နောက်ဆုံးပေါ်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဩဂုတ်လ ၀၂ ရက်။
ပြည်တွင်းလှည့်လည်ခြင်း- မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရပ်ရွာလူထုများအတွက်အသစ်စတင်မှု
ပိုမိုလေ့လာရန်
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဩဂုတ်လ ၀၁ ရက်။
၂၀၂၂ ခုနှစ်၊ ပထမ နှစ်ဝက်ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံး မှုများနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း အိုင်အယ်(လ်)အို၏ ခန့်မှန်း ချက် အသစ်များကဖော်ပြ
ပိုမိုလေ့လာရန်
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်။
မိုဘိုင်းအခြေပြု အရေးပေါ်ကျန်းမာရေးအစီအစဥ်က မိသားစုများရဲ့ စိုးရိမ်ပူပန်မှုများကို ပြေလျော့စေ
ပိုမိုလေ့လာရန်
နောက်ဆုံးပေါ်
မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များသည် ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ ကမ္ဘာမြေ၏ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတို့အား ကာကွယ်စောင့်ရှောက်ရန်နှင့် နေရာတိုင်းရှိ လူများ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ရရှိခံစားနိုင်ရေးသေချာစေရန် လုပ်ဆောင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုမှုတစ်ရပ် ဖြစ်ပါသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂမှ ဖော်ဆောင်နေသော ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ပါသည်။
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်။
မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီးတွင် ဗုံးသီးပေါက်ကွဲမှုကြောင့် ယောက်ျားလေးနှစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ ယူနီဆက်ထုတ်ပြန်ချက်
အဆိုပါဖြစ်ရပ်မှာ ဇွန်လ ၁၉ ရက်နေ့တွင် ကလေးနှစ်ဦးက တောထဲတွင်တွေ့ရှိခဲ့သော မပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ကစားနေစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်း (UXO) များသည် မြန်မာနိုင်ငံရှိ ကလေးငယ်များစွာကို အသက်ဆုံးရှုံးစေခြင်းနှင့် ကိုယ်လက်အင်္ဂါချို့တဲ့စေခြင်းများ ဆက်လက်ဖြစ်ပေါ်စေလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မြေမြှုပ်မိုင်းနှင့် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အနည်းဆုံး ကလေးငယ် ၁၁၅ ဦး သေဆုံး ဒဏ်ရာရခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းမှာပင် သေဆုံး ဒဏ်ရာရသူ ကလေးငယ် ၄၇ ဦးအထိ ရှိခဲ့ပါသည်။
ပဋိပက္ခအချိန်များအတွင်း ကလေးသူငယ်များသည် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် အပါအဝင် အားနည်းထိခိုက်လွယ်ဆုံးသူများဖြစ်ကြသည်။ ကလေးငယ်များမှာ လူကြီးများထက် အရွယ်အစားအားဖြင့် ပိုမိုသေးငယ်သောကြောင့် ပေါက်ကွဲမှုဒဏ်ကို အပြည့်အဝ ခံရနိုင်ဖွယ်ပိုများသည်ဖြစ်ရာ သေဆုံးခြင်း သို့မဟုတ် ပြင်းထန်ဒဏ်ရာရနိုင်ချေပိုများပါသည်။
မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) ကြောင့် သေဆုံးဒဏ်ရာရရှိသူများ၏ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်သည်။
မည်သို့သော အခြေအနေမျိုးတွင်မဆို ကလေးသူငယ်များ၏ ဘေးကင်းလုံခြုံမှုနှင့် အခွင့်အရေးများကို အဓိကထည့်သွင်းစဉ်းစားရပါမည်။ ၂၀၂၂ ခုနှစ် ပထမ ၅ လအတွင်း ယူနီဆက်နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ် ဦးရေ ၂၀,၀၀၀ အား ပေါက်ကွဲစေတတ်သောလက်နက်များအန္တရာယ် အသိပညာပေးမှုများ ပြုလုပ်ပေးနိုင်ခဲ့ပါသည်။
ယူနီဆက်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ထိခိုက်နစ်နာသူများအတွက် အကူအညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) များကို ရှင်းလင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။
ယူနီဆက်အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအား ထိခိုက်နစ်နာသူများအတွက် အကူအညီများ လွယ်ကူချောမွေ့စွာ ပေးနိုင်ရန်၊ မြေမြှုပ်မိုင်းအသုံးပြုမှုများ ရပ်တန့်ရန်နှင့် ရှိနှင့်ပြီးသော မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသော စစ်လက်နက်ပစ္စည်းများ (UXO) များကို ရှင်းလင်းကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါသည်။
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဩဂုတ်လ ၀၁ ရက်။
ပြည်တွင်းလှည့်လည်ခြင်း- မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာရပ်ရွာလူထုများအတွက်အသစ်စတင်မှု
ဦးအင်ဒေါင်လရော်(၄၆နှစ်)သည် သစ်နှင့်အိမ်အမိုးသွပ်ပြားတို့အသုံးပြု၍ဆောက်လုပ်ထားသော ၄င်း၏ အိမ်အသစ်ကိုလည်ပတ်ကြည့်ရှုနေရင်း ပြုံးပျော်မှုတွေအပြည့်နှင့်ဖြစ်နေခဲ့သည်။
“ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာ စကားလုံးတွေနဲ့ ဘယ်လိုဖော်ပြရမလဲကိုမသိတော့ဘူး။ အခုချိန်က စပြီး ကျွန်တော်နဲ့ကျွန်တော့်ကလေးတွေအတွက် ဘဝကပိုအဆင်ပြေလာတော့မှာပါ” လို့ ပြောပြပါသည်။
ဦးအင်ဒေါင်လရော်တို့မိသားစုသည် ၎င်းတို့၏ နေအိမ်အသစ်သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွှေ့နေထိုင်ခဲ့ ကြသည်။ ၎င်းတို့သည် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းကချင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သူများတည်ထောင်ထားသည့် ဝိုင်းမော်မြို့နယ်ရှိရွာသစ်တစ်ရွာဖြစ်သည့် မိုင်းနားဆွတ်ကြိုင်သို့ ပထမဆုံး ပြောင်းရွှေ့လာသူများထဲတွင်ပါဝင်ခဲ့သည်။ အများစုမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ တပ်မတော်(MAF)တို့အကြားဖြစ်ပွားခဲ့သည့်လက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၁၂ ခုနှစ်မှစတင်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်ဖြစ်စဥ်အတွင်းကျရောက်နေရသူများဖြစ်သည်။ “ဆွတ်ကြိုင်” ဆိုသည်မှာ ဒေသသုံး ကချင်ဘာသာစကားဖြင့် သာယာဝပြောရေးဟုအဓိပ္ပါယ်ရပြီး အနီးနားရှိစခန်းတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်ပြီးနောက် ပိုမိုကောင်းမွန်သော အနာဂတ်ဘ၀မျှော်လင့်ချက်အတွက်ရည်ရွယ်၍ စခန်းတွင်းနေထိုင်သူများမှ ရွေးချယ်ထားသောအမည်နာမဖြစ်သည်။၂၀၁၈ခုနှစ်တွင် ယင်းဒေသရှိမြေပိုင်ရှင်တစ်ဦးမှ ၎င်းပိုင်မြေများကို ရောင်းချရန်စခန်းတွင်းနေထိုင်သူများအားကမ်းလှမ်းလာသောအခါတွင်၎င်းတို့၏ဘဝသစ်ကိုပြန်လည်စတင်နိုင်ရန် ထိုအခွင့်အရေးကိုအရယူခဲ့သည်။ နေရပ်စွန့်ခွာမိသားစုပေါင်းများစွာက ကိုယ်ပိုင်စုငွေနှင့်သော်လည်းကောင်း၊ ဆွေမျိုးများထံမှချေးငွေများဖြင့်သော်လည်းကောင်းအသီးသီးမြေကွက်များ၀ယ်ယူပြီးနောက် မိုင်းနားဆွတ်ကြိုင် စတင်မွေးဖွားလာခဲ့သည်။
များမကြာမီပင် အိမ်ဆောက်လုပ်သည့်လုပ်ငန်းများကို ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR)၏ ဒေသတွင်း မိတ်ဖက်အဖွဲ့တစ်ဖွဲ့ဖြစ်သော ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း(KMSS)နှင့်အတူစတင်ခဲ့ပြီး ပြောင်းရွှေ့ ခဲ့သည့်မိသားစုတိုင်းအတွက် အိမ်များစတင်ဆောက်လုပ်ခဲ့ပါသည်။ လက်ရှိတွင် လက်ဦးပြောင်းရွှေ့ခဲ့သည့် နေရပ် စွန့်ခွာမိသားစုများသည်ကျေးရွာတွင်းသို့ပြောင်းရွှေ့နေထိုင်လျက်ရှိကြပြီး မကြာမီကာလအတွင်း စခန်းတွင်းရှိ နောက်ထပ်မိသားစု၆၅စုသည်လည်းအဆိုပါကျေးရွာသို့ပြောင်းရွှေ့နေထိုင်နိုင်ရန်မျှော်မှန်းလျက်ရှိသည်။
“အရင်တုန်းကတော့ တခြားမိသားစု၁၀စုနဲ့အတူအိမ်တန်းရှည်ကြီးတစ်လုံးမှာအတူနေခဲ့ရတယ်။ အကုန်လုံး အဲဒီမှာ အတူတူစား၊အတူတူနေပဲ။ အဲဒီမှာနေခဲ့ရတာပူပြင်း၊ ဆူညံပြီးကျဥ်းကျပ်နေတယ်။ ပုဂ္ဂလိကလုံခြုံမှုရဖို့ခက်တယ်”ဟု ဦးအင်ဒေါင်လရော်ကဆိုသည်။
ယနေ့တွင် သူ့မိသားစုသည် စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသော မြေကွက်ကျယ်နှစ်ကွက်ပေါ်တွင် သီးခြား အဆောက်အဦသုံးလုံးဖြင့် နေထိုင်ကြသည်။ ပင်မအဆောက်အအုံသည် သူတို့မိသားစုနေထိုင်ရာနေရာအဖြစ် အသုံးပြုသည်။ ကျန်အဆောက်အဦအသေးနှစ်လုံးအား သီးခြားမီးဖိုချောင်နှင့် သူ့ဇနီး၏ကုန်စုံရောင်းချသည့် ဆိုင်အဖြစ်အသုံးပြုသည်။ “ဆိုင်ကကျွန်တော့်အကြိုက်ဆုံးနေရာပဲ။ ဆိုင်ကရွာအ၀င်၀ကိုမျက်နှာမူထားတာ ဆိုတော့ အရင်ကျွန်တော်တို့နဲ့စခန်းထဲမှာအတူနေခဲ့သူတွေ၊ အခုတော့အိမ်နီးနားချင်းအသစ်ဖြစ်လာသူတွေနဲ့ အမြဲ တွေ့ရဆုံရတဲ့နေရာပေါ့” ဟုဦးအင်ဒေါင်လရော်ကပြောသည်။
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး လုံခြုံမှုမရှိသေးသည့်အခြေအနေကြောင့် နေရပ်စွန့်ခွာရသူများ၏ မူလ နေရပ်ရွာများသို့ပြန်လည်ရောက်ရှိရန်အလားအလာမှာ မှေးမှိန်လျက်ရှိသေးသည်။ မည်သို့ပင်ဖြစ်စေ နေရပ်စွန့်ခွာ ပြည်သူများအနေဖြင့် စခန်းများမှထွက်ခွာနိုင်သည့်အခွင့်အလမ်းများရှာဖွေလာခြင်းနှင့် ပိုမိုကောင်းမွန်သည့် ပေါင်းစည်းနေထိုင်မှုမျိုးရရှိနိုင်သည့် မိုင်းနားဆွတ်ကြိုင်ကဲ့သို့သောနေရာများသို့ ပြောင်းရွှေ့နေထိုင် လာခြင်းသည် ကချင်ပြည်နယ်အတွင်းပိုမိုဖြစ်ပေါ်လာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ၁ရက်နေ့ တပ်မတော်အာဏာသိမ်းယူ ပြီးနောက် မြန်မာနိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများပြင်းထန်လာခဲ့သော်လည်း နေရပ်စွန့်ခွာသူပေါင်း ၉၅,၀၀၀ ရှိသည့်အနက် ကချင်နေရပ်စွန့်ခွာပြည်သူပေါင်း ၂,၃၀၀ ကျော်သည် ပြီးခဲ့သည့်နှစ်အတွင်း နေရာ ၁၉ နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် ယင်းတို့၏ဘ၀ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်းခဲ့ကြသည်။
