သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အပြည်ပြည်ဆိုင်ရာ လိင်တူချင်းချစ်ခြင်းနှင့် ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူနေထိုင်ခြင်းများအား မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့ သဝဏ်လွှာ

၂၀၂၂ ခုနှစ် မေလ ၁၇ ရက်။

ကမ္ဘာတစ်ဝှမ်းတွင် LGBTIQ+ သန်းပေါင်းများစွာသည် ၎င်းတို့၏ဖြစ်တည်မှု၊ (သို့မဟုတ်) ၎င်းတို့ချစ်မြတ်နိုးသူများအတွက် မတရားမှုများကို ဆက်လက် ရင်ဆိုင် နေကြရပါသည်။

LGBTIQ+ များအပေါ် ဆက်လက်၍ အကြမ်းဖက်မှု၊ ရာဇ၀တ်မှုအဖြစ် သတ်မှတ်မှု၊ အမုန်းစကားများ၊ နှောင့်ယှက်စော်ကားခြင်းများနှင့်၊ ၎င်းတို့အား ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အားကစားနှင့် အိမ်ရာများမှ ထပ်မံဖယ်ထုတ်ရန် ကြိုးပမ်းမှု အသစ်များကြောင့် ကျွန်ုပ် အလွန်စိုးရိမ်ပါသည်။

နိုင်ငံအများအပြားတွင် LGBTIQ+ များသည် 'ပြောင်းလဲခြင်း' ဟုခေါ်သော ကုထုံး၊ အတင်းအကြပ် ခွဲစိတ်ခြင်းနှင့် ကုသခြင်း၊ နှိမ့်ချသော  စမ်းသပ်စစ်ဆေးမှုများ  အပါအဝင် အလွန် အန္တရာယ်ရှိသော အလေ့အထများကို ခံယူကြရသည်။

ဤအတောအတွင်း LGBTIQ+ များသည် ကျွန်ုပ်တို့၏ကမ္ဘာပေါ်တွင် ဆက်စပ်နေသော အကျပ်အတည်းများစွာကြောင့် အဆိုးဆုံးဒဏ်ခံရသော အပယ်ခံအုပ်စုများထဲတွင်ပါဝင်ပြီး၊ COVID-19 ကူးစက်ရောဂါမှသည် ရာသီဥတုအကျပ်အတည်း၊ ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ကြီးထွားလာသည့် မညီမျှမှုများအထိ ခံစားကြရပါသည်။

LGBTIQ+ များသည် အခြားသူများနှင့် တူညီသော အခြေခံလူ့အခွင့်အရေးများ ရှိပါသည်။ ဖြေရှင်းချက်များက ရှင်းလင်းပါသည်။

LGBTIQ+ များအပေါ် အကြမ်းဖက်မှုကို တိုက်ဖျက်ရန် လိုအပ်ပါသည်။ အန္တရာယ်ရှိသော အလေ့အထများကို တားမြစ်ရန်၊ ကျူးလွန်ခံရသူများအတွက် တရားမျှတမှုနှင့် ထောက်ပံ့ကူညီမှုများပေးရန်နှင့် နှိပ်စက်ညှဉ်းပန်းမှု၊ ခွဲခြားဆက်ဆံမှုနှင့် ရာဇ၀တ်မှုကျူးလွန်ခြင်းတို့ကို အဆုံးသတ်ရန် လိုအပ်ပါသည်။ LGBTIQ+ များကို 2030 အစီအစဉ်၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်း တစ်ခုအဖြစ်နှင့် မည်သူမျှ နောက်ချန်မထားခဲ့ရန် ၎င်း၏ ကတိကဝတ်များအဖြစ် LGBTIQ+ များကို ဘေးဖယ်ထားရခြင်း၏ အရင်းခံအကြောင်းတရားများကို ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းရပါမည်။

LGBTIQ+ များအပါအဝင် လူအားလုံး၏ အခြေခံလူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ထောက်ခံအားပေး၍ ပံ့ပိုးကူညီမှုနိုင်မှုအတွက် ကုလသမဂ္ဂက ဂုဏ်ယူပါသည်။

ငြိမ်းချမ်းမှု၊ ပါဝင်မှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုရှိသော ကမ္ဘာကို တည်ဆောက်ရန် လူတိုင်းကို ကျွန်ုပ်တို့နှင့် ပူးပေါင်းပါဝင်ပါရန် တိုက်တွန်းအပ်ပါသည်။

 

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