သတင်းထုတ်ပြန်ချက်

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်တို့၏ အွန်လိုင်းဆွေးနွေးပွဲမှ အကျဉ်းချုပ်အစီရင်ခံစာ။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်။

Special Envoy

 

 

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်၏အထူးကိုယ်စားလှယ် မစ်(စ်)နိုလင်းဟေဇာ သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် H.E. Mr. Samdech Akka Moha Sena Padei Hun Sen နှင့် အွန်လိုင်းဖြင့် အ‌ဝေးရောက်ဆွေးနွေးခဲ့ရာ၊ မြန်မာနိုင်ငံတွင် အခြေအနေ ထပ်မံမယိုယွင်းလာအောင် ကာကွယ်နိုင်ရန်နှင့် ပြည်သူများ၏ဆိုးရွားသည့် အခြေအနေရှိသောလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက်  ကုလသမဂ္ဂနှင့် အာဆီယံ ပူး‌ပေါင်းမှုမြှင့်တင် ဆောင်ရွက်ပေးရန် ချက်ချင်းလိုအပ်‌ကြောင်း တိုက်တွန်း‌ ပြောကြားခဲ့ပါသည်။ နိုင်ငံ၏နေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင်  စစ်ဆင်ရေးအရှိန်ဆက်လက်မြင့်မားလာမှုများ အပေါ်တွင်သူမမှ လွန်စွာစိုးရိမ်မိပါကြောင်း၊ မြန်မာပြည်သူပြည်သားများသည်မြေပြင်ပေါ်တွင် လက်တွေ့ ညွှန်းသော လက္ခဏာများနှင့်ရလဒ်များတွေ့ရှိရန်လိုအပ်သဖြင့် ခိုင်မာသောစေတနာဖြင့် ပြသရန်လိုအပ်ကြောင်း ပြောပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့်ဆွေးနွေးရာတွင် မီးမောင်းပြ ပြောခဲ့သည်မှာ၊ သူမသည် မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်သူအားလုံးနှင့် အတူ ယုံကြည်မှုတည်ဆောက်ရန် ကြိုးပမ်းအားထုတ်‌နေသလို  မြေပြင်ပေါ်ရှိအခြေအနေများကို အကဲဖြတ်မှုများကိုလုပ်ဆောင်နိုင်ရန် နိုင်ငံတဝှမ်း ရှိ သူမအား ထောက်ပံ့မှုနှင့်အရေးပေါ်အကူအညီဆက်လက်တောင်းခံနေသည့် သက်ရောက်မှုများခံစားနေရသည့် ပြည်သူလူထုများထံ ပုံမှန်ဆက်သွယ်လျက်ရှိနေ၍ ထိုလုပ်ဆောင်ချက်များအပေါ်တွင် ဒေသအတွင်းရှိ ခေါင်းဆောင်များ၏ ယုံကြည်မှုကို ရရှိ‌နေပါသောကြောင့် ကျေးဇူးတင်ဂုဏ်ယူမိပါ‌ကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာပြည်သူတို့၏ဆန္ဒနှင့် ကိုက်ညီရမည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အလျှင်အမြန်ထိထိရောက်ရောက်အကောင်အထည်ဖေါ်နိုင်ရန်အတွက် ဒေသအဖွဲ့၏ လုပ်ဆောင်ချက်များကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှကူညီပေးရန် အသင့်ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။  ငြိမ်းချမ်းသော၊ ဒီမိုကရေစီကျသော၊ အားလုံးပါ၀င်နိုင်သည့်အနာဂတ်ကို တည်ဆောက်ရာတွင် ပြည်သူတို့၏ဆန္ဒရှေ့ထားသော မြန်မာဦးဆောင်သည့် လုပ်ငန်းစဉ်သည် ဒေသတွင်းညီညွတ်မှုကို အခြေတည်၍ နိုင်ငံတကာမှ ညီညွတ်မှု ရှိသော ချဉ်းကပ်မှု လိုအပ်ပါကြောင်း တင်ပြခဲ့ပါသည်။

ကုလသမဂ္ဂတွင်ရှိသော ထူးခြားသည့် အားသာချက်များ အတတ်ပညာများကိုမျှ‌ဝေကာ အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ်အပေါ်အခြေတည်သည့်  ဒေသတွင်း လုပ်ဆောင်ချက်များကို ပံ့ပိုးအားဖြည့်ပေးနိုင်ရန် အရေးပါလှသည့်‌ခြေလှမ်းအနေဖြင့် အာဆီယံဥက္ကဌ၊ သူ၏အဖွဲ့ဝင်များနှင့် အတူ လက်တွဲလုပ်ကိုင် သွားမည် ဖြစ်ကြောင်း သူမကကတိပြုခဲ့ပါသည်။

