မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့

Ramanathan Balakrishnan

ရာမာနသန် ဘလာခရှစ်နန်

UNFPA
ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)
 
မစ္စတာ ရာမာနသန် ဘလာခရှစ်နန် (ရာမာ) သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ တာဝန်ယူခဲ့ပါသည်။ မစ္စတာ ဘလာခရှစ်နန်သည် အာရှပစိဖိတ်ဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကမြောက်ပိုင်းဒေသများအပါအဝင် နိုင်ငံရေးအခြေအနေအသီးသီးတွင် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းမှုဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၂၅)နှစ်ကျော်ရှိသူ ဖြစ်သည်။ မြန်မာနိုင်ငံသို့ မရောက်ရှိမီ ၂၀၁၅-၂၀၁၈ အတွင်း မစ္စတာ ဘလာခရှစ်နန်သည် အီရတ်နိုင်ငံတွင် UNFPA ၏ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူကာ UNFPA ၏ အကြီးဆုံးလုပ်ငန်း Programme တစ်ခုကို စီမံဆောင်ရွက်ခဲ့သည် ။ UNFPA ရုံးချုပ်တွင်လည်း လူသားချင်းစာနာမှုနှင့် ထိခိုက်လွယ်သော အခြေအနေဆိုင်ရာဌာနခွဲ (HFCB) အား လူသားချင်းစာနာမှုဆိုင်ရာရုံး ဖွဲ့စည်းတည်ဆောက်မှု အကူးအပြောင်းအတွက် အထူးတာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၁၂မှ ၂၀၁၅ အတွင်း UN Women Asia Pacific Regional Office ၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၇ မှ ၂၀၁၂ အတွင်း UNDP ၏ လစ်ဗျားနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၀၃ မှ ၂၀၀၇ အတွင်း UNDP (UNV Volunteers, Bonn) ၏ စီမံအုပ်ချုပ်မှုပိုင်း ကျွမ်းကျင်သူအဖြစ်လည်းကောင်း အသီးသီး တာဝန်ယူခဲ့သည်။ မစ္စတာ ဘလာခရှစ်နန်သည် အိန္ဒိယနိုင်ငံသား ဖြစ်ပြီး သဘာဝအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် လူဦးရေဆိုင်ရာလေ့လာမှုတို့တွင် မဟာဘွဲ့များ ရရှိထားသည်။
Catarina

ကတ်တာရီးနာ တယ်လက်စ်ဖယ်ရိုင်းရေ ကာမာရင်ဟဲက်စ်

UN Habitat
အစီအစဉ် စီမံခန့်ခွဲမှု အရာရှိ (ယာယီ)
 
ဒေါက်တာ ကတ်တာရီးနာ တယ်လက်စ်ဖယ်ရိုင်းရေ ကာမာရင်ဟဲက်စ် (Catarina Teles Ferreira Camarinhas) သည် ကုလသမဂ္ဂမြို့ရွာနှင့် အိုးအိမ်ပြန်လည် ထူထောင်ရေးအစီအစဥ်၏ (United Nations Human Settlements Program (UN-Habitat)) အစီအစဉ် စီမံခန့်ခွဲမှု အရာရှိ (Programme Management Officer) ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ကို ဦးဆောင်နေသူဖြစ်သည်။ သူမသည် ၂၀၁၀ ခုနှစ်မှစ၍ ကုလသမဂ္ဂတွင် တာ၀န် ထမ်းဆောင် လာခဲ့ရာ ယခင်က ကိုဆိုဗို၊ မော်လ်ဒိုက် နိုင်ငံများနှင့် ကာရေဘီယံဒေသ တို့တွင် လုပ်ကိုင် ခဲ့ပါသည်။ သူမသည် မော်လ်ဒိုက်နိုင်ငံရှိ ကုလသမဂ္ဂ၏ (ကာဗွန်)လျော့ချရေး ရာသီဥတုဒဏ် ကြံ့ခိုင်နိုင်မှု ဖွံ့ဖြိုးရေး အစီအစဉ်၏ (United Nations Low Emission Climate Resilient Development (LECReD)) နည်းပညာ အကြံပေး အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်း ကုလသမဂ္ဂပူး‌ပေါင်းအစီအစဉ်သည် အရင်းအမြစ်ကို ကျွမ်းကျင် နိုင်နင်းစွာအသုံးပြုမှုနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုဆိုင်ရာ မဟာဗျူဟာများ နှင့် ကျင့်ထုံးများ ကို ဒေသဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်းတွင် စတင် ပေါင်းစပ်ရန် အတွက် ရည်ရွယ် ဆောင်ရွက် ခဲ့သည်။

သူမသည် ကုလသမဂ္ဂ၌ တာဝန်မထမ်းဆောင်မီတွင် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းတက္ကသိုလ်တွင် မြို့ပြ စီမံကိန်းနှင့် ရေရှည်တည်တံ့သော မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘာသာရပ် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဇာတိဖြစ်သော ပေါ်တူဂီနိုင်င်ငံ လစ်စဘွန်းမြို့၌ပင် မြို့ပြစီမံကိန်း အရာရှိအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ သူမသည် ၂၀၀၉ခုနှစ်တွင် ပါရီမြို့ ဆောဘွန်း တက္ကသိုလ်မှ မြို့ပြနှင့် ဒေသဆိုင်ရာ စီမံကိန်းဘာသာရပ် ပါရဂူဘွဲ့၊ ၁၉၉၈ တွင် လစ်စဘွန်းတက္ကသိုလ်မှ မဟာဘွဲ့ ၊ နှင့် ၁၉၉၃ ခုနှစ်တွင် ဗိသုကာဘွဲ့ ကို ယင်းတက္ကသိုလ်မှပင် ရရှိပါသည်။

