကွ ကြိုးပမ်းလုပ်ဆောင်ကြရန် ဗုဒ္ဓ၏ အဆုံးအများက ဆောင်ကြည်းပေးပါစေဟု ဆန္ဒပြုပါသည်။
မင်္ဂလာရှိသည့် ဗုဒ္ဓနေ့ ဖြစ်ပါစေ။
မိန့်ခွန်းပြောသူ
အန်တိုနီယို ဂူတာရက်စ်
UN
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်
လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ
ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