“သူတို့ရဲ့အခက်အခဲစိန်ခေါ်မှုတွေမပါပဲ၊ ဒီရပ်ရွာဦးဆောင်တဲ့လုပ်ဆောင်ချက်တွေဟာဆယ်စုနှစ်တစ်ခုကြာ နေရပ်စွန့်ခွာနေထိုင်ခဲ့ကြရပြီးပြီးနောက် သူတို့ကိုယ်သူတို့ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်နိုင်စေဖို့ အတွက် အရေးကြီးတဲ့ပထမခြေလှမ်းဖြစ်ပါတယ်”ဟု မြစ်ကြီးနားမြို့ရှိ UNHCR ရုံးအကြီးအကဲ Andrew Mok က ပြောပါသည်။
မိုင်းနားဆွတ်ကြိုင်တွင် အမှန်တကယ်ပင်အနာဂတ်ဘ၀လုံခြုံစိတ်ချရမှုရရှိစေနိုင်ရန်အတွက် ဒေသခံများသည် အဓိကကျသောအခြေခံအဆောက်အဦအတွက် အားတက်သရောဆောင်ရွက်လျက်ရှိကြသည်။ ရေကောင်းရေသန့် ရရှိရန် လက်နှိပ်ရေတွင်းများ ကိုယ်တိုင်တည်ဆောက်ခြင်းအပြင် ရပ်ရွာလူထုသည် ယင်လုံအိမ်သာများ ဆောက်လုပ်နိုင်ရန်အတွက် KMSS နှင့် UNHCR တို့၏ပံ့ပိုးကူညီမှုကို တောင်းခံခဲ့သည်။ အဆိုပါကျေးရွာသည် လျှပ်စစ်ဓာတ်အားလိုင်းနှင့်ချိတ်ဆက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်တိုင်များနှင့် လိုင်းများကိုလည်း ဖြည်းဖြည်းချင်း တပ်ဆင်ဆောင်ရွက်လျက်ရှိပါသည်။
ဦးအင်ဒေါင်လရော်သည် သူ့အနာဂတ်အတွက် မျှော်လင့်ချက်ထားရှိနေဆဲဖြစ်သည်။ လက်သမားအတတ်ပညာကို ကိုယ်ဘာသာကိုယ်သင်ကြားနေပြီး ပရိဘောဂလုပ်သည့်လုပ်ငန်းကိုထူထောင်နိုင်ရန် မျှော်လင့်ထားသည်။ “လောလောဆယ်စခန်းထဲမှာအလုပ်ရုံရှိတယ်။ မိုင်းနားဆွတ်ကြိုင်မှာလျှပ်စစ်မီးရပြီဆိုတာနဲ့ ကိုယ့်မြေပေါ်မှာကိုယ် အလုပ်ရုံအသစ်တစ်ခုဆောက်ပြီး အဲဒီကနေ လုပ်ငန်းကို တိုးပွားလာအောင်လုပ်မယ်။”
ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မြစ်ကြီးနားမြို့နှင့် နယ်မြေချင်းထိစပ်နေသည့်မိုင်းနားဆွတ်ကြိုင်သည် အခြေချ နေထိုင်ရန်ဆွဲဆောင်မှုရှိသည့်နေရာတစ်ခုဖြစ်သည်။ ယင်းမြို့သည် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက်ဒေသတွင်းအချက်အချာကျသည့်နေရာတစ်နေရာဖြစ်သည်။
“ကျွန်တော်တို့နေရပ်စွန့်ခွာလာခဲ့ရတုန်းကကျွန်တော့်ကလေးသုံးယောက်ကငယ်သေးတယ်။ အခု ကျွန်တော့် ကလေးနှစ်ယောက်ကမြစ်ကြီးနားတက္ကသိုလ်မှာတက်နေတယ်။ ကျွန်တော့်ကလေးတွေအတွက် အကောင်းဆုံး အနာဂတ်ကိုပေးစွမ်းနိုင်ဖို့မျှော်လင့်ပါတယ်။ ဒါမှသူတို့ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ယုံသာမက ကျွန်တော်နဲ့ ကျွန်တော့်မိန်းမအသက်ကြီးလာတဲ့အခါမှာလည်းစောင့်ရှောက်နိုင်မှာ” ဟု၄င်းကဆိုသည်။
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်။
မိုဘိုင်းအခြေပြု အရေးပေါ်ကျန်းမာရေးအစီအစဥ်က မိသားစုများရဲ့ စိုးရိမ်ပူပန်မှုများကို ပြေလျော့စေ
မြန်မာနိုင်ငံက မိသားစုများစွာအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခဲ့မယ်ဆိုရင်တောင် ကျန်းမာရေးစရိတ်က မိသားစုရဲ့ နည်းပါးလှတဲ့မစို့မပို့ဝင်ငွေကို များစွာထိခိုက်စေနိုင်ပါတယ်။
ငါးလသားအရွယ်နဲ့ သုံးနှစ်သားအရွယ် ကလေးငယ် နှစ်ဦးရဲ့မိခင်ဖြစ်သူ မသင်းယမုံဟာ အရင်က ကစားစရာစက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ပန်းရံဆရာကိုပဲ မှီခိုနေရပါတယ်။ ဒါပေမဲ့လည်း မိုးရာသီ (ဧပြီ-အောက်တိုဘာလ) အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ သိပ်မလည်ပတ်ကြတဲ့အတွက် ခင်ပွန်းသည်က မြက်ရိတ်တာလို လုပ်အားခနည်းနည်းသာရတဲ့ အလုပ်တွေကိုပဲ လုပ်နေရပါတယ်။
ခင်ပွန်းသည်က အဆုတ်သွေးလွှတ်ကြောတွင်း ဖိအားများတဲ့ရောဂါ (pulmonary arterial hypertension) ကို ခံစားနေရတာကြောင့် တချို့ရက်တွေမှာဆို လုံးဝ အလုပ်မလုပ်နိုင်ပါဘူး။ “ကျွန်မတို့ စားဖို့တောင်အနိုင်နိုင်ပါပဲ” လို့ မသင်းယမုံကဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ လက်ရှိနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ အကျပ်အတည်းက မိသားစုများစွာကို ဆင်းရဲတွင်းထဲရောက်အောင် ပိုပြီး တွန်းပို့နေပါတယ်။ အထူးသဖြင့် မသင်းယမုံနေထိုင်တဲ့ မြောက်ဥက္ကလာမြို့နယ်လို စစ်အုပ်ချုပ်ရေးဥပဒေအောက် ရောက်ရှိနေတဲ့ဒေသတွေမှာ နေထိုင်သူတွေဖြစ်ပါတယ်။
သူတို့မိသားစုက အဒေါ်ဖြစ်သူရဲ့ခြံဝန်းထဲမှာ ယာယီ အဖြစ်အိမ်လေးတစ်လုံးဆောက်ပြီး နေထိုင်ကြပါတယ်။ လျှပ်စစ်မီးလည်းမရှိသလို ဘုံပိုင်ရေလည်း မရပါဘူး။ သောက်ရေကို ဝယ်သောက်ကြရပြီး လျှော်ဖွပ်ဆေးကြောဖို့ သုံးရေအတွက်ကိုတော့ ၁၅ မိနစ်ကြာ ဆိုင်ကယ်မောင်းသွားရတဲ့ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ သွားခပ်ကြရပါတယ်။
သူတို့က အဒေါ်မိသားစုရဲ့အိမ်သာကိုပဲ မျှသုံးနေကြရပါတယ်။ “ကျွန်မတို့ကိုယ်ပိုင် အိမ်သာဆောက်ဖို့ စီစဉ်ခဲ့ပါသေးတယ်၊ ဒါပေမဲ့ အစီအစဉ်က ဖြစ်မလာခဲ့ဘူး” လို့ မသင်းယမုံက ပြောပြပါတယ်။
၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်မြို့ရဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေအတွင်းမှာ အခြေခံဝန်ဆောင်မှုတွေ လက်လှမ်းမီရရှိနိုင်မှုနဲ့ ပတ်သက်ပြီး ယူနီဆက်က စစ်တမ်းငယ်တစ်ခု ကောက်ယူခဲ့တဲ့အခါမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိဖို့အတွက် အဓိက အတားအဆီးတွေအနေနဲ့ - ဝန်ဆောင်မှုမရရှိနိုင်မှု (၆၁ ရာခိုင်နှုန်း)၊ ငွေကြေးအခက်အခဲ (၃၀ ရာခိုင်နှုန်း)၊ လုံခြုံရေးအခြေအနေကြောင့် ဝန်ဆောင်မှုရယူဖို့အတွက် စိုးရွံမှု (၁၇ ရာခိုင်နှုန်း) [1] ရှိတာကို တွေ့ရှိခဲ့ပါတယ်။
[1] ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ အိမ်ထောင်စု ၃၀၆ စုကို ဖုန်းဖြင်ကောက်ယူမေးမြန်းခဲ့သည့် ယူနီဆက်စစ်တမ်း။
စစ်တမ်းက ဖော်ထုတ်သိရှိလာခဲ့တဲ့ လိုအပ်ချက်တွေကို ဖြေရှင်းတဲ့အနေနဲ့ ယူနီဆက်က Japan International Cooperation Agency (JICA) နဲ့ Swiss Natcom တို့ရဲ့ ရက်ရောလှတဲ့ ထည့်ဝင်လှူဒါန်းမှုများနဲ့အတူ အချို့တဲ့ဆုံးမိသားစုများ နေထိုင်ရာ ရန်ကုန်မြို့ပြအစွန်ရှိ မြို့နယ်ခြောက်မြို့နယ်မှာ Bright Start အစီအစဉ်ကို စတင်ခဲ့ပါတယ်။
Bright Start အစီအစဥ်သည် ယူနီဆက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Common Health Myanmar တို့ကြား ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မိုဘိုင်းဖုန်းအခြေပြု အခြေခံကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။
ဒီအစီအစဉ်ကြောင့် မသင်းယမုံအနေနဲ့ ကလေးကို ဆေးခန်းပြနိုင်ဖို့အတွက် အစားလျှော့စားစရာ မလိုတော့ပါဘူး။
“ကျွန်မ Bright Start အစီအစဉ်မှာ စာရင်းသွင်းပြီးကတည်းက ကျွန်မကလေးတွေ နေမကောင်းဖြစ်တဲ့အခါ အားကိုးစရာနေရာတစ်ခုရပြီလို့ စိတ်အေးခဲ့ရပါတယ်” လို့ မသင်းယမုံကဆိုပါတယ်။
“တကယ်ပဲ ကျွန်မစိုးရိမ်စရာတွေ လျော့သွားခဲ့တယ်” လို့ မသင်းယမုံက ဆိုပါတယ်။ “ကျွန်မတို့ဆရာဝန်က အမြဲ သေသေချာချာ ဂရုတစိုက်ရှင်းပြတယ်။ စိတ်လည်းရှည်တယ်။ အခုဆို ကျွန်မတို့ စိတ်ပူနေရတာတွေ လျော့သွားပြီဆိုတော့ အလုပ်လုပ်ဖို့ကို အာရုံစိုက်နိုင်လာတယ်။”
ဒီအစီအစဉ်မှာ အခမဲ့ ၂၄ နာရီပတ်လုံး ဆရာဝန်တစ်ဦးထံ ဖုန်းခေါ်ဆိုပြီး ကျန်းမာရေးအကြောင်း ဆွေးနွေးနိုင်ပါတယ်၊ အသံမက်ဆေ့ချ်၊ စာသားမက်ဆေ့ချ်နဲ့ တခြားသော ချန်နယ်တွေကတစ်ဆင့် ကျန်းမာရေးအချက်အလက်တွေ ပေးပို့နိုင်တဲ့အပြင် ပြင်းထန်ရောဂါဝေဒနာတွေနဲ့ မတော်တဆမှုတွေအတွက် ပြင်ပလူနာကုန်ကျစရိတ်တွေ၊ ဆေးရုံစရိတ် ထောက်ပံ့မှုများကို ပံ့ပိုးပေးခြင်းတို့ပါ ပါဝင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အခမဲ့ အာထရာဆောင်းရိုက်ကူးနိုင်ပြီး သွေးဖောက်စစ်ဆေးတာတွေနဲ့ မေးခိုင်ကာကွယ်ဆေးထိုးနှံတာတေွ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တိုင်ကြားဖို့နဲ့ သဘောထားမှတ်ချက်ပေးဖို့ ကဏ္ဍတစ်ခုလည်း ရှိပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ Common Health Myanmar မှာ စတင်လုပ်ကိုင်ခဲ့တဲ့ ဒေါက်တာသဲမြတ်ချိုက ဝန်ဆောင်မှုသုံးစွဲသူဦးရေ ၂,၀၀၀ ခန့်ကို စောင့်ကြည့်စစ်ဆေးပေးနေတယ်လို့ ပြောပြပါတယ်။ “ ယားနာဖြစ်နေတဲ့ကလေးတစ်ယောက်ကိုတောင် ကျွန်မကုပေးဖြစ်ခဲ့ပါတယ်” လို့ ဒေါက်တာသဲမြတ်ချိုက ပြောပြပါတယ်။
“ကလေးရဲ့မိသားစုက သူတို့အိမ်နီးချင်းတွေပြောတဲ့ လိမ်းဆေးတွေလိမ်းခဲ့ကြတယ်၊ ဒါပေမဲ့ ယားနာတွေက ပိုးဝင်ပြီး ကလေးက အဖျားပါတက်လာတယ်။ တစ်မိသားစုလုံးမှာလည်း ယားနာတွေရှိတာကျွန်မတွေ့တယ်၊ ကျွန်မညွှန်းပေးလိုက်တဲ့ ပိုးသတ်ဆေးသုံးပြီးတော့ သူတို့သက်သာသွားကြတယ်။”
ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုကို တိုးမြှင့်ဖို့နဲ့ ဆက်သွယ်ရေး အခက်အခဲတွေကို ကျော်လွှားဖို့အတွက် Bright Start က Viber chatbots တွေကတစ်ဆင့် ဒစ်ဂျစ်တယ် ပံ့ပိုးမှုတွေ ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လအထိမှာ ဒီအစီအစဉ်က အသက် ငါးနှစ်အောက်ကလေးငယ် ၁၈,၀၀၀ နဲ့ အသက် ခုနစ်နှစ်အောက်ကလေးငယ် ၉,၀၀၀ ကျော်အပါအဝင် စုစုပေါင်းလူဦးရေ ၃၀,၀၀၀ ကျော်ကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေးထားခဲ့ပြီးဖြစ်ပါတယ်။
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်။
ပဋိပက္ခဒဏ်သင့် ဆယ်ကျော်သက်လူငယ်များက ကချင်ပြည်နယ်အတွင်းက မိမိကိုယ်တိုင်နဲ့ အခြားလူငယ်တွေရဲ့ဘဝများကို ပြောင်းလဲပေးခဲ့