ထို့ပြင်သူမသည် L'Harmattan ပုံနှိပ်တိုက်မှ ထုတ်ဝေသော ပြင်သစ်ဘာသာဖြင့် ရေးသားထားသည့် “L'Urbanisme de Lisbonne” စာအုပ်အပါအဝင်၊ ကုလသမဂ္ဂအဖွဲ့ မှ ထုတ်ဝေသော အစီရင်ခံစာများနှင့် စာစောင်များစွာကို တည်းဖြတ်ခြင်း၊ ပါဝင်ရေးသားခြင်းများ လုပ်ဆောင်ခဲ့သည်။ သူမနောက်ဆုံး ရေးသားခဲ့သည့် စာမူမှာ ”A review of the status of institutional mechanisms for sustainable development planning” ဖြစ်ကာ ၎င်းကို လက်တင်အမေရိကတိုက်နှင့် ကရေဘီယံဒေသဆိုင်ရာ ကုလသမဂ္ဂစီးပွားရေးကော်မရှင်က ၂၀၂၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

Karin Fueg

ကယ်ရင် ဖူးအက်

UN Women
ဌာနေကိုယ်စားလှယ် (ယာယီ)
 
Ms. Karin Fueg သည် ၂၀၂၂ ခုနှစ် သြဂုတ်လမှစတင်ပြီး နိုင်ငံဌာနေကိုယ်စားလှယ် (ယာယီတာ၀န်ခံ) အနေဖြင့် တာ၀န်ထမ်းဆောင်နေပါသည်။ ပြီးခဲ့သည့်နှစ်များက သူမသည် မြန်မာနိုင်ငံ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ ရုံးချုပ်၏ ဒုတိယ အကြီးအကဲ/ ပရိုဂရမ် အကြီးအမှုးအဖြစ် လည်းကောင်း၊ ၂၀၁၄ မှ ၂၀၁၉ အထိ ကင်ညာနိုင်ငံ ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့ ၏ ဒုတိယ ဌာနေဒါရိုက်တာအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

သူမသည် အာဖရိက(ကင်ညာ၊ အီသီးယိုးပီးယား၊၊ မိုဇမ်ဘစ်၊ ဘော့ဇ၀ါနာနှင့် မာလီ) နှင့် အာရှအလယ်ပိုင်း(တာဂျစ်ကစ်စတန်၊ ကာဂျစ်စတန်) နိုင်ငံ တို့တွင် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် အတူ ပူးပေါင်းလုပ်ဆောင်သည့် အကြီးတန်းအလှူရှင်များစွာ၏ ပရိုဂရမ်စီမံခန့်ခွဲမှုတွင် ၂၅ နှစ်ကျော် အတွေ့အကြုံရှိပါသည်။ သူမသည် ကျေးလက်ဖွံ့ဖြိုးရေး၊ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်မှုနှင့် သူကျားမရေးရာကိစ္စများကို အကျယ်တစ်ဝင့် လုပ်ဆောင်ခဲ့ပါသည်။ သူမ၏ အထူးကျွမ်းကျင်သည့် နယ်ပယ်များမှာ - မဟာဗျူဟာမြောက် အစီအစဥ်များနှင့်စီမံကိန်း ရေးဆွဲခြင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် အပြန်အလှန်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်း၊ မိတ်ဖက် တည်ဆောက်ခြင်း၊ အရင်းအမြစ်များ စည်းရုံးလှုံ့ဆော်ခြင်းနှင့် အသိပညာဆိုင်ရာ စီမံခန့်ခွဲမှုများ ဖြစ်သည်။

Ms. Karin သည် စီးပွားရေး စီမံခန့်ခွဲမှု ဒီဂရီဘွဲ့ ရရှိထားပြီး ခေတ်သစ်သမိုင်းနှင့် ရုရှားဒဿနိကဗေဒ တို့တွင် မဟာဘွဲ့ ရရှိထားသူဖြစ်သည်။ သူမသည် ဆွစ် နိုင်ငံသားတစ်ဦး ဖြစ်ပါသည်။

သူမသည် ကျားမရေးရာတန်းတူညီမျှမှုကို မြှင့်တင် ကာကွယ်ပေးသည့် နိုင်ငံတကာ မူဘောင်များ (စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs)နှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (CEDAW)) အတွင်းတွင် ကျားမ ရေးရာ တုံ့ပြန်ဆောင်ရွက်သည့် ဥပဒေပြုအဖွဲ့အစည်း၊ အစိုးရအေဂျင်စီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၏ စည်းရုံးလှုံ့ဆော်ခြင်းတို့ကို ပံ့ပိုးကူညီပေးခြင်းနှင့် ဦးဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
Stephen Anderson