လူသားချင်းစာနာသည့်ပံ့ပိုးကူညီမှုပေးနိုင်ရန်အတွက် ကျယ်ပြန့်သောချဉ်းကပ်မှုတရပ် အရေးတကြီး ရှေ့တန်းတင်ရန် လိုအပ်ကြောင်း သူမကအလေးထား ပြောပါသည်။ သို့ပါ၍ တနိုင်ငံလုံးရှိပြည်သူများ၏ ဘက်ပေါင်းစုံလိုအပ်ချက်များကူညီဖြည့်ဆည်းပေးနိုင်ရန် UN-ASEAN humanitarian-plus အမိုးအောက်တွင် လက်ရှိလမ်းကြောင်းများမှတဆင့် ဒုက္ခသင့်နေသောရပ်ရွာများသို့ အကူအညီပေးဆောင်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်း အဓိကပြောကြားသည်။ ထိုသို့ဆောင်ရွက်ရာတွင် အရပ်သားများလုံခြုံမှုပေးခြင်း၊ လူမှု-ကြံ့ခိုင်မှုဖေါ်ဆောင်ပေးခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီနှင့် COVID ဆိုင်ရာအကူအညီတို့ပါ၀င်သည်။ ၀န်ကြီးချုပ်မှ ပူးတွဲဆောင်ရွက်ရန် ကမ်းလှမ်းမှုကိုလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ ကြိုဆိုခဲ့ပါသည်။

အာဆီယံ ဘုံ သဘောတူညီချက် ၅ ရပ် ရှေ့ဆက်ရန်လိုကြောင်း၊  အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အဘက်ဘက်မှအစွမ်းကုန်ထိန်းသိမ်း ဆောင်ရွက်ရန် အ‌ရေးကြီးပါကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ အလေးထားပြောခဲ့သည်။  ထိုသို့လုပ်ဆောင်ရာတွင် လက်နက်ကိုင်အဖွဲ့များသာမက သက်ဆိုင်သူ အုပ်စုအားလုံးပါ၀င်သည့် ယုံကြည်မှုတည်ဆောက်နိုင်ရေး နည်းလမ်းများကို ရှာဖွေအသုံးပြု ရန် လည်း လိုအပ်ကြောင်းပြောဆိုခဲ့ပါသည်။ Humanitarian-plus ၏ အစိတ်အပိုင်းအဖြစ်  လိုအပ်နေသော လူသားချင်း စာနာမှုအထောက်အပံ့များကို ရည်မှန်းထားသောနေရာများသို့ လုံခြုံပြီး အနှောက်အယှက်ကင်းစွာ ပံ့ပိုးပေးနိုင်ရန်အတွက် ကုလသမဂ္ဂနှင့်အာဆီယံတို့ ဘက်ပေါင်းစုံမှပူးပေါင်း၍ ဆောင်ရွက်ရန်လိုကြောင်း တင်ပြခဲ့ပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ  အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်နှင့်အတူ အနီးကပ်လုပ်ဆောင်ရန် ထပ်လောင်းပြောဆိုခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အားလုံးပါ၀င်နိုင်သည့် ဆွေးနွေးပွဲများဖြစ်အောင် ပံ့‌ပိုးပေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့မှ ပိုမိုကျယ်ပြန့်စွာထောက်ပံ့ပေးနိုင်အောင် ညှိုနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ  လက်ရှိဖြစ်ပေါ်နေသောအကျပ်အတည်း‌ကြောင့် သက်ရောက်မှုခံရသော သူများကို တိုက်ရိုက်ဆက်ဆံခြင်း နှင့် သူတို့၏စကားသံများကို ဂရုတစိုက်နားထောင်ခြင်းဖြင့် လိုအပ်သည့်အဖြေကို ရရှိနိုင်မည်ဖြစ်ကြောင်း  အလေးထား‌ပြောကြားခဲ့ပါသည်။ ဥပမာအားဖြင့် ကုလသမဂ္ဂ-အာဆီယံ အမျိုးသမီးရေးရာ၊ ငြိမ်းချမ်းရေး၊ နှင့် လုံခြုံရေး ဆိုင်ရာ စင်မြင့်တစ်ခုကို တည်ဆောက်ကြရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်မှ တိုက်တွန်းပါသည်။ ထိုသို့တည်ဆောက်ခြင်းဖြင့် ရောက်ရှိရန်ခက်ခဲသည့် ဒေသများတွင်နေထိုင်သောသူများအပါအဝင် အမျိုးသမီးများ လူငယ်များတို့၏အသံများကို မြှင့်တင်ကြားစေ နိုင်မည်ဖြစ်ပါသည်။  ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေးအတွက် ခိုင်မာသောနည်းလမ်းများကို ချမှတ်ပေးနိုင်ရန် မျှော်လင့်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

Jung Hwan Bobbi Lee

Head of Office, Office of the Special Envoy of the Secretary-General on Myanmar

ဤလုပ်ငန်းတွင်အဓိကပါဝင်နေသည့် ကုလသမဂ္ဂရုံးများ

UN
ကုလသမဂ္ဂ

လုပ်ငန်းရပ်များဖြင့်ပံ့ပိုးပေးနေသော ပန်းတိုင်များ