အသက် ၂၂ နှစ်အရွယ် Ji Taung နဲ့ ထက်မြက်အောင်တို့နှစ်ဦးက မြန်မာနိုင်ငံမြောက်ဖျားပိုင်း တရုတ်နိုင်ငံနယ်စပ်အနီးက ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့သူတွေပါ။ ဒါပေမဲ့လည်း သူတို့နှစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကတော့ မိုးနဲ့မြေလိုကွာခြားကြပါတယ်။
ပြီးခဲ့တဲ့ ၁၁ နှစ်အတွင်းမှာ Ji Taung က မိဘတွေရယ်၊ အဘိုးအဘွားတွေရယ်၊ မောင်နှမခြောက်ယောက်ရယ်နဲ့အတူ စစ်ဘေးရှောင်စခန်းတစ်ခုမှာ နေထိုင်ခဲ့ကြပါတယ်။ ကချင်ပြည်နယ်က အခြားထောင်ပေါင်းများစွာသော မိသားစုတွေလိုပဲ သူတို့မိသားစုဟာလည်း ကာလရှည်ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် ခိုကိုးရာမဲ့ဖြစ်ခဲ့ကြရသူတွေပါ။
အစပိုင်းမှာတော့ Ji Taung တစ်ယောက် စခန်းကအခြေအနေတွေနဲ့ အသားတကျဖြစ်ဖို့ မလွယ်ခဲ့ပါဘူး။ “လူတွေက များလွန်းတော့ မွန်းကျပ်စရာကြီးပေါ့” လို့ သူကပြောပြပါတယ်။ “ကျွန်မတို့ ကိုယ်ပိုင်ကျွဲနွားတွေမွေးခဲ့၊ စိုက်ပျိုးရေးတွေလုပ်ခဲ့တဲ့ ကိုယ့်အိမ်ကိုလွမ်းတာပေါ့။ ဒါပေမဲ့လည်း ကျွန်မတို့ ဒီကအခြေအနေတွေနဲ့ အဆင်ပြေအောင် နေခဲ့ကြပါတယ်။” ဒါပေမဲ့လည်း ကျားမ ခွဲခြား မထားတဲ့ အများသုံးရေချိုးခန်းတွေရယ်၊ ပညာသင်ယူဖို့အခွင့်အလမ်းမဲ့နေတာတွေရယ်က Ji Taung နဲ့ စစ်ဘေးရှောင်စခန်းမှာနေကြရတဲ့ တခြားမိန်းကလေးငယ်တွေအတွက် လိုက်လျောညီထွေဖြစ်အောင်နေဖို့ ပိုခက်ခဲစေခဲ့ပါတယ်။
ထက်မြက်အောင်ကတော့ တစ်ခါမှ နေရပ်စွန့်ခွာမနေခဲ့ဖူးပါဘူး။ သူက မိဘတွေရယ်၊ ညီအစ်ကိုနှစ်ယောက်ရယ်နဲ့အတူ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ နေထိုင်ပြီး မိသားစုက ဆန်ဆိုင်ဖွင့်ထားပါတယ်။ သိပ်မကြာခင်နှစ်ပိုင်းအတွင်းမှာမှ သူ့မိသားစုက အခက်အခဲတွေစပြီး ဖြစ်လာခဲ့ပါတယ်။
ကိုဗစ်-၁၉ မဖြစ်ခင်တုန်းကတော့ ကျွန်တော်တို့ ဝင်ငွေထွက်ငွေလုံလောက်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း နေ့စဉ်ကုန်ကျစရိတ်တွေ မြင့်လာသလို လုံခြုံရေးအခက်အခဲတွေကလည်း ကျွန်တော်တို့အခြေအနေတွေကို ပိုဆိုးလာစေခဲ့ပါတယ်” လို့ ထက်မြက်အောင်က ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအကျပ်အတည်းကြောင့် သူတို့နှစ်ဦးစလုံးရဲ့ ပညာရေး ရပ်တန့်သွားခဲ့ရပါတယ်။
“ဒီကလူငယ်အများစုက လမ်းပျောက်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားနေကြရတယ်”
မြန်မာနိုင်ငံက ပဋိပက္ခဒဏ်ခံစားနေရတဲ့ ပြည်နယ်တွေထဲ လုံခြုံရေးပြဿနာတွေ အဆမတန် မြင့်တက်လာခဲ့ရာမှာ အထူးသဖြင့် ကချင်ပြည်နယ်မှာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ပြည်နယ်မှာဖြစ်ပွားနေတဲ့ နှစ် ၅၀ နီးပါး ပဋိပက္ခအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိလာခဲ့ပြီး လူပေါင်း ၉၇,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ အထူးသဖြင့် မိန်းကလေးငယ်တွေက အရွယ်မရောက်မီ အိမ်ထောင်ပြုရတာ၊ အတင်းအကျပ် လက်ထပ်ခိုင်းတာ၊ လူကုန်ကူးခံရတာနဲ့ ကျားမအခြေပြု အကြမ်းဖက်ခံရတာစတဲ့ အန္တရာယ်တွေရှိနေသလို ယောက်ျားလေးတွေမှာလည်း လက်နက်ကိုင်တပ်တွေရဲ့ လူသစ်စုဆောင်းခံရတာနဲ့ မူးယစ်ဆေးရောင်းဝယ်သူတွေရဲ့ လက်ထဲရောက်သွားတာစတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေကြရပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ ဆယ်ကျော်သက်လူငယ်တွေကို ပံ့ပိုးပေးဖို့အတွက် UNICEF နဲ့ Plan International တို့က ကနေဒါနိုင်ငံအစိုးရရဲ့ ရန်ပုံငွေပံ့ပိုးမှုနဲ့အတူ Champions of Change လို့ခေါ်တဲ့ ဘဝတွက်တာ ကျွမ်းကျင်မှုသင်တန်း အစီအစဉ်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီအစီအစဉ်က Ji Taung နဲ့ ထက်မြက်အောင်တို့လို ဆယ်ကျော်သက် လူငယ်တွေအတွက် ရှစ်ပတ်ကြာတက်ရောက်ရမယ့် စနစ်တကျရွေးချယ် စီစဉ်ထားတဲ့ နည်းပြသင်တန်းနဲ့ ‘အချင်းချင်းမျှဝေဆွေးနွေးခြင်းကဏ္ဍ”ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာ မျိုးဆက်ပွား ကျန်းမာရေး၊ ကျားမတန်းတူညီမျှမှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေအပြင် ယုံကြည်မှုတည်ဆောက်ခြင်းလို နှလုံးရည်နဲ့ဆိုင်တဲ့ အရည်အသွေးတွေလည်း ပါဝင်ပါတယ်။
ဒီအစီအစဉ်က ပညာသင်ယူဖို့ မတတ်နိုင်တဲ့ အထိအခိုက်လွယ်သောကလေးတွေကို ဦးစားပေးသင်ကြားပေးတာ ဖြစ်ပါတယ်။ Champions of Change သင်တန်းတက်ရောက်ပြီးသွားသူတွေက အသေးစားလုပ်ငန်းလေးတွေ စတင်လုပ်ကိုင်နိုင်ဖို့ ဒါမှမဟုတ် ပြည်တွင်းအဖွဲ့အစည်းတွေမှာ အလုပ်လုပ်နိုင်ဖို့အတွက် ပြင်ဆင်ပေးမယ့် သက်မွေးသင်တန်းကို တက်ရောက်နိုင်မယ့် အခွင့်အရေးရရှိမှာဖြစ်ပါတယ်။
Ji Taung နဲ့ ထက်မြက်အောင်တို့က အခြား Champions of Change ဦးဆောင်မှုကဏ္ဍအတွက် သင်တန်းပြီးမြောက်သူတွေနဲ့အတူ သူတို့ရပ်ရွာအသိုက်အဝန်းအတွင်းမှာ ဘဝတူချင်း ဗဟုသုတ ဖလှယ်ဆွေးနွေးရာမှာ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် ဆောင်ရွက်နိုင်ဖို့ သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်ကစပြီး Ji Taung က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မိခင်တွေ၊ လူငယ်တွေနဲ့အတူ ပြုလုပ်ခဲ့ကြတဲ့ ဆွေးနွေးပွဲတွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။
ထက်မြက်အောင်က သင်တန်းဦးဆောင်သူအဖြစ်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူနဲ့သက်တူရွယ်တူလူငယ်တွေဟာ စစ်ဘေးရှောင်စခန်းတွေမှာ ဘယ်လိုနေထိုင်ကြရသလဲဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ “ကျွန်တော်တို့ရပ်ကွက်တွေနဲ့မတူဘဲ ဒီစခန်းတွေမှာ နေရာလွတ်များများစားစားမရှိဘူး၊ ကျပ်ကျပ်တည်းတည်းနေကြရတယ်။ မိသားစုတစ်စုကို အခန်းလေးတစ်ခန်းပဲရတယ်။ နွေဆိုရင် တော်တော်ကြီးကို ပူကြမှာပဲ” လို့ ထက်မြက်အောင်က ပြောပြပါတယ်။
ဒီရက်တွေမှာတော့ ထက်မြက်အောင်က ဆွေးနွေးပွဲတွေကို ပံ့ပိုးပေးဖို့ရော၊ စခန်းတွေမှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေကို တွေ့ဖို့အတွက်ရော စစ်ဘေးရှောင် စခန်းတွေဆီ ရောက်ဖြစ်ခဲ့ပါတယ်။
ကျွန်မမှာ “ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ ခိုင်ခိုင်မာမာရပ်တည်ပြီးပြောနိုင်ဖို့ အရည်အသွေးရော သတ္တိပါ ရှိနေပါပြီ”
Ji Taung နဲ့ ထက်မြက်အောင်တို့ နှစ်ဦးစလုံးက သူတို့ရဲ့ရွယ်တူ ဘဝတူ သူငယ်ချင်းတွေအပြင် ရပ်ရွာအသိုက်အဝန်းကိုပါ ကူညီပေးနေကြပြီး သူတို့မှာ လုပ်ပိုင်ခွင့်တွေလည်း ရလာတယ်လို့ ဆိုကြပါတယ်။ Ji Taung က သူနဲ့ စစ်ဘေးရှောင်စခန်းက သူ့သူငယ်ချင်းတွေ ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတာတွေ၊ တစ်ခါတလေ သူတို့ကို ‘ပြည်ပြေးတွေ’လို့ ခေါ်ခဲ့ကြတာတွေကို ပြန်ပြောပြခဲ့ပါတယ်။
အခုဆိုရင် “ကျွန်မကိုယ်တိုင်အတွက်ရော တခြားသူတွေအတွက်ပါ ပြောနိုင်စွမ်းရော သတ္တိပါရှိနေပြီ” လို့ Ji Taung က ဆိုပါတယ်။ သူက ကျားမအခြေပြု အကြမ်းဖက်တာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေက ထိရောက်မှုရှိတာကိုလည်း သိခဲ့ရပါတယ်။ “ကျွန်မတို့မှာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ ဆိုတဲ့ ဆိုရိုးရှိကြတယ်၊ ဒါကမှားနေတယ်၊ ဒါဟာ အိမ်တွင်းအကြမ်းဖက်မှုပဲဆိုတာ ကျွန်မသိခွင့်ရခဲ့တယ်၊ အဲဒီကတည်းကစပြီး ဒီအချက်က ကျွန်မစိတ်ထဲစွဲနေခဲ့တယ်။”
ထက်မြက်အောင်ကလည်း ဒီအစီအစဉ်ကနေ ကိုယ်တွေ့အကျိုးကျေးဇူးရခဲ့တယ်လို့ ဆိုပါတယ်။ “ အရင်ကဆိုရင် ကျွန်တော်က မိန်းမတွေဟာ ယောက်ျားတွေရဲ့ နောက်မှာပဲရှိတယ်၊ သူတို့က ဘယ်တော့မှ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ “စစချင်း ကျားမတန်းတူညီမျှမှုအကြောင်း ကြားလိုက်တဲ့အချိန်မှာ လက်ခံဖို့ခက်ခဲ့တယ်” လို့ သူက ဝန်ခံပါတယ်။ “ဒါပေမဲ့ အခုတော့ ကျွန်တော် အားလုံးကို လေးစားမှုနဲ့ တန်းတူညီမျှဆက်ဆံတတ်လာပြီ။”
ဒီနေ့အချိန်ထိဆိုရင် Champions of Change အစီအစဉ်က ကချင်ပြည်နယ်အတွင်းက ဆယ်ကျော်သက် လူငယ်ဦးရေ ၁,၁၀၀ ကျော်ခန့်ကို သင်တန်းများပို့ချပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ ၇၀၀ ဦးခန့်က သက်မွေးသင်တန်းတက်ရောက်နေပြီး သူတို့ထဲက ၁၁၇ ဦးကတော့ ကျွမ်းကျင်သူတွေအဖြစ် အလုပ်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။
5 ၏ 1
အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်။
၂၀၂၂ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့ အယ်ဒီတာအာဘော် (ဆောင်းပါး)
နှစ်စဉ်ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာနေ့တွင် နိုင်ငံတကာလူမှုအသိုင်းအဝန်းများသည် မိမိတို့နေရပ်အိုးအိမ်မှ အတင်းအကြပ်စွန့်ခွာရွှေ့ပြောင်းခံရသူများနှင့် ၎င်းတို့အားဝိုင်းဝန်းကူညီလျက်ရှိသည့် လူမှုအသိုက်အ၀န်းတို့၏ စိတ်ဓာတ်ခွန်အားနှင့်ကြံ့ကြံ့ခံနိုင်စွမ်းတို့ကိုချီးကျုးဂုဏ်ပြုသောအားဖြင့် အတူတကွ ကြိုဆိုဆင်နွှဲလေ့ရှိသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)မှ ကျွန်မအပါအဝင် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်များအနေဖြင့် ယခုအခါသမယသည် မြန်မာပြည်သူပြည်သားများကို ကူညီထောက်ပံ့ရာတွင် ကျွန်မတို့၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုရန်အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းများပိုမိုများပြားလာချိန်တွင် ယခုအခါ မြန်မာနိုင်ငံတွင် စည်းလုံးညီညွှတ်မှုရှိခြင်းကို ယခင်ကထက်ပိုမို၍လိုအပ်လာပြီဖြစ်သည်။ ပကတိဖြစ်ရပ်များကို သတိမူရမည် ဖြစ်သည်။ နဂိုရှိရင်းစွဲ ပဋိပက္ခဒဏ်ခံရသော လူဦးရေအပြင် လွန်ခဲ့သည့်နှစ်အတွင်း နိုင်ငံတဝှမ်းတွင် ထောင်ပေါင်း များစွာသော နေရပ်စွန့်ခွာသူများတိုးပွားလာခဲ့သည်။