စတီဖင် အန်ဒါဆင်

WFP
ဌာနေကိုယ်စားလှယ်
 
စတီဖင် အန်ဒါဆင် သည် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကင်ညာနိုင်ငံ၊ နိုင်ရိုဘီ မြို့တွင် မွေးဖွားခဲ့ကာ ငယ်ဘဝအချိန်တော်တော်များကို အာဖရိကအရှေ့ပိုင်းတွင် ကုန်ဆုံးရင်းကြီးပြင်းလာသူဖြစ်သည်။ သူသည် Georgetown University နှင့် Cairo မြို့တွင်ရှိသော American University တို့တွင် ပညာသင်ကြားခဲ့ပါသည်။ စတီဖင် သည် ၎င်း၏ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းအဖြစ် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တွင် အချိန်အကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ၁၉၈၉ ခုနှစ်တွင် WFP သို့ ၀င်ရောက်ကာ ဆူဒန်နိုင်ငံတွင် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် အီသီယိုးပီးယားနှင့် ရောမမြို့ (WFP ဌာနချုပ်) သို့ပြောင်းရွှေ့တာဝန်ယူခဲ့ကာ ကင်ညာနှင့် တောင်အာဖရိက အရေးပေါ်အခြေအနေများတွင် ကာလတို တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် စတီဖင်သည် ဖိလစ်ပိုင် တွင် (၂၀၀၈ မှ ၂၀၁၃ အထိ)၊ ဂျပန်ရုံးတွင် (၂၀၁၃ မှ ၂၀၁၆ အထိ) နှင့် ယီမင်တွင် (၂၀၁၇ မှ ၂၀၁၉ သြဂုတ်လအထိ) WFP ၏ အကြီးတန်းစီမံခန့်ခွဲမှုရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၂၀၁၅ ခုနှစ်တွင် နီပေါ ငလျင်ဘေးအတွင်း WFP အရေးပေါ်တုံ့ပြန်ရေးတွင် ကာလတိုပါဝင်ကူညီတာဝန်ယူခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ စတင်၍ မြန်မာနိုင်ငံတွင် WFP ၏ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ စတီဖင်တွင် အိမ်ထောင်နှင့်အတူ သားသမီးသုံးဦးရှိပါသည်။
Titon Mitra

တီတွန် မီထရာ

UNDP
ဌာနေကိုယ်စားလှယ်
 
မစ္စတာတီတွန်မီထရာသည် ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်ပြီး အကြီးတန်းဖွံ့ဖြိုးမှုပညာရှင် တစ်ဦးအဖြစ် နှစ်ပေါင်း (၃၀) ကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ဖြစ်သည်။

မစ္စတာမီထရာသည် UNDP မြန်မာ၏ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း မခံရမီက UN တွင် အခြားသော ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် UNDP ဌာနေကိုယ်စားလှယ်၊ အီရတ်နိုင်ငံတွင် အကြီးတန်း မဟာဗျူဟာစီမံကိန်းရေးဆွဲရေး အကြံပေးအရာရှိ (Senior Strategic Planning Adviser) နှင့် ကုလသမဂ္ဂ အကူအညီပေးရေးမစ်ရှင် ၏ ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ အတွက် ဘက်စုံညှိနှိုင်းရေးရုံးအကြီးအကဲ (Head of the Integrated Coordination Office for Development and Humanitarian Affairs of the United Nations Assistance Mission )၊ ဖိလစ်ပိုင်နိုင်ငံတွင် ဘန်စမိုးရိုငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုင်ရာ ကုလသမဂ္ဂအကြီးတန်းမဟာဗျူဟာအကြံပေးအရာရှိ (Senior Strategic Adviser to the UN on the Bangsamoro Peace process) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

မစ္စတာမီထရာသည် ယခင်က ဩစတြေးလျနိုင်ငံတွင် အဆင့်မြင့်အစိုးရအရာရှိတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ သံရုံး၏ သံမှူးကြီး (Minister Counsellor) နှင့် ဖိလစ်ပိုင်နိုင်ငံအား အကူအညီပေးရေးအစီအစဉ်၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ AusAID ၏ လက်ထောက်အတွင်းရေးမှူး (Assistant Secretary) အဖြစ် သီရိလင်္ကာ၊ မော်လဒိုက်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် တီမောလက်စတီနိုင်ငံများရှိ လူမှုဖွံ့ဖြိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးနှင့် အခြေခံအဆောက်အအုံတို့အတွက် အဓိကထား ကူညီပံ့ပိုးပေးသည့် နှစ်နိုင်ငံကြား ကြီးမား ကျယ်ပြန့်သောအကူအညီပေးရေးအစီစဉ်များကို စီမံခန့်ခွဲခဲ့သူလည်း ဖြစ်သည်။

မစ္စတာမီထရာသည် CARE International ၏ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အစီအစဉ် ညွှန်ကြားရေးမှူး (Global Emergency Director) အဖြစ် အာဖရိက၊ တောင်အာရှဒေသ၊ အရှေ့တောင်အာရှဒေသ၊ အရှေ့အလယ်ပိုင်းဒေသနှင့် ပစိတ်ဖိတ်ဒေသတို့တွင် လူသားချင်းစာနာထောက်ထားမှုဖြင့် အရေးပေါ်တုံ့ပြန်မှု အစီအစဉ်များကိုလည်း ဦးဆောင်ခဲ့ပါသည်။
Donglin Li

