သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မှ မြန်မာနိုင်ငံဆိုင်ရာ ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်။

(Unofficial Translation) 

 

စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းကို မြန်မာ စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ အတွင်းရေးမှူးချုပ်အနေဖြင့် ထိခိုက်သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရပါသည်။ 

လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသောအချိန်များတွင်ပင် ကျောင်းများသည် ကလေးငယ်များအတွက် အကာအကွယ်ပေးနိုင်ပြီး သင်ယူလေ့လာရန် ဘေးကင်းလုံခြုံသော နေရာများအဖြစ် ရှိနေရမည်။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်မှုဖြစ်သည့် ကျောင်းများနှင့် ဆေးရုံများကို တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြင်းထန်စွာရှုတ်ချကန့်ကွက်ထားသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်သည့် ကြီးလေးသောချိုးဖောက်မှု ခြောက်ခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ 

အတွင်းရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဘက်ဆိုင်ရာ ပစ္စည်း၊ အဆောက်အအုံများကို တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းတိုက်တွန်းသည်။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံးအား တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်။ 

Generic Profile

Stephane Dujarric

UN Secretary-General Spokesperson

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