ပဋိပက္ခဖြစ်ပွားမှုမြင့်တက်လျက်ရှိရာ ကုလသမဂ္ဂ၏ခန့်မှန်းတွက်ချက်မှုအရ နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်မှုနှုန်း မှာ များမကြာမီကာလကာလအတွင်း မြင့်တက်လာဖွယ်ရှိမည်ဖြစ်သည်။ ထောင်သောင်းချီသော လူများသည် ဒုက္ခသည်များအဖြစ် အိန္ဒိယနှင့်ထိုင်းနိုင်ငံတို့ကဲ့သို့အိမ်နီးချင်းနိုင်ငံများတွင် ဘေးကင်းလုံခြုံမှုရရှိနိုင်ရန် ကြိုးပမ်းနေ စဥ်တွင် အများစုမှာပြည်တွင်း နေရပ်စွန့်ခွာသူများ (IDPs) အဖြစ် မြန်မာနိုင်ငံတွင်းကျန်ရှိနေဆဲဖြစ်သည်။
အဆိုပါနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူတို့သည် များစွာသောစိန်ခေါ်မှုတို့ဖြင့် ရင်ဆိုင်ကြုံတွေ့နေရလျက် ရှိသည်။မတည်ငြိမ်မှုများကြောင့် ကျန်းမာရေးဝန်ဆောင်မှုများ၊ စားနပ်ရိက္ခာအကူအညီများ၊ အသက်မွေးဝမ်း ကျောင်းအခွင့်အလမ်းများ၊ ဘဏ်စနစ်များနှင့် ဆက်သွယ်ရေးပိုင်းတို့တွင် ထိခိုက်မှုများရှိလာ၍ ထိခိုက်လွယ်သူ ဦးရေ မြှင့်တက်လာစဥ်တွင် အခြေအနေများပိုမိုယိုယွင်းလာမှုကို ဦးတည်လျက်ရှိသည်။ လက်နက်ကိုင် ပဋိပက္ခများ သည် ပဋိပက္ခဒဏ်ခံပြည်သူများဘေးကင်းလုံခြုံရာရှာဖွေရရှိနိုင်ရန် နှင့် အရေးပေါ်ကယ်ဆယ်ရေး အကူအညီများ ရရှိစေရန် နှောင့်နှေး ကြန့်ကြာမှုများဖြစ်စေသည်။
သို့တိုင်များစွာဒုက္ခအခက်အခဲများ ရင်ဆိုင်တွေ့ကြုံနေရသော်လည်း မယုံကြည်နိုင်လောက်သော စိတ်ခွန်အားက ရှင်သန်ရပ်တည်မှုပေးစွမ်းနိုင်သည်။ မြန်မာလူမျိုးများရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကို ပုံမှန်အမြဲမပြတ်သိရှိနေရသော်လည်း လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏နေ့စဥ်လုပ်ဆောင်နေသည့် သတ္တိရှိမှု၊ စည်းလုံးညီညွတ်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းရည်ရှိမှုအစရှိသည့်အကြောင်းအရာများကိုဖော်ပြမှုနည်းပါးလျက်ရှိသည်။
ကြင်နာမှုနှင့် စိတ်သဒ္ဒါတရားထက်သန်မှုသည် ပေါကြွယ်ဝလျက်ရှိသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရန် ကျွန်မနှင့်လုပ်ဖော်ကိုင်ဖက်များသွားရောက်သည့်အခါတိုင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့လိုအပ်သည့် အရာကိုသာ ယူဆောင်လေ့ပြီး ပို၍လိုအပ်နေသူများထံ ပေးအပ်ရန်တိုက်တွန်းပြောဆိုလေ့ရှိသည်။ အများစုမှာ ပဋိပက္ခအတွင်းနေအိမ်ဆုံးရှုံးခဲ့ရသူများ၊ ဝေးလံသော အရပ်မှခရီးရှည်နှင်ပြီး ပြောင်းရွှေ့နေထိုင်ရသူများအပြင် တစ်ခါတစ်ရံ မိသားစုဆုံးရှုံး ခဲ့သူများဖြစ်ခဲ့ကြသော်လည်း ယခုကဲ့သိုအင်မတန်လှပသော စာနာမှု၊ဂရုဏာထားရှိကြမှုကို တွေ့မြင်ရမှာဖြစ်သည်။
UNHCR၏ပံ့ပိုးကူညီမှုသည် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကိုကူညီပံ့ပိုးပေးနိုင်ရန် လူသားချင်း စာနာမှုအသိုက်အဝန်း၏ စုပေါင်းကြိုးပမ်းဆောင်ရွက်မှုမှ တစ်စိတ်တစ်ပိုင်းတစ်ရပ်ဖြစ်သည်။ IDPs များ၏ ကိုယ်တိုင်လုပ်ဆောင်ချက်များသည် အထင်ကြီးလေးစားရသကဲ့သို့ ၎င်းတို့အား ဖေးမကူညီလျက်ရှိသော ခိုလှုံရာ ဒေသမှကျေးရွာလူမှုအသိုင်းအဝန်း နှင့် ဒေသခံအဖွဲ့အစည်းများတို့၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်ချက်တို့သည် ဦးဆုံးတုံ့ပြန်ဆောင်ရွက်သူများအဖြစ် များစွာစံနမူနာယူဖွယ် ကောင်းလှပါသည်။ ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်ခန်းမများနှင့် သူစိမ်းအိမ်များတွင်ပင် နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်သူများကို နွေးထွေးသောနှလုံးသားဖြင့် တံခါးဖွင့်ကြိုဆိုကြသောကြောင့် ၎င်းတို့အား ခိုလှုံရာ၊ စားနပ်ရိက္ခာ နှင့် ဘေးကင်းစေရန်အတွက် ဆောင်ရွက်ပေးသည့် ဧည့်ဝတ်ကျေပွန်မှုများကြောင့် ကျွန်ုပ်တို့အားလုံး ၀မ်းသာ ကြည်နူးမိပါသည်။
UNHCR မှ ကျွန်ုပ်တို့၏အကူအညီသည် ပဋိပက္ခကြောင့်နေရပ်စွန့်ခွာခဲ့ရသူများအားကူညီပေးနေသည့် အကြင်နာ တရားဖြင့်ပြည့်စုံသည့်လူမှုအသိုင်းအ၀ိုင်းများနှင့် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောတစ်ဦးချင်းစီမှ လုပ်ဆောင်နေသည့် အရာများကို ဖြည့်ဆည်းပေးရုံမျှသာဖြစ်ကြောင်းအလေးပေးဖော်ပြပါသည်။ အတူတကွဆက်လက် ရပ်တည်သွား ရန် ကျွန်ုပ်တို့ကတိပြုထားသည့်အတိုင်း အသက်တမျှအရေးပါသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်နိုင်ရန်အချိန်နှင့်အမျှဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့် ၂၀၂၁ခုနှစ် တနှစ်အတွင်းမှာပင် မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်များ၊ ဖျာများနှင့်ဆိုလာမိုးအိမ်များအပြင် အခြားပစ္စည်းများ ပါ၀င်သည့် အဓိကအရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအား လူပေါင်း ၁၈၂,၀၀၀ဦးအားပံ့ပိုးကူညီ ပေးနိုင်ခဲ့ပြီး၊ နေအိမ်အမိုးအကာဆိုင်ရာပံ့ပိုးမှုများကြောင့်လည်း လူပေါင်း ၁၁၃,၀၀၀ဦးအကျိုးကျေးဇူးရရှိခဲ့သည်။ ထို့အပြင် ၂၀၂၂ခုနှစ် ပထမခြောက်လတာကာလအတွင်း အခြားသောလူပေါင်း ၁၀၀,၀၀၀ ဦးအတွက် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနိုင်ခဲ့သည်။
ယခုကဲ့သို့ကြိုးပမ်းမှုတွေ ဆောင်ရွက်လျက်ရှိသော်လည်း ဆက်လက်၍လုပ်ဆောင်ရန် များစွာကျန်ရှိနေသေး သည်။ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကာကွယ်စောင့်ရှောက်မှု အလိုအပ်ဆုံးသူများထံ အကူအညီများ ထောက်ပံ့ရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် ဆောင်ရွက်ရာတွင် သွားလာရေး ကန့်သတ်ချက် များ နှင့် လုံခြုံရေးအခြေအနေအစရှိသောအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့လျက်ရှိသည်။ အထူးသဖြင့် အစားအစာရိက္ခာ၊ သန့်ရှင်းသောရေရရှိမှု၊ အမိုးအကာများ နှင့် ဆေးဝါးများပြတ်လပ်လျက်ရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် သွားလာရေးခက်ခဲသောနေရာဒေသများသို့ရောက်ရှိနိုင်ရန် စိန်ခေါ်မှုများစွာရှိနေသေးသည်။
လူတိုင်းတွင်ဘေးကင်းလုံခြုံမှုအား ရှာဖွေပိုင်ခွင့်ရှိသည်။ လူတိုင်း ဘေးကင်းလုံခြုံမှုရှိခြင်းနှင့် အခြေခံလိုအပ်ချက် များ လက်လှမ်းမီအသေအချာရရှိစေခြင်းမှာ ကျွန်ုပ်တို့အားလုံး၏ စုပေါင်းတာဝန်ပင်ဖြစ်သည်။ ကျွန်မတို့နှင့်အတူ အခြားသောကုလသမဂ္ဂအေဂျင်စီအားလုံး အတူပူးပေါင်း၍ ဘေးကင်းလုံခြုံမှု နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အခက်အခဲမရှိရောက်ရှိနိုင်ရေး နှင့် မည်သူတစ်ဦးတစ်ယောက်မှကျန်ရစ်ခြင်းမရှိစေဘဲ ကောင်းစွာလက်ခံရရှိစေရန် အကြံပြုဆွေးနွေးမှုများကိုကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ကျွန်ုပ်တို့တာဝန်သည် ယင်းနေရာတွင် အဆုံးသတ်ခြင်းမဟုတ်ဘဲ အန္တရာယ်ရှိသောအခြေအနေမှ လွတ်မြောက် သည်နှင့်တပြိုင်နက်တည်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ၏ လုံခြုံမှု၊ လေးစားသမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ ဆက်လက်ခံစားမှုရရှိစေရန် ကျွန်ုပ်တို့စောင့်ရှောက်မှုပေးရန် အသေချာပင်လိုအပ်ပါသည်။ ပဋိပက္ခ ဆက်လက် ဖြစ်ပွားခြင်းကြောင့် အကျပ်အတည်းကြုံတွေ့ခံစားနေရသော လူမှုအသိုင်းအဝန်းသည် နေရပ်စွန့်ခွာရွှေ့ပြောင်း နေထိုင်မှု ကြာရှည်လာသည်နှင့်အမျှ ပြသနာအခက်အခဲများရှိလာခဲ့ပြီး သူတို့၏ထိခိုက်လွယ်မှု အခြေအနေများဟာ လည်း တိုးပွားလာလျက်ရှိ၍ မရောမသေချာမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ကျေးရွာလူထု၏ ကူညီပံ့ပိုးနိုင်မှု စွမ်းဆောင်ရည် အင်းအားလျော့နည်းလာသည်နှင့်အမျှ ခံနိုင်ရည်ရှိမှုမြှင့်တင်သောအစီအစဉ်များ အားကောင်းစေ ခြင်းမှာလည်း လိုအပ်ချက်တစ်ခုအနေဖြင့် ပို၍အရေးကြီးလျက်ရှိလာသည်။
ဤနည်းလမ်းများတွင် UNHCR သည် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ၊ နေရပ်ပြန်သူများနှင့် ခိုလှုံမှုကူညီ ဆောင်ရွက်ပေးသူ ကျေးရွာလူမှုအသိုင်းအဝန်းများအား ၎င်းတို့၏ပူးပေါင်းပါဝင်မှုခံနိုင်စွမ်းအား ဖြစ်ထွန်းလာစေရန် ပုံဖော်တည်ဆောက်ခြင်းဖြင့် ၎င်းတို့ထံအရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ နှင့် ကာကွယ်စောင့်ရှောက်မှုများ ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ကျွန်မတို့သည် မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အတင်းအကြပ်နေရပ်စွန့်ခွာရွှေ့ပြောင်းခံရသူများအား ကာကွယ်စောင့်ရှောက်မှုပေးခြင်း နှင့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ လိုအပ်နေသူများထံ အကူအညီများပေးအပ်ရန် ဤနေရာတွင်အမြဲရှိနေပါမည်။
Hai Kyung Jun သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၏ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။
5 ၏ 1

အဖြစ်အပျက်/ဘဝဇာတ်ကြောင်း
၂၀၂၂ ခုနှစ် ဇွန်လ ၀၂ ရက်။
မသေချာမရေရာဝေဝါးနေသောဘဝ များ
အသက် ၅၀ အရွယ်ရှိသော ဘေဂေါမ်သည် ရိုဟင်ဂျာလူမျိုးသားဖွားဆရာမတစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းဒေသရှိ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအား ကြည့်ရှု့ကူညီ လျက်ရှိသည်။ လူမျိုးရေးပဋိပက္ခများကြောင့် သူမ၏မိသားစု အပါအဝင် ထောင်နှင့်ချီသော အခြားမိသားစုများ သည်လည်း နေအိမ်များမှအတင်းအကြပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ စ၍ သူမသည် ယခုစခန်း တွင်စတင်နေထိုင်ခဲ့ရသည်။ ထိုအချိန်မှစ၍ သူမကဲ့သို့ ရိုဟင်ဂျာ ၁၃၀,၀၀၀ ကျော် သည်လည်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။