ဒေါင်လင်းလီ

ILO
ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ဌာနေကိုယ်စားလှယ်
 
မစ္စတာဒေါင်လင်းလီ သည် မြန်မာနိုင်ငံ၏ အိုင်အယ်လ်အို(ရန်ကုန်)ရုံး၌ ၂၀၁၉ ခုနှစ် ဩဂုတ်လမှစတင်၍ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ/ဌာနေကိုယ်စားလှယ်အဖြစ် လုပ်ငန်းတာဝန်ထမ်းဆောင်ပါသည်။ မစ္စတာလီသည် ဌာနေညွှန်ကြားရေးမှူးအဖြစ်ဖြင့် ဖီဂျီနိုင်ငံအခြေစိုက် အိုင်အယ်လ်အို၏ပစိဖိတ် ဒေသရုံးတွင် ရုံးထိုင်ကာ အိုင်အယ်လ်အိုအဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံကို ၃နှစ် နီးပါးကွပ်ကဲခဲ့အပြီး၊ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ မစ္စတာလီသည် သီရိလင်္ကာနိုင်ငံနှင့် မော်လဒိုက်နိုင်ငံ၏ အိုင်အယ်လ်အိုရုံးတွင် ဌာနေညွှန်ကြားရေးမှူးအဖြစ် ၂၀၁၁ မှ ၂၀၁၆ ခုနှစ်အထိ ၅နှစ်နှင့်၆လတာ၊ ပါကစ္စတန်နိုင်ငံ အိုင်အယ်လ်အိုရုံး၏ဌာနေညွှန်ကြားရေးမှူးအဖြစ် ၂၀၀၄ မှ ၂၀၁၁ ခုနှစ် အထိ ၆နှစ် နှင့် ၆လတာ၊ ဘန်ကောက်မြို့အခြေစိုက် အိုင်အယ်လ်အိုဒေသရုံး၌ ဌာနေညွှန်ကြားရေးမှူး၏ အထက်တန်းအကြံပေးအရာရှိအဖြစ် ၂၀၀၂ မှ ၂၀၀၄ ခုနှစ် အထိ ၂နှစ်နှင့်၆လတာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ပါကစ္စတန်နိုင်ငံအစိုးရသည် ပါကစ္စတန်နိုင်ငံ ပြည်သူများ၏ အကျိုးအတွက် မစ္စတာလီနှင့်အဖွဲ့၏ အကောင်းဆုံးစွမ်းဆောင်မှုကို အသိအမှတ်ပြုကာ ၂၀၁၀ ခုနှစ်တွင် မစ္စတာလီအား Presidential Award (သမ္မတချီးမြှင့်သည့်ဆု)ကိုချီးမြှင့် အပ်နှင်းခဲ့သည်။ မစ္စတာလီသည် အိုင်အယ်လ်အိုညွှန်ကြားရေးမှူးချုပ်က ချီးမြှင့်သည့် အိုင်အယ်လ်အို၏ အဖွဲ့လိုက်စွမ်းဆောင်မှုကို အသိအမှတ်ပြုသည့်ဆုအားလည်း ၂၀၁၉ ခုနှစ်တွင်လက်ခံရရှိခဲ့ပါသည်။ အိုင်အယ်လ်အို၌ တာဝန်မ ထမ်းဆောင်မီက မစ္စတာလီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလုပ်သမားနှင့်လူမှုဖူလှုံရေးဝန်ကြီး ဌာန၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၌ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်း ဆောင်ပါသည်။ မစ္စတာလီသည် UK နိုင်ငံ Heriot-Watt University မှ မဟာဘွဲ့ (MBA) ရရှိသည်။ ၎င်းသည် ၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ် Cooper Union၏ ဧည့်ပညာရှင် ဖြစ်ပါသည်။ မိမိ၏ သိပ္ပံဘွဲ့ကို ၁၉၈၂ ခုနှစ် ရှန်ဟိုင်းမြို့ရှိ တရုတ်နိုင်ငံအရှေ့ပိုင်း သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ (East China University of Science and Technology) ရရှိခဲ့ပါ သည်။
David Carden

ဒေးဗစ်ကာဒန်

OCHA
ဌာနေကိုယ်စားလှယ်
 
 
 
