သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောင်းသား ၁၁ ဦးထက်မနည်း သေဆုံးခဲ့

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်။

ရန်ကုန်မြို့ - စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် အရပ်သားပြည်သူများနေထိုင်ရာနေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့ပါသည်။

ယူနီဆက်မှ မိမိတို့သားသမီးများအားဆုံးရှုံးခဲ့ကြရသော မိဘများနှင့် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဆက်လက်အတည်ပြုနေပါသည်။

အဆိုပါ တိုက်ခိုက်ခံရသော စာသင်ကျောင်းမှ ကျောင်းသား/သူ အနည်းဆုံး ၁၅ ဦးခန့်မှာလည်း ပျောက်ဆုံးနေပါသည်။ ယူနီဆက်အနေဖြင့် ကလေးများအား ဘေးအန္တရာယ်ကင်းစွာဖြင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုပါသည်။

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရပါမည်။ ကလေးသူငယ်များကို မည်သည့်အခါမှ မတိုက်ခိုက်ရပါ။

 

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UNICEF
ယူနီဆက်

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