ဘေဂေါမ်သည် စနစ်တကျလေ့ကျင့်သင်ကြားမှုများ မရရှိခဲ့သော်လည်း သူမ၏လုပ်ငန်းပိုင်းဆိုင်ရာ အလေးအနက် ထား လုပ်ကိုင်မှုရှိခြင်းကြောင့် ကလေးအမွှာပူးများ အပါအဝင် ကလေးငယ် ၅၀၀ ကျော်ကို အောင်မြင်စွာမွေးထုတ် ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
“ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက ပြင်ပမှာဆေးဝါးကုသမှုအကူအညီရဖို့ ခက်ခဲတွေရှိတဲ့အတွက် အခုလိုအကူအညီရဖို့ဆိုရင် ကျွန်မကိုပဲ အားကိုးတတ်ကြပါတယ်” ဟု သူမကရှင်းပြ သည်။
ဒေသအတွင်းဆေးရုံများသို့ သွားရောက်ကုသရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံမှ ဖြတ်သန်းသွားလာ နိုင်ရေးခွင့်ပြုချက်များရရှိရန် လိုအပ်သည့်အတွက် ခက်ခဲကြန့်ကြာသောလွှဲပြောင်းမှု လုပ်ငန်းစဉ်အပေါ် မူတည် လျက်ရှိသည်။ အမျိုးသား အစောင့်များ လိုအပ်ခြင်း၊ ညမထွက်ရအမိန့်၊ ဆေးဝါးစရိတ် ကြီးမြင့်ခြင်းနှင့် လုံခြုံရေး စစ်ဆေးရေးဂိတ်များ စသည့် အတားအဆီးများရှိခြင်းတို့ကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား စခန်းများ တွင်သာ ကလေးမွေးဖွားရန်မှ လွဲ၍ ရွေးချယ်မှုနည်းပါးလျက်ရှိသည်။ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့် နှင့် ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှရရှိခြင်း စသော ရိုဟင်ဂျာများ၏ အခြေခံအခွင့်အရေးများ ရရှိမှုများအား ခွဲခြားဆက်ဆံမှုများရှိနေသည့်မူဝါဒ များက ဆယ်စုနှစ်များစွာ ငြင်းပယ်ထားလျက်ရှိသည်။
ပုံမှန်အားဖြင့်မွေးဖွားမှုများကို မွေးစာရင်းမှတ်ပုံတင်ခြင်း မရှိပေ။ မြန်မာနိုင်ငံတွင် မွေးစာရင်းမှတ်ပုံတင်ရရှိရန် ပထမအဆင့်ဖြစ်သည့် တရားဝင်မွေးစာရင်းတွင် မှတ်တမ်းပြု စာရင်းသွင်းခြင်းကို နိုင်ငံတော်မှ တာဝန်ပေးအပ် ထားသော သူနာပြု သို့မဟုတ် သားဖွားမီးယပ်ဆရာမများကိုသာ ဆောင်ရွက်ခွင့်ပြုထားသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာလူမှုအသိုင်းအဝန်းသည် နေရပ်စွန့်ခွာ၍စခန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ ရပြီး ပြည်နယ်အစိုးရမှ အသိအမှတ်ပြုသူနာပြု၊ သားဖွားမီးယပ်ဆရာမများနှင့် ကုသမှုမရရှိတော့ပေ။ ထို့နောက် ရလဒ် အနေဖြင့် မွေးဖွားမှုအသစ်များသည် တရားဝင်မွေးစာရင်း၌ ထိထိရောက်ရောက် စာရင်းသွင်းခံရခြင်း မရှိတော့ချေ။ အကျိုးဆက်အနေဖြင့် ဘေဂေါမ်မှကူညီမွေးထုတ်ပေးခဲ့သော ကလေးငယ်တစ်ယောက်မျှ မွေးစာရင်းမှတ်ပုံတင် လျှောက်ထားနိုင်ခြင်း မရှိခဲ့သည်ကြောင့် သူမမှာ အမြဲတစေ စိတ်သောက ဖြစ်ရပါသည်။
“မွေးစာရင်း မှတ်ပုံတင်လေးတစ်ခုတောင်မရှိဘဲ ဘယ်တစ်ဦးတစ်ယောက်မှ ဘဝမှာ လူတစ်လုံးသူတစ်လုံး ဖြစ်မလာနိုင်ပါဘူး။ ” လို့ သူမက ဆိုပါတယ်။
မွေးစာရင်းမှတ်ပုံတင်များသည် မြန်မာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားရာတွင်လိုအပ်သော အဓိကျသည့် စာရွက်စာတမ်း များစွာထဲတွင် တစ်ခုပါဝင်သည်။ ယင်းတရားဝင်သိအမှတ်ပြု အထောက်အထားမရှိသည့်အတွက် ရိုဟင်ဂျာ ကလေးငယ်များသည် မရေရာသော အနာဂတ်တို့ဖြင့် ရင်ဆိုင်ရလျက်ရှိနေပါသည်။ သူတို့ထဲမှ အများအပြားသည် သူတို့၏အခွင့်အရေးများအား ကူညီကာကွယ်ပေးခံရခြင်းများမှ ကင်းကွာသွားနိုင်သည်။
သူတို့ ကြီးပြင်းလာသည်နှင့်အမျှ တရားဝင်ဖြစ်တည်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာမှတ်တမ်းများအရ အထောက်အထား မဲ့ ပျောက်ကွယ်နေကြသူများအဖြစ် ဖယ်ချန်ရစ်ခဲ့ကာ ကလေးများသည် နိုင်ငံသားစိစစ်ရေးကဒ်များကဲ့သို့ အရေးပါ သည့် စာရွက်စာတမ်းအထောက်အထားများ လျှောက်ထားရယူနိုင်ခြင်းမရှိနိုင်တော့ပေ။ ဒ့ါအပြင်အဆင့်မြင့် ပညာရေး သင်ကြားခွင့်၊ အလုပ်အကိုင်အခွင့်အလမ်းဈေးကွက်တွင် တရားဝင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်တို့လည်း ရရှိနိုင်လိမ့်မှာမဟုတ်ပေ။ အခွင့်အလမ်းတို့သည် သူတို့အဖို့ အလွန်နည်းသည့် အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည် ကြောင့် လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးအောင် သွားလာလှုပ်ရှားလုပ်ဆောင်နိုင်ရေး အလားအလာတို့သည် ချို့တဲ့လွန်း ပြီး ရိုဟင်ဂျာလူထုအား ဆင်းရဲတွင်းထဲတွင် ချောင်ပိတ်သံသရာလည်နေစေသည်။
တတ်စွမ်းသရွေ့ အကောင်းဆုံးကူညီသွားရန် ဆုံးဖြတ်ခဲ့သော ဘေဂေါမ်သည် သူမမွေးဖွားပေးခဲ့သော ကလေးငယ် တိုင်း၏ မွေးဖွားရက်တို့ကို ကိုယ်တိုင် စွမ်းစွမ်းတမံ မှတ်တမ်းထား စာရင်းပြုစု ပေးနေသည်။ သူမ၏ အားထုတ်မှု များသည် အုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများနှင့် ခွဲခြားဆက်ဆံခံရမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းများမှ ကြံဆအသုံးချနေကြသည့် အသုံးတည့်နိုင်ဖွယ် ဖြေရှင်းနည်းများမှ တစ်ခုဖြစ်သည်။ တရားဝင် မှတ်တမ်းတစ်ခုအဖြစ် မဟုတ်သော်လည်း ယင်းမှတ်တမ်းများသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများထံမှ ကူညီထောက်ပံ့သော စခန်းအခြေပြု လူထုအကျိုးပြုဝန်ဆောင်မှုလုပ်ငန်း များအတွက် မကြာခဏ အထောက်အကူဖြစ်စေပါသည်။
“ကျွန်မရဲ့ဆန္ဒကတော့ ဒီမှတ်တမ်းမှတ်ရာတွေဟာ တစ်နေ့နေ့ အထောက်အထားစာရွက်စာတမ်းတွေ လျှောက်ထားရယူရာမှာ ကလေးတွေကို အကူအညီဖြစ်စေဖို့ပါပဲ။ ” ဟု သူမက ဆိုသည်။
နိုင်ငံမဲ့မှုကို လျှော့ချတားဆီးရေး မူဝါဒလမ်းစဉ် ရှိထားသည့်အလျောက် UNHCR သည် ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံတွင်း အခြားသောနိုင်ငံမဲ့လူထုတို့အတွက် ဖြေရှင်းနည်းများကို အကြံပြုဆွေးနွေးလျက်ရှိပါသည်။ သူတို့၏ ဘဝအခြေအနေများနှင့် ကြုံတွေ့ရသည့်အခက်အခဲများကို နားလည်သဘောပေါက်နိုင်ရန် ကျွန်ုပ်တို့မှ ရိုဟင်ဂျာအသိုင်းအဝိုင်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
ဘေဂေါမ်ကဲ့သို့ တစ်ဦးချင်း စီထံမှ ကိုယ်တွေ့အချက်အလက်များကို ရယူခြင်းသည် UNHCR အနေဖြင့် သူတို့အတွက် မွေးစာရင်း မှတ်ပုံတင်ခြင်း နှင့် တရားဝင်စာရွက်စာတမ်းများကို လက်လှမ်းမီနိုင်ဖို့ရာ ရှင်းလင်းတိကျသော လမ်းကြောင်းတစ်ခု စီစဉ်ပေး နိုင်ရေးဦးတည်လျက် မဟာဗျူဟာများ စီမံရေးဆွဲနိုင်ရေးအတွက် အထောက်အကူဖြစ်စေပါသည်။ မွေးစာရင်း မှတ်ပုံတင်ခြင်းသည် အထူးသဖြင့် ကမ္ဘာပေါ်တွင် မွေးဖွားလာသူ ကလေးငယ်တစ်ဦးအဖို့ တရားဝင် အထောက်အထားတစ်ခု လက်ခံရရှိအပ်နှင်းခံရခြင်းဖြစ်ပြီး ယင်းသည်ပင် နိုင်ငံမဲ့ဖြစ်မှုကို တားဆီးပေးနိုင်ရန် လိုအပ်သော ပထမဦးဆုံးခြေလှမ်းဖြစ်ပါသည်။
5 ၏ 1

သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဩဂုတ်လ ၀၁ ရက်။
၂၀၂၂ ခုနှစ်၊ ပထမ နှစ်ဝက်ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင် ဆုံးရှုံး မှုများနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း အိုင်အယ်(လ်)အို၏ ခန့်မှန်း ချက် အသစ်များကဖော်ပြ
ဘန်ကောက်၊ ထိုင်း (အိုင်အယ်(လ်)အို သတင်း) - အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်သည့် ခန့်မှန်းချက်အသစ်များအရ၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာလွှဲပြောင်းယူပြီးနောက် ၁၈ လ ကြာကာလ နှင့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာ ကာလတွင် မြန်မာနိုင်ငံသည် အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလွန်အမင်းကြုံတွေ့နေရလျက် ရှိပါသည်။
၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက၊ အမျိုးသမီးများ နှင့် အမျိုးသားများ၏ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း အိုင်အယ်(လ်)အိုက ခန့်မှန်းထားပြီး၊ ယင်းက ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာကြောင်း ညွှန်ပြနေပါသည်။ သို့ရာတွင်၊ အလုပ်အကိုင်အရည်အသွေးများ ပိုမိုဆိုးရွားလာလျက်ရှိပြီး၊ အလုပ်အကိုင်များသည် ၂၀၂၀ ခုနှစ် အချိန်ကာလထက် အဆင့်နိမ့်ကျလျက်ရှိနေဆဲဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် အဖက်ဖက်မှ ပိုမိုထိခိုက်ခံစားနေရလျက် ရှိပါသည်။
၂၀၂၁ ခုနှစ်တွင် လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားခဲ့ပြီး၊ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်တွင် နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားကာ၊ စစ်တပ်က အာဏာလွှဲပြောင်းယူမှု မတိုင်မီ နှစ်များကရရှိခဲ့သည့် ခိုင်မာသောအကျိုးအမြတ်များကို ပြောင်းပြန် ဖြစ်စေခဲ့ပါသည်။
အိုင်အယ်(လ်)အို၏ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ ကော်မတီ၏ ဆုံးဖြတ်ချက်များ၊ အိုင်အယ်(လ်)အို အုပ်ချုပ်ရေးအဖွဲ့နှင့် ၂၀၂၁ ခုနှစ်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ၏ ဆုံးဖြတ်ချက်များတွင် ရည်ညွှန်းဖော်ပြထားသည့်အတိုင်း၊ အလုပ်သမားအခွင့်အရေးများ ဆိုးရွားစွာချိုးဖောက်ခံရမှုများကြောင့် အလုပ်သမားများစွာအဖို့ ဆိုးရွားလှသည့် အလုပ်အကိုင်အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရလျက်ရှိပါသည်။