ဒေးဗစ်ကာဒန်သည် ကမ္ဘာတဝှမ်းရှိ များပြားလှသည့် လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ကာ ကာလတာရှည်တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) တွင် ဌာနေကိုယ်စားလှယ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူသည် မြန်မာနိုင်ငံသို့မရောက်ရှိမီ နယူးယောက်မြို့ရှိ OCHA ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် နှိုးဆော်တိုက်တွန်းရေးဌာန၌ အနောက်နှင့်အလယ်အာဖရိကတိုက်ရှိ နိုင်ငံပေါင်း ၁၀ ခုဆိုင်ရာ လူသားချင်းစာနာမှုလုပ်ငန်းများကို စီမံခန့်ခွဲကြီးကြပ်ရသည့် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မစ္စတာကာဒန်သည် OCHA တွင် လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သည့် အတွေ့အကြုံ ၂၅ နှစ်ရှိပြီး ၂၀၁၅ မှ ၂၀၁၈ ခုနှစ်အတွင်း ပါလက်စတိုင်းဒေသတွင်လည်းကောင်း၊ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း ဟိုင်ယန်တိုင်ဖွန်းမုန်တိုင်းအတွက် တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်၌ ဖိလစ်ပိုင်နိုင်ငံတွင်လည်းကောင်း ဌာနေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ သူသည် OCHA နှင့်အတူ ဌာနေကိုယ်စားလှယ်အဖြစ် ၂၀၀၆ ခုနှစ်တွင် လက်ဘနွန်နိုင်ငံရုံး၌ လည်းကောင်း၊ ၂၀၀၈ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံရုံး၌လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ဆီရာလီယွန်၊ ဂီနီ၊ အိုင်ဗရီကို့စ်နိုင်ငံနှင့် ‌ဘောလကန်ဒေသများတွင်လည်း လုပ်ကိုင်‌ဆောင်ရွက်ခဲ့ပါသည်။ မစ္စတာကာဒန်သည် တောင်အာဖရိကနိုင်ငံရှိ ကုလသမဂ္ဂနိုင်ငံရေးရာဌာန၊ ကမ္ဘောဒီးယားနိုင်ငံရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာိဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လန်ဒန်နှင့် အရှေ့တောင်အာရှရှိ ပုဂ္ဂလိကကဏ္ဍတွင်လည်း လေ့လာဆန်းစစ်သူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါသည်။ သူသည် ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ကာ ယူကေနိုင်ငံရှိ ဒူရန်တက္ကသိုလ်တွင် ဘာသာဗေဒအဓိကဖြင့် ဘွဲ့ရရှိခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပညာရပ်ဖြင့် ဘွဲ့လွန်ရရှိထားပါသည်။
Benedikt Hofmann

ဘန်းနဒစ် ဟော့ဖ်မန်း

UNODC
မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ
ဘန်းနဒစ် ဟော့ဖ်မန်း သည် ၂၀၂၀ ခုနှစ် သြဂုတ်လက စတင်၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး၏ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ ရန်ကုန်မြို့သို့ မရောက်ရှိမီက ဗီယင်နာမြို့ရှိ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး ရုံးချုပ်တွင် ပရိုဂရမ်အရာရှိအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ပြီး မဟာဗျူဟာမြောက် ပရိုဂရမ်အစီအစဉ် စီမံရေးဆွဲခြင်း၊ ကုလသမဂ္ဂ မိတ်ဖက်များ တိုးမြှင့်ပေးခြင်းနှင့် ကမ္ဘာတဝှမ်းရှိ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံးများ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အကျိုးသက်ရောက်မှုကို ခိုင်မာသန်စွမ်းလာစေရေး အတွက် ကမ္ဘာလုံးဆိုင်ရာဒါရိုက်တာအားပံ့ပိုး ကူညီဆောင်ရွက်ခဲ့သည်။၎င်းမတိုင်မီက အရှေ့အာဖရိက ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသတို့တွင် ပရိုဂရမ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုကို ကြီးကြပ်ရသောဌာန၌ ဌာနစုအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တွင် ဘန်းနဒစ် သည် အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာပရိုဂရမ် စောင့်ကြည့်ခြင်းနှင့် အစီရင်ခံခြင်း ကိုဦးဆောင်လျက် ဒေသအတွက် အဓိကကျသော လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းခြင်းဆောင်ရွက်ရန် ဘန်ကောက်ရှိ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာ အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ ဘန်ကောက်သို့ မရောက်ရှိမီက အာဖရိက၊ အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ပရိုဂရမ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းလည်ပတ်မှု အထောက်အကူပြုခြင်းအပေါ် အာရုံစိုက်ကာ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးချုပ်တွင် အဆင့်အမျိုးမျိုးဖြင့် လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့သည်။

Benedikt သည် သြစတြီးယားနိုင်ငံရှိဗီယင်နာတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကို ရရှိထားသူဖြစ်သည်။ သူ့ကို benedikt.hofmann@un.org တွင် ဆက်သွယ်နိုင်ပြီး twitter ၌ @benihofmann အဖြစ် တွေ့နိုင်ပါသည်။
Marco Smoliner

မာကို စမိုးလင်နာ

UNDSS
လုံခြုံရေး အကြံပေး အရာရှိ
 
မစ္စတာ မာကို ဆမိုလီနာ သည် ယခင်က ဩစတြီးယားဖက်ဒရယ်ရဲအရာရှိ (Austrian Federal Police Officer) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဩစတြီးယားနိုင်ငံ ဗီယင်နာ မြို့တော်ကောင်စီ (City Council)၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပါသည်။ သူသည် နိုင်ငံတကာစီမံခန့်ခွဲမှု မဟာဘွဲ့ကို ရရှိထားပါသည်။ ၂၀၀၂ ခုနှစ်မှစ၍ ဗီယင်နာရှိ OSCE၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးအစီအစဉ်များ၊ ရောမရှိ စိုက်ပျိုးရေးဖွံ့ဖြိုးမှုနိုင်ငံတကာရန်ပုံငွေအဖွဲ့ (IFAD) နှင့် ကုလသမဂ္ဂလုံခြုံရေးဌာနတို့တွင် လုပ်ကိုင်ခဲ့ပြီး၊ အမေရိကအလယ်ပိုင်း၊ အာဖရိကအရှေ့ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသနှင့် အရှေ့တောင်အာရှဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ မစ္စတာ ဆမိုလီနာသည် မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းလုပ်ဆောင်ခဲ့ပြီး၊ ၂၀၂၁ခုနှစ် မေလတွင် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ သူသည် အိမ်ထောင်ရှိသူဖြစ်ပြီး၊ ဆယ်ကျော်သက်အရွယ် သားတစ်ယောက်ရှိပါသည်။

Marcoluigi Corsi

မာကိုလူဂျီ ကော်စီ

UNICEF
ဌာနေကိုယ်စားလှယ်
 
မစ္စတာ မာကိုလူဂျီ ကော်စီ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ယူနီဆက်ဆိုင်ရာကိုယ်စားလှယ်အဖြစ် ၂၀၂၁ ဒီဇင်ဘာလ၌ ခန့်အပ်ထားခံခဲ့ရပြီး သူ၏လုပ်ငန်းတာ၀န်ကို ရန်ကုန်တွင် ၂၀၂၂ မေလမှစတင်ခဲ့ပါသည် ။

ဤတာ၀န်ကို မထမ်းဆောင်ခင်တွင် သူသည် ယူနီဆက် အရှေ့တောင်အာရှနှင့်ပစိဖိတ် ဒေသပိုင်းဆိုင်ရာဒါရိုင်တာအဖြစ် ၂၀၂၀ ဖေ‌ဖော်၀ါရီလ မှလုပ်ကိုင်ခဲ့ပါသည် ။ သူသည် ယူနီဆက် ကိုယ်စားလှယ် အဖြစ် ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ အထိ မိုဇမ်ဘစ်ရုံး နှင့် ၂၀၁၁ ခုနှစ် ဩဂုတ်လ မှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ ဘိုလီးဗီးယားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည် ။

သူသည် ယူနီဆက်ဆိုင်ရာ လက်‌ထောက်ကိုယ်စားလှယ်အဖြစ်လည်း နှစ်ကြိမ်တိုင်စီ ၂၀၀၅ ခုနှစ် မှ ၂၀၁၁ ခုနှစ် ကို အင်ဒိုနီးရှားနိုင်ငံရုံး ၊ ၂၀၀၂ မှ ၂၀၀၅ ကို အဲထရာနိုင်ငံရုံးတွင်လည်း လုပ်ကိုင်ခဲ့ပါသည် ။ ထိုမတိုင်ခင်၌ သူသည် ယူနီဆက်အစီအစဥ်စီမံချက်ရေးဆွဲခြင်း ၊ စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်း ၎ာနအကြီးအကဲအဖြစ် ဆိုမာလီယာနိုင်ငံ လုပ်ကိုင်ခဲ့ပြီး တန်ဇန်းနီးယား ပြည်နယ် ၊ ဒါရက်စ်ဆာလမ် ရှိ လူထုအခြေပြု အစီအစဉ်နှင့်ညှိနှိုင်းရေး ၎ာနတွင် စီမံကိန်းအစီအစဉ်စောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်းအတွက် လုပ်ဆောင်ခဲ့ပါသည် ။

အီတလီနိုင်ငံသားတစ်ဦးဖြစ်သော မစ္စတာ မာကိုလူဂျီ ကော်စီသည် အီတလီနိုင်ငံ၊ ရောမမြို့ရှိ လာဆာပီယန်ဇာတက္ကသိုလ်မှ နိုင်ငံတကာ နိုင်ငံရေးသိပ္ပံပညာမာစတာဘွဲ့ကို ရရှိထားပါသည် ။

သူသည်လက်ထပ်ထားသူဖြစ်ပြီး သမီးသုံးယောက်ရှိပါသည် ။
Yuka Makino

ယူကာ မာကီနို

FAO
ဌာနေကိုယ်စားလှယ်
 
ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ‌ဒေါက်တာ ယူကာမာကီနို ကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်တာဝန်ပေးအပ်ခဲ့ပါသည်။ ‌ယူကာသည် သဘာဝသယံဇာတနှင့် အရင်းအမြစ်များ စီမံခန့်ခွဲရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သဟဇာတဖြစ်ရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေးတို့နှင့် သက်ဆိုင်သည့် အစီအစဥ်များတွင် နိုင်ငံတကာ အတွေ့အကြုံ ၂၇ နှစ်ကျော် ရှိသူဖြစ်ပါသည်။ သူမသည် အရှေ့အာရှ၊ တောင်အာရှ၊ အရှေ့ဥရောပ နှင့် အာဖရိကရှိ နိုင်ငံပေါင်း ၂၄ နိုင်ငံတွင် စီမံကိန်းလုပ်ငန်းများ တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်ပါသည်။

လက်ရှိတာဝန်မတိုင်ခင် ယူကာသည် အီတလီ နိုင်ငံ ရောမမြို့ရှိ FAO ဌာနချုပ် ၊ သစ်တောဌာနာခွဲ၊ ရေနှင့် တောင်တန်းများဆိုင်ရာ ဌာနစိတ်၏ အကြီးတန်း သစ်တောအရာရှိနှင့် အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ သူမသည် FAO ၌ တာဝန်မထမ်းဆောင်မီ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီအခြေစိုက် ကမ္ဘာ့ဘဏ်၏ သဘာဝအရင်းအမြစ်နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ‌ရေး ဆိုင်ရာ အကြီးအတန်းအရာရှိအဖြစ် ၂၀၀၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဘင်္ဂလား‌ဒေ့ နိုင်ငံ၊ ဒါကာနှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ တို့တွင် ကွင်းတာဝန်ခံအဖြစ်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ သူမသည် ဂျပန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအရာရှိအဖြစ် ဂျပန်နိုင်ငံ တိုကျိုတွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ နီပေါနိုင်ငံ ခတ္တမန်ဒူ မြို့တွင် လူထုအခြေပြု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကျွမ်းကျင်သူအဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် (UNDP) ၏ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အရာရှိ အဖြစ်ဆောင်ရွက်ခဲ့သည်။