ယင်းအခြေအနေသည် အဓိကကျသည့် လုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများနှင့် အလုပ်သမားများကို ထိခိုက်နစ်နာစေခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေက ကျပန်းအလုပ် လုပ်ကိုင်နေရခြင်း သို့မဟုတ် နေ့စားအလုပ်လုပ်ကိုင်နေရခြင်း၊ အလုပ်ချိန်များ ပုံမှန်မဟုတ်ခြင်းနှင့် အလုပ်သမားများအဖို့ နည်းပါးသည့် လုပ်အားခကိုသာ ရရှိနေသည့် အနေအထားများ ပိုမိုဖြစ်ပေါ် နေကြောင်း ဖော်ပြနေပါသည်။ အလုပ်သမားများ အလုပ်အကိုင်ရပ်စဲခံရသောအခါတွင် ပေးဆောင်ရမည့် အလုပ်ထုတ်နစ်နာကြေးကဲ့သို့သော အကျိုးခံစားခွင့်များ မပေးဆောင်သည့် အခြေအနေများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လျက်ရှိကြောင်း အိုင်အယ်(လ်)အို၏ လေ့လာတွေ့ရှိချက်များက ဖော်ပြနေပါသည်။
မြန်မာနိုင်ငံရှိ အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲပြောင်းယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှုလက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ဆိုပါသည်။
သတင်းအချက်အလက် များကို အသေးစိတ် ပိုမိုသိရှိလိုပါက ဤနေရာတွင် တွင် ရှာဖွေတွေ့ရှိ နိုင်ပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်။
လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
အာဆီယံ ဥက္ကဌနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့တို့မှ သေဒဏ်ပေးစီရင်မှုများကို ပြန်လည်စဉ်းစားရန် တောင်းဆိုထားသော်လည်း သေဒဏ်စီရင်ကွပ်မျက်ခဲ့မှုအပေါ် ၄င်းတို့၏ ရှုတ်ချမှုနှင့် ပြင်းပြင်းထန်ထန် စိတ်ပျက်မှုကို ဖော်ပြထားသည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သော အာဆီယံဥက္ကဌ၏ ထုတ်ပြန်ချက်ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ပြန်လည်ဖော်ပြခဲ့ပါသည်။ သေဒဏ်ပေး စီရင်မှုများကို ကျင့်သုံးအကောင်အထည်ဖော်ဆောင်မှုအပေါ် ပြင်းထန်စွာပြစ်တင်ရှုတ်ချကြောင်း နှင့် ဘုံသဘောတူညီချက် ၅-ရပ်ကို အကောင်အထည်ဖော်ရေး အာဆီယံ ဥက္ကဌ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံဆောင်ရွက်လိုသည့်ဆန္ဒ လုံးဝမရှိကြောင်းဖော်ပြရာရောက်သည်ဆိုသည့် အာဆီယံအဖွဲ့၏ အမြင်ကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက မှတ်သားခဲ့ကြသည်။ အခြေအနေပိုမိုဆိုးရွားလာမှုကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း၊ စိတ်ရှည်ရှည်ဖြင့် လုပ်ဆောင်ရန်နှင့် ပါဝင်ပတ်သက်သူ အားလုံးက အကျပ်အတည်းကို ပိုမိုဆိုးရွားသွားစေမည့် လုပ်ဆောင်ချက်များမှ ရှောင်ရှားရန် အာဆီယံ၏ တိုက်တွန်းချက်များကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက မှတ်သားခဲ့သည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက အာဆီယံနှင့် အာဆီယံ ဥက္ကဌ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အခိုင်အမာ ထောက်ခံကြောင်း ထပ်လောင်းပြောဆိုခဲ့ပြီး၊ ဘုံသဘောတူညီချက် ၅-ရပ်ကို ထိထိရောက်ရောက် အပြည့်အဝ အကောင်အထည်ဖော်ရေး တိကျခိုင်မာသည့် လုပ်ဆောင်ချက်များပြုလုပ်ရန် အာဆီယံ၏ တောင်းဆိုမှုကို ထပ်လောင်း တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးဖော်ပြထားသကဲ့သို့ အတူတကွပူးပေါင်း လုပ်ဆောင်ရေး သေချာစေရန် အာဆီယံ၏ အထူးသံတမန်နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်ရန်ကိုလည်း တိုက်တွန်းထားပါသည်။
လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက သက်ဆိုင်သည့်အုပ်စုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ရန်၊ မြန်မာပြည်သူပြည်သားများ၏အကျိုးစီးပွားနှင့်ဆန္ဒတို့နှင့်အညီ ပြန်လည်သင့်မြတ်ရေးတို့ကို ဆောင်ရွက်ရန် တောင်းဆိုလိုက်သည်။ အခြေခံအဆောက်အအုံများ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်ခြင်းများအပါအဝင် အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကို အပြည့်အဝအလေးထားရန်၊ လိုအပ်သူအားလုံးထံ လူသားချင်းစာနာမှုအကူအညီများ အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ လက်လှမ်းမီရောက်ရှိရေးတို့အတွက်လည်း တောင်းဆို လိုက်သည်။ လုံခြုံကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အပြည့်အဝ ထောက်ခံကြောင်းနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နိုင်ငံရေးလွတ်လပ်ခွင့်၊ နယ်မြေတည်တံ့မှုနှင့် မြန်မာနိုင်ငံ ပေါင်းစည်းညီညွတ်ရေးတို့အတွက် ရပ်တည်ပံ့ပိုးပေးရန် အခိုင်အမာ ကတိကဝတ် ပြုကြောင်း ထပ်လောင်း ပြောဆိုထားပါသည်။
အလွတ်သဘောပြန်ဆိုချက်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်။
မီဒီယာ ထုတ်ပြန်ချက် - မလေးရှားနိုင်ငံ ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထူးသံတမန်သည် ရိုဟင်ဂျာများ အတွက် သစ်လွင်သော ဖြေရှင်းနည်းများ ရှာဖွေရန် နှင့် အားလုံးပါ၀င်သော ထိတွေ့ဆက်ဆံမှုလုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။
အထူးသံတမန်သည် မလေးရှားဝန်ကြီးချုပ် Ismail Sabri Yaakob၊ နိုင်ငံခြားရေး၀န်ကြီးတို့နှင့်အတူ မြန်မာနိုင်ငံအရေး ဆွေးနွေးရာတွင် ရလဒ်ကောင်းများ ထွက်ပေါခဲ့သည်။ စစ်တပ်၏ သေဒဏ်ပေးမှုများသည် လူပုဂ္ဂိုလ်တစ်ဦးဦး၏ ဘ၀ရှင်သန်မှု၊ လွတ်လပ်မှုနှင့် လုံခြုံမှုဆိုင်ရာအခွင့်အရေးများကို ဗြောင်ကျကျ ချိုးဖောက် ခြင်းပင် ဖြစ်သည်ဟု အထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်ကို အထူးသံတမန်က သဘောတူပါသည်။ ဒီမိုကရေစီလိုလားသူ ခေါင်းဆောင်များကို ကွပ်မျက်ခြင်းသည် လုံခြုံရေးကောင်စီ၏ တောင်းဆိုချက်ဖြစ်သော သေဒဏ်အပြစ်ပေးမှုအား ပယ်ဖျက်ရန်၊ တွေ့ဆုံဆွေးနွေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန်ဟူသော တောင်းဆိုချက်များအပြင် အထွေထွေ ညီလာခံ၏ တောင်းဆိုချက်ဖြစ်သော အကြမ်းဖက်လုပ်ရပ်များ၊ မတရားဖမ်းဆီးမှုများမှ ရှောင်ကြဉ်ရန်နှင့် လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာရန်ဟူသော တောင်းဆိုချက်များကို ပြတ်ပြတ်သားသား ဖီဆန်လိုက်ခြင်း ဖြစ်သည်။
ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ သဘောတူညီချက် ငါးရပ်အပါအ၀င် သေဒဏ်ကွပ်မျက်မှုများ ရပ်တန့်ရေးအတွက် အာဆီယံအဖွဲ့၏ကြိုးပမ်းမှုများ ပါ၀င်ပြီး၊ အာဆီယံနိုင်ငံ အကြီးအကဲများနှင့် နိုင်ငံခြားရေး ဝန်ကြီးများ၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ အထူးသံတမန် နှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ရှိရေးကို အလေးထား ဆွေးနွေးခဲ့ကြသည်။ ရှေ့လုပ်ငန်းစဉ်တွင် အားလုံးပါ၀င်သော ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ရန် အရေးတကြီး လိုအပ်နေကြောင်း အလေးပေး ပြောဆိုခဲ့သည်။
မလေးရှားနိုင်ငံခြားရေး၀န်ကြီးနှင့် ဆွေးနွေးစဉ်အတွင်း အထူးသံတမန်သည် မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည် များနှင့် အခြားအခြေမဲ့ရွှေ့ပြောင်းနေထိုင်ရသူများ၏ “မျိုးဆက်ပျောက်ဆုံးမှု”ကို တားဆီးရန်အတွက် ပညာပေးမှု များ လုပ်ဆောင်ရေး၊ မလေးရှားရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည်များအတွက် အကာအကွယ် ပေးရေးနှင့် တရားဝင်အလုပ်အကိုင်ရရှိရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပါသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် အခြားလူ့အသိုင်းအ၀ိုင်းများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရပြီး ငါးနှစ်နီးပါးအကြာတွင် အထူးသံတမန်က တစ်ဆို့နေမှုများကို ကျော်လွှားပစ်ရန် ဆန်းသစ်သော အတွေးအခေါ် လိုအပ်ပြီး၊ ရိုဟင်ဂျာများနှင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများတွင် ၎င်းတို့ကို လက်ခံထားပေးသော လူမှု အသိုင်းအ၀ိုင်းများအတွက် အထောက်အပံ့များ ခိုင်မာအားကောင်းစေရန် လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ရိုဟင်ဂျာအရေး၏ အရင်းခံပြဿနာများကို ဖြေရှင်းရန်သည် မြန်မာနိုင်ငံ၏ တာ၀န်သာဖြစ်ပြီး၊ ဒုက္ခသည်များနှင့် အဓမ္မ ရွှေ့ပြောင်းခံရသူများ အားလုံး၏ ဆန္ဒအရ ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိ စဉ်ဆက်မပြတ် နေရပ်ပြန် နိုင်ရေးအတွက် အဖြေရှာရန် အထူးသံတမန်က အလေးပေးပြောကြားခဲ့သည်။
မလေးရှားနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် ၇၇ ကြိမ် မြောက် အထွေထွေညီလာခံ၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သည့်အတွက် အထူးသံတမန်သည် အာဆီယံအဖွဲ့အတွင်း မလေးရှားနိုင်ငံ၏ အဓိကအခန်းကဏ္ဍကို အသိအမှတ်ပြုသည်။ ဩဂုတ်လအစောပိုင်းတွင် ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီတွင် အထူးသံတမန်သည် အာဆီယံအဖွဲ့ကြီး၏ ရခိုင်ပြည်နယ်ဆိုင်ရာ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၏ အရေးကြီးသော အခန်းကဏ္ဍကို အသိအမှတ်ပြုပါသည်။ အာဆီယံအစည်းအ၀ေးများတွင် ရိုဟင်ဂျာအရေးကို ဦးစားပေးထားရှိရန် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကို တောင်းဆိုပြီး၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အကြံပြုချက်များကို အကောင်အထည် ဖော်ရာတွင် ထောက်ပံ့ရန် တောင်းဆိုသည်။