ဂျပန်နိုင်ငံသားဖြစ်သူ ယူကာသည် ဂျပန်နိုင်ငံ တိုကျိုရှိ နိုင်ငံတကာ ခရစ်ယာတန်တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် ဥပဒေနှင့် မူဝါဒ ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပြီး၊ မြေပေါ်ဂေဟစနစ် စီမံခန့်ခွဲမှုဘာသာရပ်ဖြင့် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကို အမေရိကန်နိုင်ငံ အန်းအာဘာမြို့ရှိ မီချီဂန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ယူကာသည် ၎င်း၏ငယ်ဘဝကို အိန္ဒိယတွင် ၁၄ နှစ်တာ ဖြတ်သန်းခဲ့ပါသည်။
Rangaiyan Gurumurthy

ရန်ဂိုင်းယန်း ဂုရုမူသီ

UNAIDS
ဌာနေ ဒါရိုက်တာ
 
ရန်ဂိုင်းယန်း ဂုရုမူသီ သည် အာရှ-ပစိဖိတ်၊ အရှေ့နှင် တောင်အာဖရိက၊ အနောက်နှင့်အလယ်ပိုင်းအာဖရိက နှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (MENA) ဒေသများအပါအဝင် မတူညီသော နိုင်ငံရေးအခြေအနေ အမျိုးမျိုးတွင် ကျန်းမာရေးနှင့် အိပ်ချ်အိုင်ဗွီတုံ့ပြန်မှုလုပ်ငန်းများပိုမိုအားကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းဖြင့် 25 နှစ်ကျော် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအတွေ့အကြုံကို ပိုင်ဆိုင်ထားပါသည်။

UNAIDS ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာရုံး၏ ယာယီဒါရိုက်တာ အဖြစ် သုံးနှစ်ကျော် ထမ်းဆောင်နေစဉ် ကုလသမဂ္ဂဆိုင်ရာတုံ့ပြန်မှုတစ်ခုလည်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်ရည်မှန်းချက်ဖြစ်သည့် 2020 ခုနှစ်တွင် အေအိုင်ဒီအက်စ်ရောဂါအား အပြီးတိုင်တိုက်ဖျက်ရေးကို ပြည့်မီရန် ဒေသတွင်းနိုင်ငံများအား ဦးဆောင်လမ်းညွှန်မှုပေးခဲ့သည်။ ဒေသတွင်းရှိ နိုင်ငံများအား ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များ (SDGs) အောင်မြင်ပြီး ရေရှည်တည်တံ့ရန် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အိပ်ချ်အိုင်ဗွီ နှင့် ကျန်းမာရေးကို အဓိကအာရုံစိုက်ရန် ကူညီပေးခဲ့သည်။အိန္ဒိယ၊ ဂါနာနှင့် ကင်ညာနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စဉ်ဆက်မပြတ် အေအိုင်ဒီအက်စ်ရောဂါ တုံ့ပြန်မှုအတွက် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် စီမံချက်များချမှတ်ရာတွင် မဟာဗျူဟာကျသည့်သတင်းအချက်အလက်များ ထိရောက်စွာ အသုံးပြုနိုင်ရန် လမ်းညွှန် ဦးဆောင်မှုပေးခဲ့သည်။ UNAIDS မတိုင်မီ နိုင်ငံတကာမှ ငွေကြေးထောက်ပံ့ရေးအစီအစဉ်အရ ဖော်ဆောင်သော ကျား/မရေးရာ၊ အိပ်ချ်အိုင်ဗွီ နှင့် လိင်မှတဆင့်ကူးစက်ရောဂါများဆိုင်ရာ စီမံကိန်း ရေးဆွဲခြင်း၊အကောင်အထည်ဖော်ခြင်း၊ အကဲဖြတ်ခြင်းနှင့် ဆန်းသစ်သော သုတေသနလုပ်ငန်းများကို စီမံခန့်ခွဲခဲ့သည်။

မစ္စတာ ဂုရုမူသီ သည် မျိုးဆက်ပွားကျန်းမာရေးနှင့် အိပ်ချ်အိုင်ဗွီဆိုင်ရာ အထူးပြုသည့် လူထုအခြေပြုသိပ္ပံဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိထားသူဖြစ်သည်။
DrThushara

သူရှာရာ ဖာနန်ဒို

WHO
ဌာနေကိုယ်စားလှယ်
 
မြန်မာနိုင်ငံဆိုင်ရာ WHO ဌာနေကိုယ်စားလှယ် ဒေါက်တာ သူရှာရာ ဖာနန်ဒိုသည် သီရိလင်္ကာနိုင်ငံသားဖြစ်ပြီး WHO တွင်နည်းပညာပိုင်းနှင့် ဦးဆောင်မှုအတွေ့အကြုံ ၁၅ နှစ်ကျော်ရှိသည်။

သူသည် ဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ပညာရှင်တစ်ဦးဖြစ်သည်။ ဒေါက်တာ သူရှာရာ ဖာနန်ဒို သည် သီရိလင်္ကာနိုင်ငံ University of Colombo မှ ၁၉၈၆ တွင် ဆေးပညာဘွဲ့ရခဲ့ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ မဟာဘွဲ့ကို California State University Long Beach (US) မှလည်းကောင်း PGIM, Sri Lanka မှ Doctorate Degree in Community Medicine ကိုလည်းကောင်း ရရှိခဲ့ပါသည်။

WHO နှင့် လက်တွဲမလုပ်ဆောင်မီ ဒေါက်တာ ဖာနန်ဒိုသည် သီရိလင်္ကာရှိ အမျိုးသားကျန်းမာရေးသိပ္ပံနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင် နှစ် ၂၀ နီးပါး အလုပ်အတွေ့အကြုံရှိခဲ့ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာန (စီမံရေးဌာန)တွင် ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

သူသည် ၂၀၀၄ မှစ၍ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သီရိလင်္ကာနိုင်ငံရုံးတွင် National Professional Officer အဖြစ်၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးနှင့် နီပေါနိုင်ငံရုံးတွင် နည်းပညာအရာရှိအဖြစ်နှင့် အရှေ့တောင်အာရှဒေသဆိုင်ရာရုံးတွင် မကူးစက်နိုင်သောရောဂါများနှင့် ပတ်ဝန်းကျင်ကျန်းမာရေးဆိုင်ရာဌာန ညှိနှိုင်းရေးမှုးအဖြစ်လည်း ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၂ ခုနှစ်တွင် WHO (ဘင်္ဂလားဒေ့ရှ်)၏ ဌာနေကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အလယ်အထိ WHO (မြောက်ကိုရီးယား)၏ ဌာနေကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါသည်။

ဒေါက်တာ ဖာနန်ဒိုသည် ပြည်သူ့ကျန်းမာရေးနှင့် ကျန်းမာရေးစနစ်များ အားကောင်းလာစေရေး နယ်ပယ်များတွင် ကျွမ်းကျင်မှု ၃၅ နှစ်ကျော် အတွေ့အကြုံရှိပြီး၊ကျန်းမာရေးမူဝါဒ အကဲဖြတ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း၊ ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး၊ ကျန်းမာရေးစနစ်များ ရေးဆွဲခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်း၊ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုများ၊ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို စီမံခန့်ခွဲခြင်း၊ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုနယ်ပယ်တို့လည်းပါဝင်ပါသည်။
UNESCO Head

အီချီရို မီယာဇာဝါ

UNESCO
ဌာနေကိုယ်စားလှယ်
 
အီချီရို မီယာဇာဝါ သည် ယူနက်စကို မြန်မာ စီမံချက်ရုံး၏ ဌာနေကိုယ်စားလှယ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေအနှစ်များ နှင့် မတူကွဲပြားမှုများကို ထိန်းသိမ်းစောင့်ရှောက်ရေး ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူပိုင်ခွင့်အတွက် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးကူညီနိုင်ရန် ဝန်ထမ်းများကို ဉီးဆောင်နေသူဖြစ်သည်။ လက်ရှိရာထူးမတိုင်ခင်က၊ ယူနက်စကို ဘန်ကောက် regional ရုံးတွင် အာရှ နှင့် ပစီဖိတ်ဒေသရှိ ချို့တဲ့သော ကလေးသူငယ်များနှင့် လူငယ်များအတွက် အားလုံးအကျုံးဝင်၍ သာတူညီမျှသော ပညာရေးစနစ်ကို မြှင့်တင်ရေးလုပ်ငန်းများတွင် စီမံချက်အထူးကျွမ်းကျင်သူအနေဖြင့် လုပ်ဆောင်ခဲ့သည်။ ယခင်က ပါကစ္စတန်နိုင်ငံ Islamabad မြို့တွင် ယူနက်စကို ပညာရေးစီမံချက်၏ ဌာနမှူး အနေဖြင့်အပြင် ပါကစ္စတန်ရှိ One UN Programme ၏ တာဝန်ခံကိုယ်စားလှယ် အနေဖြင့်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။ အလားတူတာဝန်များကို ဘဂႅလားဒေ့ရှ်နိုင်ငံရှိ ယူနက်စကို Dhaka ရုံးတွင်လည်း ထမ်းဆောင်ခဲ့သည်။ သူ၏ ကုလသမဂ္ဂ ဝန်ထမ်းဘဝကို တန်ဇန်းနီးယားနိုင်ငံ၊ UNICEF Dar es Salaam တွင် စတင်ခဲ့သည်။ မစ္စတာ မီယာဇာဝါ သည် အမေရိကန်နိုင်ငံ၊ နယူးယော့ခ် ရှိ ကိုလံဘီယာတက္ကသိုလ် (Columbia University) မှ ပညာရေး မဟာဘွဲ့နှင့် ဂျပန်နိုင်ငံ၊ တိုကျို, Keio တက္ကသိုလ် မှ သိပ္ပံနှင့် နည်းပညာဘွဲ့တို့ကို ရရှိထားသူဖြစ်သည်။