ဩဂုတ်လနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခြင်းမပြုမီ အထူးသံတမန်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီး A.K. Abdul Momen နှင့် ပူးပေါင်းဆောင်ရွက်မှုကို အလေးပေးဖော်ပြသည်။ မကြာသေးမီက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီး၏ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံခရီးစဉ်တွင် ဤအကြောင်းအရာများ ထင်ဟပ်ခဲ့သည်။ အထူးသံတမန်သည် အိမ်ရှင်နိုင်ငံများ COVID-19 ကပ်ရောဂါနှင့် ကမ္ဘာ့စီးပွားရေး အခြေအနေများကြောင့် ပေါ်ထွက်လာရသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည်ကို နားလည်အသိအမှတ်ပြုသည်။ ဒုက္ခသည် ၁.၂ သန်းကို ၀န်အားမမျှ လက်ခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်း၊ ဒေသတွင်းနှင့် ပြည်ပမှ အကူအညီများ လိုအပ်နေသည်။ အကူအညီများတွင် ဒုက္ခသည်များနှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်းများအတွက် စံချိန်စံညွှန်းနှင့်အညီ အားလုံးသင်ယူခွင့် ရှိသော ပညာရေးအတွက် ပံ့ပိုးကူညီခြင်း တို့ ဆောင်ရွက်နိုင်သည်။
“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ပြောတဲ့အတိုင်း ပညာရေးသည် အများသူငှာ ကောင်းကျိုး ဖြစ်တယ်” ဟု အထူးသံတမန်က ပြောသည်။ သက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေးနှင့် တစ်သက်တာ သင်ယူမှု အပါအဝင် စံချိန်စံညွှန်းနှင့်အညီ အားလုံးသင်ယူခွင့်ရှိသော ပညာရေးသည် လူသားများ၏ ဘဝနှင့် ဘဝ တစ်သက်တာ အခွင့်အလမ်းများကို ပြောင်းလဲပေးနိုင်သည့်အပြင် အားလုံးအတွက် ပိုမိုတရားမျှတ၍ ငြိမ်းချမ်း သာယာဝပြောသော လူ့အဖွဲ့အစည်းများ တည်ဆောက်နိုင်စေမည့် ကောင်းကျိုးများ ရှိသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ နယူးယောက်မြို့တွင် ကျင်းပမည့် ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်မီတွင် အထူးသံတမန်က ပညာရေးသည် ရိုဟင်ဂျာလူမျိုးများ၏ အခြေခံ အခွင့် အရေး ဖြစ်ကြောင်း၊ ဒေသအတွက် ရေရှည်အကျိုးသက်ရောက်မှုများရှိကြောင်း အလေးပေးပြောကြားသည်။ “ရိုဟင်ဂျာအကျပ်အတည်းနဲ့ ပတ်သက်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ကြားခံ ဆက်သွယ်ရေး အဖွဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့ မကြာသေးမီက ဆွေးနွေးခဲ့ပြီး၊ ဇွန်လ ၁၃ ရက်နေ့က အထွေထွေညီလာခံမှာ ကျမ အလေးပေးတင်ပြခဲ့သလို မျိုးဆက်ပျောက်ဆုံးမှုက ကာကွယ်ဖို့အတွက် ရိုဟင်ဂျာနဲ့ ပြည်ပကအပါအ၀င် အခြားပညာရေးဆိုင်ရာ အခွင့်အလမ်းတွေကို ပံ့ပိုးပေးတာတွေ လုပ်တဲ့ အစီအမံတွေ အမြန် လိုအပ်ပါတယ်၊” ဟု ပြောသည်။
မြန်မာနိုင်ငံရှိသက်ဆိုင်ရာပါတီများအားလုံးနှင့် ထဲထဲ၀င်၀င် ထိတွေ့၊ ဆက်ဆံရေး တည်ဆောက်ခြင်းသည် အထူးသံတမန်၏ လုပ်ပိုင်ခွင့် ဖြစ်သည်နှင့်အညီ ထိခိုက်နစ်နာရသော ရိုဟင်ဂျာအသိုက်အဝန်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များနှင့် တိုက်ရိုက် တိုင်ပင်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နေမည် ဖြစ်သည်။ အထူးသံတမန်သည် မြန်မာနိုင်ငံမှ အတင်းအဓမ္မ ရွှေ့ပြောင်းခံရပြီး၊ မလေးရှားနိုင်ငံတွင် လတ်တလော နေထိုင်နေ သူ လူအုပ်စုမျိုးစုံနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့၏ အမြင်သဘောထားများ နားထောင်ကာ အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို နားထောင်ဆွေးနွေးသည်။ ပဋိပက္ခ၏ ကျားမရေးရာရှုထောင့်နှင့် လူမှုအသိုက်အဝန်းများတွင် အမျိုးသမီးများ၏ အရေးပါသောအခန်းကဏ္ဍကို အထူးသံတမန်သည် အသိအမှတ်ပြုသည်။ အမျိုးသမီးခေါင်းဆောင်များ၏ ကြံ့ကြံ့ခံရပ်တည်နိုင်မှုကို အားတက်ရပြီး မြန်မာနိုင်ငံက ဦးဆောင်အဖြေရှာရာတွင် အမျိုးသမီးများ၏အသံနှင့် စိုးရိမ်ပူပန်မှုများ ထင်ဟပ်စေရမည်။
လွန်ခဲ့သည့်ငါးနှစ်ကျော် တိုးတက်မှုရပ်တန့်နေသည့်ကာလအတွင်း လူမှုအသိုင်းအ၀ိုင်းအချို့က လူမှုသဟဇာတ ဖြစ်ရေး ကြိုးပမ်းမှုများ ရှိနေသော်လည်း ဆိုးရွားသော အခြေအနေများကြောင့် ရိုဟင်ဂျာလူမျိုးများသည် အန္တရာယ်များသော ရေလမ်း၊ ကုန်းလမ်းမှတဆင့် ထွက်ပြေးကာ လွတ်မြောက်လမ်းကို ရှာဖွေကြရသည်။ ထိုသူများတွင် ရခိုင်ပြည်နယ်အတွင်း အခက်အခဲများ ရင်ဆိုင်နေရသော ပြည်သူများနှင့် ဒုက္ခသည်များ ပါ၀င်သည်။ ရိုဟင်ဂျာများ၏ လိုအပ်ချက်၊ ၎င်းတို့ဆန္ဒနှင့်အညီ သစ်လွင်သော မဟာဗျူဟာများနှင့် ခိုင်မာသော လမ်းကြောင်းများ ပေါ်ထွက်ရန် အရေးတကြီး လိုအပ်နေပါသည်။ အာဆီယံနှင့် နိုင်ငံတကာ အစည်းအ၀ေးများ တွင် ရိုဟင်ဂျာအရေးကိစ္စ ဆက်လက် ပါ၀င်နေစေရန်၊ အိမ်ရှင်အသိုက်အဝန်းအတွက် အထောက်အပံ့များပေးရန်၊ ဆန္ဒအလျောက် လုံခြုံ၊ သိက္ခာရှိရှိနှင့် စဉ်ဆက်မပြတ် နေရပ်ရင်းပြန်ပို့ရေး အစီအစဉ်အပေါ် အခြေခံ၍ ခိုင်မာသော အဖြေရရှိရေး ဆက်လက်လုပ်ဆောင် သွားနိုင်ရန်အတွက် ဒေသတွင်းနှင့် ကမ္ဘာအ၀ှမ်း စည်းလုံး ညီညွတ်မှုရရှိရန် ထပ်မံကြိုးပမ်းရမည် ဖြစ်သည်။
“ရိုဟင်ဂျာတွေရဲ့ စိတ်ထဲမှာ သူတို့ကို မေ့ပျောက်ထားပြီဆိုတဲ့စိတ်နဲ့ စွန့်ပစ်ခံထားရပြီဆိုတဲ့စိတ် ကိန်းအောင်း နေတာမျိုး မဖြစ်စေချင်ဘူး” ဟု အထူးသံတမန်က ပြောပါသည်။ “လူသားတွေအဖြစ် ၎င်းတို့ ဂုဏ်သိက္ခာရှိရှိ နေထိုင်ခွင့်ကို နိုင်ငံတကာ အသိုင်းအ၀ိုင်းအပါအဝင် အားလုံးက ထောက်ခံပြီး အကာအကွယ်ပေးရပါမယ်။”
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် ဇွန်လ ၀၉ ရက်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ Ramanathan Balakrishnan ၏ ထုတ်ပြန်ချက်
(ရန်ကုန်) မွန်ပြည်နယ် မော်လမြိုင်၌ လုံခြုံရေး ဖြစ်ရပ်တစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝန်ထမ်းတဦးဖြစ်သူ ဦးမျိုးမင်းထွဋ် သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကုလသမဂ္ဂအဖွဲ့အနေဖြင့် အထူး စိတ်မကောင်းဖြစ်ရပါသည်။ ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တွင် ယာဉ်မောင်းအဖြစ် ၅ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂမှ ၎င်း၏ မိသားစုထံ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ပါသည်။
ဦးမျိုးမင်းထွဋ်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် သံလွင်ဥယျာဉ်လမ်း၌ ၎င်း၏ကိုယ်ပိုင် ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ဖြစ်ရပ်၏ အသေးစိတ်အခြေအနေကို အတိအကျမသိရှိရသေးပါ။
ကုလသမဂ္ဂဝန်ထမ်းများ အသတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ Ramanathan Balakrishnan က “ကုလသမဂ္ဂ၏ ဘက်မလိုက်မှုနှင့် လူသားချင်းစာနာထောက်ထားမှုတို့ကို လေးစားလိုက်နာရန် အုပ်စုများအားလုံးနဲ့ သက်ဆိုင်သူများကို ကုလသမဂ္ဂအနေဖြင့် ပန်ကြားပါတယ်။ အရပ်သားများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန် အုပ်စုများအားလုံးအား ထပ်လောင်းတောင်းဆိုပါတယ်။ အရပ်သားများအပေါ် အကြမ်းဖက် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ကျူးလွန်သူများအား တာဝန်ခံရန် ကုလသမဂ္ဂက မျှော်လင့်ပါတယ်။” ဟု ပြောကြားပါသည်။
၎င်းက ဆက်လက်၍ “ဤခက်ခဲသောကာလများအတွင်း ကြီးမားသော အကျပ်အတည်းများ ရှိလင့်ကစား ကုလသမဂ္ဂသည် ဆက်လက်ရပ်တည်ကာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အပံ့များကို ဆက်လက်ပေးအပ်လျက် ရှိပါသည်။
5 ၏ 1
သတင်းထုတ်ပြန်ချက်
၂၀၂၂ ခုနှစ် မေလ ၃၁ ရက်။
အိုင်အယ်လ်အိုက လူမှုကာကွယ် စောင့်ရှောက်ရေးနှင့် လူမှု အသိုင်းအဝိုင်းတွင်း လုပ်ဆောင်ချက်များ ပိုမို အားကောင်းလာစေရန်အတွက် ကလေး အလုပ်သမားဆိုင်ရာ မြန်မာ အီလက်ထရောနစ် လေ့လာ သင်ကြားရေး အစီအစဉ် တစ်ရပ်ကို မိတ်ဆက်
ရန်ကုန် (အိုင်အယ်လ်အို သတင်း)။ ။ ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံ အပြီး ကလေး အလုပ်သမားအရေးနှင့် ဆက်စပ် ပတ်သက်သည့် တာဝန်ရှိသူများ တက်တက်ကြွကြွ ပါဝင် ပူးပေါင်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အိုင်အယ်အို မြန်မာသည် ကလေး အလုပ်သမားဆိုင်ရာ မြန်မာ အီလက်ထရောနစ် သင်ကြားရေး အစီအစဉ်တရပ်ကို မိတ်ဆက်သွားမည် ဖြစ်သည်။
မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာဘာ (၂) မျိုးစလုံးဖြင့် ရေးဆွဲ တည်ဆောက်ထားသော ခေါင်းစဉ် (၉) ခု ပါဝင်သည့် သင်ခန်းစာကို အိုင်အယ်လ်အို၏ ဒီဂျစ်တယ် သင်ကြားရေး ပလက်ဖောင်း တွင် ဇွန်လ ၁၂ ရက်နေ့၊ ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့မှစ၍ ကိုယ်တိုင် ကိုယ်ကျ စတင် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်ပါသည်။
သင်ခန်းစာသည် အရပ်ဖက် မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှု ဝန်ထမ်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ လူမှု အသိုင်းအဝန်းများတွင် ကလေး အလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် လေ့လာဆန်းစစ်ပြီး ဝိုင်းဝန်း ထုတ်ဖော် ပြောဆိုပေးနိုင်ရန် ရည်ရွယ်ပါသည်။ တိုက်ရိုက် သင်ကြားမှု၊ နည်းပြမှ ဦးဆောင် သင်ကြားသော အပိုင်းနှင့် တောင်းဆိုမှုများ အပေါ် အခြေခံသော အွန်လိုင်း သင်ကြားမှု အပိုင်းဟူ၍ ကဏ္ဍစုံ ပါဝင်ပါသည်။ ထို့အပြင် ဝင်ရောက် လေ့လာသူများအတွက် ထိုသင်ခန်းစာများမှ ကလေး အလုပ်သမား ပပျောက်ရေးကို ပံ့ပိုးပေးသည့် ကြားဖြတ် ဆောင်ရွက်မှုများကို ရေးဆွဲ ဆောင်ရွက်နိုင်ရန်အတွက် ပြီးပြည့်စုံသော ဗဟုသုတများနှင့် အထောက်အကူပြု နည်းလမ်းများကိုပါ မျှဝေ ပေးအပ်သွားမည်ဖြစ်သည်။
"မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ နိုင်ငံရေးနဲ့ လုံခြုံရေး အကျပ်အတည်းတွေကြောင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကျောင်းတွေ ပိတ်ထားရလို့ ကလေး အလုပ်သမား အခြေအနေတွေက ပိုမို ဆိုးရွားလာပါတယ်။ သန်းပေါင်း များစွာသော ကလေးတွေဟာ အန္တရာယ်ရှိနေတဲ့ အခြေအနေကို ရောက်ရှိနေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ အချိန်နဲ့ တပြေးညီ စုပေါင်း တုံ့ပြန် ဆောင်ရွက်ဖို့က အရင်ကထက် ပိုပြီး အရေးပါလာပါပြီ။” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်/ဆက်သွယ် ညှိနှိုင်းရေးအရာရှိ Mr Donglin Li က ပြောကြားခဲ့ပါသည်။ ကလေး အလုပ်သမား ပပျောက်ရေးတွင် လူမှု ကာကွယ် စောင့်ရှောက်ရေး၏ အခန်းကဏ္ဍ ပြီးခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့သည့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဖြန့်ချိခဲ့သော အိုင်အယ်လ်အိုနှင့် UNICEF ဌာနချုပ်တို့၏ အစီရင်ခံစာ အရ ၂၀၂၀ ခုနှစ်အစတွင် ကမ္ဘာပေါ်ရှိ ကလေး အလုပ်သမား ဦးရေ သန်း ၆၀ ခန့် - ဆိုလိုသည်မှာ ကလေး ၁၀ ဦးတွင် ၁ ဦးနီးပါးသည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင် နေရသည်ဟု သိရှိရပါသည်။ ပိုမို မြင့်မားလာသော ဆင်းရဲ မွဲတေမှု နှုန်းများနှင့် ထိလွယ် ခိုက်လွယ်သော အခြေအနေ များကြောင့် ကလေးအလုပ်သမားလျော့ချရေး နည်းဗျူဟာများကို ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်း မရှိပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေးအလုပ်သမားဦးရေသည် ၈.၉ သန်းခန့် တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။
ပဋိပက္ခဖြစ်နေသော ဒေသများတွင် နေထိုင် နေရသော ကလေးများသည် သင့်တင့် လျောက်ပတ်သော လူမှု အကာအကွယ် ပေးရေးများကို လက်လှမ်းမမီပါက ကလေးများသည် ပညာသင်ကြားရေး အခွင့်အလမ်း ပိုနည်းပါးလာပြီး အလုပ်လုပ်ကိုင် နိုင်ရချေ ပိုများလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အိုင်အယ်အိုက ထုတ်ပြန်ခဲ့သော နောက်ထပ် အစီအရင်ခံစာ တစ်ခုအရ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေသော နိုင်ငံများတွင် ကလေး အလုပ်သမားနှုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ် ရှိသောအလုပ်မှ ကလေး အလုပ်သမားနှုန်းသည် ၅၀ ရာခိုင်နှုန်း ပိုမို များပြား နေသည်ဟု သိရှိရပါသည်။
ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များသည် ကလေး အလုပ်သမားပပျောက်ရေး အစီအမံများနှင့် ကာကွယ်ရေး နည်းလမ်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ အဆိုးရွားဆုံး အခြေအနေများတွင် အလုပ်ခိုင်းစေခြင်း ပပျောက်ရေးနှင့် လူမှု ကာကွယ် စောင့်ရှောက်ရေးများကို တစ်ကမ္ဘာလုံး လက်လှမ်းမီရေးတို့အပါအဝင် ကလေး အလုပ်သမား ပပျောက်ရေးအတွက် ကဏ္ဍ ၆ ခုတွင် ကတိပြုထားသော Durban Call to Action ကို အတည်ပြုခဲ့ပါသည်။
နိုင်ငံ အများစုအနေဖြင့် သင့်တင့် လျောက်ပတ်သော လူမှု ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ဆောင်ရွက် ကျင့်သုံးပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေး အလုပ်သမားဦးရေသည် ၁၅ သန်းခန့် လျော့ကျ သွားနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDG) ၈.၇ အတွက် သိသာထင်ရှားသော တိုးတက်မှုအဖြစ် တွေ့မြင်ရမည် ဖြစ်ပါသည်။
အိုင်အယ်လ်အိုသည် လုပ်ငန်းခွင်တွင် အခွင့်အရေးများကို မြှင့်တင်ပေးရန်၊ သင့်တင် လျောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်းများကို အားပေးရန်၊ လူမှု ကာကွယ် စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် စကားဝိုင်းများကို ပိုမို အားကောင်းစေရန် အလေးအနက်ထား လုပ်ဆောင်နေသော ကမ္ဘာ့ကုလသမဂ္ဂ၏ တစ်ခုတည်းသော သုံးပွင့်ဆိုင် အေဂျင်စီဖြစ်သည်။ အိုင်အယ်အို၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော အကြောင်းအရာများကို သိရှိလိုပါက www.ilo.org/yangon တွင် ဖတ်ရှုနိုင်ပါသည်။
မြန်မာ ဘာသာနှင့် အင်္ဂလိပ် ဘာဘာ (၂) မျိုးစလုံးဖြင့် ရေးဆွဲ တည်ဆောက်ထားသော ခေါင်းစဉ် (၉) ခု ပါဝင်သည့် သင်ခန်းစာကို အိုင်အယ်လ်အို၏ ဒီဂျစ်တယ် သင်ကြားရေး ပလက်ဖောင်း တွင် ဇွန်လ ၁၂ ရက်နေ့၊ ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့မှစ၍ ကိုယ်တိုင် ကိုယ်ကျ စတင် ဝင်ရောက် လေ့လာနိုင်မည် ဖြစ်ပါသည်။
သင်ခန်းစာသည် အရပ်ဖက် မိတ်ဖက် အဖွဲ့အစည်းများ၊ လူမှု ဝန်ထမ်းများ၊ အလုပ်ရှင်များနှင့် အလုပ်သမား အဖွဲ့အစည်းများ အနေဖြင့် ၎င်းတို့၏ လူမှု အသိုင်းအဝန်းများတွင် ကလေး အလုပ်သမားများဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် လေ့လာဆန်းစစ်ပြီး ဝိုင်းဝန်း ထုတ်ဖော် ပြောဆိုပေးနိုင်ရန် ရည်ရွယ်ပါသည်။ တိုက်ရိုက် သင်ကြားမှု၊ နည်းပြမှ ဦးဆောင် သင်ကြားသော အပိုင်းနှင့် တောင်းဆိုမှုများ အပေါ် အခြေခံသော အွန်လိုင်း သင်ကြားမှု အပိုင်းဟူ၍ ကဏ္ဍစုံ ပါဝင်ပါသည်။ ထို့အပြင် ဝင်ရောက် လေ့လာသူများအတွက် ထိုသင်ခန်းစာများမှ ကလေး အလုပ်သမား ပပျောက်ရေးကို ပံ့ပိုးပေးသည့် ကြားဖြတ် ဆောင်ရွက်မှုများကို ရေးဆွဲ ဆောင်ရွက်နိုင်ရန်အတွက် ပြီးပြည့်စုံသော ဗဟုသုတများနှင့် အထောက်အကူပြု နည်းလမ်းများကိုပါ မျှဝေ ပေးအပ်သွားမည်ဖြစ်သည်။
"မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၊ နိုင်ငံရေးနဲ့ လုံခြုံရေး အကျပ်အတည်းတွေကြောင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ကျောင်းတွေ ပိတ်ထားရလို့ ကလေး အလုပ်သမား အခြေအနေတွေက ပိုမို ဆိုးရွားလာပါတယ်။ သန်းပေါင်း များစွာသော ကလေးတွေဟာ အန္တရာယ်ရှိနေတဲ့ အခြေအနေကို ရောက်ရှိနေပြီး စွမ်းဆောင်ရည် မြှင့်တင်ဖို့နဲ့ အချိန်နဲ့ တပြေးညီ စုပေါင်း တုံ့ပြန် ဆောင်ရွက်ဖို့က အရင်ကထက် ပိုပြီး အရေးပါလာပါပြီ။” ဟု အိုင်အယ်လ်အို၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်/ဆက်သွယ် ညှိနှိုင်းရေးအရာရှိ Mr Donglin Li က ပြောကြားခဲ့ပါသည်။ ကလေး အလုပ်သမား ပပျောက်ရေးတွင် လူမှု ကာကွယ် စောင့်ရှောက်ရေး၏ အခန်းကဏ္ဍ ပြီးခဲ့သော ရက်သတ္တပတ်က ကျင်းပခဲ့သည့် ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် ဖြန့်ချိခဲ့သော အိုင်အယ်လ်အိုနှင့် UNICEF ဌာနချုပ်တို့၏ အစီရင်ခံစာ အရ ၂၀၂၀ ခုနှစ်အစတွင် ကမ္ဘာပေါ်ရှိ ကလေး အလုပ်သမား ဦးရေ သန်း ၆၀ ခန့် - ဆိုလိုသည်မှာ ကလေး ၁၀ ဦးတွင် ၁ ဦးနီးပါးသည် ကလေး အလုပ်သမားအဖြစ် လုပ်ကိုင် နေရသည်ဟု သိရှိရပါသည်။ ပိုမို မြင့်မားလာသော ဆင်းရဲ မွဲတေမှု နှုန်းများနှင့် ထိလွယ် ခိုက်လွယ်သော အခြေအနေ များကြောင့် ကလေးအလုပ်သမားလျော့ချရေး နည်းဗျူဟာများကို ထိရောက်စွာ ဖော်ဆောင်နိုင်ခြင်း မရှိပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေးအလုပ်သမားဦးရေသည် ၈.၉ သန်းခန့် တိုးလာနိုင်ကြောင်း ခန့်မှန်းထားပါသည်။
ပဋိပက္ခဖြစ်နေသော ဒေသများတွင် နေထိုင် နေရသော ကလေးများသည် သင့်တင့် လျောက်ပတ်သော လူမှု အကာအကွယ် ပေးရေးများကို လက်လှမ်းမမီပါက ကလေးများသည် ပညာသင်ကြားရေး အခွင့်အလမ်း ပိုနည်းပါးလာပြီး အလုပ်လုပ်ကိုင် နိုင်ရချေ ပိုများလာမည်ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အိုင်အယ်အိုက ထုတ်ပြန်ခဲ့သော နောက်ထပ် အစီအရင်ခံစာ တစ်ခုအရ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွါးနေသော နိုင်ငံများတွင် ကလေး အလုပ်သမားနှုန်းသည် တစ်ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းများထက် ၇၇ ရာခိုင်နှုန်း၊ ဘေးအန္တရာယ် ရှိသောအလုပ်မှ ကလေး အလုပ်သမားနှုန်းသည် ၅၀ ရာခိုင်နှုန်း ပိုမို များပြား နေသည်ဟု သိရှိရပါသည်။
ကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ ပဥ္စမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ညီလာခံတွင် တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များသည် ကလေး အလုပ်သမားပပျောက်ရေး အစီအမံများနှင့် ကာကွယ်ရေး နည်းလမ်းများကို တိုးမြှင့် ဆောင်ရွက်ခြင်း၊ အဆိုးရွားဆုံး အခြေအနေများတွင် အလုပ်ခိုင်းစေခြင်း ပပျောက်ရေးနှင့် လူမှု ကာကွယ် စောင့်ရှောက်ရေးများကို တစ်ကမ္ဘာလုံး လက်လှမ်းမီရေးတို့အပါအဝင် ကလေး အလုပ်သမား ပပျောက်ရေးအတွက် ကဏ္ဍ ၆ ခုတွင် ကတိပြုထားသော Durban Call to Action ကို အတည်ပြုခဲ့ပါသည်။
နိုင်ငံ အများစုအနေဖြင့် သင့်တင့် လျောက်ပတ်သော လူမှု ကာကွယ်စောင့်ရှောက်ရေး အစီအမံများကို ဆောင်ရွက် ကျင့်သုံးပါက ၂၀၂၂ ခုနှစ် အကုန်တွင် ကလေး အလုပ်သမားဦးရေသည် ၁၅ သန်းခန့် လျော့ကျ သွားနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (SDG) ၈.၇ အတွက် သိသာထင်ရှားသော တိုးတက်မှုအဖြစ် တွေ့မြင်ရမည် ဖြစ်ပါသည်။
အိုင်အယ်လ်အိုသည် လုပ်ငန်းခွင်တွင် အခွင့်အရေးများကို မြှင့်တင်ပေးရန်၊ သင့်တင် လျောက်ပတ်သော အလုပ်အကိုင် အခွင့်အလမ်းများကို အားပေးရန်၊ လူမှု ကာကွယ် စောင့်ရှောက်ရေးနှင့် အလုပ်အကိုင်နှင့် သက်ဆိုင်သော ကိစ္စရပ်များတွင် စကားဝိုင်းများကို ပိုမို အားကောင်းစေရန် အလေးအနက်ထား လုပ်ဆောင်နေသော ကမ္ဘာ့ကုလသမဂ္ဂ၏ တစ်ခုတည်းသော သုံးပွင့်ဆိုင် အေဂျင်စီဖြစ်သည်။ အိုင်အယ်အို၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော အကြောင်းအရာများကို သိရှိလိုပါက www.ilo.org/yangon တွင် ဖတ်ရှုနိုင်ပါသည်။
5 ၏ 1
နောက်ဆုံးရ မှီငြမ်းရန်အချက်အလက်များ
1 / 4
မှီငြမ်းရန်အချက်အလက်များ
၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်။
မှီငြမ်းရန်အချက်အလက်များ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၀၉ ရက်။
1 / 4